အချစ်နှင့်ဘဝ

သင်အရမ်းချစ်မှန်းသိနေလို့ သင့်ကိုတမင်အနိုင်ယူနေတဲ့ ချစ်သူရဲ့လက္ခဏာ (၅) မျိုး

သင်အရမ်းချစ်မှန်းသိနေလို့ သင့်ကိုတမင်အနိုင်ယူနေတဲ့ ချစ်သူရဲ့လက္ခဏာ (၅) မျိုး

ယောက်ျားလေးတွေဟာ သူတို့ရဲ့စိတ်ထဲမှာ အနိုင်ယူချင်စိတ်တွေကိန်းအောင်းနေတတ်ပါတယ်။

ဒါကတော့ သူတို့ရဲ့ ပင်ကိုယ်ဗီဇအရလည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။

လောကကြီးမှာ ပေးဆပ်တာများသွားရင် ကိုယ့်ရဲ့ပေးဆပ်မှုတွေကို တန်ဖိုးမထားတော့သလို၊

ကိုယ့်ရဲ့ ပေးဆပ်မှုတွေဟာလည်း တစ်ဖက်လူရဲ့အသုံးချခံဖြစ်သွားတတ်ပါတယ်။

ခုဖော်ပြပေးမှာကတော့ သင်အရမ်းချစ်နေမှန်းသိလို့ သင့်ကိုတမင်အနိုင်ယူနေတဲ့ ချစ်သူရဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။

ဒီနည်းလမ်းလေးတွေအတိုင်း ဖြစ်နေပြီဆိုရင်တော့ သင့်ဖက်က ခပ်ချေချေနေဖို့လိုအပ်နေပါပြီ။

(၁) ဖုန်းမကိုင်ဘူး၊ ပြန်မဆက်ဘူး

သင်ဟာ သင့်ချစ်သူကိုအမြဲတမ်း စိတ်ပူနေတတ်တဲ့သူ၊ တစ်ခုခုဆို အရမ်းစိတ်ထိခိုက်တတ်တဲ့သူဆိုတာ သင့်ချစ်သူက သိပါတယ်။

သင့်ဖက်က အရမ်းချစ်၊ အရမ်းစိတ်ပူနေတာက သူ့အတွက် စိတ်ကျဉ်းကျပ်စရာတစ်ခုဖြစ်နေသလို၊ သင့်ကို အနိုင်ယူဖို့ ဖြစ်လာပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ဖုန်းမကိုင်ဖြစ်ရင်တောင် သင့်ရဲ့ ဖုန်းအဝင်ကိုတွေ့တဲ့အခါမှာတော့ သင့်ကိုဖုန်းပြန်ဆက်သင့်ပါတယ်။

ဒီလိုမှမဟုတ်ပဲ ဖုန်းလည်းမကိုင်၊ ဖုန်းလည်းပြန်မဆက် သင့်ဖက်ကပဲ သူ့ကို ဖုန်းတွေဆက်နေရပြီဆိုရင်တော့သင့်ချစ်သူက

သူ့ကိုသင်အရမ်းချစ်မှန်းသိလို့ တမင်တကာ အနိုင်ယူနေတာဖြစ်ပါတယ်။

(၂) စိတ်ပြေအောင်မချော့ဘူး

ချစ်သူချင်းစိတ်ကောက်တဲ့အခါတွေမှာ မှားတဲ့သူကချော့ရမှာပါပဲ။ သင့်ချစ်သူက သင့်ကိုစိတ်ဆိုးအောင်၊ ဝမ်းနည်းအောင်လုပ်ပြီး

စိတ်ပြေအောင်ပြန်မချော့ဘူး၊ တစ်ခွန်းနှစ်ခွန်းပဲချော့ပြီး စိတ်မရှည်ဘူးဆိုရင်တော့ ဒါဟာ လုံးဝမဖြစ်သင့်ပါဘူး။

