က်မၼာေရး ဗဟုသုတ

သံပရာသီးက ဆေးဖက်ဝင်အသီးတစ်မျိုးလည်း ဖြစ်ပါတယ်

(Zawgyi)

လူေတာ္ေတာ္မ်ားမ်ား ႀကိဳက္ၾကတဲ့ အခ်ဥ္ဓာတ္ကို ေကာင္းေကာင္းေပးႏိုင္တဲ့ သံပရာသီးက ေဆးဖက္ဝင္အသီးတစ္မ်ိဳးလည္း ျဖစ္ပါတယ္။

သံပရာေဖ်ာ္က သင့္ရဲ႕ ခႏၶာကိုယ္အတြက္ မ်ားစြာအေထာက္အကူေပးႏိုင္တဲ့အျပင္ ေန႔စဥ္ေသာက္သင့္တဲ့ ေဖာ္်ရည္တစ္မ်ိဳးဆိုလည္း မမွားပါဘူး။ ဒါေၾကာင့္ ယေန႔မွာ သင္သိပ္မသိေသးတဲ့ သံပရာသီးရဲ႕ ေကာင္းက်ိဳးေတြကို ေအာက္တြင္ေဖာ္ျပေပးလိုက္ပါတယ္။

(၁) အစာေၾကစနစ္ကို ေကာင္းမြန္ေစျခင္း

သံပရာသီးမွာပါဝင္တဲ့ soluble fiber က သင့္ရဲ႕ အစာေျခစနစ္ကို ေကာင္းမြန္ေစၿပီး ေသြးတြင္းသၾကားဓာတ္ကိုလည္း ထိန္းညႇိေပးႏိုင္တာေၾကာင့္ တကယ့္ကို အစာေျခစနစ္အတြက္ေကာင္းမြန္တဲ့ ေဖ်ာ္ရည္တစ္မ်ိဳးျဖစ္ပါတယ္။

(၂) ႏွလုံးေရာဂါ ကိုကာကြယ္ေပးႏိုင္ျခင္း

သံပရာသီးမွာ pectin တစ္မ်ိဳးထဲသာမက ဗီတာမင္ C ဓာတ္ျပည့္ဝစြာပါဝင္တာေၾကာင့္ ႏွလုံးေရာဂါေတြကို ကာကြယ္ေပးႏိုင္တဲ့အျပင္ ေမာပန္းႏြမ္းနယ္မႈေတြကိုလည္း သက္သာေစႏိုင္ပါတယ္။

(၃) ကင္ဆာ ဆဲလ္ေတြကို ေလ်ာ့ခ်ေပးႏိုင္ျခင္း

ကင္ဆာေရာဂါေတြ မျဖစ္ခ်င္ဘူးဆိုရင္ေတာ့ သံပရာရည္ကို တစ္ေန႔တစ္ခြက္ေသာက္သုံးေပးသင့္ပါတယ္။ သံပရာသီးထဲမွာပါတဲ့ d-limonene က ကင္ဆာျဖစ္ေပၚေစတဲ့ ဆဲလ္ေတြကို အေကာင္းဆုံးေလ်ာ့ခ်ေပးႏိုင္တာေၾကာင့္ က်န္းမာေရးအတြက္ အထူးသင့္ေလ်ာ္တဲ့ အသီးတစ္မ်ိဳးျဖစ္ပါတယ္။

(၄) ေက်ာက္ကပ္မွာ ေက်ာက္တည္ျခင္းကို ကာကြယ္ေပးႏိုင္ျခင္း

ဒီတစ္ခ်က္ေတာ့ သံပရာသီးမွ မဟုတ္ပါဘူး အခ်ဥ္ဓာတ္ပါတဲ့ လိေမၼာ္သီး၊ ေရွာက္သီး စတဲ့ အသီးေတြက ေက်ာက္ကပ္မွာ ျဖစ္ေပၚတတ္တဲ့ ေက်ာက္တည္ေရာဂါကို မျဖစ္ပြားေအာင္ကုသေပးႏိုင္ပါတယ္။

(၅) အသားအရည္ကို ေကာင္းမြန္ေစျခင္း

သံပရာသီးမွာ ပါဝင္တဲ့ ဗီတာမင္ C က collagen ဓာတ္ကို ျဖစ္ေပၚေစၿပီး ပုံမွန္ေသာက္သုံးေပးမယ္ဆိုရင္ေတာ့ ျဖဴစင္ဝင္းလက္တဲ့ အသားအေရကို ပိုင္ဆိုင္ႏိုင္မွာပါ။

