Zawgyi)
ကုန္ေဈးနွဳန္းေတြတတ္ျပီး ၾကပ္တည္းလာတဲ့အေပၚ ပြင့္လင္းစြာေျပာလာတဲ့ ပန္ဆယ္လို
ေဒၚလာေစ်းေတြတက္၊ ဆီေစ်းေတြတက္၊ လူထုက ၾကပ္တည္းလာတဲ့အခါ ေခြၽတာေရးအတြက္ ပိုစ့္ေလးေတြ တင္လာၾကတာ ေတြ႕ရပါတယ္။သတိရမိတယ္။
ကိုယ္ေတြငယ္ငယ္တုန္းက ထမင္းစားရင္ အသားတုံးေလးတစ္တုံးႏွစ္လုံးနဲ႔ ေလာက္ေအာင္ စားႏိုင္ရင္ လိမၼာလိုက္တာလို႔ ခ်ီးက်ဴးခံရတဲ့ေခတ္မွာ ကေလးဘဝကို ျဖတ္သန္းခဲ့ဖူးတယ္။ အက်ိဳးဆက္ကေတာ့ ဘူေဖးေတြဘာေတြ စားတဲ့အခါ မစားတတ္ေတာ့ဘူး။ ဟင္းေတြအမ်ားႀကီး မစားတတ္ေတာ့ဘူး။ အသားေတြ အမ်ားႀကီး မစားတတ္ေတာ့ဘူး။
အမွန္တကယ္က ကိုယ္ေတြဆို ငယ္ငယ္တုန္းက နယ္အေနအထားနဲ႔ ေနႏိုင္စားႏိုင္ အဆင္ေျပတဲ့ လူတန္းစားထဲမွာ ပါခဲ့တယ္။ ဘာလို႔ အသားနည္းနည္းနဲ႔ စားတတ္ေအာင္ လူႀကီးေတြက ေလ့က်င့္ေပးခဲ့လဲဆိုေတာ့ သူတို႔ျဖတ္သန္းခဲ့တဲ့ ရွားပါးတဲ့ ႏိုင္ငံအေျခအေနကေန အက်င့္ပါလာတဲ့ အေျခအေနပဲ။
အ႐ြယ္ေလးေရာက္လာတဲ့အခါ ထမင္းတစ္ပန္းကန္ႀကီးနဲ႔ အသားဟင္းေလး တစ္တုံးႏွစ္တုံးနဲ႔စားတာဟာ မွားေနတယ္ဆိုတာ သိလာရတယ္။ အျခားႏိုင္ငံေတြရဲ႕ စားေသာက္ေနထိုင္တဲ့ ပုံစံေတြကို ျမင္လာရေတာ့ အေတာ္ႀကီး လြဲေနတယ္ဆိုတာ သိလာရတယ္။ ဒါေပမယ့္ ဒါေတြဟာ ရွားပါးတဲ့ ေခတ္ႀကီးကို ျဖတ္သန္းခဲ့ရတဲ့ လူႀကီးမိဘေတြက ေအာ္တိုလက္ဆင့္ကမ္းလာမိတဲ့ အေလ့အက်င့္ေတြပဲ။
အခုလည္း ေခတ္ကာလဟာ တပတ္လည္ၿပီး ရွားပါးတဲ့ေခတ္ကို ျပန္ေရာက္လာေတာ့မယ္။ ေခြၽတာၾကမယ္၊ စုေဆာင္းၾကမယ္၊ အပိုမသုံးဖို႔၊ အပိုမစားဖို႔ ေရွာင္ရန္ေဆာင္ရန္နည္းေလးေတြ ေျပာလာၾကတယ္။
စနစ္က်တာ၊ ေခြၽတာစုေဆာင္းတာဟာ မေကာင္းတဲ့အရာ မဟုတ္ပါဘူး။ ဒါေပမယ့္ ေခြၽတာသင့္တာထက္၊ ပုံမွန္ေခြၽတာရမယ့္ အရာေတြထက္ ပိုၿပီး ကုတ္ကပ္ေခြၽတာေနရတယ္ဆိုတာမ်ိဳးက ကိုယ္ေတြရဲ႕ ပုံမွန္ရပ္တည္ႏိုင္စြမ္းကို ေခတ္စနစ္ဆိုးႀကီးက ဖ်က္ဆီးေနၿပီဆိုတာေလး မေမ့ေလ်ာ့မိဖို႔ပါပဲ။
ပုံမွန္အေျခအေနထက္ ေခြၽတာရတယ္၊ အသုံးေလွ်ာ့ရတယ္၊ စစ္စီရတယ္ဆိုတာက ျဖစ္သင့္ျဖစ္ထိုက္တဲ့ လုပ္ကို လုပ္ရမယ့္အေျခအေနတစ္ခု မဟုတ္ဘူး။ ကိုယ္ေတြရဲ႕ ရပိုင္ခြင့္ေတြ ထိပါးခံရတာ ႐ိုက္ခ်ိဳးခံရတာ။
ဒီစနစ္ဆိုးႀကီးကို ျပန္အျမစ္မတြယ္ခင္မွာ တြန္းလွန္ၾကရမယ္၊ ႐ုန္းကန္ၾကရမယ္။ သားသမီးေတြကို အာဟာရျပည့္ဝတဲ့ စားေသာက္မႈပုံစံမ်ိဳးကို သင္ေပးဖို႔ထက္ လိုအပ္တာထက္ ေခြၽတာေရးပုံစံကို သင္ေပးရတဲ့ေခတ္ႀကီးကို ျပန္မသြားရေအာင္ပါ။
