သတင္း

ပ်ားအုံ ေပၚမွာ ေဘာင္းဘီမပါပဲ ထိုင္ျပပီး မဂၤလာစရိတ္ရွာခဲ့တဲ့ အမ်ိဳးသား

ဒီအမ်ိဳးသားကေတာ့ နယူးဇီလန္ႏိုင္ငံသား Jamie Grainger ပဲျဖစ္ပါတယ္။သူဟာ သူငယ္ခ်င္းျဖစ္သူ Aurel နဲ႔အေလာင္းအစားတစ္ခုလုပ္ခဲ့ၿပီး ေဘာင္းဘီမပါပဲနဲ႔ ပ်ားအုံေပၚမွာ စကၠန္႔သုံးဆယ္ ထိုင္ဖို႔သေဘာတူခဲ့တာပဲ ျဖစ္ပါတယ္။ေလာင္းေၾကးကေတာ့ Jamie သာထိုင္ႏိုင္ခဲ့မယ္ဆိုရင္ ေဒၚလာတစ္ေထာင္ရရွိမွာပဲ ျဖစ္ပါတယ္။

 

ဒီအေလာင္းအစားကိုေတာ့ Aurel ဘက္ကစတင္ခဲ့တာျဖစ္ပီး သူတို႔သူငယ္ခ်င္းေတြဟာ ယခုလို ေပါက္ကရၿပိဳင္ပြဲေလးေတြ ျပဳလုပ္တဲ့အက်င့္ေတြရွိၾကပါတယ္။သူတို႔ သူငယ္ခ်င္းၾကားမွာ ပက္က်ိေတြ ဝက္ေဝွးေစ့ေတြနဲ႔ ငါးအရွင္ေတြရဲ႕မ်က္လုံးေတြကို စားႏိုင္မႏိုင္ အေလာင္းအစားလုပ္ေလ့ရွိၿပီး ယခုအခါမွာလည္း ပ်ားအုံေပၚမွာ ေဘာင္းဘီမပါပဲ ထိုင္ႏိုင္မလားဆိုတာေလာင္းခဲ့ၾကတာျဖစ္ပါတယ္။

ဒီအ​ေလာင္းအစားကိုေတာ့ သူတို႔သူငယ္ခ်င္းေတြထဲကတစ္ေယာက္က ပထမဦးဆုံးယွဥ္ၿပိဳင္ခဲ့ၿပီး ၁၉စကၠန႔္သာ ပ်ားအုံေပၚမွာထိုင္ႏိုင္ခဲ့ပါတယ္။ေနာက္ထပ္ယွဥ္ၿပိဳင္သူ Jamie ကေတာ့ စကၠန္႔သုံးဆယ္ျပည့္ေအာင္ ပ်ားအုံေပၚမွာထိုင္ႏိုင္ခဲ့တာေၾကာင့္ ေလာင္းေၾကးအတိုင္း ေဒၚလာတစ္ေထာင္ ရရွိသြားခဲ့တယ္။

ေအာင္ႏိုင္သူ Jamie ကေတာ့ ဒီေငြေတြကို သူ႔ရဲ႕ မဂၤလာ စရိတ္အျဖစ္ အသုံးျပဳခဲ့ေပမယ့္ ပ်ားအုံေပၚမွာထိုင္ေနရင္း တခုခုသာျဖစ္ခဲ့လို႔ကေတာ့ Jamie ဘဝက မေတြးရဲစရာပါပဲ။

Source – Metro

credit – Myanmarload

Unicode

ပျားအုံ ပေါ်မှာ ဘောင်းဘီမပါပဲ ထိုင်ပြပီး မင်္ဂလာစရိတ်ရှာခဲ့တဲ့ အမျိုးသား

ဒီအမျိုးသားကတော့ နယူးဇီလန်နိုင်ငံသား Jamie Grainger ပဲဖြစ်ပါတယ်။သူဟာ သူငယ်ချင်းဖြစ်သူ Aurel နဲ့အလောင်းအစားတစ်ခုလုပ်ခဲ့ပြီး ဘောင်းဘီမပါပဲနဲ့ ပျားအုံပေါ်မှာ စက္ကန့်သုံးဆယ် ထိုင်ဖို့သဘောတူခဲ့တာပဲ ဖြစ်ပါတယ်။လောင်းကြေးကတော့ Jamie သာထိုင်နိုင်ခဲ့မယ်ဆိုရင် ဒေါ်လာတစ်ထောင်ရရှိမှာပဲ ဖြစ်ပါတယ်။

ဒီအလောင်းအစားကိုတော့ Aurel ဘက်ကစတင်ခဲ့တာဖြစ်ပီး သူတို့သူငယ်ချင်းတွေဟာ ယခုလို ပေါက်ကရပြိုင်ပွဲလေးတွေ ပြုလုပ်တဲ့အကျင့်တွေရှိကြပါတယ်။သူတို့ သူငယ်ချင်းကြားမှာ ပက်ကျိတွေ ဝက်ဝှေးစေ့တွေနဲ့ ငါးအရှင်တွေရဲ့မျက်လုံးတွေကို စားနိုင်မနိုင် အလောင်းအစားလုပ်လေ့ရှိပြီး ယခုအခါမှာလည်း ပျားအုံပေါ်မှာ ဘောင်းဘီမပါပဲ ထိုင်နိုင်မလားဆိုတာလောင်းခဲ့ကြတာဖြစ်ပါတယ်။

ဒီအ​လောင်းအစားကိုတော့ သူတို့သူငယ်ချင်းတွေထဲကတစ်ယောက်က ပထမဦးဆုံးယှဉ်ပြိုင်ခဲ့ပြီး ၁၉စက္ကန့်သာ ပျားအုံပေါ်မှာထိုင်နိုင်ခဲ့ပါတယ်။နောက်ထပ်ယှဥ်ပြိုင်သူ Jamie ကတော့ စက္ကန့်သုံးဆယ်ပြည့်အောင် ပျားအုံပေါ်မှာထိုင်နိုင်ခဲ့တာကြောင့် လောင်းကြေးအတိုင်း ဒေါ်လာတစ်ထောင် ရရှိသွားခဲ့တယ်။

အောင်နိုင်သူ Jamie ကတော့ ဒီငွေတွေကို သူ့ရဲ့ မင်္ဂလာ စရိတ်အဖြစ် အသုံးပြုခဲ့ပေမယ့် ပျားအုံပေါ်မှာထိုင်နေရင်း တခုခုသာဖြစ်ခဲ့လို့ကတော့ Jamie ဘဝက မတွေးရဲစရာပါပဲ။

Source – Metro