ကျန်ရစ်သူမိသားစု
unicode
စိတ်မကောင်းစရာ ညီမလေး ဇာခြည်ရဲ့ နောက်ဆုံးခရီး
တကယ်ပဲထာခဲ့ပီပေါ့ ကောင်းကောင်းအနားယူပါ ဇာခြည်
အသုဘရှု နှင့် ရက်လည်ဆွမ်းကျွေး တရားတော်နာ ဖတ်ကြားလွှာ
မဇာခြည်မြင့်မြတ် အသက်(၂၀) နှစ် ဘားအံမြို့ ၊ အမှတ်(၆) ရပ်ကွက်၊ ဘုရားကုန်းလမ်းနေ
အဖိုး ဦးသန်းဟန်+ အဖွား ဒေါ်နေရီ တို့၏ မြေး
ဦးမြတ်အောင်+ဒေါ်မြင့်မြင့်အောင်တို့၏သမီး
အာကာမြင့်မြတ်၏ ညီမလေး မဇာခြည်မြင့်မြတ် အသက်(၂၀)နှစ်(သတ္တဗေဒ) ပထမနှစ် ဂုဏ်ထူးတန်းသည်
(၂၇.၆.၂၀၂၀)ရက် စနေနေ့ နံနက် (၁၀) နာရီအချိန်တွင် ကွယ်လွန်သွားပါသဖြင့်
ကြွင်းကျန်ရစ်သော ဥတုဇ ရုပ်ကလပ်ကို (၂၈.၆.၂၀၂၀)ရက် တနင်္ဂနွေ နေ့၊ နေ့လည်(၂)နာရီအချိန်တွင်
ထန်းကိုးပင် သုသာန်သို့ ပို့ဆောင်သဂြိုဟ်မည် ဖြစ်ပါသဖြင့်
အသုဘရှု ကြွရောက်ကြပါရန်နှင့် ၁၃၈၂ ခုနှစ်၊ ပထမ ၀ါဆိုလဆန်း (၁၀)ရက် ၊
၂၉.၆.၂၀၂၀ ရက် တနင်္လာနေ့ မနက်(၆)နာရီအချိန်တွင် ကွယ်လွန်သူအား ရည်စူးပြီး
သံဃာတော်အရှင်သူမြတ်တို့အား ရက်လည်ဆွမ်းကပ် လှူဒါန်းမည်ဖြစ်သောကြောင့်
တရားတော်နာ ကြွရောက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
ကျန်ရစ်သူမိသားစု
စိတ်မကောင်းခြင်းများစွာဖြင့်….#ပေသီး#