ၾကားသိရသမွ်

စစ္ေကာင္စီ မွ သူတို႔မလုပ္ေၾကာင္း ျငင္းဆိုထားေပမယ့္

ထန္တလန္ ၿမိဳ႕ မီးရႈိ႕မႈ႕ ျဖစ္စဥ္ကို စစ္ေကာင္စီ မွ သူတို႔မလုပ္ေၾကာင္း ျငင္းဆိုထားေပမယ့္ သက္ေသဗီဒီယို ဖိုင္ထြက္ေပၚလာပါပီ…

Video file အရ စကစ တပ္သားမ်ားမွာ လူမရွိသည့္ ၿမိဳ႕တြင္း သြားလာပီး မီးရႈိ႕သြားေၾကာင္း ထင္ရွားစြာ သိရွိရပါတယ္…

ထို႔အျပင္ စကစ ေထာက္ခံသည့္ ျပည္ခိုင္ၿဖိဳးပါတီ အႀကီးပိုင္း ေျပာေရးဆိုခြင့္ ရွိသူမွ လည္း “တစ္ျခားၿမိဳ႕မ်ား ကိုလည္း ထန္တလန္ကဲ့သို႔ မီးရႈိ႕မည္”ဟု ၿခိမ္းေျခာက္ေျပာဆိုမႈ႕ေတြ လုပ္ထားတာ ကို ေတြ႕ရွိရမွာ ျဖစ္ပါတယ္ …MR INFO

ေဇာ္မင္းထြန္းကေတာ့ ယခုလိုျငင္းဆိုထားပါတယ္

ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕မွာ မေန႔က ေလာင္ကြၽမ္းတဲ့မီးဟာ စစ္တပ္ရဲ႕ လက္ခ်က္ျဖစ္တယ္လို႔ ေဒသခံေတြက ေျပာဆိုၾကေပမယ့္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ ဒီမီးဟာ စစ္တပ္ကရႈိ႕တာ မဟုတ္ဘူးလို႔ ျငင္းဆိုလိုက္ပါတယ္။ ေဒသခံ CDF နဲ႔ အရပ္ဘက္ လူ႔အခြင့္အေရးအဖြဲ႕ေတြကေတာ့ စစ္တပ္ကရႈိ႕တာလို႔ စြပ္စြဲထားတာပါ။

ေဒသခံ PDF တပ္သားေတြ ရႈိ႕တဲ့မီးကေန အစျပဳၿပီး အခုလို ေလာင္ကြၽမ္းခဲ့ရတာလို႔လည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဒီကေန႔ည စစ္တပ္ပိုင္သတင္း ထုတ္လႊင့္ခ်က္ကေန ျပန္စြပ္စြဲလိုက္တာပါ။

“ထန္တလန္ၿမိဳ႕ အမွတ္ ၁ ရပ္ကြက္မွာ PDF ဘက္က လက္လုပ္မိုင္း သုံးလုံးနဲ႔ တိုက္ခိုက္တယ္။ လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္တယ္။ ဒါေၾကာင့္ က်ေနာ္တို႔ (စစ္ေကာင္စီ)က ျပန္ပစ္ခတ္ခဲ့တယ္။

ျပန္ပစ္တဲ့ေနရာမွာ PDF အဖြဲ႕ေတြက လူေနအေဆာက္အဦးေတြကို အကာ အကြယ္ယူၿပီး ထြက္ေျပးတယ္။ PDF တပ္ဖြဲ႕ေတြက ေနာက္ကေန ကပ္လိုက္လို႔ မရေအာင္ အိမ္ေလးလုံးကို မီးရႈိ႕ ဖ်က္ဆီးၿပီး ေနာက္ဆုတ္ေျပးသြားတယ္” လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

မီးၿငိမ္းသတ္ဖို႔ စစ္ေကာင္စီဘက္က သြားေရာက္ခဲ့ေပမယ့္ PDF ဘက္က ပစ္ခတ္ေနလို႔ ျငႇိမ္းသတ္လို႔ မရခဲ့ဘူးလို႔လည္း ဆိုပါတယ္။ေဒသခံေတြကေတာ့ မီးစတင္ေလာင္ကြၽမ္းခ်ိန္ ေအာက္ တိုဘာ ၂၉ ရက္ေန႔ မနက္ ၁၀ နာရီဝန္းက်င္ကစလို႔ မီး ၿငိမ္းသြားတဲ့ ေအာက္တိုဘာ ၃၀ ရက္ေန႔ မနက္ ၉ နာရီခြဲအထိ စစ္တပ္ဘက္က မီးျငႇိမ္းသတ္တာ မရွိခဲ့ဘူးလို႔ ေျပာဆိုပါတယ္။

ခ်င္းလူ႔အခြင့္အေရးအဖြဲ႕ CHRO က မေန႔က ထုတ္ျပန္တဲ့ေၾကညာခ်က္မွာ ထန္တလန္ၿမိဳ႕ကို စစ္ေကာင္စီက လက္နက္ႀကီးပစ္ခတ္ခဲ့တာေၾကာင့္ မီးေလာင္ကြၽမ္းတာလို႔ ေျပာထားပါတယ္။ ဒီလိုပစ္ခတ္ဖို႔ ထန္တလန္မွာ တပ္စြဲ ထားတဲ့ တပ္မ (၆၆) ရဲ႕ ဒုတိယဗိုလ္မႉးႀကီးေသာင္းလႈိင္က အမိန႔္ေပးခဲ့တာလို႔ CHRO ရဲ႕ ထုတ္ျပန္ခ်က္မွာပါပါတယ္။

