အသက္မျပည့္ေသးသည့္ မယားပါသမီးကို ပေထြးျဖစ္သူက အႀကိမ္ႀကိမ္ သားမယားျပဳက်င့္မႈျဖစ္ပြား
အသက္မျပည့္ေသးသည့္ မယားပါသမီးကို ၿခိမ္းေျခာက္ကာ အႀကိမ္ႀကိမ္ သားမယားျပဳက်င့္ခဲ့သည့္ ပေထြးျဖစ္သူအား ဥပေဒအရ အေရးယူ
ဖားကန႔္ေက်ာက္စိမ္းေမွာ္ေဒသ၊ ဖားကန႔္ၿမိဳ႕နယ္ လုံးခင္းေက်း႐ြာတြင္ ယမန္ေန႔က အသက္မျပည့္ေသးသည့္ မယားပါသမီး (၁၄-ႏွစ္အ႐ြယ္ခန႔္) ကို ၿခိမ္းေျခာက္ကာ အတင္းအဓမၼ၊ သားမယားအျဖစ္ အႀကိမ္ႀကိမ္ ျပဳက်င့္ခဲ့သည့္ ျဖစ္စဥ္ တစ္ခု ျဖစ္ပြားခဲ့ၿပီး ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ ျပစ္မႈက်ဴးလြန္သူကို ဖမ္းဆီးအေရးယူထားေၾကာင္း လုံးခင္း နယ္ေျမရဲစခန္းမွ သိရသည္။
အိမ္ေထာင္ကြဲ၍ ေနာက္ေယာက္်ား ယူထားသည့္ မိခင္မွ ဇြန္လ (၁၇) ရက္ေန႔က (၁၄)ႏွစ္အ႐ြယ္၊ ညီမျဖစ္သူ ………….. အား ေနအိမ္ ပို႔ေဆာင္ ခဲ့ေၾကာင္း၊ ညီမျဖစ္သူ၏ အေျခအေနမွာ မူမမွန္သျဖင့္ ေခ်ာေမာ့ ေမးျမန္းခဲ့ရာ ပေထြးျဖစ္သူ အိုက္က်ိဳင္းဆိုသူက လြန္ခဲ့သည့္ သုံးလခန႔္ကတည္း အျခားသူကို ျပန္ေျပာလွ်င္ သတ္ပစ္မည္ဟု ၿခိမ္းေျခာက္ကာ အတင္းအဓမၼ သားမယားအျဖစ္ အႀကိမ္ႀကိမ္ ျပဳက်င့္ခံခဲ့ရေၾကာင္း-
ေျပာျပလာသျဖင့္ အဆိုပါ မိန္းကေလး၏ အစ္မျဖစ္သူ………….က ဇြန္လ ၂၁ ရက္ေန႔တြင္ လုံးခင္းနယ္ေျမ ရဲစခန္းတြင္ တိုင္တန္းခဲ့ေၾကာင္း သိရသည္။
ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဖားကန႔္ၿမိဳ႕နယ္၊ လုံးခင္း ေက်း႐ြာအုပ္စု၊ လုံးခင္းေက်း႐ြာေနထိုင္သူ (ယခင္ ပိန္းေညာင္ေက်း႐ြာ၊ ေခးနင္း ေက်း႐ြာအုပ္စု၊ လားရႈိးၿမိဳ႕နယ္၊ ရွမ္းျပည္နယ္ေျမာက္ပိုင္း) ေနထိုင္သူ အသက္(၄၀)ခန႔္အ႐ြယ္ အိုက္က်ိဳင္း ဆိုသူအား သက္ဆိုင္ရာမွ စစ္ေဆးေဖာ္ထုတ္ခဲ့ရာ အိုက္က်ိဳင္းဆိုသူက ယင္းကဲ့သို႔ က်ဴးလြန္ ခဲ့သည္မွာ ဟုတ္မွန္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။
လက္ရွိတြင္ အိုက္က်ိဳင္းဆိုသူအား လုံးခင္းနယ္ေျမရဲစခန္းက (ပ) ၈၂/၂၀၂၀၊ အမႈႀကီးအမွတ္စဥ္ – ၆/၂၀၂၀၊ ရာဇသတ္ႀကီး ပုဒ္မ ၃၇၆ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္႐ြက္လွ်က္ရွိေၾကာင္း သိရသည္။
Credit to ေနာေနာ္
Unicode
အသက်မပြည့်သေးသည့် မယားပါသမီးကို ပထွေးဖြစ်သူက အကြိမ်ကြိမ် သားမယားပြုကျင့်မှုဖြစ်ပွား
အသက်မပြည့်သေးသည့် မယားပါသမီးကို ခြိမ်းခြောက်ကာ အကြိမ်ကြိမ် သားမယားပြုကျင့်ခဲ့သည့် ပထွေးဖြစ်သူအား ဥပဒေအရ အရေးယူ
ဖားကန့်ကျောက်စိမ်းမှော်ဒေသ၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် ယမန်နေ့က အသက်မပြည့်သေးသည့် မယားပါသမီး (၁၄-နှစ်အရွယ်ခန့်) ကို ခြိမ်းခြောက်ကာ အတင်းအဓမ္မ၊ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခဲ့သည့် ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးအရေးယူထားကြောင်း လုံးခင်း နယ်မြေရဲစခန်းမှ သိရသည်။
အိမ်ထောင်ကွဲ၍ နောက်ယောက်ျား ယူထားသည့် မိခင်မှ ဇွန်လ (၁၇) ရက်နေ့က (၁၄)နှစ်အရွယ်၊ ညီမဖြစ်သူ ………….. အား နေအိမ် ပို့ဆောင် ခဲ့ကြောင်း၊ ညီမဖြစ်သူ၏ အခြေအနေမှာ မူမမှန်သဖြင့် ချောမော့ မေးမြန်းခဲ့ရာ ပထွေးဖြစ်သူ အိုက်ကျိုင်းဆိုသူက လွန်ခဲ့သည့် သုံးလခန့်ကတည်း အခြားသူကို ပြန်ပြောလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ အတင်းအဓမ္မ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခံခဲ့ရကြောင်း-
ပြောပြလာသဖြင့် အဆိုပါ မိန်းကလေး၏ အစ်မဖြစ်သူ………….က ဇွန်လ ၂၁ ရက်နေ့တွင် လုံးခင်းနယ်မြေ ရဲစခန်းတွင် တိုင်တန်းခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဖားကန့်မြို့နယ်၊ လုံးခင်း ကျေးရွာအုပ်စု၊ လုံးခင်းကျေးရွာနေထိုင်သူ (ယခင် ပိန်းညောင်ကျေးရွာ၊ ခေးနင်း ကျေးရွာအုပ်စု၊ လားရှိုးမြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း) နေထိုင်သူ အသက်(၄၀)ခန့်အရွယ် အိုက်ကျိုင်း ဆိုသူအား သက်ဆိုင်ရာမှ စစ်ဆေးဖော်ထုတ်ခဲ့ရာ အိုက်ကျိုင်းဆိုသူက ယင်းကဲ့သို့ ကျူးလွန် ခဲ့သည်မှာ ဟုတ်မှန်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
လက်ရှိတွင် အိုက်ကျိုင်းဆိုသူအား လုံးခင်းနယ်မြေရဲစခန်းက (ပ) ၈၂/၂၀၂၀၊ အမှုကြီးအမှတ်စဉ် – ၆/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
Credit to နောနော်