ၾကားသိရသမွ်

ဇာဇာထက်ရဲ့ အမှုရုတ်သိမ်းပေးမှုကြောင့် ပြန်လွတ်မြောက်လာရာမှ ” အဖြစ်မှန်ဇာတ်လမ်းလေးပြောပြရတော့မယ်”ဆိုကာ တစခန်းထလာပြန်တဲ့ နေလင်းကျော်…












crd

Unicode

ဇာဇာထက်ရဲ့ အမှုရုတ်သိမ်းပေးမှုကြောင့် ပြန်လွတ်မြောက်လာရာမှ ” အဖြစ်မှန်ဇာတ်လမ်းလေးပြောပြရတော့မယ်”ဆိုကာ တစခန်းထလာပြန်တဲ့ နေလင်းကျော်…

ပရိသတ်ကြီးရေ နေလင်းကျော်ကတော့ Myanmar Idol ကနေ ထွက်ခွာခဲ့ရပြီးနောက် အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေပြီပဲ ဖြစ်ပါတယ်။ဇာဇာထက်နဲ့ နေလင်းကျော်တို့က တရားဝင်လက်မှတ်ထိုးပြီး အကြင်လင်မယား ဖြစ်ခဲ့ကြသူတွေပါ။ သူတို့နှစ်ဦးရဲ့ကြားက အဆင်မပြေမှုတွေကြောင့်ပဲ နေလင်းကျော်က ပုဒ်မ (၃၇၇) နဲ့ ဖမ်းဆီးခံထားရကာ ဒေါပုံမြို့နယ်တရားရုံးမှာ တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။

နေလင်းကျော်ကတော့ ဇနီးဟောင်းဖြစ်သူ ဇာဇာထက်နဲ့ ညှိနှိုင်းလို့မရတဲ့ အဆင်မပြေမှုတွေနဲ့ ရှေ့ဆက်လို့မရတော့တဲ့ အခြေအနေတွေကြောင့် လမ်းခွဲအဆုံးသတ်ခဲ့ကြတာ ကြာပြီဖြစ်ပါတယ်။”အတွေးအခေါ် အယူအဆတွေ မတူပဲ တချို့အရာလေးတွေမှာလည်းညှိနှိုင်းလို့မရတဲ့ အဆင်မပြေမှုတွေကြောင့် လမ်းခွဲလိုက်တာဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် အရမ်းကြီး အပြစ်ပြောစရာ မရှိပါဘူး” ဆိုပြီးတော့လည်း နေလင်းကျော်က ပြောပြထားပါသေးတယ်။ ဟိုအရင်တုန်းက ဆက်စီ Model အဖြစ်နဲ့ ရပ်တည်ခဲ့ဖူးတဲ့ ဇာဇာထက်ဟာ

လက်ရှိအချိန်မှာတော့ USA Brand တွေရောင်းချပြီး ကိုယ်ပိုင်စီးပွားရေးတစ်ခုနဲ့ ရပ်တည်နေခဲ့သူပါ။ ကိုယ်ပိုင်စီးပွားတစ်ခု ပိုင်ပိုင်နိုင်နိုင် ရှိလာခဲ့ပြီး ထိုင်းနိုင်ငံက Product တစ်ခုမှာလည်း brand ambassador အဖြစ်နဲ့ စာချုပ်ချုပ်ဆိုထားတာပဲ ဖြစ်ပါတယ်။

ဇာဇာထက်ကလည်း သူမရဲ့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး စိတ်ညစ်စရာတွေ မျိုးစုံ ကြုံတွေ့နေခဲ့ရတာကြောင့် နောက်ဆုံးမှာတော့ အဆင်မပြေတော့တဲ့ ဆက်ဆံရေးတစ်ခုကို အဆုံးသတ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

သူမရဲ့ လက်တွဲဖော်အကြောင်းကို အားလုံးပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပြီးနောက် တိုက်ခိုက်မှုပေါင်းစုံကို ခံခဲ့ရပြီး လက်ရှိအချိန်ထိလည်း သူမရဲ့အတွင်းရေးတွေကို စပ်စုချင်သူ တချို့ကြောင့် ကိုယ်ပိုင်အလုပ်မှာတောင် စိတ်အနှောက်အယှက်ဖြစ်ပြီး လုပ်နေခဲ့ရတာပါ။ မနေ့ကလည်း ဇာဇာထက်က ကြုံတွေ့နေရတဲ့သူမရဲ့ လက်ရှိအခြေအနေကို ပြောပြလာခဲ့ပါတယ်။

”အမျိုးသမီးတွေဟာ ချစ်နေတဲ့ အချိန်မှာတော့ အပြစ်မမြင်ဘဲ အရာရာကို ခွင့်လွှတ်နားလည် ပေးတတ်ကြပေမယ့် လမ်းခွဲပြီး စိတ်ထဲက ထုတ်လိုက်တဲ့အချိန်မှာတော့ အဲ့လူအပေါ်မှာ ဘယ်လိုစိတ်မျိုးမှ ရှိမနေတော့ဘဲပြတ်သားနိုင်သွားတယ်” ဆိုတဲ့အကြောင်းကို ပြောပြခဲ့ဖူးပါတယ်။

”သိပ်တော်နေတယ်ဆိုရင် ကျွန်မတို့ မြန်မြန်ကွာရှင်းလို့ရအောင် ဆောင်ရွက်ပေးပါအုံး ကျေးဇူးတင်ပါတယ် 🙏၊ အဖြစ်မှန်ပြောမယ်ဆို စောင့်နေမယ်နော် အမှန်တရားတော့ ဖြစ်ပါစေ 👍၊

နင်တို့ဘက်ကခံဝန်ကတိစာချုပ်တွေကို ချိုးဖောက်ရင်တော့ ငါ့ဘက်ကလဲ ဘာမှငဲ့ကွက်ပေးစရာ မလိုတော့ဘူးနော် 👍၊ နင်အကောင့်တုနဲ့ ငါ့ကို အော်ဒါခေါ်တာလေးပါ ထည့်ပြောထည့်ရေးနော် ငါ့မှာ SS လေးတွေ အခုထိရှိနေတုန်းနော် 👍” ဆိုပြီးတော့ ရေးသားလာခဲ့တာ ဖြစ်ပါတယ်။

နေလင်းကျော်အနေနဲ့လဲ ”အေး ငါလဲအဖြစ်မှန် ဇာတ်လမ်းလေး ပြောပြရတော့မယ် 🤟” ဆိုပြီး ပြန်လည်ချေပထားတာ ဖြစ်ပါတယ်။ ဒီကိစ္စဟာ personal case ပါ သူတို့ကွာရှင်းဖို့ကိစ္စကို JL က မနေတတ်မထိုင်တတ် Interview ဝင်ဖြေခဲ့တာကြောင့် ဇာဇာထက်က Liveနဲ့ပြန်ရှင်း အဆိုတော် နေလင်းကျော်ကလည်း အမှန်တရားကို ချပြမယ်ပြောတော့ ဇာဇာထက်က သူပြောတဲ့အမှန်တရားကို ထိုင်ကြည့်မှာဆိုပြီး ပြောပြထားပါသေးတယ်။ စာဖတ် ပရိသတ်ကြီးတို့အတွက် ပြန်လည်ကူးယူပြီး ဝေမျှတင်ဆက် ပေးလိုက်ရပါတယ်နော်။

crd