မင္းကို အဖက္မလုပ္တဲ့ လူကိုမွ ႏွလံုးသားထဲထည့္ထားရတာ မပင္ပန္းဘူးလား…./

မင္းကို အဖက္မလုပ္တဲ့ လူကိုမွ ႏွလံုးသားထဲထည့္ထားရတာ မပင္ပန္းဘူးလား

သူ႔စိတ္ထဲမွာ မင္းကို ႐ွိတယ္လို႔ေတာင္ သတ္မွတ္မထားထားတဲ့ လူကိုမွ အေတြးထဲမွာ ထည့္ထားရတာ

မပင္ပန္းဘူးလား …?

အဖက္မလုပ္တဲ့ လူကိုမွ ႏွလံုးသားထဲထည့္ထားရတာ မြန္းၾကပ္ၿပီး

ပူေလာင္မေနဘူးလား …?

မင္းကိုယ္မင္း သနားညႇာတာ သင့္ပါၿပီ …။

သူ႔စိတ္နဲ႔ ကုန္လြန္ခဲ့တဲ့ ခ်ိန္ေတြကို လက္ခ်ိဳးေရတြက္ၾကည့္ပါအံုးလား …၊

စားလည္း ဒီစိတ္ သြားလည္း ဒီစိတ္နဲ႔ မင္းဘဝရဲ႕ တန္ဖိုး႐ွိတဲ့အခ်ိန္ေတြကို အဲ့ဒီစိတ္ေအာက္မွာပဲ ကုန္ဆံုးေစေတာ့မွာလား

