Source : Kaysa Ra Jar
unicode
ဝှေခါမြေပြိုမှုဖြစ်စဉ်တွင် ယူကြုံးမရဖြစ်နေသူအကိုတစ်ဦး ညီဖြစ်သူ အလောင်း တွေ့ခွင့်ရဖို့မျှော်နေ😭
ကျွန်တော့ညီလေးအလောင်းကို ခုထိမတွေ့သေးဘူးဗျာ
ကျွန်တော့်ညီလေးကို အခုထက်ထိ မတွေ့ကြသေးဘူးလားဗျာ ။
သူပြန်လာမယ်ပြောသွားတာ ။ ဒီနေ့နဲ့ဆို ၃ ရက်ရှိပြီ ။
အကို့မှာ နောက်ဆုံးအနေနဲ့ ညီလေးရဲ့ ရုပ်အလောင်းလေးတွေ့ချင်လို့ ခဏခဏလာရှာနေရတာ ။
ကယ်ဆယ်ရေးတို့ရယ် ညီလေးအလောင်းတွေ့ရင် ကျွန်တော့်ပြောပါဦး ‘’ဝှေခါမြေပြိုမှုဖြစ်စဉ်တွင် ယူကြုံးမရဖြစ်နေသူအကိုတစ်ဦး မိသားစုဝင် ညီဖြစ်သူ အလောင်း တွေ့ခွင့်ရဖို့မျှော်နေ ။
ကျွန်တော်တို့မေးမြန်းဖို့ကြိုးစားပေမဲ့ သူ့မှာ ရင်ထဲက သောကဟာ ဘယ်လောက်ပြင်းထန်လဲမသိ မဖြေနိုင် စကားမပြောနိုင်နဲ့ ငိုပဲငိုနေရှာတယ် ။
ကယ်ဆယ်ရေးလုပ်ငန်းတွေကြား တပ်သားတွေဘေး အပေါတက်လိုက် အောက်ထဲထိ ဆင်းငိုလိုက်နဲ့ ။
မိသားစုတတွေရဲ့ ဒီဘဝ ဒီအဖြစ်ဝဋ်ကျွေးတွေကနေ အမြန်ကျေပြီး သေဆုံးသူညီလေးလည်း ကောင်းရာသုဂိလားပါစေ ။
Source : Kaysa Ra Jar