ကြက်သွန်ဖြူက ဟင်းချက်တဲ့အခါမှာလည်း မရှိမဖြစ်ပါပဲ။ ဒါ့အပြင် ကင်ဆာဆဲလ်တွေ တိုက်ဖျက်တာ၊ ခန္ဓာကိုယ်က အဆိပ်အတောက်တွေ သန့်စင်တာ၊ ခန္ဓာကိုယ်အဆီတွေ လျော့ချပေးတာလို စူပါ ပါဝါတွေလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ကြက်သွန်ဖြူက ခန္ဓာကိုယ်အတွက် ဘယ်လောက်အစွမ်းထက်လဲဆိုတာ လူတိုင်းသိကြမယ်ထင်ပါတယ်။ ဒါပေမဲ့ ညတိုင်း ကြက်သွန်ဖြူကို ခေါင်းအုံးအောက် ထားအိပ်မယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲဆိုတာ သိကြလား။ ဒါကြောင့် စာဖတ်ပရိသတ်တွေအတွက် ဒီဆောင်းပါးကနေ ဖော်ပြပေးလိုက်ရပါတယ်။
နှာခေါင်းပိတ်တာကို သက်သာစေတယ်
သင် အိပ်နေရင်း နှာပိတ်နေရင် ကြက်သွန်ဖြူက ကူညီပေးပါလိမ့်မယ်။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ allicin က အသက်ရှုလမ်းကြောင်းမှာရှိနေတဲ့ နှာရည်တွေကို ပျော်ကျသွားအောင် ကူညီပေးနိုင်ပါတယ်။
ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်
ကြက်သွန်ဖြူက ဘတ်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်တဲ့အတွက် မကောင်းတဲ့ဘတ်တီးရီးယားရောဂါပိုးမှန်သမျှကို ဖျက်စီးပစ်နိုင်စွမ်းရှိပါတယ်။ Allicin က ကူးစက်ရောဂါဖြစ်စေနိုင်တဲ့ ဘတ်တီးရီးယားတွေ ခန္ဓာကိုယ်ထဲမဝင်ရောက်လာအောင် ဟန့်တားပစ်နိုင်ပါတယ်။ ခေါင်းအုံးအောက်မှာ ကြက်သွန်ဖြူကို ထားမယ်ဆိုရင် မနက်ခင်းမှာ ကောင်းကောင်းမွန်မွန်နိုးထလာပြီး အလွယ်တကူဖျားနာတာလည်းဖြစ်မလာနိုင်ပါဘူး။
အင်းဆက်ပိုးမွှားတွေကို တွန်းလှန်ပေးတယ်
သင့် အိပ်နေတဲ့အချိန် ပိုးဟပ်၊ ပင့်ကူ၊ ခြင်လို အင်းဆက်ပိုးမွှားတွေ အိပ်ရာထဲရောက်လာမှာ ကြောက်တယ်မလား။ အဲဒီပြဿနာကို ကြက်သွန်ဖြူက ကူညီပေးနိုင်ပါတယ်။ ကြက်သွန်ဖြူက အင်းဆက်တွေအတွက် အဆိပ်အတောက်ပါပဲ။ အထူးသဖြင့် ခြင်တွေပါပဲ။ သင်က ခေါင်းအုံးအောက်မှာ ကြက်သွန်ဖြူကို ထားအိပ်မယ်ဆိုရင် အဲဒီလိုအင်းဆက်ပိုးမွှားတွေက ကြက်သွန်ဖြူအနံ့ကြောင့် လာရဲမှာမဟုတ်ပါဘူး။
ကောင်းကောင်းအိပ်စက်နိုင်စေတယ်
ကြက်သွန်ဖြူက အိပ်ပျော်ရခက်တဲ့လူတွေကိုကူညီပေးနိုင်တဲ့ ဗီတာမင် B1 ဓာတ်ကြွယ်ဝပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူက ဗီတာမင် B6 ဓာတ်လည်း ကြွယ်ဝတဲ့အတွက် ဇီဝဖြစ်စဉ်အားလည်းကောင်းပါတယ်။ အာရုံကြောစနစ်မှာ ကောင်းကျိုးပြုနိုင်ပြီး စိတ်ကို တည်ငြိမ်စေတာကြောင့် ညဘက်တွေမှာ သင့်ကို ကောင်းကောင်းအိပ်ပျော်နိုင်စေပါတယ်။ ကြက်သွန်ဖြူကို သင့်ခေါင်းအုံးအောက်မှာ ထားအိပ်လို့ရပါတယ်။
Credit;..
