အခ်စ္နွင့္ဘဝ

ခ်စ္သူေကာင္ေလးမရွိရေသးျခင္းရဲ့ အေၾကာင္းရင္း(၁၃)ခ်က္

ခ်စ္သူေကာင္ေလးမရွိရေသးျခင္းရဲ့ အေၾကာင္းရင္း(၁၃)ခ်က္

Auntymay ပရိတ္သတ္ၾကီးထဲမွာ ရည္းစားမရေသးတဲ့သူေတြမ်ားရွိပါသလား၊ တစ္ခ်ိဳ႕ကလည္း မထားခ်င္လို႔ မထားတာေနပါလိမ့္မယ္။ ဒါေပမယ့္ အကယ္၍ ထားခ်င္ရဲ့သားနဲ႔အခုထက္ထိရည္းစား မရေသးရင္ေတာ့ ေအာက္ပါအခ်က္ေတြေၾကာင့္ျဖစ္နုုိင္ပါတယ္။

1. မိမိကိုယ္ကုိပဲ အားကိုးတတ္ျပီး တစ္ေယာက္ထဲဘဝကို ပိုုမုိႏွစ္သက္ျခင္း

အခ်ိဳ႕မိန္းကေလးေတြကေတာ့ လူၾကိဳက္မ်ားရဲ့သားနဲ႔ ျပန္မၾကိဳက္တာပါ။ တစ္ေယာက္ထဲေနရာတာကိုပဲပိုုမိုၾကိဳက္နွစ္သက္ေလ့ရွိပါတယ္။ မိမိကုိယ္ကိုပိုုအားကိုးတတ္ၾကပါတယ္။

2. စိတ္ႀကီး၀င္ျခင္း

ကိုယ့္ကုိယ္ကုိ မင္းသမီးေလးလုိထင္ၿပီး ကုိယ့္ေျခရင္းမွာ ေကာင္ေလးတစ္ေယာက္ ခခယယ အမႈလာထမ္းေလးမလားထိုင္ေစာင့္ေနတဲ့ သေဘာေပါ့။ ကပ္လာတဲ့ ေကာင္ေလးေတြကုိလည္း ကုိယ္နဲ႕ တန္တယ္မထင္တဲ့ သေဘာ။

3. က်ီစယ္ေနာက္ေျပာင္တာသန္လြန္းျခင္း

ဒါကလည္း အေၾကာင္းတစ္ခ်က္ပါဘဲ။ က်ီစယ္ေနာက္ေျပာင္တာ သန္လြန္သူေတြဟာ အျခားသူေတြရဲ႕ ခံစားခ်က္ကုိထည့္မတြက္ဘဲ သူတုိ႕ စိတ္ႀကိဳက္ ေနာက္လုိက္ေျပာင္လုိ္က္မရမွာ ေက်နပ္ပါတယ္။ ဒီေတာ့ လန္႕မယ့္သူကလည္းလန္႕ထုိက္ပါတယ္။

4. ဂ်ီးထူလြန္းျခင္း

ေခ်းထူတယ္လုိ႕ ေရးရမွာပါ။ ဒါေပမယ့္ အဓိပၸါယ္က တစ္မ်ိဳးႀကီး ျဖစ္ေနလုိ႕။ ဂ်ီးထူတာကေတာ့ ေကာင္ေလးေတြ ၀ုိင္း၀ုိင္းလည္ေနတဲ့ မေခ်ာမ်ား အျဖစ္မ်ားေလ့ရွိပါတယ္။ ဟုိလူ႕ ႀကိဳက္ရေကာင္းႏုိး၊ ဟုိတစ္ေယာက္က်ေတာ့ ဘာ လုိအပ္ခ်က္ရွိတယ္ စသျဖင့္ အေရြးလြန္သြားသူေပါ့။

5. ႐ုိင္းစုိင္းျခင္း

႐ိုင္းရင္လည္း ဘယ္သူမွ မကပ္ခ်င္ၾကပါဘူး။ ဘာ႐ိုင္းလုိ႕လဲ-ဆုိတာေတာ့ ကုိယ္ကုိယ္ကုိ ျပန္သုံးသပ္ရင္ သိႏုိင္ပါတယ္။