အဲ့ဒီ ခံစားခ်က္က

မင္းတစ္ေယာက္ထဲ ခံစားဖူးတာမွ မဟုတ္တာကြာ လူတိုင္းခံစားဖူးတာေပါ့ …။

ဒါေပမယ့္

လူတိုင္းေတာ့ မင္းလို ျဖစ္မေနဘူး အရမ္းႀကီး စြဲလမ္းၿပီး ခံစားမေနပါဘူး …။

အလြန္ဆံုး ခံစားရ အခ်ိန္အတိုင္းအတာ တစ္ခုအထိေပါ့ …။

ဒါ့ေၾကာင့္

မင္းရဲ႕ မရပ္ႏိုင္ေသးတဲ့ ႏွလံုးသားထဲက ႐ိႈက္သံေတြကို ျပည္ဖံုးကားခ်သင့္ပါၿပီ …။

မ်က္ရည္ေတြ သုတ္လိုက္ပါေတာ့ …။

ငါတို႔တေတြရဲ႕ဘဝ

ေလ်ွာက္ရမယ့္လမ္း ၊ ႏႊဲရမယ့္ ဘဝတိုက္ပြဲေတြ

အမ်ားႀကီး႐ွိေသးတယ္ေလ သူငယ္ခ်င္း …၊

ခုမွ အစ႐ွိပါေသးတယ္ကြာ …။

ဘဝကို လြယ္လြယ္နဲ႔ လက္ေျမႇာက္အ႐ွံုးေပးဖို႔အတြက္

အေမက ေမြးခဲ့တာမွ မဟုတ္ဘဲ

အသက္နဲ႔ရင္းၿပီး ေမြးခဲ့တဲ့ အေမနဲ႔ ေကြၽးခဲ့တဲ့ အေဖ့ကို

အားနာပါအံုး သူငယ္ခ်င္း …၊

တန္ဖိုး႐ွိလွတဲ့ လူငယ္ဘဝရဲ႕ အခ်ိန္ေတြကို

အက်ိဳးမဲ့တဲ့ လုပ္ရက္ေတြေၾကာင့္ ကုန္ဆံုးမသြားေစခ်င္ဘူး …။

ေလ့လာသင္ယူစရာေတြ မ်ားလွတဲ့ လူ႔ဘဝမွာ

အစမ္းသပ္ခံ တခ်ိဳ႕ေၾကာင့္ နစ္မြန္းသြားတဲ့လူေတြ ႐ွိသလို

ျဖစ္ထြန္းသြားတဲ့လူေတြလည္း အမ်ားႀကီးပါ …။

မင္းကိုေတာ့ နစ္မြန္းသြားတဲ့အထဲ မပါေစခ်င္ဘူး သူငယ္ခ်င္း …။ ။

Fighting

Thaw Lin Paing

Unicode

မင်းကို အဖက်မလုပ်တဲ့ လူကိုမှ နှလုံးသားထဲထည့်ထားရတာ မပင်ပန်းဘူးလား

သူ့စိတ်ထဲမှာ မင်းကို ရှိတယ်လို့တောင် သတ်မှတ်မထားထားတဲ့ လူကိုမှ အတွေးထဲမှာ ထည့်ထားရတာ

မပင်ပန်းဘူးလား …?

အဖက်မလုပ်တဲ့ လူကိုမှ နှလုံးသားထဲထည့်ထားရတာ မွန်းကြပ်ပြီး

ပူလောင်မနေဘူးလား …?

မင်းကိုယ်မင်း သနားညှာတာ သင့်ပါပြီ …။

သူ့စိတ်နဲ့ ကုန်လွန်ခဲ့တဲ့ ချိန်တွေကို လက်ချိုးရေတွက်ကြည့်ပါအုံးလား …၊

စားလည်း ဒီစိတ် သွားလည်း ဒီစိတ်နဲ့ မင်းဘဝရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို အဲ့ဒီစိတ်အောက်မှာပဲ ကုန်ဆုံးစေတော့မှာလား

အဲ့ဒီ ခံစားချက်က

မင်းတစ်ယောက်ထဲ ခံစားဖူးတာမှ မဟုတ်တာကွာ လူတိုင်းခံစားဖူးတာပေါ့ …။

ဒါပေမယ့်

လူတိုင်းတော့ မင်းလို ဖြစ်မနေဘူး အရမ်းကြီး စွဲလမ်းပြီး ခံစားမနေပါဘူး …။

အလွန်ဆုံး ခံစားရ အချိန်အတိုင်းအတာ တစ်ခုအထိပေါ့ …။

ဒါ့ကြောင့်

မင်းရဲ့ မရပ်နိုင်သေးတဲ့ နှလုံးသားထဲက ရှိုက်သံတွေကို ပြည်ဖုံးကားချသင့်ပါပြီ …။

မျက်ရည်တွေ သုတ်လိုက်ပါတော့ …။

ငါတို့တတွေရဲ့ဘဝ

လျှောက်ရမယ့်လမ်း ၊ နွှဲရမယ့် ဘဝတိုက်ပွဲတွေ

အများကြီးရှိသေးတယ်လေ သူငယ်ချင်း …၊

ခုမှ အစရှိပါသေးတယ်ကွာ …။

ဘဝကို လွယ်လွယ်နဲ့ လက်မြှောက်အရှုံးပေးဖို့အတွက်

အမေက မွေးခဲ့တာမှ မဟုတ်ဘဲ

အသက်နဲ့ရင်းပြီး မွေးခဲ့တဲ့ အမေနဲ့ ကျွေးခဲ့တဲ့ အဖေ့ကို

အားနာပါအုံး သူငယ်ချင်း …၊

တန်ဖိုးရှိလှတဲ့ လူငယ်ဘဝရဲ့ အချိန်တွေကို

အကျိုးမဲ့တဲ့ လုပ်ရက်တွေကြောင့် ကုန်ဆုံးမသွားစေချင်ဘူး …။

လေ့လာသင်ယူစရာတွေ များလှတဲ့ လူ့ဘဝမှာ

အစမ်းသပ်ခံ တချို့ကြောင့် နစ်မွန်းသွားတဲ့လူတွေ ရှိသလို

ဖြစ်ထွန်းသွားတဲ့လူတွေလည်း အများကြီးပါ …။

မင်းကိုတော့ နစ်မွန်းသွားတဲ့အထဲ မပါစေချင်ဘူး သူငယ်ချင်း …။ ။

Fighting