ထန္တလန္ ခ်င္းျပည္သူ႔ကာကြယ္ေရးတပ္ CDF ကလည္း ဒီမီးဟာ စစ္တပ္က ရႈိ႕တာလို႔ စြပ္စြဲထားပါတယ္။ မီးေလာင္ကြၽမ္းမႈေၾကာင့္ ရပ္ကြက္ ၅ ရပ္ကြက္ပါသြားၿပီး အိမ္ေျခ ၁၆၃ လုံး မီးထဲပါ သြားတယ္လို႔ CDF က ထုတ္ျပန္ထားပါတယ္။

ထန်တလန် မြို့ မီးရှို့မှု့ ဖြစ်စဉ်ကို စစ်ကောင်စီ မှ သူတို့မလုပ်ကြောင်း ငြင်းဆိုထားပေမယ့် သက်သေဗီဒီယို ဖိုင်ထွက်ပေါ်လာပါပီ…

Video file အရ စကစ တပ်သားများမှာ လူမရှိသည့် မြို့တွင်း သွားလာပီး မီးရှို့သွားကြောင်း ထင်ရှားစွာ သိရှိရပါတယ်…

ထို့အပြင် စကစ ထောက်ခံသည့် ပြည်ခိုင်ဖြိုးပါတီ အကြီးပိုင်း ပြောရေးဆိုခွင့် ရှိသူမှ လည်း “တစ်ခြားမြို့များ ကိုလည်း ထန်တလန်ကဲ့သို့ မီးရှို့မည်”ဟု ခြိမ်းခြောက်ပြောဆိုမှု့တွေ လုပ်ထားတာ ကို တွေ့ရှိရမှာ ဖြစ်ပါတယ် …MR INFO

ဇော်မင်းထွန်းကတော့ ယခုလိုငြင်းဆိုထားပါတယ်

ချင်းပြည်နယ် ထန်တလန်မြို့မှာ မနေ့က လောင်ကျွမ်းတဲ့မီးဟာ စစ်တပ်ရဲ့ လက်ချက်ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပေမယ့် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီမီးဟာ စစ်တပ်ကရှို့တာ မဟုတ်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ ဒေသခံ CDF နဲ့ အရပ်ဘက် လူ့အခွင့်အရေးအဖွဲ့တွေကတော့ စစ်တပ်ကရှို့တာလို့ စွပ်စွဲထားတာပါ။

ဒေသခံ PDF တပ်သားတွေ ရှို့တဲ့မီးကနေ အစပြုပြီး အခုလို လောင်ကျွမ်းခဲ့ရတာလို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ည စစ်တပ်ပိုင်သတင်း ထုတ်လွှင့်ချက်ကနေ ပြန်စွပ်စွဲလိုက်တာပါ။

“ထန်တလန်မြို့ အမှတ် ၁ ရပ်ကွက်မှာ PDF ဘက်က လက်လုပ်မိုင်း သုံးလုံးနဲ့ တိုက်ခိုက်တယ်။ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တယ်။ ဒါကြောင့် ကျနော်တို့ (စစ်ကောင်စီ)က ပြန်ပစ်ခတ်ခဲ့တယ်။

ပြန်ပစ်တဲ့နေရာမှာ PDF အဖွဲ့တွေက လူနေအဆောက်အဦးတွေကို အကာ အကွယ်ယူပြီး ထွက်ပြေးတယ်။ PDF တပ်ဖွဲ့တွေက နောက်ကနေ ကပ်လိုက်လို့ မရအောင် အိမ်လေးလုံးကို မီးရှို့ ဖျက်ဆီးပြီး နောက်ဆုတ်ပြေးသွားတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မီးငြိမ်းသတ်ဖို့ စစ်ကောင်စီဘက်က သွားရောက်ခဲ့ပေမယ့် PDF ဘက်က ပစ်ခတ်နေလို့ ငြှိမ်းသတ်လို့ မရခဲ့ဘူးလို့လည်း ဆိုပါတယ်။ဒေသခံတွေကတော့ မီးစတင်လောင်ကျွမ်းချိန် အောက် တိုဘာ ၂၉ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်ကစလို့ မီး ငြိမ်းသွားတဲ့ အောက်တိုဘာ ၃၀ ရက်နေ့ မနက် ၉ နာရီခွဲအထိ စစ်တပ်ဘက်က မီးငြှိမ်းသတ်တာ မရှိခဲ့ဘူးလို့ ပြောဆိုပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က မနေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ ထန်တလန်မြို့ကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် မီးလောင်ကျွမ်းတာလို့ ပြောထားပါတယ်။ ဒီလိုပစ်ခတ်ဖို့ ထန်တလန်မှာ တပ်စွဲ ထားတဲ့ တပ်မ (၆၆) ရဲ့ ဒုတိယဗိုလ်မှူးကြီးသောင်းလှိုင်က အမိန့်ပေးခဲ့တာလို့ CHRO ရဲ့ ထုတ်ပြန်ချက်မှာပါပါတယ်။

ထန်တလန် ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF ကလည်း ဒီမီးဟာ စစ်တပ်က ရှို့တာလို့ စွပ်စွဲထားပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ရပ်ကွက် ၅ ရပ်ကွက်ပါသွားပြီး အိမ်ခြေ ၁၆၃ လုံး မီးထဲပါ သွားတယ်လို့ CDF က ထုတ်ပြန်ထားပါတယ်။