6. ႐ူးေၾကာင္ေၾကာင္ေနလုိ႕

ဘာကုိမွ အေလးမထားဘဲ ဘ၀ကို လြတ္လြတ္လပ္လပ္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းတယ္ဆုိတဲ့ အမ်ိဳးသမီးမ်ား သတိခ်ပ္ေပါ့။

7. ထိန္းသိန္းလြန္းျခင္း

ဘယ္ေနရာမွာပဲျဖစ္ျဖစ္ မ်က္ႏွာတည္ႀကီးနဲ႕လုပ္ၿပီး ဣေျႏၵႀကီးနဲ႕ ေနတဲ့အခါ၊ ကပ္မဲ့ ေကာင္ေလးက မကပ္ေတာ့ဘူးေပါ့။

8. ရန္လုိျခင္း

ဘယ္ကိစၥပဲျဖစ္ျဖစ္ မိန္းကေလး တန္မဲ့ ခ်မယ္ ႏွပ္ပစ္မယ္ ဆြဲစိြပစ္လုိက္ ဆုိတဲ့ အေတြးနဲ႕ ရပ္ကြက္ထဲ ပတ္ၿပီး ရန္ျဖစ္ေနတဲ့ အမ်ိဳးသမီးမ်ိဳးကိုလည္း ေယာက္်ားေလးေတြက ဘယ္ ကပ္မလဲဗ်ာ။

9. အယူသက္သက္သာျဖစ္ျခင္း

အေပးအယူ မွ်တရမယ္။ ကုိယ္က အယူသက္သက္ပဲ။ သူဘက္ကုိ ဘာျပန္ေပးရမလဲဆုိတာ ကုိယ္က မစဥ္းစားတာတုိ႕၊မသိက်ိဳးကၽြန္ျပဳတာတုိ႕ လုပ္ပါမ်ားလာရင္ လူေတြက ခ်ဥ္မွာပဲေလ။

10. အိမ္တြင္းပုန္းျဖစ္ျခင္း

အိမ္တြင္းပုန္းဆုိမွေတာ့ ေယာက္်ားေတြရဲ႕ အေတြ႕အျမင္ကလည္း သင့္ကုိ ရွားေတာင့္ရွားခဲ ျဖစ္ေနမွာပါ။ ေယာက္်ားတစ္ေယာက္ရဲ႕ အခ်စ္ကုိ ရဖုိ႕ အဲဒီေယာက္်ားနဲ႕ နီးစပ္မႈမရွိဘဲ မရႏုိင္ပါဘူး။

11. ဥစၥာပစၥည္းကို အဓိကထားျခင္း

ဒါကလည္း မိန္းကေလးေတြမွာ ရွိတတ္တဲ့ အခ်က္ပါဘဲ။ အခ်စ္တစ္ခုကို ေစ်းတြက္တြက္ၿပီး ဘယ္သူက အမ်ားဆံုံးေပးႏုိင္မလဲ ေစာင့္ေနတာမ်ိဳးေပါ့။ ရတာမလုိ လုိတာမရ ျဖစ္တတ္ပါတယ္။

12. စိမ္းကားရက္စက္ျခင္း

ေကာင္ေလးေတြနဲ႕ ဆက္ဆံတဲ့အခါ အလုိလိုေနရင္ စိမ္းကားလုိစိတ္ေတြ၊ ခ်စ္ေၾကာင္း ႀကိဳက္ေၾကာင္း ေျပာတဲ့ ေကာင္ေလးေတြကို စိမ္းစိမ္းကားကား ဆက္ဆံတဲ့ေနရာမွာ နာမည္ႀကီးတယ္ဆုိရင္လည္း သင့္ကုိ ကပ္မယ့္ ေကာင္ေလး ရွားပါးတတ္ပါတယ္။