(၆) ပန္းနာရင္က်ပ္ေရာဂါကို သက္သာေစျခင္း

သံပရာသီးကေတာ့ ပန္းနာရင္က်ပ္သမားေတြအတြက္ အထူးသင့္ေလ်ာ္တဲ့ အသီးတစ္မ်ိဳးျဖစ္ပါတယ္။ ႂကြယ္ဝတဲ့ ဗီတာမင္ C ဓာတ္က ပန္းနာရင္က်ပ္ေရာဂါကို သက္သာေပ်ာက္ကင္းေစၿပီး တကယ့္ကို အေထာက္အကူျပဳတဲ့ အသီးတစ္မ်ိဳးျဖစ္ပါတယ္။

ဒါေၾကာင့္ သံပရာရည္က သင္ေန႔စဥ္ေသာက္သုံးေနတဲ့ ေဖ်ာ္ရည္တစ္ခုအျဖစ္မပါမျဖစ္ ထားသင့္တဲ့ က်န္းမာေရးဓာတ္စာ တစ္မ်ိဳးပဲ ျဖစ္ပါတယ္။

(Unicode)

လူတော်တော်များများ ကြိုက်ကြတဲ့ အချဉ်ဓာတ်ကို ကောင်းကောင်းပေးနိုင်တဲ့ သံပရာသီးက ဆေးဖက်ဝင်အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။

သံပရာဖျော်က သင့်ရဲ့ ခန္ဓာကိုယ်အတွက် များစွာအထောက်အကူပေးနိုင်တဲ့အပြင် နေ့စဉ်သောက်သင့်တဲ့ ဖော်ျရည်တစ်မျိုးဆိုလည်း မမှားပါဘူး။ ဒါကြောင့် ယနေ့မှာ သင်သိပ်မသိသေးတဲ့ သံပရာသီးရဲ့ ကောင်းကျိုးတွေကို အောက်တွင်ဖော်ပြပေးလိုက်ပါတယ်။

(၁) အစာကြေစနစ်ကို ကောင်းမွန်စေခြင်း

သံပရာသီးမှာပါဝင်တဲ့ soluble fiber က သင့်ရဲ့ အစာခြေစနစ်ကို ကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်တာကြောင့် တကယ့်ကို အစာခြေစနစ်အတွက်ကောင်းမွန်တဲ့ ဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။

(၂) နှလုံးရောဂါ ကိုကာကွယ်ပေးနိုင်ခြင်း

သံပရာသီးမှာ pectin တစ်မျိုးထဲသာမက ဗီတာမင် C ဓာတ်ပြည့်ဝစွာပါဝင်တာကြောင့် နှလုံးရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် မောပန်းနွမ်းနယ်မှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။

(၃) ကင်ဆာ ဆဲလ်တွေကို လျော့ချပေးနိုင်ခြင်း

ကင်ဆာရောဂါတွေ မဖြစ်ချင်ဘူးဆိုရင်တော့ သံပရာရည်ကို တစ်နေ့တစ်ခွက်သောက်သုံးပေးသင့်ပါတယ်။ သံပရာသီးထဲမှာပါတဲ့ d-limonene က ကင်ဆာဖြစ်ပေါ်စေတဲ့ ဆဲလ်တွေကို အကောင်းဆုံးလျော့ချပေးနိုင်တာကြောင့် ကျန်းမာရေးအတွက် အထူးသင့်လျော်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။

(၄) ကျောက်ကပ်မှာ ကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း

ဒီတစ်ချက်တော့ သံပရာသီးမှ မဟုတ်ပါဘူး အချဉ်ဓာတ်ပါတဲ့ လိမ္မော်သီး၊ ရှောက်သီး စတဲ့ အသီးတွေက ကျောက်ကပ်မှာ ဖြစ်ပေါ်တတ်တဲ့ ကျောက်တည်ရောဂါကို မဖြစ်ပွားအောင်ကုသပေးနိုင်ပါတယ်။

(၅) အသားအရည်ကို ကောင်းမွန်စေခြင်း

သံပရာသီးမှာ ပါဝင်တဲ့ ဗီတာမင် C က collagen ဓာတ်ကို ဖြစ်ပေါ်စေပြီး ပုံမှန်သောက်သုံးပေးမယ်ဆိုရင်တော့ ဖြူစင်ဝင်းလက်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။

(၆) ပန်းနာရင်ကျပ်ရောဂါကို သက်သာစေခြင်း

သံပရာသီးကတော့ ပန်းနာရင်ကျပ်သမားတွေအတွက် အထူးသင့်လျော်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ကြွယ်ဝတဲ့ ဗီတာမင် C ဓာတ်က ပန်းနာရင်ကျပ်ရောဂါကို သက်သာပျောက်ကင်းစေပြီး တကယ့်ကို အထောက်အကူပြုတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။

ဒါကြောင့် သံပရာရည်က သင်နေ့စဉ်သောက်သုံးနေတဲ့ ဖျော်ရည်တစ်ခုအဖြစ်မပါမဖြစ် ထားသင့်တဲ့ ကျန်းမာရေးဓာတ်စာ တစ်မျိုးပဲ ဖြစ်ပါတယ်။

Crd: universityhealthnews.com