အခ်စ္နွင့္ဘဝ

ရင့္က်က္လာတဲ့ အမ်ိဳးသမီးတစ္ေယာက္ လက္ခံလိုက္ရတဲ့ နာက်င္စရာကိစၥမ်ား

ရင့္က်က္လာတဲ့ အမ်ိဳးသမီးတစ္ေယာက္ လက္ခံလိုက္ရတဲ့ နာက်င္စရာကိစၥမ်ား

သိလာတာမ်ားတဲ့ေနာက္မွာေတာ့ ဘာမွ မသိတဲ့ အခ်ိန္ကို ျပန္ေရာက္ခ်င္မိတတ္ၾကပါတယ္။

ဘာမွ မသိတဲ့အခ်ိန္မွာေတာ့ မရင့္က်က္မႈေတြ ႐ွိေနၿပီး ရင့္က်က္လာတဲ့သူေတြရဲ႕ တန္ေၾကးကေတာ့ တစ္ခ်ိဳ႕ နာက်င္မႈေတြကို လက္ခံလိုက္ရျခင္းပါပဲ။

ရင့္က်က္လာတဲ့ အမ်ိဳးသမီးေတြကေတာ့ မသိနားမလည္တဲ့အခ်ိန္ထက္ ပိုၿပီး နာက်င္မႈေတြ မ်ားလာပါတယ္။ ဒါေတြကေတာ့….

(၁) အနားကသူေတြက သစၥာေဖာက္ႏိုင္တယ္ဆိုတာ

မသိနားမလည္တဲ့ အခ်ိန္မွာေတာ့ ကိုယ့္အနားက ယုံၾကည္ရတဲ့သူက သစၥာေဖာက္သြားရင္လည္း နာက်င္ၿပီး ခံစားရတဲ့ အေျခအေနပဲ ႐ွိပါတယ္။

ရင့္က်က္လာတဲ့အခါမွာေတာ့ ဒီလို အေျခအေနေတြ ႐ွိတတ္တယ္ဆိုတာကို ေတြးၿပီး နာက်င္ရတာ၊ သိေလေလ နာက်င္ေလေလနဲ႔ အနားကလူေတြကို သံသယ ထား႐ွိမႈနဲ႔ ယတိျပတ္ မယုံႏိုင္မႈေတြ ႐ွိေနရတာကေတာ့ ရင့္က်က္သူေတြရဲ႕ နာက်င္မႈ တစ္ခုပါပဲ။

(၂) ကိုယ့္ကိုယ္ေတာင္ ယတိျပတ္ယုံလို႔ မရဘူးဆိုတာ

ငယ္ငယ္ကေတာ့ ငါက ဘာဆိုၿပီး လက္မ ေထာင္ႏိုင္ေပမယ့္လည္း တျဖည္းျဖည္း အသက္ႀကီးလာတဲ့အခါ ရင့္က်က္မႈေတြ စတင္လာပါတယ္။

အဲ့ဒီေနာက္မွာေတာ့ ကိုယ္ထင္ခဲ့တဲ့ ကိုယ္ရဲ႕ စိတ္ဆိုတာကလည္း အခုခ်ိန္မွာ အဲ့စိတ္ မဟုတ္ေတာ့ဘဲ ျဖစ္ေနတတ္ပါတယ္။ ရင့္က်က္လာတဲ့ေနာက္မွာ ကိုယ့္ကိုယ္ကိုလည္း ဘယ္လိုပါဆိုၿပီး ယုံဖို႔ မလြယ္တာကို လက္ခံလာရတာကေတာ့ အမွန္တရားပါပဲ။

(၃) ခ်စ္ရတဲ့သူက စြန္႔ခြာသြားႏိုင္တယ္ဆိုတာ

ငယ္ငယ္ကေတာ့ ကိုယ့္ကို ခ်စ္တဲ့သူက အၿမဲတမ္း ခ်စ္ေနမွာဆိုတဲ့ ခံစားခ်က္မ်ိဳး ႐ွိဖူးၾကမွာပါ။

