အောင်လ ရှုံးလို့ငိုနေတဲ့ကလေးအတွက် ဂုဏ်ပြုလက်ဆောင်စကားပါးလိုက်တဲ့ အောင်လအန်ဆိုင်း
မျှော်လင့်တကြီး စောင့်စားခဲ့ရတဲ့ မြန်မာပရိတ်သတ်တွေအတွက် အသည်းကွဲသွားတဲ့ညတညလို့ဆိုရပါမယ်။မြန်မာဂုဏ်ဆောင်အောင်လအန်ဆိုင်းက ပွဲစချိန်စက္ကန့်ပိုင်းအတွင်းမှာ စိန်ခေါ်သူ ဒီရိုတ်ဒါရဲ့ချုပ်ကွက်မီပြီး အရှုံးပေးခဲ့ရပါတယ်။မြန်မာပရိတ်သတ်တွေအားမလိုအားမရဖြစ်ခဲ့ရပါတယ်
အောင်လအန်ဆိုင်းကလည်း အနိုင်ရသွားတဲ့ ဒီရိုတ်ဒါကို မကျေပွဲစိန်ခေါ်ထားပါသေးတယ်။ဒီနေ့မှာကတော့ အောင်လက သူရှုံးလို့ငိုနေတဲ့ ခလေးလေးကိုနှစ်သိမ့်စကားဆိုခဲ့ပါတယ်။အောင်လအန်ဆိုင်းက ကျွန်တော်နေကောင်းကျန်းမာပါတယ်၊ ကျွန်တော်မိသားစုလည်းနေကောင်းကျန်းမာကြပါတယ်။ ထို့အတူ ကျွန်တော်အသင်းကလည်း ကျွန်တော်ကိုနောက်ကွယ်ကနေ အကောင်းဆုံးထောက်ပံပေးပါတယ်။ ဘုရားသခင်ကကောင်းမြတ်ပါတယ်။ ကျွန်တော်အသန်မာဆုံး အကောင်းဆုံးပုံစံနဲ့ လေ့ကျင်ပြင်ဆင် ပြန်လည်ရင်ဆိုင်ထိုးသတ်ပြီးတော့ မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကို ပြန်လည်အရယူမယ်လို့ ကတိပေးပါတယ်။ ဒီတော့ ငိုကြွေးမနေပါနဲ့တော့လို့ အောင်လ သူ့ရဲ့ဖေ့ဘုတ်စ်မှာအခုလိုမျှဝေထားခြင်းဖြစ်ပါတယ်။
မြန်မာပရိတ်သတ်တွေကလည်း အောင်လ ချန်ပီယံခါးပတ်ကိုပြန်လည်ရယူနိုင်မယ်လို့ယုံကြည်နေပါတယ်။မြန်မာဂုဏ်ဆောင် အောင်လအန်ဆိုင်းကို ပရိတ်သတ်တွေကလည်း အားပေးစကားပြောပေးသွားပါဦး။
Zawgyi Version
ေအာင္လ ရႈံးလို႔ငိုေနတဲ့ကေလးအတြက္ ဂုဏ္ျပဳလက္ေဆာင္စကားပါးလိုက္တဲ့ ေအာင္လအန္ဆိုင္း
ေမွ်ာ္လင့္တႀကီး ေစာင့္စားခဲ့ရတဲ့ ျမန္မာပရိတ္သတ္ေတြအတြက္ အသည္းကြဲသြားတဲ့ညတညလို႔ဆိုရပါမယ္။ျမန္မာဂုဏ္ေဆာင္ေအာင္လအန္ဆိုင္းက ပြဲစခ်ိန္စကၠန႔္ပိုင္းအတြင္းမွာ စိန္ေခၚသူ ဒီရိုတ္ဒါရဲ႕ခ်ဳပ္ကြက္မီၿပီး အရႈံးေပးခဲ့ရပါတယ္။ျမန္မာပရိတ္သတ္ေတြအားမလိုအားမရျဖစ္ခဲ့ရပါတယ္။
ေအာင္လအန္ဆိုင္းကလည္း အနိုင္ရသြားတဲ့ ဒီရိုတ္ဒါကို မေက်ပြဲစိန္ေခၚထားပါေသးတယ္။ဒီေန႕မွာကေတာ့ ေအာင္လက သူရႈံးလို႔ငိုေနတဲ့ ခေလးေလးကိုႏွစ္သိမ့္စကားဆိုခဲ့ပါတယ္။ေအာင္လအန္ဆိုင္းက ကြၽန္ေတာ္ေနေကာင္းက်န္းမာပါတယ္၊ ကြၽန္ေတာ္မိသားစုလည္းေနေကာင္းက်န္းမာၾကပါတယ္။ ထို႔အတူ ကြၽန္ေတာ္အသင္းကလည္း ကြၽန္ေတာ္ကိုေနာက္ကြယ္ကေန အေကာင္းဆုံးေထာက္ပံေပးပါတယ္။ ဘုရားသခင္ကေကာင္းျမတ္ပါတယ္။ ကြၽန္ေတာ္အသန္မာဆုံး အေကာင္းဆုံးပုံစံနဲ႕ ေလ့က်င္ျပင္ဆင္ ျပန္လည္ရင္ဆိုင္ထိုးသတ္ၿပီးေတာ့ မစ္ဒယ္ဝိတ္တန္းခ်န္ပီယံခါးပတ္ကို ျပန္လည္အရယူမယ္လို႔ ကတိေပးပါတယ္။ ဒီေတာ့ ငိုေႂကြးမေနပါနဲ႕ေတာ့လို႔ ေအာင္လ သူ႕ရဲ႕ေဖ့ဘုတ္စ္မွာအခုလိုမွ်ေဝထားျခင္းျဖစ္ပါတယ္။
ျမန္မာပရိတ္သတ္ေတြကလည္း ေအာင္လ ခ်န္ပီယံခါးပတ္ကိုျပန္လည္ရယူနိုင္မယ္လို႔ယုံၾကည္ေနပါတယ္။ျမန္မာဂုဏ္ေဆာင္ ေအာင္လအန္ဆိုင္းကို ပရိတ္သတ္ေတြကလည္း အားေပးစကားေျပာေပးသြားပါဦး။
Source – Aung La Nasang’s FB