(Unicode)
ကုန်ဈေးနှုန်းတွေတတ်ပြီး ကြပ်တည်းလာတဲ့အပေါ် ပွင့်လင်းစွာပြောလာတဲ့ ပန်ဆယ်လို
ဒေါ်လာဈေးတွေတက်၊ ဆီဈေးတွေတက်၊ လူထုက ကြပ်တည်းလာတဲ့အခါ ချွေတာရေးအတွက် ပိုစ့်လေးတွေ တင်လာကြတာ တွေ့ရပါတယ်။
သတိရမိတယ်။ ကိုယ်တွေငယ်ငယ်တုန်းက ထမင်းစားရင် အသားတုံးလေးတစ်တုံးနှစ်လုံးနဲ့ လောက်အောင် စားနိုင်ရင် လိမ္မာလိုက်တာလို့ ချီးကျူးခံရတဲ့ခေတ်မှာ ကလေးဘဝကို ဖြတ်သန်းခဲ့ဖူးတယ်။ အကျိုးဆက်ကတော့ ဘူဖေးတွေဘာတွေ စားတဲ့အခါ မစားတတ်တော့ဘူး။ ဟင်းတွေအများကြီး မစားတတ်တော့ဘူး။ အသားတွေ အများကြီး မစားတတ်တော့ဘူး။
အမှန်တကယ်က ကိုယ်တွေဆို ငယ်ငယ်တုန်းက နယ်အနေအထားနဲ့ နေနိုင်စားနိုင် အဆင်ပြေတဲ့ လူတန်းစားထဲမှာ ပါခဲ့တယ်။ ဘာလို့ အသားနည်းနည်းနဲ့ စားတတ်အောင် လူကြီးတွေက လေ့ကျင့်ပေးခဲ့လဲဆိုတော့ သူတို့ဖြတ်သန်းခဲ့တဲ့ ရှားပါးတဲ့ နိုင်ငံအခြေအနေကနေ အကျင့်ပါလာတဲ့ အခြေအနေပဲ။
အရွယ်လေးရောက်လာတဲ့အခါ ထမင်းတစ်ပန်းကန်ကြီးနဲ့ အသားဟင်းလေး တစ်တုံးနှစ်တုံးနဲ့စားတာဟာ မှားနေတယ်ဆိုတာ သိလာရတယ်။ အခြားနိုင်ငံတွေရဲ့ စားသောက်နေထိုင်တဲ့ ပုံစံတွေကို မြင်လာရတော့ အတော်ကြီး လွဲနေတယ်ဆိုတာ သိလာရတယ်။ ဒါပေမယ့် ဒါတွေဟာ ရှားပါးတဲ့ ခေတ်ကြီးကို ဖြတ်သန်းခဲ့ရတဲ့ လူကြီးမိဘတွေက အော်တိုလက်ဆင့်ကမ်းလာမိတဲ့ အလေ့အကျင့်တွေပဲ။
အခုလည်း ခေတ်ကာလဟာ တပတ်လည်ပြီး ရှားပါးတဲ့ခေတ်ကို ပြန်ရောက်လာတော့မယ်။ ချွေတာကြမယ်၊ စုဆောင်းကြမယ်၊ အပိုမသုံးဖို့၊ အပိုမစားဖို့ ရှောင်ရန်ဆောင်ရန်နည်းလေးတွေ ပြောလာကြတယ်။
စနစ်ကျတာ၊ ချွေတာစုဆောင်းတာဟာ မကောင်းတဲ့အရာ မဟုတ်ပါဘူး။ ဒါပေမယ့် ချွေတာသင့်တာထက်၊ ပုံမှန်ချွေတာရမယ့် အရာတွေထက် ပိုပြီး ကုတ်ကပ်ချွေတာနေရတယ်ဆိုတာမျိုးက ကိုယ်တွေရဲ့ ပုံမှန်ရပ်တည်နိုင်စွမ်းကို ခေတ်စနစ်ဆိုးကြီးက ဖျက်ဆီးနေပြီဆိုတာလေး မမေ့လျော့မိဖို့ပါပဲ။
ပုံမှန်အခြေအနေထက် ချွေတာရတယ်၊ အသုံးလျှော့ရတယ်၊ စစ်စီရတယ်ဆိုတာက ဖြစ်သင့်ဖြစ်ထိုက်တဲ့ လုပ်ကို လုပ်ရမယ့်အခြေအနေတစ်ခု မဟုတ်ဘူး။ ကိုယ်တွေရဲ့ ရပိုင်ခွင့်တွေ ထိပါးခံရတာ ရိုက်ချိုးခံရတာ။
ဒီစနစ်ဆိုးကြီးကို ပြန်အမြစ်မတွယ်ခင်မှာ တွန်းလှန်ကြရမယ်၊ ရုန်းကန်ကြရမယ်။ သားသမီးတွေကို အာဟာရပြည့်ဝတဲ့ စားသောက်မှုပုံစံမျိုးကို သင်ပေးဖို့ထက် လိုအပ်တာထက် ချွေတာရေးပုံစံကို သင်ပေးရတဲ့ခေတ်ကြီးကို ပြန်မသွားရအောင်ပါ။
Crd