ၾကက္သြန္ျဖဴက ဟင္းခ်က္တဲ့အခါမွာလည္း မရွိမျဖစ္ပါပဲ။ ဒါ့အျပင္ ကင္ဆာဆဲလ္ေတြ တိုက္ဖ်က္တာ၊ ခႏၶာကိုယ္က အဆိပ္အေတာက္ေတြ သန႔္စင္တာ၊ ခႏၶာကိုယ္အဆီေတြ ေလ်ာ့ခ်ေပးတာလို စူပါ ပါဝါေတြလည္း ပိုင္ဆိုင္ထားပါေသးတယ္။ ၾကက္သြန္ျဖဴက ခႏၶာကိုယ္အတြက္ ဘယ္ေလာက္အစြမ္းထက္လဲဆိုတာ လူတိုင္းသိၾကမယ္ထင္ပါတယ္။ ဒါေပမဲ့ ညတိုင္း ၾကက္သြန္ျဖဴကို ေခါင္းအုံးေအာက္ ထားအိပ္မယ္ဆိုရင္ ဘယ္လိုအက်ိဳးေက်းဇူးေတြရႏိုင္လဲဆိုတာ သိၾကလား။ ဒါေၾကာင့္ စာဖတ္ပရိသတ္ေတြအတြက္ ဒီေဆာင္းပါးကေန ေဖာ္ျပေပးလိုက္ရပါတယ္။
ႏွာေခါင္းပိတ္တာကို သက္သာေစတယ္
သင္ အိပ္ေနရင္း ႏွာပိတ္ေနရင္ ၾကက္သြန္ျဖဴက ကူညီေပးပါလိမ့္မယ္။ ၾကက္သြန္ျဖဴမွာ ပါဝင္တဲ့ allicin က အသက္ရႈလမ္းေၾကာင္းမွာရွိေနတဲ့ ႏွာရည္ေတြကို ေပ်ာ္က်သြားေအာင္ ကူညီေပးႏိုင္ပါတယ္။
ကိုယ္ခံအားစနစ္ကို ျမႇင့္တင္ေပးတယ္
ၾကက္သြန္ျဖဴက ဘတ္တီးရီးယားေတြကို တိုက္ဖ်က္ေပးႏိုင္တဲ့ ဂုဏ္သတၱိေတြပါဝင္တဲ့အတြက္ မေကာင္းတဲ့ဘတ္တီးရီးယားေရာဂါပိုးမွန္သမွ်ကို ဖ်က္စီးပစ္ႏိုင္စြမ္းရွိပါတယ္။ Allicin က ကူးစက္ေရာဂါျဖစ္ေစႏိုင္တဲ့ ဘတ္တီးရီးယားေတြ ခႏၶာကိုယ္ထဲမဝင္ေရာက္လာေအာင္ ဟန႔္တားပစ္ႏိုင္ပါတယ္။ ေခါင္းအုံးေအာက္မွာ ၾကက္သြန္ျဖဴကို ထားမယ္ဆိုရင္ မနက္ခင္းမွာ ေကာင္းေကာင္းမြန္မြန္ႏိုးထလာၿပီး အလြယ္တကူဖ်ားနာတာလည္းျဖစ္မလာႏိုင္ပါဘူး။
အင္းဆက္ပိုးမႊားေတြကို တြန္းလွန္ေပးတယ္
သင့္ အိပ္ေနတဲ့အခ်ိန္ ပိုးဟပ္၊ ပင့္ကူ၊ ျခင္လို အင္းဆက္ပိုးမႊားေတြ အိပ္ရာထဲေရာက္လာမွာ ေၾကာက္တယ္မလား။ အဲဒီျပႆနာကို ၾကက္သြန္ျဖဴက ကူညီေပးႏိုင္ပါတယ္။ ၾကက္သြန္ျဖဴက အင္းဆက္ေတြအတြက္ အဆိပ္အေတာက္ပါပဲ။ အထူးသျဖင့္ ျခင္ေတြပါပဲ။ သင္က ေခါင္းအုံးေအာက္မွာ ၾကက္သြန္ျဖဴကို ထားအိပ္မယ္ဆိုရင္ အဲဒီလိုအင္းဆက္ပိုးမႊားေတြက ၾကက္သြန္ျဖဴအနံ႔ေၾကာင့္ လာရဲမွာမဟုတ္ပါဘူး။
ေကာင္းေကာင္းအိပ္စက္ႏိုင္ေစတယ္
ၾကက္သြန္ျဖဴက အိပ္ေပ်ာ္ရခက္တဲ့လူေတြကိုကူညီေပးႏိုင္တဲ့ ဗီတာမင္ B1 ဓာတ္ႂကြယ္ဝပါတယ္။ ဒါ့အျပင္ ၾကက္သြန္ျဖဴက ဗီတာမင္ B6 ဓာတ္လည္း ႂကြယ္ဝတဲ့အတြက္ ဇီဝျဖစ္စဥ္အားလည္းေကာင္းပါတယ္။ အာ႐ုံေၾကာစနစ္မွာ ေကာင္းက်ိဳးျပဳႏိုင္ၿပီး စိတ္ကို တည္ၿငိမ္ေစတာေၾကာင့္ ညဘက္ေတြမွာ သင့္ကို ေကာင္းေကာင္းအိပ္ေပ်ာ္ႏိုင္ေစပါတယ္။ ၾကက္သြန္ျဖဴကို သင့္ေခါင္းအုံးေအာက္မွာ ထားအိပ္လို႔ရပါတယ္။