လာမယ့္တစ္လအတြင္း ဘယ္လိုအေျပာင္းအလဲေတြ ျဖစ္မလဲသိရဖို႔ ကတ္တစ္ခုကို ေရြးလုိက္ပါ
Tarot card ေလးေတြက သင့္ရဲ႕ ကံၾကမၼာကို မသတ္မွတ္နိုင္ပါဘူး။ ဒါေပမယ့္ သင္ၾကံဳေတြ႕ရမယ့္ ကံၾကမၼာနဲ႕ပတ္သက္ျပီး
အရိပ္အျမြက္ေတာ့ ေျပာျပနိုင္ပါတယ္။ ဒီေတာ့ လာမယ့္တစ္လအတြင္းမွာ ဘယ္လိုအရာေတြျဖစ္လာမလဲဆိုတာ သိရဖို႕
ေသခ်ာအာရံုစိုက္ျပီး ဒီကတ္ေတြထဲက တစ္ခုကိုေရြးျပီးဖတ္ၾကည့္လိုက္ေနာ္။
(၁) Knight of Swords
ဒီကတ္ေလးကိုေရြးလိုက္တယ္ဆိုရင္ေတာ့ လာမယ့္တစ္လအတြင္းမွာ ကိုယ္ျဖစ္ခ်င္တဲ့အရာေတြ၊ ကိုယ္ေတြးထားတဲ့အရာေတြနဲ႕ ပတ္သက္လို႕ျမန္ျမန္ဆန္ဆန္ေျပာင္းလဲလာတာမ်ိဳးျဖစ္လာနိုင္ပါတယ္။ ကိုယ္ျဖစ္ခ်င္တာတစ္ခုကိုပဲ အာရံုစိုက္ေနေတာ့ သင့္အတြက္ေကာင္းမြန္တဲ့တျခားအခြင့္အေရးေတြကို သတိမျပဳမိလိုက္တာမ်ိဳးျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ကိုယ္ျဖစ္ခ်င္တာေတြအတြက္ ၾကိဳးစားေနဆဲမွာပဲတျခားအခြင့္အလမ္းေတြအတြက္လည္း နားစြင့္ထားမယ္ဆိုရင္ ပိုအဆင္ေျပနိုင္ပါတယ္။
(၂) 7 of Cups
ဘာကိုမွ စိတ္မဝင္စား၊ ဘာကိုမွမလုပ္ခ်င္ေလာက္ေအာင္ ျဖစ္ေနပါလိမ့္မယ္။ ကိုယ့္အတြက္ အခြင့္အေရးေကာင္းေတြ အမ်ားၾကီးရလာနိုင္ေပမယ့္တစ္ခုခုုလုပ္ဖို႕အတြက္ ဘယ္လိုမွအားစိုက္မထုတ္နိုင္၊ ဘဝၾကီးကို စိတ္မပါလက္မပါျဖစ္ေနေၾကာင့္ ဒီအတိုင္းလက္လႊတ္လိုက္ရတာမ်ိဳးျဖစ္တတ္ပါတယ္။
အံ့ၾသဖုိ႕ေကာင္းတာက သင့္အေနနဲ႕ ဘာမွမလုပ္နိုင္ေလာက္ဘူးလို႕ ကိုယ့္ကိုယ္ကို ထင္ေနတဲ့ၾကားက ဆံုးျဖတ္ခ်က္တစ္ခုခုခ်လိုက္ရင္အဲ့ဒီဆံုးျဖတ္ခ်က္က သင့္အတြက္ မွန္ကန္ေနတာမ်ိဳးျဖစ္ေနတာပါပဲ။ ဒါေၾကာင့္ ဆံုးျဖတ္ခ်က္ခ်ဖို႕ ဝန္မေလးပါနဲ႕။သင့္အေပၚ သူေျပာင္းလဲေနၿပီးလား ဆုိတာ.. ဒီအခ်က္ေတြကေန သိႏုိင္ပါတယ္။
(၃) 3 of Cups
အဆင္မေျပျဖစ္ခဲ့သမွ်ေတြက စျပီးအဆင္ေျပလာနိုင္ပါတယ္။ ကိုယ့္ကိုယ္ကို အားမလိုအားမရျဖစ္ေနတာ၊ စိတ္ပ်က္ေနတာေတြကိုတတ္နိုင္သေလာက္ ေဖ်ာက္ျပီး ကိုယ္လုပ္စရာရွိတာကိုသာ အာရံုစိုက္လုပ္ေနလိုက္ပါ။ ေနာက္ဆံုးမွာ သင္ေမွ်ာ္လင့္ေနတဲ့ အခြင့္အေရးက သင့္ဆီဆိုက္ဆိုက္ျမိဳက္ျမိဳက္ေရာက္လာပါလိမ့္မယ္။ မရင့္က်က္တဲ့ အေျပာအဆို၊ အမူအရာေလးေတြ လုပ္မိိေျပာမိေနတတ္တာေၾကာင့္
အဲ့ဒါေလးကို သတိထားျပီး ဆင္ျခင္လိုက္ပါ။
MAY THAZINHTOO
Unicode Version
