ဝဋ္ေႂကြးတစ္ခုသာ ျဖစ္လာရင္⚘
ကိုယ္ေကာင္းေပမယ့္ သူမေကာင္းတာ”ဝဋ္”ေၾကာင့္ပါ သူ႔အေပၚ ကိုယ္က တကယ္ေကာင္းရဲ႕သားနဲ႔ သူက ကိုယ့္အေပၚ နည္းနည္းေလးမွ ေကာင္းမလာဘူးဆိုရင္ ကိုယ့္မွာဝဋ္ေႂကြး ရွိေနၿပီဆိုတာ ေသခ်ာ ပါတယ္။
သူ႔ကို ကိုယ္က ဘာမွ အျပစ္လည္းမေျပာ ကိုယ္လုပ္ထားတဲ့ အျပစ္ေတြ ဘာမွလည္းမရွိဘဲနဲ႔ ကိုယ့္ကိုသူက အျပစ္ပဲ အၿမဲေျပာေနၿပီ ဆိုရင္ ေသခ်ာတယ္ ကိုယ့္မွာ ဝဋ္ေႂကြးရွိေနၿပီဆိုတာ။
ကိုယ့္ကလည္း သူ႔ကို တစ္ခါမွ မမုန္းရပါဘဲ ဘာမွန္း ညာမွန္း မသိဘဲ သူ႔ဆီမွာ.. ကိုယ္အမုန္းခံေနရၿပီဆိုရင္ ေသခ်ာတယ္၊ ကိုယ့္မွာ အမွန္တကယ္ဝဋ္ေႂကြး ရွိေနၿပီ ဆိုတာ။
ဝဋ္ေႂကြးရွိရင္ ကိုယ္မလုပ္ေပမယ့္ ကိုယ္လုပ္တယ္လို႔ အထင္ခံ ရတတ္ တယ္။ ကိုယ္မေျပာေပမယ့္ ကိုယ္ေျပာ တယ္လို႔ အထင္ခံ ရတတ္ တယ္။ေကာင္းတာလုပ္တဲ့ အခါလည္း ေကာင္းတယ္လို ႔တစ္ခ်ိဳ႕လူေတြ မျမင္ၾက ဘူး။ ဝဋ္ဆိုတာ ဆပ္မွေက်မယ္။ ဆုေတာင္းေန ႐ုံျဖင့္ ဝဋ္ကုန္ သြားမွာ မဟုတ္ဘူး။
ဝဋ္ေႂကြးေတြေက် ဖို႔ သူမေကာင္းေျပာလည္း ကိုယ္က သူ႔ကို မေကာင္းျပန္ မေျပာနဲ႔။ သူကကိုယ့္ကို အမုန္းေပးေနလည္း ကိုယ္က အမုန္းျပန္ မေပးနဲ႔။သူက ကိုယ့္ကို တစ္မ်ိဳးထင္လည္း ကိုယ္က သူ႔ကို တစ္မ်ိဳး မထင္ပါနဲ႔။ သူ႔အေပၚ တင္ေနတဲ့အေႂကြးေတြ ေက်ေတာ့မယ္ ဆိုတာ သတိရေပးပါ။
သူဘာေပးေပး ကိုယ့္ဆီမွသူ ႔ကိုေမတၱာပဲ ေပးလိုက္ပါ။ ေမတၱာဆိုတာ ဝဋ္ေႂကြးေတြေျပဖို႔အတြက္ လူတစ္ေယာက္အတြက္ အေကာင္းဆုံ လက္နက္ျဖစ္ပါတယ္။
အမုန္းေတြရွိရင္လည္း ဒီဘဝတင္ေက် ပါေစ။ အၿငိဳးေတြရွိရင္လည္း ဒီဘဝတင္ေက် ပါေစ။ ဒီဘဝမွာ ဆပ္ခြင့္ရတဲ့ အေႂကြးကို ဒီဘဝမွာပဲ ဆပ္လိုက္ပါ။ ေနာက္ဘဝေတြထိ မယူသြားပါနဲ႔။
