တစ်ပတ်စာ ခုနှစ်ရက်သားသမီး ကံကြမ္မာဟောကိန်း (24-8-2020 to 30-8-2020)
တနင်္ဂနွေသားသမီး
အစားမှားဆေးမှားတတ်သောကာလပါ မည်သည့်ကိစ္စကိုမဆိုအလျှင်စလိုမပြုလုပ်သင့်သောကာလပါ ငွေရလွယ်ပေမယ့်ငွေမမြဲသေးပါ နောက်ထပ်အလုပ်အကိုင်အသစ်တွေထပ်မလုပ်သင့်သေးပါ
စိတ်ကူးနဲ့တော့ဟုတ်မလိုလိုနဲ့တကယ့်လက်တွေ့တွင်အခက်အခဲများစွာကြုံရတတ်ပါသည် ကျန်းမာရေးတွင်အာရုံကြောအားနည်းမည် ငယ်ရွယ်သူများတစ်မြို့တစ်ရွာသူနှင့်ချစ်သူရည်းစားဖြစ်ပါလိမ့်မည်
ထီ၄၅ပါသောထီထိုးပါ ယတြာ အရှေ့တောင်အရပ်သို့မျက်နှာမူပြီး၂၄ပစ္စည်းပဌာန်းအကျဥ်းကို၂၄ခေါက်ရွတ်ပေးပါ
တနင်္လာသားသမီး
ဘဝရှေ့ရေးအတွက်ကံကောင်းစေနိူင်မည့်လုပ်ငန်းအခွင့်အလန်းကောင်းများရောက်ရှိလာပါလိမ့်မည် ထီကံကောင်းမည့်ကာလပါ ခရီးလမ်းသွားရင်းကားဘီးပေါက်သံကြားပါက နီးစပ်ရာထီဆိုင်တွင်ထီအမြန်ထိုးပါ
စက်ပစ္စည်းအသစ်တစ်ခုခုဝင်မည် နေအိမ်ရှိမိသားစုထဲမှတစ်ဦးရုတ်တရက်ခရီးဝေးတစ်ခုထွက်ရမည် ကျန်းမာရေးကိုယ်လက်မလှုပ်ချင်မကိုင်ချင်ဖြစ်မည် ငယ်ရွယ်သူများအချစ်ရေးတွင်ကိုယ်ချစ်တာကတစ်ယောက်ကိုယ့်ကိုပြန်ချစ်နေသူကတစ်ယောက်ဖြစ်နေလိမ့်မည်
ထီ၇၉ပါသောထီထိုးပါ ယတြာ အရှေ့အရပ်ကိုမျက်နှာမူ၍မေတ္တာသုတ်ရွတ်ဖတ်ပေးပါ
အင်္ဂါသားသမီး
စိတ်တွေမတည်မငြိမ်ဖြစ်တတ်သောကာလပါ ဒေါသထွက်စရာကိစ္စတွေလည်းကြုံရပါလိမ့်မည် ဒီလိုကာလတွေမှာဒေါသမထိန်းနိူင်ဘဲစိတ်လိုက်မာန်ပါပြုမူပြောဆိုမိတတ်ပါသည်
ပစ္စ္စည်းအထားအသိုမှားပြီးအခေါက်ခေါက်အခါအခါပြန်ရှာနေရပါလိမ့်မည် ကျန်းမာရေးတွင်ခေါင်းတွေအလွန်ရှုပ်ထွေးနေပါလိမ့်မည် ငယ်ရွယ်သူများအချစ်ရေးတွင်နီးလျှက်နှင့်ဝေးနေရမည်
ထီ၇၃ပါသောထီထိုးပါ ယတြာ ငါးစာကျွေးပေးပါ
ဗုဒ္ဓဟူးသားသမီး
လုပ်ငန်းအသစ်တွေထပ်မံတိုးချဲ့တာဆိုင်ခန်းအသစ်ဖွင့်တာမျိူးတွေဆောင်ရွက်ရတတ်ပါတယ် မမျှော်လင့်ဘဲငွေကြေးအစုအပုံဝင်လာတတ်သလိုထီလည်းကံကောင်းတတ်သောကာလပါ
စာအုပ်များလက်ဆောင်ရရှိပါမည် မျက်ရိုးများမကြာခဏကိုက်နေတတ်ပါသည် ငယ်ရွယ်သူများအချစ်ရေးတွင်မိမိထက်အသက်ကြီးသူများ၏စိတ်ဝင်စားခြင်းခံရမည်
ထီ70ပါသောထီထိုးပါ ယတြာ နွားနိူ့တွင်နှမ်းအနည်းငယ်ထည့်၍ဘုရားလှူ ပေးပါ
ကြာသာပတေးသားသမီး
ခရီးဝေးကိစ္စ နိူင်ငံရပ်ခြားကိစ္စစီစဉ်ဆောင်ရွက်ထားသူများကောင်းသတင်းကြားရမည် ရပ်ဝေးသူငယ်ချင်းမိတ်ဆွေထံမှအကူအညီကောင်းများအဆက်အသွယ်အချိတ်အဆက်ကောင်းများရရှိပါမည်
