ဒီ နိမိတ္ေတြျမင္ရင္ သင္ကံေကာင္းၿပီလို႔ မွတ္လိုက္ပါေတာ့
(၁) အိမ္ထဲ ၿခံထဲကို ေၾကာင္တစ္ေကာင္ ဝင္လာရင္ သတိထားၾကည့္ပါ။ ေၾကာင္နက္ဆိုရင္ ဒါဟာ သစၥာေဖာက္ ၊ ယုံၾကည္မႈ အလြဲသုံးခံရမယ့္ နိမိတ္ ျဖစ္ၿပီး ေၾကာင္ျဖဴဆိုရင္
အိမ္သားတစ္ေယာက္ေယာက္ ေနထိုင္မေကာင္း ျဖစ္မယ့္ နိမိတ္ ျဖစ္ပါတယ္။ ဒါေပမယ့္ ေၾကာင္ဝါ၊ ေရႊဝါေရာင္ ေၾကာင္မ်ိဳး ဝင္လာရင္ေတာ့ ကံေကာင္းေတာ့မယ့္ နိမိတ္ျဖစ္ပါတယ္။ ေၾကာင္ဟာ ဟိုးတုန္းက ဂမၻီရအတတ္ပညာနဲ႔ ဆက္ႏြယ္တဲ့ သတၱဝါမ်ိဳးလည္း ျဖစ္ပါတယ္။
(၂) သြားရင္းလာရင္း လမ္းမွာ ေႁမြနဲ႔ တည့္တည့္တိုးသူေတြ ရွိၾကမွာပါ။ ေႁမြကို ျမင္ရတာဟာ ကိုယ့္ဘဝအတြက္ အေရးႀကီး အေရးပါတဲ့ အျဖစ္အပ်က္ (သို႔) လူတစ္ေယာက္ေပၚလာမွာကို နိမိတ္ျပတာပါပဲ။ အဆိပ္ျပင္းတဲ့ေႁမြ ျဖစ္ေလ ကံပိုေကာင္းေလလို႔လည္း အဆိုရွိပါတယ္။ ျမန္မာ့ေဗဒင္ပညာမွာေတာ့ အမ်ိဳးသားဆို ကိုယ့္လက္ဝဲကေနေႁမြ ျဖတ္ရင္ ကံေကာင္းေစတတ္ၿပီး အမ်ိဳးသမီးဆိုရင္ေတာ့ ကိုယ့္လက္ယာက ျဖတ္ရင္ ကံေကာင္းတယ္ လို႔ အၾကမ္းဖ်ဥ္းသတ္မွတ္ထားတာ ရွိပါတယ္။
ျဖစ္နိုင္ရင္ေတာ့ ေႁမြကို မသတ္ဘဲ လႊတ္ေပးလိုက္သင့္ပါတယ္။
(၃) ကိုယ့္အတြက္ ေန႔ေကာင္းရက္သာလို႔ သတ္မွတ္တဲ့ ေန႔ (သို႔) ရက္ရာဇာတစ္ရက္မွာ တစ္စုံတစ္ေယာက္က မုန႔္ဖိုးပဲ ျဖစ္ျဖစ္၊ ေႂကြးျပန္ေပးတာမ်ိဳး ျဖစ္ျဖစ္ ေပးလာခဲ့ရင္
အဲဒီေငြကို သိမ္းထားတာပါ။ အဲဒီေငြဟာ ကံေကာင္း ေပ်ာ္ရႊင္ေစမယ့္ လာဘ္ေငြ ျဖစ္ပါတယ္။ ကိုယ့္အတြက္ ေန႔ေကာင္းရက္သာမ်ိဳး သတ္မွတ္မထားရင္ လဆန္း (၁) ရက္
ဒါမွမဟုတ္ လျပည့္ေန႔မွာ ရလာတဲ့ ေငြစကၠဴေတြဟာ ကံေကာင္းေစတဲ့ လာဘ္ေခၚေငြပဲ ျဖစ္ပါတယ္။
(၄) ျမန္မာ့အယူအဆမွာ လၽွာကိုက္မိရင္ တစ္ေယာက္ေယာက္က ကိုယ့္အေၾကာင္း အတင္းေတြ ေျပာေနၿပီလို႔ ယူဆၾကတာ ရွိသလို နိုင္ငံတကာမွာလည္း နားယားရင္အတင္းေျပာခံေနရၿပီလို႔ ယူဆၾကတာမ်ိဳး ရွိေနပါတယ္။ ဘယ္ဘက္နား ယားရင္ ကိုယ့္အေၾကာင္း အေကာင္း ေျပာတာ ျဖစ္ၿပီး ညာဘက္နား ယားရင္ေတာ့ မေကာင္းတဲ့အတင္းအဖ်င္းေတြ အေျပာခံရတယ္လို႔ သတ္မွတ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ နားယားတာဟာ လူမႈဆက္ဆံေရး ၊ မိတ္ေဆြအသိုင္းအဝိုင္းနဲ႔ ပတ္သက္လို႔ စိတ္ခ်မ္းသာစရာတစ္ခုခုၾကဳံရမယ့္ နိမိတ္အျဖစ္ ယူဆၾကပါတယ္။