ဒီလို သိတာမ်ိဳး ႐ွိခဲ့တာေၾကာင့္ ရင့္က်က္လာတဲ့အခါမွာေတာ့ ကိုယ့္ကို ခ်စ္တဲ့သူေတြက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ထားသြားၾကမွာကို သိနားလည္ေနခဲ့ၾကပါတယ္။ ဒါေၾကာင့္ နာက်င္မႈကို သိတဲ့သူက ပိုၿပီး ခံစားရတာ ျဖစ္ပါတယ္။

(၄) ျဖစ္ခ်င္တိုင္းလည္း ျဖစ္ဖို႔ မလြယ္ဘူးဆိုတာ

ငယ္ဘဝမွာေတာ့ ျဖစ္ခ်င္တဲ့ အိပ္မက္၊ ျဖစ္ခ်င္တဲ့အရာကို ရေအာင္ လုပ္မယ္ဆိုတာေတြ ႐ွိတတ္ပါတယ္။

တကယ္တမ္း ဘဝကို ႐ုန္းကန္ရတဲ့အခါ ျဖစ္ခ်င္တဲ့အရာေတြ ျဖစ္ဖို႔ဆိုတာကလည္း အေၾကာင္းအက်ိဳးေတြက အဆင္ေျပဦးမွဆိုတာကို သိနားလည္မိၾကပါတယ္။ ဒါေၾကာင့္ စိတ္ကူးယဥ္ၿပီး ေပ်ာ္လို႔ ရတာမ်ိဳး နည္းလာပါတယ္။

(၅) ကိုယ္ မထင္ခဲ့ေပမယ့္ အမွားေတြ ျဖစ္သြားခဲ့တယ္ဆိုတာ

ကိုယ္ ႐ိုး႐ိုးေလး လုပ္ခဲ့တဲ့ အရာေတြက အနာဂတ္ေရာက္တဲ့အခါ ကိုယ္ မလိုခ်င္ေတာ့တဲ့အရာ ျပန္ျပင္ခ်င္မိတဲ့အရာေတြ ျဖစ္သြားတတ္ပါတယ္။

ဒီလိုနဲ႔ ရင့္က်က္လာသူေတြက ကိုယ္ လုပ္သမွ် အရာေတြကိုေတာင္ အမွားမ်ား ျဖစ္မလား စိုးရိမ္ရင္း ႐ွင္သန္မိတတ္ၾကပါတယ္။

Unicode

ရင့်ကျက်လာတဲ့ အမျိုးသမီးတစ်ယောက် လက်ခံလိုက်ရတဲ့ နာကျင်စရာကိစ္စများ

သိလာတာများတဲ့နောက်မှာတော့ ဘာမှ မသိတဲ့ အချိန်ကို ပြန်ရောက်ချင်မိတတ်ကြပါတယ်။

ဘာမှ မသိတဲ့အချိန်မှာတော့ မရင့်ကျက်မှုတွေ ရှိနေပြီး ရင့်ကျက်လာတဲ့သူတွေရဲ့ တန်ကြေးကတော့ တစ်ချို့ နာကျင်မှုတွေကို လက်ခံလိုက်ရခြင်းပါပဲ။

ရင့်ကျက်လာတဲ့ အမျိုးသမီးတွေကတော့ မသိနားမလည်တဲ့အချိန်ထက် ပိုပြီး နာကျင်မှုတွေ များလာပါတယ်။ ဒါတွေကတော့….

(၁) အနားကသူတွေက သစ္စာဖောက်နိုင်တယ်ဆိုတာ

မသိနားမလည်တဲ့ အချိန်မှာတော့ ကိုယ့်အနားက ယုံကြည်ရတဲ့သူက သစ္စာဖောက်သွားရင်လည်း နာကျင်ပြီး ခံစားရတဲ့ အခြေအနေပဲ ရှိပါတယ်။