13. အရမ္းထက္ျမက္လြန္းျခင္း

အရမ္းထက္ျမတ္လြန္းတဲ့ မိန္းကေလးေတြကို ေယာက္်ားေလးေတြက ရွိန္တတ္ၾကပါတယ္။ ေတာ္ရံုတန္ရံုလညး္ မကပ္ရဲၾကပါဘူး။ ဒီလိုနဲ႔ပဲ ထက္ျမတ္တဲ့မမေတြလည္း အပ်ိဳၾကီးေတြျဖစ္ဖို႔ ပိုုျပီး အလားအလာမ်ားလာရပါတယ္။

Unicode

ချစ်သူကောင်လေးမရှိရသေးခြင်းရဲ့ အကြောင်းရင်း(၁၃)ချက်

Auntymay ပရိတ်သတ်ကြီးထဲမှာ ရည်းစားမရသေးတဲ့သူတွေများရှိပါသလား၊ တစ်ချို့ကလည်း မထားချင်လို့ မထားတာနေပါလိမ့်မယ်။ ဒါပေမယ့် အကယ်၍ ထားချင်ရဲ့သားနဲ့အခုထက်ထိရည်းစား မရသေးရင်တော့ အောက်ပါအချက်တွေကြောင့်ဖြစ်နုုိင်ပါတယ်။

1. မိမိကိုယ်ကိုပဲ အားကိုးတတ်ပြီး တစ်ယောက်ထဲဘဝကို ပိုုမိုနှစ်သက်ခြင်း

အချို့မိန်းကလေးတွေကတော့ လူကြိုက်များရဲ့သားနဲ့ ပြန်မကြိုက်တာပါ။ တစ်ယောက်ထဲနေရာတာကိုပဲပိုုမိုကြိုက်နှစ်သက်လေ့ရှိပါတယ်။ မိမိကိုယ်ကိုပိုုအားကိုးတတ်ကြပါတယ်။

2. စိတ်ကြီးဝင်ခြင်း

ကိုယ့်ကိုယ်ကို မင်းသမီးလေးလိုထင်ပြီး ကိုယ့်ခြေရင်းမှာ ကောင်လေးတစ်ယောက် ခခယယ အမှုလာထမ်းလေးမလားထိုင်စောင့်နေတဲ့ သဘောပေါ့။ ကပ်လာတဲ့ ကောင်လေးတွေကိုလည်း ကိုယ်နဲ့ တန်တယ်မထင်တဲ့ သဘော။

3. ကျီစယ်နောက်ပြောင်တာသန်လွန်းခြင်း

ဒါကလည်း အကြောင်းတစ်ချက်ပါဘဲ။ ကျီစယ်နောက်ပြောင်တာ သန်လွန်သူတွေဟာ အခြားသူတွေရဲ့ ခံစားချက်ကိုထည့်မတွက်ဘဲ သူတို့ စိတ်ကြိုက် နောက်လိုက်ပြောင်လို်က်မရမှာ ကျေနပ်ပါတယ်။ ဒီတော့ လန့်မယ့်သူကလည်းလန့်ထိုက်ပါတယ်။

4. ဂျီးထူလွန်းခြင်း

ချေးထူတယ်လို့ ရေးရမှာပါ။ ဒါပေမယ့် အဓိပ္ပါယ်က တစ်မျိုးကြီး ဖြစ်နေလို့။ ဂျီးထူတာကတော့ ကောင်လေးတွေ ဝိုင်းဝိုင်းလည်နေတဲ့ မချောများ အဖြစ်များလေ့ရှိပါတယ်။ ဟိုလူ့ ကြိုက်ရကောင်းနိုး၊ ဟိုတစ်ယောက်ကျတော့ ဘာ လိုအပ်ချက်ရှိတယ် စသဖြင့် အရွေးလွန်သွားသူပေါ့။

5. ရိုင်းစိုင်းခြင်း

ရိုင်းရင်လည်း ဘယ်သူမှ မကပ်ချင်ကြပါဘူး။ ဘာရိုင်းလို့လဲ-ဆိုတာတော့ ကိုယ်ကိုယ်ကို ပြန်သုံးသပ်ရင် သိနိုင်ပါတယ်။