လာမယ့်တစ်လအတွင်း ဘယ်လိုအပြောင်းအလဲတွေ ဖြစ်မလဲသိရဖို့ ကတ်တစ်ခုကို ရွေးလိုက်ပါ
Tarot card လေးတွေက သင့်ရဲ့ ကံကြမ္မာကို မသတ်မှတ်နိုင်ပါဘူး။ ဒါပေမယ့် သင်ကြုံတွေ့ရမယ့် ကံကြမ္မာနဲ့ပတ်သက်ပြီး
အရိပ်အမြွက်တော့ ပြောပြနိုင်ပါတယ်။ ဒီတော့ လာမယ့်တစ်လအတွင်းမှာ ဘယ်လိုအရာတွေဖြစ်လာမလဲဆိုတာ သိရဖို့
သေချာအာရုံစိုက်ပြီး ဒီကတ်တွေထဲက တစ်ခုကိုရွေးပြီးဖတ်ကြည့်လိုက်နော်။
(၁) Knight of Swords
ဒီကတ်လေးကိုရွေးလိုက်တယ်ဆိုရင်တော့ လာမယ့်တစ်လအတွင်းမှာ ကိုယ်ဖြစ်ချင်တဲ့အရာတွေ၊ ကိုယ်တွေးထားတဲ့အရာတွေနဲ့ ပတ်သက်လို့မြန်မြန်ဆန်ဆန်ပြောင်းလဲလာတာမျိုးဖြစ်လာနိုင်ပါတယ်။ ကိုယ်ဖြစ်ချင်တာတစ်ခုကိုပဲ အာရုံစိုက်နေတော့ သင့်အတွက်ကောင်းမွန်တဲ့တခြားအခွင့်အရေးတွေကို သတိမပြုမိလိုက်တာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဖြစ်ချင်တာတွေအတွက် ကြိုးစားနေဆဲမှာပဲတခြားအခွင့်အလမ်းတွေအတွက်လည်း နားစွင့်ထားမယ်ဆိုရင် ပိုအဆင်ပြေနိုင်ပါတယ်။
(၂) 7 of Cups
ဘာကိုမှ စိတ်မဝင်စား၊ ဘာကိုမှမလုပ်ချင်လောက်အောင် ဖြစ်နေပါလိမ့်မယ်။ ကိုယ့်အတွက် အခွင့်အရေးကောင်းတွေ အများကြီးရလာနိုင်ပေမယ့်တစ်ခုခုုလုပ်ဖို့အတွက် ဘယ်လိုမှအားစိုက်မထုတ်နိုင်၊ ဘဝကြီးကို စိတ်မပါလက်မပါဖြစ်နေကြောင့် ဒီအတိုင်းလက်လွှတ်လိုက်ရတာမျိုးဖြစ်တတ်ပါတယ်။
အံ့သြဖို့ကောင်းတာက သင့်အနေနဲ့ ဘာမှမလုပ်နိုင်လောက်ဘူးလို့ ကိုယ့်ကိုယ်ကို ထင်နေတဲ့ကြားက ဆုံးဖြတ်ချက်တစ်ခုခုချလိုက်ရင်အဲ့ဒီဆုံးဖြတ်ချက်က သင့်အတွက် မှန်ကန်နေတာမျိုးဖြစ်နေတာပါပဲ။ ဒါကြောင့် ဆုံးဖြတ်ချက်ချဖို့ ဝန်မလေးပါနဲ့။သင့်အပေါ် သူပြောင်းလဲနေပြီးလား ဆိုတာ.. ဒီအချက်တွေကနေ သိနိုင်ပါတယ်။
(၃) 3 of Cups
အဆင်မပြေဖြစ်ခဲ့သမျှတွေက စပြီးအဆင်ပြေလာနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်နေတာ၊ စိတ်ပျက်နေတာတွေကိုတတ်နိုင်သလောက် ဖျောက်ပြီး ကိုယ်လုပ်စရာရှိတာကိုသာ အာရုံစိုက်လုပ်နေလိုက်ပါ။ နောက်ဆုံးမှာ သင်မျှော်လင့်နေတဲ့ အခွင့်အရေးက သင့်ဆီဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါလိမ့်မယ်။ မရင့်ကျက်တဲ့ အပြောအဆို၊ အမူအရာလေးတွေ လုပ်မိိပြောမိနေတတ်တာကြောင့်အဲ့ဒါလေးကို သတိထားပြီး ဆင်ခြင်လိုက်ပါ။
MAY THAZINHTOO