ရင့်ကျက်လာတဲ့အခါမှာတော့ ဒီလို အခြေအနေတွေ ရှိတတ်တယ်ဆိုတာကို တွေးပြီး နာကျင်ရတာ၊ သိလေလေ နာကျင်လေလေနဲ့ အနားကလူတွေကို သံသယ ထားရှိမှုနဲ့ ယတိပြတ် မယုံနိုင်မှုတွေ ရှိနေရတာကတော့ ရင့်ကျက်သူတွေရဲ့ နာကျင်မှု တစ်ခုပါပဲ။

(၂) ကိုယ့်ကိုယ်တောင် ယတိပြတ်ယုံလို့ မရဘူးဆိုတာ

ငယ်ငယ်ကတော့ ငါက ဘာဆိုပြီး လက်မ ထောင်နိုင်ပေမယ့်လည်း တဖြည်းဖြည်း အသက်ကြီးလာတဲ့အခါ ရင့်ကျက်မှုတွေ စတင်လာပါတယ်။

အဲ့ဒီနောက်မှာတော့ ကိုယ်ထင်ခဲ့တဲ့ ကိုယ်ရဲ့ စိတ်ဆိုတာကလည်း အခုချိန်မှာ အဲ့စိတ် မဟုတ်တော့ဘဲ ဖြစ်နေတတ်ပါတယ်။ ရင့်ကျက်လာတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုလည်း ဘယ်လိုပါဆိုပြီး ယုံဖို့ မလွယ်တာကို လက်ခံလာရတာကတော့ အမှန်တရားပါပဲ။

(၃) ချစ်ရတဲ့သူက စွန့်ခွာသွားနိုင်တယ်ဆိုတာ

ငယ်ငယ်ကတော့ ကိုယ့်ကို ချစ်တဲ့သူက အမြဲတမ်း ချစ်နေမှာဆိုတဲ့ ခံစားချက်မျိုး ရှိဖူးကြမှာပါ။

ဒီလို သိတာမျိုး ရှိခဲ့တာကြောင့် ရင့်ကျက်လာတဲ့အခါမှာတော့ ကိုယ့်ကို ချစ်တဲ့သူတွေက အကြောင်းအမျိုးမျိုးကြောင့် ထားသွားကြမှာကို သိနားလည်နေခဲ့ကြပါတယ်။ ဒါကြောင့် နာကျင်မှုကို သိတဲ့သူက ပိုပြီး ခံစားရတာ ဖြစ်ပါတယ်။

(၄) ဖြစ်ချင်တိုင်းလည်း ဖြစ်ဖို့ မလွယ်ဘူးဆိုတာ

ငယ်ဘဝမှာတော့ ဖြစ်ချင်တဲ့ အိပ်မက်၊ ဖြစ်ချင်တဲ့အရာကို ရအောင် လုပ်မယ်ဆိုတာတွေ ရှိတတ်ပါတယ်။

တကယ်တမ်း ဘဝကို ရုန်းကန်ရတဲ့အခါ ဖြစ်ချင်တဲ့အရာတွေ ဖြစ်ဖို့ဆိုတာကလည်း အကြောင်းအကျိုးတွေက အဆင်ပြေဦးမှဆိုတာကို သိနားလည်မိကြပါတယ်။ ဒါကြောင့် စိတ်ကူးယဉ်ပြီး ပျော်လို့ ရတာမျိုး နည်းလာပါတယ်။

(၅) ကိုယ် မထင်ခဲ့ပေမယ့် အမှားတွေ ဖြစ်သွားခဲ့တယ်ဆိုတာ

ကိုယ် ရိုးရိုးလေး လုပ်ခဲ့တဲ့ အရာတွေက အနာဂတ်ရောက်တဲ့အခါ ကိုယ် မလိုချင်တော့တဲ့အရာ ပြန်ပြင်ချင်မိတဲ့အရာတွေ ဖြစ်သွားတတ်ပါတယ်။

ဒီလိုနဲ့ ရင့်ကျက်လာသူတွေက ကိုယ် လုပ်သမျှ အရာတွေကိုတောင် အမှားများ ဖြစ်မလား စိုးရိမ်ရင်း ရှင်သန်မိတတ်ကြပါတယ်။