6. ရူးကြောင်ကြောင်နေလို့

ဘာကိုမှ အလေးမထားဘဲ ဘဝကို လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတယ်ဆိုတဲ့ အမျိုးသမီးများ သတိချပ်ပေါ့။

7. ထိန်းသိန်းလွန်းခြင်း

ဘယ်နေရာမှာပဲဖြစ်ဖြစ် မျက်နှာတည်ကြီးနဲ့လုပ်ပြီး ဣန္ဒြေကြီးနဲ့ နေတဲ့အခါ၊ ကပ်မဲ့ ကောင်လေးက မကပ်တော့ဘူးပေါ့။

8. ရန်လိုခြင်း

ဘယ်ကိစ္စပဲဖြစ်ဖြစ် မိန်းကလေး တန်မဲ့ ချမယ် နှပ်ပစ်မယ် ဆွဲစွိပစ်လိုက် ဆိုတဲ့ အတွေးနဲ့ ရပ်ကွက်ထဲ ပတ်ပြီး ရန်ဖြစ်နေတဲ့ အမျိုးသမီးမျိုးကိုလည်း ယောက်ျားလေးတွေက ဘယ် ကပ်မလဲဗျာ။

9. အယူသက်သက်သာဖြစ်ခြင်း

အပေးအယူ မျှတရမယ်။ ကိုယ်က အယူသက်သက်ပဲ။ သူဘက်ကို ဘာပြန်ပေးရမလဲဆိုတာ ကိုယ်က မစဉ်းစားတာတို့၊မသိကျိုးကျွန်ပြုတာတို့ လုပ်ပါများလာရင် လူတွေက ချဉ်မှာပဲလေ။

10. အိမ်တွင်းပုန်းဖြစ်ခြင်း

အိမ်တွင်းပုန်းဆိုမှတော့ ယောက်ျားတွေရဲ့ အတွေ့အမြင်ကလည်း သင့်ကို ရှားတောင့်ရှားခဲ ဖြစ်နေမှာပါ။ ယောက်ျားတစ်ယောက်ရဲ့ အချစ်ကို ရဖို့ အဲဒီယောက်ျားနဲ့ နီးစပ်မှုမရှိဘဲ မရနိုင်ပါဘူး။

11. ဥစ္စာပစ္စည်းကို အဓိကထားခြင်း

ဒါကလည်း မိန်းကလေးတွေမှာ ရှိတတ်တဲ့ အချက်ပါဘဲ။ အချစ်တစ်ခုကို စျေးတွက်တွက်ပြီး ဘယ်သူက အများဆုံံးပေးနိုင်မလဲ စောင့်နေတာမျိုးပေါ့။ ရတာမလို လိုတာမရ ဖြစ်တတ်ပါတယ်။

12. စိမ်းကားရက်စက်ခြင်း

ကောင်လေးတွေနဲ့ ဆက်ဆံတဲ့အခါ အလိုလိုနေရင် စိမ်းကားလိုစိတ်တွေ၊ ချစ်ကြောင်း ကြိုက်ကြောင်း ပြောတဲ့ ကောင်လေးတွေကို စိမ်းစိမ်းကားကား ဆက်ဆံတဲ့နေရာမှာ နာမည်ကြီးတယ်ဆိုရင်လည်း သင့်ကို ကပ်မယ့် ကောင်လေး ရှားပါးတတ်ပါတယ်။

13. အရမ်းထက်မြက်လွန်းခြင်း

အရမ်းထက်မြတ်လွန်းတဲ့ မိန်းကလေးတွေကို ယောက်ျားလေးတွေက ရှိန်တတ်ကြပါတယ်။ တော်ရုံတန်ရုံလညး် မကပ်ရဲကြပါဘူး။ ဒီလိုနဲ့ပဲ ထက်မြတ်တဲ့မမတွေလည်း အပျိုကြီးတွေဖြစ်ဖို့ ပိုုပြီး အလားအလာများလာရပါတယ်။