ငတ္မွာစိုးလို႔ရရာအလုပ္ထလုပ္ရင္းေသရတဲ့ သူငယ္ခ်င္းေတြအတြက္ ၀မ္းနည္းစြာေျပာဆိုလာတဲ့ ေဒါင္းေ၀
ဇာတ္ပို႔ဇာတ္ရံသ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ေဒါင္းေဝကေတာ့ က်ရာဇာတ္႐ုပ္မွာပီျပင္စြာသ႐ုပ္ေဆာင္နိုင္တာေၾကာင့္
႐ုပ္ရွင္ဗြီဒီယိုဇာတ္ကားေတြသာမက MRTV-4 ႐ုပ္သံဇာတ္လမ္းတြဲေတြမွာပါ အမ်ားဆုံးေတြ႕ျမင္ေနရသူတစ္ေယာက္ပါ။
သ႐ုပ္ေဆာင္အလုပ္အျပင္ ဝါသနာပါရာဂီတခရီးလမ္းကိုေလွ်ာက္လွမ္းရင္း ပရိသတ္ေတြအတြက္ သီခ်င္းအစ္ေတြခ်ျပနိုင္ဖို႔ ဆက္တိုက္ႀကိဳးစားေနသူလည္း ျဖစ္ပါတယ္။
နယ္ေဖ်ာ္ေျဖပြဲေတြသြားေနသူရမို႔ လတ္တေလာေျမၿပိဳမႈျဖစ္ပြားခဲ့တဲ့ဖားကန႔္မွာ ရင္းႏွီးခဲ့ရသူငယ္ခ်င္းေတြအတြက္ သူ႕ရင္ထဲက ခံစားခ်က္တခ်ိဳ႕ကို ေရးသားမွ်ေဝခဲ့ပါတယ္။
“သူငယ္ခ်င္းေတြ ကြၽန္ေတာ့ကိုခ်စ္တဲ့ပရိတ္သက္ညီအကိုေတြ ဘဝဆက္တိုင္းဆက္တိုင္းဒီလိုအျဖစ္ဆိုးမ်ိဳးေတြနဲ႕မႀကဳံၾကပါေစနဲ႕ …
ဘယ္ေကာင္မွဖုန္းဆက္မရဘူး စိတ္ပူလိုက္တာကြာ… ငါဒီတစ္ေခါက္ဖားကန႔္သီခ်င္းလာဆိုရင္မင္းတို႔အတြက္လက္ေဆာင္… အႏြေးအကၤ်ီေတြစုထားၿပီးသားပါကြ” ဆိုၿပီး
သူငယ္ခ်င္းေတြအတြက္ ေျဖမဆည္နိုင္ျဖစ္ေနေၾကာင္း မွ်ေဝခဲ့ပါတယ္ ပရိသတ္ႀကီးေရ…
ကမၻာတစ္ဝွမ္းလုံးမွာ ျဖစ္ပြားေနတဲ့ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ျမန္မာနိုင္ငံမွာ ေသဆုံးသူ (၆) ေယာက္သာရွိေပမယ့္ ေျမၿပိဳမႈေၾကာင့္ လူႏွစ္ရာထက္မနည္းေသဆုံးခဲ့ရပါတယ္
ေဒါင္းေဝကေတာ့ “ကိုဗစ္ေၾကာင့္မေသဘဲ ငတ္မွာစိုးလို႔ရရာအလုပ္ထလုပ္ရင္းေသရတဲ့ သူငယ္ခ်င္းေတြ…မင္းတို႔ဘဝေတြကိုငါစာနာပါတယ္ကြာ” ဆိုၿပီးေတာ့လည္း သူ႕ရင္ထဲခံစားခ်က္ေတြမွ်ေဝခဲ့ပါေသးတယ္။
Source – Daung Wai
unicode
ငတ်မှာစိုးလို့ရရာအလုပ်ထလုပ်ရင်းသေရတဲ့ သူငယ်ချင်းတွေအတွက် ဝမ်းနည်းစွာပြောဆိုလာတဲ့ ဒေါင်းဝေ
ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဒေါင်းဝေကတော့ ကျရာဇာတ်ရုပ်မှာပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့်
ရုပ်ရှင်ဗွီဒီယိုဇာတ်ကားတွေသာမက MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေမှာပါ အများဆုံးတွေ့မြင်နေရသူတစ်ယောက်ပါ။
သရုပ်ဆောင်အလုပ်အပြင် ဝါသနာပါရာဂီတခရီးလမ်းကိုလျှောက်လှမ်းရင်း ပရိသတ်တွေအတွက် သီချင်းအစ်တွေချပြနိုင်ဖို့ ဆက်တိုက်ကြိုးစားနေသူလည်း ဖြစ်ပါတယ်။
နယ်ဖျော်ဖြေပွဲတွေသွားနေသူရမို့ လတ်တလောမြေပြိုမှုဖြစ်ပွားခဲ့တဲ့ဖားကန့်မှာ ရင်းနှီးခဲ့ရသူငယ်ချင်းတွေအတွက် သူ့ရင်ထဲက ခံစားချက်တချို့ကို ရေးသားမျှဝေခဲ့ပါတယ်။
“သူငယ်ချင်းတွေ ကျွန်တော့ကိုချစ်တဲ့ပရိတ်သက်ညီအကိုတွေ ဘဝဆက်တိုင်းဆက်တိုင်းဒီလိုအဖြစ်ဆိုးမျိုးတွေနဲ့မကြုံကြပါစေနဲ့ …
ဘယ်ကောင်မှဖုန်းဆက်မရဘူး စိတ်ပူလိုက်တာကွာ… ငါဒီတစ်ခေါက်ဖားကန့်သီချင်းလာဆိုရင်မင်းတို့အတွက်လက်ဆောင်… အနွေးအင်္ကျီတွေစုထားပြီးသားပါကွ” ဆိုပြီး
သူငယ်ချင်းတွေအတွက် ဖြေမဆည်နိုင်ဖြစ်နေကြောင်း မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ…
ကမ္ဘာတစ်ဝှမ်းလုံးမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ (၆) ယောက်သာရှိပေမယ့် မြေပြိုမှုကြောင့် လူနှစ်ရာထက်မနည်းသေဆုံးခဲ့ရပါတယ်
ဒေါင်းဝေကတော့ “ကိုဗစ်ကြောင့်မသေဘဲ ငတ်မှာစိုးလို့ရရာအလုပ်ထလုပ်ရင်းသေရတဲ့ သူငယ်ချင်းတွေ…မင်းတို့ဘဝတွေကိုငါစာနာပါတယ်ကွာ” ဆိုပြီးတော့လည်း သူ့ရင်ထဲခံစားချက်တွေမျှဝေခဲ့ပါသေးတယ်။
Source – Daung Wai