ၾကားသိရသမွ်

ေခြၽးမေလးကိုယ္ဝန္ေဆာင္ထားသည့္ခ်ိန္တြင္ ဗိုက္ပူလာ၍မလွမပျဖစ္သြားၿပီး စိတ္အားငယ္ေနမည္ကိုစိုးကာ ေယာကၡမႏွင့္အတူ ခင္ပြန္းျဖစ္သူတို႔မွ ဗိုက္ခြၽဲႀကီးျဖစ္ေအာင္ လုပ္ခဲ့ေသာအျဖစ္

မိန္းကေလးတိုင္းက ကိုယ္ဝန္ေဆာင္သည့္အခါတြင္ စိတ္ညစ္စရာေတြ ကင္းေဝးၿပီး အိမ္ကမိသားစု သို႔မဟုတ္ ခင္ပြန္းျဖစ္သူဆီကေန ဂ႐ုစိုက္ခ်စ္ျမတ္ႏိုးေပးတာမ်ိဳး လိုခ်င္တတ္ၾကသည္။

သို႔ျဖစ္၍ ဗီယက္နမ္ႏိုင္ငံမွ အမ်ိဳးသမီးတစ္ဦးသည္ႏွစ္ဦးႏွစ္ဖက္သေဘာတူသည့္ အိမ္ေထာင္ေရးမ်ိဳးျဖစ္ခဲ့၍ ခင္ပြန္းျဖစ္သူဆီကေန အခ်စ္ခံရသလို သမီးေလးမရွိသည့္ ေယာကၡမေတြဆီကေနလည္း အေတာ္ေလးအခ်စ္ခံ အလိုလိုက္ခံခဲ့ရသည္။

အမ်ိဳးသမီးသည္ ပထမဆုံး ကိုယ္ဝန္ေဆာင္စဥ္တြင္အလွတရားေတြေပ်ာက္ကာ ကိုယ္အေလးခ်ိန္ကလည္း တျဖည္းျဖည္းတက္လာ၍ ၾကည့္ရဆိုးသြားခ်ိန္ ကိုယ့္ကိုယ္ကို စိတ္အားငယ္ေနခဲ့သည္။

ထို႔ေၾကာင့္ ခင္ပြန္းျဖစ္သူႏွင့္အတူ ၾကင္နာတတ္ေသာ ေယာကၡမ ႏွစ္ဦးစလုံးသည္ ေခြၽးမေလးႏွင့္တူသြားေအာင္ဆိုၿပီး သူတို႔ခႏၶာကိုယ္ကို ဝလာေအာင္လုပ္ၿပီး ဗိုက္ခြၽဲေလးျဖစ္သြားေအာင္ပါ ႀကိဳးစားၿပီးလုပ္ေဆာင္ခဲ့ၾကသည္။

ထို႔ေနာက္ ေခြၽးမေလး ေမြးဖြားၿပီးသြားခ်ိန္မွာလည္း တဖန္ ဖက္တီးျဖစ္ေနေသာ ခႏၶာကိုယ္ကို ဝိတ္ျပန္ခ်ေစကာ အနားတြင္ လိုေသးမရွိ အၿမဲစိတ္ခ်မ္းသာေအာင္ ထားေပးကာ ကံေကာင္းလိုက္တာဆိုၿပီး အမ်ားမွ အားက်ခဲ့ၾကသည္။

Rain (For Ialinks)

Unicode

ချွေးမလေးကိုယ်ဝန်ဆောင်ထားသည့်ချိန်တွင် ဗိုက်ပူလာ၍မလှမပဖြစ်သွားပြီး စိတ်အားငယ်နေမည်ကိုစိုးကာ ယောက္ခမနှင့်အတူ ခင်ပွန်းဖြစ်သူတို့မှ ဗိုက်ချွဲကြီးဖြစ်အောင် လုပ်ခဲ့သောအဖြစ်

မိန်းကလေးတိုင်းက ကိုယ်ဝန်ဆောင်သည့်အခါတွင် စိတ်ညစ်စရာတွေ ကင်းဝေးပြီး အိမ်ကမိသားစု သို့မဟုတ် ခင်ပွန်းဖြစ်သူဆီကနေ ဂရုစိုက်ချစ်မြတ်နိုးပေးတာမျိုး လိုချင်တတ်ကြသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အမျိုးသမီးတစ်ဦးသည်နှစ်ဦးနှစ်ဖက်သဘောတူသည့် အိမ်ထောင်ရေးမျိုးဖြစ်ခဲ့၍ ခင်ပွန်းဖြစ်သူဆီကနေ အချစ်ခံရသလို သမီးလေးမရှိသည့် ယောက္ခမတွေဆီကနေလည်း အတော်လေးအချစ်ခံ အလိုလိုက်ခံခဲ့ရသည်။

အမျိုးသမီးသည် ပထမဆုံး ကိုယ်ဝန်ဆောင်စဥ်တွင်အလှတရားတွေပျောက်ကာ ကိုယ်အလေးချိန်ကလည်း တဖြည်းဖြည်းတက်လာ၍ ကြည့်ရဆိုးသွားချိန် ကိုယ့်ကိုယ်ကို စိတ်အားငယ်နေခဲ့သည်။

ထို့ကြောင့် ခင်ပွန်းဖြစ်သူနှင့်အတူ ကြင်နာတတ်သော ယောက္ခမ နှစ်ဦးစလုံးသည် ချွေးမလေးနှင့်တူသွားအောင်ဆိုပြီး သူတို့ခန္ဓာကိုယ်ကို ဝလာအောင်လုပ်ပြီး ဗိုက်ချွဲလေးဖြစ်သွားအောင်ပါ ကြိုးစားပြီးလုပ်ဆောင်ခဲ့ကြသည်။

ထို့နောက် ချွေးမလေး မွေးဖွားပြီးသွားချိန်မှာလည်း တဖန် ဖက်တီးဖြစ်နေသော ခန္ဓာကိုယ်ကို ဝိတ်ပြန်ချစေကာ အနားတွင် လိုသေးမရှိ အမြဲစိတ်ချမ်းသာအောင် ထားပေးကာ ကံကောင်းလိုက်တာဆိုပြီး အများမှ အားကျခဲ့ကြသည်။

Rain (For Ialinks)