(၅) ပ်ားအုံစြဲတာ ၊ ႏြယ္ပင္တက္တာနဲ႔ ပတ္သက္လို႔ေတာ့ ျမန္မာနဲ႔ တျခားနိုင္ငံေတြၾကားမွာ အယူအဆ ကြဲလြဲမႈ ရွိပါတယ္။ ကမၻာသုံးနိမိတ္မွာ အိမ္ကို ႏြယ္တက္တာကို
နိမိတ္ေကာင္းလို႔ ယူဆေပမယ့္ ျမန္မာ့ရိုးရာေဗဒင္မွာက ေျခရင္း၊ ေနာက္ေဖးမွာ တက္မွ နိမိတ္ေကာင္း ျဖစ္တာပါ။ အိမ္ေရွ႕၊ မ်က္ႏွာစာ ႏြယ္တက္ရင္ အိမ္တြင္းေရးရာ ျပႆနာျဖစ္တတ္တယ္လို႔ ယူဆတာမ်ိဳး ရွိပါတယ္။ ပ်ားအုံစြဲရင္လည္း ေနာက္ေဖးမွာ စြဲမွ နိမိတ္ေကာင္းအျဖစ္ ယူဆပါတယ္။ အိမ္ေရွ႕၊ ေခါင္းရင္းမွာ စြဲရင္ စီးပြားေရး ညံ့သြားတတ္ပါတယ္။
အားလုံးပဲ နိမိတ္ဆိုင္ရာ ေဗဒင္သုတေတြနဲ႔ ျပည့္စုံၾကပါေစ
ဧက (ေဗဒင္သုတ)
Unicode
ဒီ နိမိတ်တွေမြင်ရင် သင်ကံကောင်းပြီလို့ မှတ်လိုက်ပါတော့
(၁) အိမ်ထဲ ခြံထဲကို ကြောင်တစ်ကောင် ဝင်လာရင် သတိထားကြည့်ပါ။ ကြောင်နက်ဆိုရင် ဒါဟာ သစ္စာဖောက် ၊ ယုံကြည်မှု အလွဲသုံးခံရမယ့် နိမိတ် ဖြစ်ပြီး ကြောင်ဖြူဆိုရင်
အိမ်သားတစ်ယောက်ယောက် နေထိုင်မကောင်း ဖြစ်မယ့် နိမိတ် ဖြစ်ပါတယ်။ ဒါပေမယ့် ကြောင်ဝါ၊ ရွှေဝါရောင် ကြောင်မျိုး ဝင်လာရင်တော့ ကံကောင်းတော့မယ့် နိမိတ်ဖြစ်ပါတယ်။ ကြောင်ဟာ ဟိုးတုန်းက ဂမ္ဘီရအတတ်ပညာနဲ့ ဆက်နွယ်တဲ့ သတ္တဝါမျိုးလည်း ဖြစ်ပါတယ်။
(၂) သွားရင်းလာရင်း လမ်းမှာ မြွေနဲ့ တည့်တည့်တိုးသူတွေ ရှိကြမှာပါ။ မြွေကို မြင်ရတာဟာ ကိုယ့်ဘဝအတွက် အရေးကြီး အရေးပါတဲ့ အဖြစ်အပျက် (သို့) လူတစ်ယောက်ပေါ်လာမှာကို နိမိတ်ပြတာပါပဲ။ အဆိပ်ပြင်းတဲ့မြွေ ဖြစ်လေ ကံပိုကောင်းလေလို့လည်း အဆိုရှိပါတယ်။ မြန်မာ့ဗေဒင်ပညာမှာတော့ အမျိုးသားဆို ကိုယ့်လက်ဝဲကနေမြွေ ဖြတ်ရင် ကံကောင်းစေတတ်ပြီး အမျိုးသမီးဆိုရင်တော့ ကိုယ့်လက်ယာက ဖြတ်ရင် ကံကောင်းတယ် လို့ အကြမ်းဖျဉ်းသတ်မှတ်ထားတာ ရှိပါတယ်။
