Unicode Version
အောင်လအတွက် လက်စားချေပေးမယ်လို့ပရိတ်သတ်တွေကို ကတိပေးလိုက်တဲ့ မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံ ဒေ့ဗ်
မနေ့ညက စင်ကာပူနိုင်ငံမှာကျင်းပပြုလုပ်တဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံ ခါးပတ်ကာကွယ်ပွဲမှာ လက်ရှိချန်ပီယံ အောင်လအန်ဆိုင်းက ပွဲစချိန်မိနစ်ပိုင်းအစမှာဘဲ စိန်ခေါ်သူ ဒီရိုတ်ဒါရဲ့ချုပ်ကွက်မိပြီးအရှုံးပေးခဲ့ရပါတယ်။မြန်မာပရိတ်သတ်တွေအတွက် ဝမ်းနည်းခဲ့ရတဲ့ညတညဖြစ်ခဲ့ပါတယ်
ဒီလိုရှုံးနိမ့်ခဲ့ရပေမယ့် မြန်မာပရိတ်သတ်တွေကတော့ အောင်လကို အားမလျော့ဖို့ဝိုင်းဝန်းအားပေးနေကြတာပါ။ ဒီလိုစိတ်မကောင်းဖြစ်နေကြတဲ့ ပရိသတ်ကြီးအတွက် မြန်မာ့ဂုဏ်သိက္ခာမကျဆင်းရအောင် မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံ ဒေ့ဗ်ကသူ့အနေနဲ့ကလဲ့စားပြန်ချေသွားမယ်လို့ ဆိုလာခဲ့တာဖြစ်ပါတယ်
ဒီနေ့မှာတော့ ဒေ့ဗ်ကကျွန်တော့်အစ်ကို ကိုအောင်လအတွက်လာမယ့်အပတ်မှာ ကလဲ့စားပြန်ချေပါမယ်။မြန်မာ့ဂုဏ်သိက္ခာအတွက် ကျွန်တော်နိုင်ကိုနိုင်ရမယ်ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။ ဒေ့ဗ်ကတော့ မနေ့ညက အောင်လ ရဲ့ ရှုံးပွဲအတွက် စိတ်မကောင်းဖြစ်နေတာပဲဖြစ်ပါတယ်။ ဒေ့ဗ် က အမေရိကန်နိုင်ငံသား ဆိုင်းရပ်စ် နဲ့ နိုဝင်ဘာ (၇) ရက်နေ့မှာ အမေရိကန်နိုင်ငံမှာ ထိုးရမှာပဲဖြစ်ပါတယ်။ပရိတ်သတ်ကြီးကလည်း အခုလာမဲ့ ဒေ့ဗ်နဲ့ ဆိုင်းရပ်စ်တို့ရဲ့ ပွဲစဥ်စောင့်ကြည့်ပြီး အားပေးကြပါဦးနော်။
Zawgyi Version
Source – Dave