ၾကားသိရသမွ်

နေပြည်တော်မှ လွဲ၍ ကျန်နေရာများ တနေ့ ခြောက်နာရီသာ လျှပ်စစ်မီးပေးနိုင်တော့မည်ဟုဆို

နေပြည်တော်မှ လွဲ၍ ကျန်နေရာများ တနေ့ ခြောက်နာရီသာ လျှပ်စစ်မီးပေးနိုင်တော့မည်ဟုဆို

နေပြည်တော်မှအပ ကျန်တစ်နိုင်ငံလုံး နွေရာသီတလျှောက် ပျမ်းမျှတစ်ရက်ကို လျှပ်စစ်မီး ခြောက်နာရီပဲပေးနိုင်​မယ်လို့ စကစ လက်အောက်ခံ နေပြည်တော်လျှပ်စစ်ရုံးကနေ သိရပါတယ်။ “နေပြည်တော်က လောင်းတိုက်ရိုက်လိုင်း ရှိလို့ခံသာနေတာ။ ကျန်တာတွေက တစ်နိုင်ငံလုံးမှာ ရန်ကုန်ကသဘာဝဓါတ်ငွေ့သုံးစက်တွေနဲ့ လျှပ်စစ်ထုတ်ပြီးပေးနေရတာ။ အခုဓါတ်ငွေ့ဖိုး မပေးနိုင်တော့ တစ်နိုင်ငံလုံးပျှမ်းမျှခြောက်နာရီပဲရတော့မယ်” လို့ ပြောပါတယ်။

ရေအားလျှပ်စစ်ဟာ နွေရာသီမှာ ထုတ်လုပ်မှုကျဆင်းသွားတဲ့အပြင် ဓါတ်ငွေ့ထုတ်လုပ်မှုဟာ ဒေါ်လာနဲ့ကုန်ကျတာကြောင့် စကစက ငွေမတတ်နိုင်တော့ဘူးလို့ သိရပါတယ်။

အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ် မှ စတင်ကာ မတ်လဆန်းပိုင်း ဝင်ရောက်လာချိန် လျှပ်စစ်မီး တစ်ခါပြတ်တောက်မှုဖြစ်ပွားပါက အနည်းဆုံး ခြောက်နာရီထက်မနည်း ကြာမြင့်ကြောင်း ဒေသခံများထံမှသိရပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ နယ်မြို့ကြီးများတွင်လည်း လျှပ်စစ်မီးဆက်တိုက်ပြတ်တောက်မှုများ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ရန်ကုန်တိုင်းဒေသကြီးက လျှပ်စစ်သုံးစွဲမှု အများဆုံးဖြစ်ပြီး တစ်နိုင်ငံလုံးကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းများရဲ့ ၇၅ ရာခိုင်နှုန်းဝန်းကျင်က ရန်ကုန်မြို့မှာပဲ တည်ရှိတာ ဖြစ်ပါတယ်။

လျှပ်စစ်မီးပြတ်တောက်မှု၊ ဒေါ်လာငွေလဲနှုန်းမြင့်တက်မှုတွေကြောင့် လာမယ့်သုံးလအတွင်း အခြေခံလူတန်းစားများအနေနဲ့ ဆယ်စုနှစ်အတွင်းအကျပ်တည်းဆုံး ကာလ ဖြစ်ပေါ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားပါတယ်။

နာရီနှင့်ချီ လျှပ်စစ်မီးပြတ်တောက်မှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာက တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်းမရှိကြောင်းသိရပြီး နေ့အလင်းရောင်ရရှိသည့်အချိန်တွင် သဘာ၀အလင်းရောင် အဓိကထားသုံးစွဲပြီး လျှပ်စစ်ဓာတ်အားချွေတာရန် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ၏ လူမူကွန်ရက် စာမျက်နှာမှတစ်ဆင့် အသိပေးနှိုးဆော်နေကြောင်း သိရပါတယ်.

