မျှော်လင့်ပါတယ်……
ဗိုလ်နဂါး
တရားမျှတမှုအတွက် ကိုယ်တိုင်ကြိုးစားရတော့မယ်
ကမ္ဘာကြီးကတော့ နား မျက်စိတွေကန်းနေပြီ
အကြမ်းဖက်စစ်အုပ်စုနဲ့ ၎င်းတို့တပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေကို အကြောင်းပြချက်မျိုးစုံနဲ့ ဖမ်းဆီးနှိပ်စက်တယ်……..
နောက်လိုက်ဆိုးတွေဟာလည်း အမိန့်ကြောင့်ပါလို့အကာကွယ်ယူပြီး စိတ်တိုင်းကြ ယုတ်မာနေကြတယ်…….
အကြောင်းမျိုးစုံပြ ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေ ကိုစာရင်းပြုစုပေးကြပါ…….
နောက်တခုပြောချင်တာကတော့ ရပ်ကွက်၊ မြို့ရွာအလိုက် တပ်မိသားစုဝင်တွေနဲ့ နေရာတွေ စနစ်တကျ စာရင်းပြုစုထားပေးကြပါ…….
မိသားစုဝင်ဖြစ်တာနဲ့ ဆက်စပ်ပါတ်သက်မှုလေးရှိတာနဲ့ ဖမ်းဆီးခံရခြင်းမျိုး ထပ်မဖြစ်ဖို့နဲ့ ဖမ်းဆီးခံထားရသူတွေလည်း အမြန်ပြန်လွှတ်ပေးဖို့
မျှော်လင့်ပါတယ်……
အဲလိုမှမဟုတ်ရင် မြန်မာနိုင်ငံမှာ အဓမ္မနည်းနဲ့ အာဏာလုချင်သူတွေမွှေးတဲ့မီးက နိုင်ငံကြီးတခုလုံးကိုလောင်တော့မယ်…….
စိတ်ချ…….မွှေးတဲ့သူတွေကိုပါလောင်လိမ့်မယ်…….
သေချာထပ်ပြောပါ့မယ် တပ်မိသားစုဝင်တွေနဲ့ နေရာတွေကို ရပ်ကွက်၊ မြို့ရွာအလိုက် စာရင်းပြုစုထားပေးကြဖို့ကိစ္စပါ…….
ပါးစပ်တပေါက်ပဲကျယ်နေတဲ့ ကမ္ဘာကြီးဟာ နား မျက်စိတွေကန်းနေပါပြီမို့
ကိုယ့်နိုင်ငံရဲ့တရားမျှတမှုကို ကိုယ်တိုင်ဖန်တီးကြပါစို့ဗျာ…..
ဗိုလ်နဂါး
မြန်မာ့တော်ဝင်နဂါးတပ်တော်