ပညာရေးနှင့်ပတ်သက်၍သတင်းကောင်းကြားရမည် အချစ်ရေးတွင်မိမိချစ်ရေးဆိုထားသူထံမှမတင်မကျအဖြေသာရရှိလိမ့်မည် ကျန်းမာရေးတွင်နှလုံးအားနည်းတတ်ပါသည်
ထီ 56ပါသောထီထိုးပါ ယတြာ သံပုရာသီး၃လုံးဘုရားလှူပေးပါ
သောကြာသားသမီး
အနက်ရောင်အသုံးအဆောင်ပစ္စည်းများသုံးစွဲခြင်းရှောင်ပါ အထူးသဖြင့်စနေသားသမီးညအိပ်လက်မခံသင့်ပါ လောင်းကစားအကျိူးမပေးသောကာလပါ
ပလိုင်းပေါက်နဲ့ဖားကောက်ဆိုသလိုမိမိရှာသမျှငွေတွေအကုန်များနေလိမ့်မည် ကျန်းမာရေးစိတ်မကြည်မလင်ဖြစ်နေလိမ့်မည် ငယ်ရွယ်သူများအချစ်ရေးတွင်အလွန်စန်းပွင့်နေမည့်ကာလပါ
ထီ၃၀ပါသောထီထိုးပါ ယတြာ ငါးစာမကြာခဏကျွေးပါ
စနေသားသမီး
ဘာပဲလုပ်လုပ်မိမိအလုပ်နှင့်မသက်ဆိုင်သူများနှင့်မတိုင်ပင်သင့်ပါ ဆုံးဖြတ်ချက်များမှားယွင်းတတ်ပြီးလုပ်ငန်းများရှေ့ဆက်မတိုးနူင်ဘဲနှောင့်နှေးကြန့်ကြာနေလိမ့်မည်
အိမ်ထောင်ဘက်ဖြစ်သူခရီးကိစ္စပေါ်လိမ့်မည် ကျန်းမာရေးဒူးအဆစ်များညောင်းညာ၍မလှုပ်ချင်မကိုင်ချင်ဖြစ်နေလိမ့်မည် ငယ်ရွယ်သူများအချစ်ရေးတွင် မတည့်အတူနေအခြေအနေပါ
ထီ၅၇ပါသောထီထိုးပါ ယတြာ ငါးကြီးကြီးနှစ်ကောင်လွှတ်ပေးပါ
ကျော်ဘိုဘိုဟိန်း
Zawgyi
တနင်္ဂနွေသားသမီး
တနင်္လာသားသမီး
ဘဝရှေ့ရေးအတွက်ကံကောင်းစေနိုင်မည့်လုပ်ငန်းအခွင့်အလန်းကောင်းများရောက်ရှိလာပါလိမ့်မည် ထီကံကောင်းမည့်ကာလပါ ခရီးလမ်းသွားရင်းကားဘီးပေါက်သံကြားပါက နီးစပ်ရာထီဆိုင်တွင်ထီအမြန်ထိုးပါ
အင်္ဂါသားသမီး
စိတ်တွေမတည်မငြိမ်ဖြစ်တတ်သောကာလပါ ဒေါသထွက်စရာကိစ္စတွေလည်းကြုံရပါလိမ့်မည် ဒီလိုကာလတွေမှာဒေါသမထိန်းနိုင်ဘဲစိတ်လိုက်မာန်ပါပြုမူပြောဆိုမိတတ်ပါသည်
ဗုဒ္ဓဟူးသားသမီး
လုပ်ငန်းအသစ်တွေထပ်မံတိုးချဲ့တာဆိုင်ခန်းအသစ်ဖွင့်တာမျိုးတွေဆောင်ရွက်ရတတ်ပါတယ် မမျှော်လင့်ဘဲငွေကြေးအစုအပုံဝင်လာတတ်သလိုထီလည်းကံကောင်းတတ်သောကာလပါ
ထီ70ပါသောထီထိုးပါ ယတြာ နွားနို့တွင်နှမ်းအနည်းငယ်ထည့်၍ဘုရားလှူ ပေးပါ
ကြာသာပတေးသားသမီး
ခရီးဝေးကိစ္စ နိုင်ငံရပ်ခြားကိစ္စစီစဉ်ဆောင်ရွက်ထားသူများကောင်းသတင်းကြားရမည် ရပ်ဝေးသူငယ်ချင်းမိတ်ဆွေထံမှအကူအညီကောင်းများအဆက်အသွယ်အချိတ်အဆက်ကောင်းများရရှိပါမည်
သောကြာသားသမီး
အနက်ရောင်အသုံးအဆောင်ပစ္စည်းများသုံးစွဲခြင်းရှောင်ပါ အထူးသဖြင့်စနေသားသမီးညအိပ်လက်မခံသင့်ပါ လောင်းကစားအကျိုးမပေးသောကာလပါ
စနေသားသမီး
ကျော်ဘိုဘိုဟိန်း