သင့်ကိုစိတ်ပြေအောင် မချော့တဲ့အပြင် သူကတောင်ပြန်ပြီး စိတ်ကောက်နေတတ်တယ်ဆိုရင်တော့ သူ့ကိုသင်အရမ်းချစ်မှန်းသိလို့

တမင်အနိုင်ယူနေတာဖြစ်ပါတယ်။

(၃) သူ့အလိုကိုပဲလိုက်နေရတယ်

ချစ်သူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ နားလည်မှု၊ မျှတမှုတွေရှိနေရပါမယ်။ တစ်ခါတလေကိုယ့်အကြိုက်၊

တစ်ခါတလေ သူ့အကြိုက်လိုက်ပေးမှဖြစ်မှာပါ။ဒီလိုမှမဟုတ်ပဲ သင့်ချစ်သူရဲ့အလိုကိုပဲ တစ်ချိန်လုံးလိုက်နေရပြီး

သူ့မျက်နှာကိုပဲကြည့်နေရတယ်၊ သူပြောသမျှကိုပဲ နားထောင်နေရတယ်၊ ကိုယ်ပိုင် ရွေးချယ်မှု၊ ဆုံးဖြတ်ချက်တွေ

မရှိဘူးဆိုရင်တော့ ဒါဟာ သူ့ကိုသင်အရမ်းချစ်မှန်းသိလို့ တမင်အနိုင်ယူနေတဲ့ လက္ခဏာဖြစ်ပါတယ်။

(၄) သင့်ဖက်က အပြစ်ရှိသလို၊ တာဝန်မကျေသလို ခံစားရတယ်

သင့်ချစ်သူနဲ့ပတ်သက်ပြီးသင်ဟာ အပြစ်ရှိသလိုလို၊ တာဝန်မကျေသလိုလို အမြဲခံစားနေရတယ်ဆိုရင်တော့ မဟုတ်သေးပါဘူး။

သင့်ချစ်သူဟာ အပြစ်တစ်ခုခုကို လုပ်မိရင်တောင်၊ သင့်ကိုနာကျင်အောင်လုပ်ရင်တောင် သင့်အမှားကြောင့်၊

သင့်ကြောင့်လို့ထင်နေရင်တော့ ဒါဟာ လုံးဝမှားနေပါတယ်။သင့်ချစ်သူနဲ့ပတ်သက်ပြီး အပြစ်ရှိသလို၊ တာဝန်မကျေသလို၊

တစ်ခုခုကို အမြဲစိုးရိမ်နေရတယ်ဆိုရင်တော့ သင့်ဖက်က အရမ်းချစ်နေတာကို သိပြီးတမင်အနိုင်ယူနေတာကြောင့် ဖြစ်ပါတယ်။

(၅) သင့်ကိုအဖက်မလုပ်ဘူး

ချစ်သူရည်းစားတစ်ယောက်နဲ့တစ်ယောက်ကြားမှာ အရေးကြီးဆုံးကတော့ အာရုံစိုက်ခြင်းပါပဲ။

သင်ကဘေးကနေ တတွတ်တွတ်ပြောနေတာတောင် ဖုန်းအပွတ်မပျက်ဘူး၊ ဂိမ်းအဆော့မပျက်ဘူး၊

သင်က ဘယ်လောက်ဒေါသတွေ ထွက်ထွက် သူ့ဖက်ကတော့ဘာမှမဖြစ်သလို အေးဆေးပဲ ဆိုရင်တော့ဒါဟာ

သင့်ကိုသူဖုတ်လေတဲ့ငပိရှိတယ်လို့ မထင်တဲ့သဘောပါ။

ဒါကြောင့်သင့်ရဲ့ ချစ်သူနဲ့ပတ်သက်ပြီး ခပ်တင်းတင်းနေနေနိုင်အောင် ကြိုးစားသင့်ပါတယ်။

Em Em