ဖြစ်နိုင်ရင်တော့ မြွေကို မသတ်ဘဲ လွှတ်ပေးလိုက်သင့်ပါတယ်။
(၃) ကိုယ့်အတွက် နေ့ကောင်းရက်သာလို့ သတ်မှတ်တဲ့ နေ့ (သို့) ရက်ရာဇာတစ်ရက်မှာ တစ်စုံတစ်ယောက်က မုန့်ဖိုးပဲ ဖြစ်ဖြစ်၊ ကြွေးပြန်ပေးတာမျိုး ဖြစ်ဖြစ် ပေးလာခဲ့ရင်
အဲဒီငွေကို သိမ်းထားတာပါ။ အဲဒီငွေဟာ ကံကောင်း ပျော်ရွှင်စေမယ့် လာဘ်ငွေ ဖြစ်ပါတယ်။ ကိုယ့်အတွက် နေ့ကောင်းရက်သာမျိုး သတ်မှတ်မထားရင် လဆန်း (၁) ရက်
ဒါမှမဟုတ် လပြည့်နေ့မှာ ရလာတဲ့ ငွေစက္ကူတွေဟာ ကံကောင်းစေတဲ့ လာဘ်ခေါ်ငွေပဲ ဖြစ်ပါတယ်။
(၄) မြန်မာ့အယူအဆမှာ လျှာကိုက်မိရင် တစ်ယောက်ယောက်က ကိုယ့်အကြောင်း အတင်းတွေ ပြောနေပြီလို့ ယူဆကြတာ ရှိသလို နိုင်ငံတကာမှာလည်း နားယားရင်အတင်းပြောခံနေရပြီလို့ ယူဆကြတာမျိုး ရှိနေပါတယ်။ ဘယ်ဘက်နား ယားရင် ကိုယ့်အကြောင်း အကောင်း ပြောတာ ဖြစ်ပြီး ညာဘက်နား ယားရင်တော့ မကောင်းတဲ့အတင်းအဖျင်းတွေ အပြောခံရတယ်လို့ သတ်မှတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် နားယားတာဟာ လူမှုဆက်ဆံရေး ၊ မိတ်ဆွေအသိုင်းအဝိုင်းနဲ့ ပတ်သက်လို့ စိတ်ချမ်းသာစရာတစ်ခုခုကြုံရမယ့် နိမိတ်အဖြစ် ယူဆကြပါတယ်။
(၅) ပျားအုံစွဲတာ ၊ နွယ်ပင်တက်တာနဲ့ ပတ်သက်လို့တော့ မြန်မာနဲ့ တခြားနိုင်ငံတွေကြားမှာ အယူအဆ ကွဲလွဲမှု ရှိပါတယ်။ ကမ္ဘာသုံးနိမိတ်မှာ အိမ်ကို နွယ်တက်တာကို
နိမိတ်ကောင်းလို့ ယူဆပေမယ့် မြန်မာ့ရိုးရာဗေဒင်မှာက ခြေရင်း၊ နောက်ဖေးမှာ တက်မှ နိမိတ်ကောင်း ဖြစ်တာပါ။ အိမ်ရှေ့၊ မျက်နှာစာ နွယ်တက်ရင် အိမ်တွင်းရေးရာ ပြဿနာဖြစ်တတ်တယ်လို့ ယူဆတာမျိုး ရှိပါတယ်။ ပျားအုံစွဲရင်လည်း နောက်ဖေးမှာ စွဲမှ နိမိတ်ကောင်းအဖြစ် ယူဆပါတယ်။ အိမ်ရှေ့၊ ခေါင်းရင်းမှာ စွဲရင် စီးပွားရေး ညံ့သွားတတ်ပါတယ်။
အားလုံးပဲ နိမိတ်ဆိုင်ရာ ဗေဒင်သုတတွေနဲ့ ပြည့်စုံကြပါစေ
ဧက (ဗေဒင်သုတ)