ေနျပည္ေတာ္မွ လြဲ၍ က်န္ေနရာမ်ား တေန႔ ေျခာက္နာရီသာ လၽွပ္စစ္မီးေပးနိုင္ေတာ့မည္ဟုဆို

ေနျပည္ေတာ္မွအပ က်န္တစ္နိုင္ငံလုံး ေႏြရာသီတေလၽွာက္ ပ်မ္းမၽွတစ္ရက္ကို လၽွပ္စစ္မီး ေျခာက္နာရီပဲေပးနိုင္​မယ္လို႔ စကစ လက္ေအာက္ခံ ေနျပည္ေတာ္လၽွပ္စစ္႐ုံးကေန သိရပါတယ္။ “ေနျပည္ေတာ္က ေလာင္းတိုက္ရိုက္လိုင္း ရွိလို႔ခံသာေနတာ။ က်န္တာေတြက တစ္နိုင္ငံလုံးမွာ ရန္ကုန္ကသဘာဝဓါတ္ေငြ႕သုံးစက္ေတြနဲ႔ လၽွပ္စစ္ထုတ္ၿပီးေပးေနရတာ။ အခုဓါတ္ေငြ႕ဖိုး မေပးနိုင္ေတာ့ တစ္နိုင္ငံလုံးပၽွမ္းမၽွေျခာက္နာရီပဲရေတာ့မယ္” လို႔ ေျပာပါတယ္။

ေရအားလၽွပ္စစ္ဟာ ေႏြရာသီမွာ ထုတ္လုပ္မႈက်ဆင္းသြားတဲ့အျပင္ ဓါတ္ေငြ႕ထုတ္လုပ္မႈဟာ ေဒၚလာနဲ႔ကုန္က်တာေၾကာင့္ စကစက ေငြမတတ္နိုင္ေတာ့ဘူးလို႔ သိရပါတယ္။

အခ်ိန္ၾကာျမင့္စြာ လၽွပ္စစ္မီးျပတ္ေတာက္မႈဟာ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလ ေနာက္ဆုံးပတ္ မွ စတင္ကာ မတ္လဆန္းပိုင္း ဝင္ေရာက္လာခ်ိန္ လၽွပ္စစ္မီး တစ္ခါျပတ္ေတာက္မႈျဖစ္ပြားပါက အနည္းဆုံး ေျခာက္နာရီထက္မနည္း ၾကာျမင့္ေၾကာင္း ေဒသခံမ်ားထံမွသိရၿပီး တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားရွိ နယ္ၿမိဳ႕ႀကီးမ်ားတြင္လည္း လၽွပ္စစ္မီးဆက္တိုက္ျပတ္ေတာက္မႈမ်ား ျဖစ္ပြားေနတယ္လို႔ သိရပါတယ္။ ျမန္မာနိုင္ငံတစ္ဝွမ္းလုံးတြင္ ရန္ကုန္တိုင္းေဒသႀကီးက လၽွပ္စစ္သုံးစြဲမႈ အမ်ားဆုံးျဖစ္ၿပီး တစ္နိုင္ငံလုံးကုန္ထုတ္လုပ္မႈနဲ႔ ဝန္ေဆာင္မႈလုပ္ငန္းမ်ားရဲ့ ၇၅ ရာခိုင္ႏႈန္းဝန္းက်င္က ရန္ကုန္ၿမိဳ႕မွာပဲ တည္ရွိတာ ျဖစ္ပါတယ္။

လၽွပ္စစ္မီးျပတ္ေတာက္မႈ၊ ေဒၚလာေငြလဲႏႈန္းျမင့္တက္မႈေတြေၾကာင့္ လာမယ့္သုံးလအတြင္း အေျခခံလူတန္းစားမ်ားအေနနဲ႔ ဆယ္စုႏွစ္အတြင္းအက်ပ္တည္းဆုံး ကာလ ျဖစ္ေပၚလာနိုင္ေၾကာင္း ကၽြမ္းက်င္သူမ်ားက ခန႔္မွန္းထားပါတယ္။

နာရီႏွင့္ခ်ီ လၽွပ္စစ္မီးျပတ္ေတာက္မႈမ်ားႏွင့္ ပတ္သက္၍ သက္ဆိုင္ရာက တစ္စုံတစ္ရာ သတင္းထုတ္ျပန္ထားျခင္းမရွိေၾကာင္းသိရၿပီး ေန႔အလင္းေရာင္ရရွိသည့္အခ်ိန္တြင္ သဘာ၀အလင္းေရာင္ အဓိကထားသုံးစြဲၿပီး လၽွပ္စစ္ဓာတ္အားေခၽြတာရန္ ရန္ကုန္ၿမိဳ႕ေတာ္ လၽွပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္း (YESC) ၏ လူမူကြန္ရက္ စာမ်က္ႏွာမွတစ္ဆင့္ အသိေပးႏွိုးေဆာ္ေနေၾကာင္း သိရပါတယ္.