သတင္း

ဒီကေန႔ ဇာတ္ပို႔သ႐ုပ္ေဆာင္ ဦးၾကည္စိုး IC ကိုဗစ္ေရာဂါျဖင့္ ကြယ္လြန္

ဒီကေန႔ ဇာတ္ပို႔သ႐ုပ္ေဆာင္ ဦးၾကည္စိုး IC ကိုဗစ္ေရာဂါျဖင့္ ကြယ္လြန္

ဒီေန႔မွာ ဆုံးပါးသြားတာပါ။
ဇာတ္ကားေတြထဲမွာ ဆရာဝန္ကာရိုက္တာ၊ေရွ႕ေန ကာရိုက္တာနဲ႔ အျမဲလိုလိုေတြ႕ရတဲ့ ဇာတ္ပို႔သ႐ုပ္ေဆာင္ ဦးၾကည္စိုး(IC) က ဒီေန႔ ေန႔လည္ (၂)နာရီေက်ာ္ ဝန္းက်င္ေလာက္မွာ ကြယ္လြန္သြားၿပီျဖစ္ေၾကာင္း အေမရိကမွာေနထိုင္သူ ဇနီးျဖစ္သူက Duwun ကို အတည္ျပဳ ေျပာခဲ့ပါတယ္

 

ဇာတ္ပို႔ သ႐ုပ္ေဆာင္ ဦးၾကည္စိုး (IC) ဟာ ကိုဗစ္ ေရာဂါကို ခံစားေနရၿပီး ဒီေန႔ (ေအာက္တိုဘာ ၃၀ ရက္ေန႔) ေန႔လည္(၂)နာရီ (၅း၀၀)မွာ ဆုံးပါးသြားခဲ့တယ္လို႔ မိသားစုက ဆိုပါတယ္။

“ ဦးၾကည္စိုးက ေအာက္တိုဘာ(၂၀) ဝန္းက်င္ေလာက္မွာေနမေကာင္းစျဖစ္တယ္။ ႏွာစီး ၊ေခ်ာင္းဆိုး စစ္ျဖစ္ေတာ့ ေဆးေသာက္ဘာညာလုပ္ရင္းကေန (၄)ရက္ေလာက္ေနေတာ့ စဖ်ားတယ္။အဲ့ဒါ အသိဆရာဝန္နဲ႔ ေဆး႐ုံတက္ဖို႔ဘာညာလုပ္ရင္း Swab စစ္လိုက္ေတာ့ Positive ျဖစ္ေနတာ ။

ၿပီးေတာ့ေဆး႐ုံေရာက္မွာ ေဆးေတြဘာေတြ စစ္လိုက္ေတာ့ ဆီးခ်ိဳေရာဂါနဲ႔ ေက်ာက္ကပ္က မေကာင္းဘူးျဖစ္ေနခဲ့တာ သိရပါတယ္။ ပထမကေတာ့ သူျပန္သက္သာလာေသးတယ္တဲ့အခ်ိန္မွာ ဒီေတာင္ကို ေက်ာ္နိုင္ၿပီလို႔ ထင္ခဲ့တာေပ့ါ။ အန္တီလည္း အေဝးကေနပဲ ဦးသတင္းကို လွမ္းလွမ္းေမးေနရတာ။ဒါေပမယ့္ ၂၉ ရက္ ည(၁၀)နာရီေလာက္ကတည္းက ေမ်ာေနခဲ့ၿပီး သတိမရဘူးဒီေန႔ ေန႔လည္ (၂)နာရီ (၅၀)မွာဆုံးသြားခဲ့တာ” လို႔ အေမရိကမွာ ေရာက္ေနတဲ့ ဇနီးျဖစ္သူ ေဒၚႏွင္းဆီက ေျပာျပခဲ့ပါတယ္။

ဆယ္လီရပ္ကြက္

unicode

ဒီကနေ့ ဇာတ်ပို့သရုပ်ဆောင် ဦးကြည်စိုး IC ကိုဗစ်ရောဂါဖြင့် ကွယ်လွန်

ဒီနေ့မှာ ဆုံးပါးသွားတာပါ။
ဇာတ်ကားတွေထဲမှာ ဆရာဝန်ကာရိုက်တာ၊ရှေ့နေ ကာရိုက်တာနဲ့ အမြဲလိုလိုတွေ့ရတဲ့ ဇာတ်ပို့သရုပ်ဆောင် ဦးကြည်စိုး(IC) က ဒီနေ့ နေ့လည် (၂)နာရီကျော် ဝန်းကျင်လောက်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း အမေရိကမှာနေထိုင်သူ ဇနီးဖြစ်သူက Duwun ကို အတည်ပြု ပြောခဲ့ပါတယ်။

ဇာတ်ပို့ သရုပ်ဆောင် ဦးကြည်စိုး (IC) ဟာ ကိုဗစ် ရောဂါကို ခံစားနေရပြီး ဒီနေ့ (အောက်တိုဘာ ၃၀ ရက်နေ့) နေ့လည်(၂)နာရီ (၅းဝ၀)မှာ ဆုံးပါးသွားခဲ့တယ်လို့ မိသားစုက ဆိုပါတယ်။

“ ဦးကြည်စိုးက အောက်တိုဘာ(၂၀) ဝန်းကျင်လောက်မှာနေမကောင်းစဖြစ်တယ်။ နှာစီး ၊ချောင်းဆိုး စစ်ဖြစ်တော့ ဆေးသောက်ဘာညာလုပ်ရင်းကနေ (၄)ရက်လောက်နေတော့ စဖျားတယ်။အဲ့ဒါ အသိဆရာဝန်နဲ့ ဆေးရုံတက်ဖို့ဘာညာလုပ်ရင်း Swab စစ်လိုက်တော့ Positive ဖြစ်နေတာ ။

ပြီးတော့ဆေးရုံရောက်မှာ ဆေးတွေဘာတွေ စစ်လိုက်တော့ ဆီးချိုရောဂါနဲ့ ကျောက်ကပ်က မကောင်းဘူးဖြစ်နေခဲ့တာ သိရပါတယ်။ ပထမကတော့ သူပြန်သက်သာလာသေးတယ်တဲ့အချိန်မှာ ဒီတောင်ကို ကျော်နိုင်ပြီလို့ ထင်ခဲ့တာပေ့ါ။ အန်တီလည်း အဝေးကနေပဲ ဦးသတင်းကို လှမ်းလှမ်းမေးနေရတာ။ဒါပေမယ့် ၂၉ ရက် ည(၁၀)နာရီလောက်ကတည်းက မျောနေခဲ့ပြီး သတိမရဘူးဒီနေ့ နေ့လည် (၂)နာရီ (၅၀)မှာဆုံးသွားခဲ့တာ” လို့ အမေရိကမှာ ရောက်နေတဲ့ ဇနီးဖြစ်သူ ဒေါ်နှင်းဆီက ပြောပြခဲ့ပါတယ်။

ဆယ်လီရပ်ကွက်