ၾကားသိရသမွ်

တာေမြၿမိဳ႕နယ္ရွိ ေဘာ္ဒါေဆာင္တခု၌ မီးေလာင္မႈျဖစ္ပြား

တာေမြၿမိဳ႕နယ္ရွိ ေဘာ္ဒါေဆာင္တခု၌ မီးေလာင္မႈျဖစ္ပြား

ရန္ကုန္တိုင္းေဒသႀကီး၊ တာေမြၿမိဳ႕နယ္ Super One Shopping Center ေဘးရွိ ေဘာ္ဒါေဆာင္တခု၌ ယေန႔ ၾသဂုတ္လ (၂၅) ရက္ ေန႔လယ္ပိုင္းက မီးေလာင္မႈျဖစ္ပြားခဲ့သည္။

ဝါယာေလွ်ာ့မွတဆင့္ေလာင္ကြၽမ္းျခင္းျဖစ္ေၾကာင္း ကနဦးသိရၿပီး၊ လူထိခိုက္မႈမ်ားမရွိေၾကာင္း တာေမြၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၁) မွ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္းက ေျပာသည္။

 

“ေလာင္တာက သစ္သားနဲ႔ေဆာက္လုပ္ထားတဲ့ ႏွစ္ထပ္ေဘာ္ဒါေဆာင္ပါ။ ဒုတိယအထပ္ကေန ဝါယာႀကိဳးေလွ်ာ့ျဖစ္ၿပီး ေလာင္တာလို႔ေတာ့ အဲဒီကလူေတြက ေျပာတယ္။ဒါကလည္း အတိအက်ေတာ့ မဟုတ္ပါဘူး။ မီးသတ္ဌာနနဲ႔လွ်ပ္စစ္ဌာနက တာဝန္ရွိသူေတြ စစ္ေဆးပါလိမ့္မယ္။ လူထိခိုက္မႈေတာ့ မရွိပါဘူး”ဟု တာေမြၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) မွ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္းက ေျပာသည္။

 

မီးေလာင္မႈစတင္ျဖစ္ပြားစဥ္က ႀကိတ္ၿပီးျငႇိမ္းသတ္ခဲ့ၾကကာ မီးအလြန္မ်ားလာမွ မီးသတ္တပ္ဖြဲ႕ကို အေၾကာင္းၾကားၾကေၾကာင္း မီးေလာင္ျပင္မ်က္ျမင္သက္ေသမ်ား ေျပာျပခ်က္အရသိရသည္။”ေလာင္တာက ၂ နာရီခြဲေက်ာ္ေက်ာ္ေလာက္မွာ ေလာင္တာ။ ေလာင္စက သူတို႔ဘာသာသူတို႔ႀကိတ္ျငႇိမ္းေနၾကတာ။

 

မ်ားလာမွေခၚတာ။ ပစၥည္းေတြကေတာ့ တခ်ိဳ႕ေတြဆို ျပန္မရႏိုင္ေတာ့ဘူး။ ေလာင္တဲ့အထဲပါလို႔။ တခ်ိဳ႕ဆိုရင္ အလုပ္သြားေနၾကတာ။ ျပန္လာရင္ေတာ့ ရင္က်ိဳးရၿပီေပါ့”ဟု ျပည္သူတဦးက ေျပာသည္။

 

မီးေလာင္မႈျဖစ္ပြားရာေနရာသို႔ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕မွ မီးသတ္ယာဥ္ ၃၀ ေက်ာ္ျဖင့္ Level- 2 အဆင့္ ျငႇိမ္းသတ္ခဲ့ရၿပီး ၃ နာရီခြဲေက်ာ္အခ်ိန္ခန႔္တြင္ မီးၿငိမ္းသြားခဲ့သည္။

Credit:newswatch

Unicode

တာမွေမြို့နယ်ရှိ ဘော်ဒါဆောင်တခု၌ မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် Super One Shopping Center ဘေးရှိ ဘော်ဒါဆောင်တခု၌ ယနေ့ သြဂုတ်လ (၂၅) ရက် နေ့လယ်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဝါယာလျှော့မှတဆင့်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ကနဦးသိရပြီး၊ လူထိခိုက်မှုများမရှိကြောင်း တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ပြောသည်။

“လောင်တာက သစ်သားနဲ့ဆောက်လုပ်ထားတဲ့ နှစ်ထပ်ဘော်ဒါဆောင်ပါ။ ဒုတိယအထပ်ကနေ ဝါယာကြိုးလျှော့ဖြစ်ပြီး လောင်တာလို့တော့ အဲဒီကလူတွေက ပြောတယ်။ဒါကလည်း အတိအကျတော့ မဟုတ်ပါဘူး။ မီးသတ်ဌာနနဲ့လျှပ်စစ်ဌာနက တာဝန်ရှိသူတွေ စစ်ဆေးပါလိမ့်မယ်။ လူထိခိုက်မှုတော့ မရှိပါဘူး”ဟု တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ပြောသည်။

မီးလောင်မှုစတင်ဖြစ်ပွားစဉ်က ကြိတ်ပြီးငြှိမ်းသတ်ခဲ့ကြကာ မီးအလွန်များလာမှ မီးသတ်တပ်ဖွဲ့ကို အကြောင်းကြားကြကြောင်း မီးလောင်ပြင်မျက်မြင်သက်သေများ ပြောပြချက်အရသိရသည်။”လောင်တာက ၂ နာရီခွဲကျော်ကျော်လောက်မှာ လောင်တာ။ လောင်စက သူတို့ဘာသာသူတို့ကြိတ်ငြှိမ်းနေကြတာ။

များလာမှခေါ်တာ။ ပစ္စည်းတွေကတော့ တချို့တွေဆို ပြန်မရနိုင်တော့ဘူး။ လောင်တဲ့အထဲပါလို့။ တချို့ဆိုရင် အလုပ်သွားနေကြတာ။ ပြန်လာရင်တော့ ရင်ကျိုးရပြီပေါ့”ဟု ပြည်သူတဦးက ပြောသည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၃၀ ကျော်ဖြင့် Level- 2 အဆင့် ငြှိမ်းသတ်ခဲ့ရပြီး ၃ နာရီခွဲကျော်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

Credit:newswatch