ယောကျ်ားလေးတွေ ပြိုယိုင်လဲသွားစေပြီး အရူးအမူးစွဲလန်းတတ်ကြတဲ့ မိန်းကလေးပုံစံ(၄)မျိုး…
အကြမ်းအားဖြင့် ယောကျာ်းလေးတွေရဲ့ အကြိုက်ပုံစံနဲ့ မိန်းကလေးတွေ ကြိုက်တတ်တဲ့ ပုံစံဆိုတာ ရှိပါတယ် …။
ယောကျာ်းလေးတွေက မိန်းကလေးတွေထဲက ဒီလိုပုံစံ မိန်းကလေးတွေရှေ့မှာ ဆိုရင် ပြိုယိုင်လဲမိတတ်ကြတာ များပါတယ်နော် …။
သူတို့တွေဟာ ဒီလိုပုံစံမျိုး မိန်းကလေးတွေကို အရူးအမူးကို စွဲလန်းတတ်ကြပြီး လွယ်လွယ်ကူကူပဲ သူတို့ဆီမှာ ကျရှုံးတတ်ကြပါတယ် …။
ဒီလိုပဲ ယောကျာ်းလေးတွေက သာမာန်မိန်းကလေးတွေနဲ့ ကွဲထွက်နေတတ်တဲ့ မိန်းကလေးမျိုးကို အရမ်းစိတ်ဝင်စားတတ်ကြပါတယ် …။
ဒီလိုမိန်းကလေးမျိုးတွေဆီမှာ သူများနဲ့ မတူတဲ့ အတွေးအခေါ်အယူအဆတွေ ရှိတယ်၊ ကိုယ်ပိုင် စတိုင်လ်တွေ ရှိဖနေတတ်တယ်၊ ကိုယ်ပိုင် ယုံကြည်မှုလည်း ရှိတယ် …။
သူတို့ကို ကြည့်လိုက်တာနဲ့ ထူးခြားတဲ့သူမှန်း တန်းသိနိုင်တဲ့ မိန်းကလေးတွေကို ယောကျာ်းလေးတွေက အရမ်းသဘောကျ နှစ်သက်တတ် ကြပါတယ် …။
လွယ်လွယ်အရှုံးမပေးတတ်တဲ့ မိန်းကလေး”
မိန်းကလေးတွေဆိုတာ ပျော့ညံတယ်လို့ အများက သတ်မှတ်ထားပေမယ့် လွယ်လွယ်အရှုံးမပေးတတ်တဲ့ ကြံခိုင်တဲ့ မိန်းကလေးတွေလည်း အများကြီးရှိပါတယ် …။
ယောကျာ်းလေးတွေက အရာရာမှာ ပျော့ညံအားကိုးလွန်းတဲ့ မိန်းကလေးမျိုးဆို သဘောမကျတတ်ကြပါဘူး …။
လွယ်လွယ်အရှုံးမပေးတတ်တဲ့ ကြိုးစားပြီး အနိုင်ယူတတ်တဲ့ စိတ်ဓာတ်ကြံခိုင်တဲ့ မိန်းကလေးမျိုးတွေကိုသာ ယောကျာ်းလေးတွေက အရမ်းအထင်ကြီး သဘောကျတတ်ကြပါတယ်နော် …။
ပျော်ပျော်နေတတ်တဲ့ မိန်းကလေး”
ယောကျာ်းလေးတွေက ပျော်ပျော်နေတတ်တဲ့ မိန်းကလေးတွေကို စိတ်ဝင်စားတတ်ကြတာ များပါတယ် …။
ဒီလိုမိန်းကလေးတွေက ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင် နေတတ်ပြီး စိတ်ညစ်စိတ်ရှုပ်စရာတွေလည်း သိပ်မတွေးတတ်သလို သူတု့ိရဲ့ ဘေးနားက သူတို့ကိုပါ အပျော်တွေ ကူးစက်သွားအောင် လုပ်ဆောင်နိုင်ပြီး
သူတို့ကို စိတ်ပျော်ရွှင်စေတဲ့အတွက် ပျော်ပျော်နေတတ်တဲ့ မိန်းကလေးတွေကို ယောကျာ်းလေးတွေက စွဲလန်းတတ်ကြပါတယ် ….။
နွေးထွေးမှု ရှိတဲ့သူ”
ယောကျာ်းလေးတွေရဲ့ ပုံစံက အေးစက်စက်နိုင်တယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာတော့ သူတို့တွေက နွေးထွေးကြင်နာမှုတွေကို အရမ်းလိုချင်တပ်မက်ကြတဲ့ သူတွေပါ …။
သူတို့အပေါ် နွေးထွေးကြင်နာတတ်တဲ့သူမျိုး၊ ဂရုစိုက်တတ်တဲ့ မိန်းကလေးမျိုးဆို လွယ်လွယ်ကူကူပဲ ပြိုလဲသွားတတ် ကြပါတယ် …။
နောက်ပြီး ဒီလိုနွေးထွေးမှုမျိုးကို တဖြည်းဖြည်း စွဲလန်းတတ်ကြပြီး ရုန်းမထွက်နိုင်လောက်အောင် ဖြစ်တတ်ကြလို့ နွေးထွေးမှုရှိတဲ့ မိန်းကလေးမျိုးကို အရမ်းသဘောကျ တတ်ကြပါတယ်နော် …။ ။
Credit