ဝဋ္ဆိုတာဆပ္ မွေၾကမယ္။ တကယ္ေတာ့ ကိုယ္ေကာင္းေပမယ့္ သူမေကာင္းတာဟာ ဝဋ္ေႂကြး တစ္ခုခုေၾကာင့္ပါ။ဝဋ္ေႂကြးရွိရင္လဲ ဒီဘဝနဲ႔သာ ေၾကပါေစကြယ္
Credit
Unicode,
သူ့အပေါ် ကိုယ်က တကယ်ကောင်းရဲ့သားနဲ့ သူကကိုယ့်အပေါ် နည်းနည်းလေးမှ ကောင်းမလာဘူး ဆိုရင် …
ဝဋ်ကြွေးတစ်ခုသာ ဖြစ်လာရင်⚘
ကိုယ်ကောင်းပေမယ့် သူမကောင်းတာ”ဝဋ်”ကြောင့်ပါ သူ့အပေါ် ကိုယ်က တကယ်ကောင်းရဲ့သားနဲ့ သူက ကိုယ့်အပေါ် နည်းနည်းလေးမှ ကောင်းမလာဘူးဆိုရင် ကိုယ့်မှာဝဋ်ကြွေး ရှိနေပြီဆိုတာ သေချာ ပါတယ်။
သူ့ကို ကိုယ်က ဘာမှ အပြစ်လည်းမပြော ကိုယ်လုပ်ထားတဲ့ အပြစ်တွေ ဘာမှလည်းမရှိဘဲနဲ့ ကိုယ့်ကိုသူက အပြစ်ပဲ အမြဲပြောနေပြီ ဆိုရင် သေချာတယ် ကိုယ့်မှာ ဝဋ်ကြွေးရှိနေပြီဆိုတာ။
ကိုယ့်ကလည်း သူ့ကို တစ်ခါမှ မမုန်းရပါဘဲ ဘာမှန်း ညာမှန်း မသိဘဲ သူ့ဆီမှာ.. ကိုယ်အမုန်းခံနေရပြီဆိုရင် သေချာတယ်၊ ကိုယ့်မှာ အမှန်တကယ်ဝဋ်ကြွေး ရှိနေပြီ ဆိုတာ။
ဝဋ်ကြွေးရှိရင် ကိုယ်မလုပ်ပေမယ့် ကိုယ်လုပ်တယ်လို့ အထင်ခံ ရတတ် တယ်။ ကိုယ်မပြောပေမယ့် ကိုယ်ပြော တယ်လို့ အထင်ခံ ရတတ် တယ်။ကောင်းတာလုပ်တဲ့ အခါလည်း ကောင်းတယ်လို့တစ်ချို့လူတွေ မမြင်ကြ ဘူး။ ဝဋ်ဆိုတာ ဆပ်မှကျေမယ်။ ဆုတောင်းနေ ရုံဖြင့် ဝဋ်ကုန် သွားမှာ မဟုတ်ဘူး။
ဝဋ်ကြွေးတွေကျေ ဖို့ သူမကောင်းပြောလည်း ကိုယ်က သူ့ကို မကောင်းပြန် မပြောနဲ့။ သူကကိုယ့်ကို အမုန်းပေးနေလည်း ကိုယ်က အမုန်းပြန် မပေးနဲ့။သူက ကိုယ့်ကို တစ်မျိုးထင်လည်း ကိုယ်က သူ့ကို တစ်မျိုး မထင်ပါနဲ့။ သူ့အပေါ် တင်နေတဲ့အကြွေးတွေ ကျေတော့မယ် ဆိုတာ သတိရပေးပါ။
သူဘာပေးပေး ကိုယ့်ဆီမှသူ့ကိုမေတ္တာပဲ ပေးလိုက်ပါ။ မေတ္တာဆိုတာ ဝဋ်ကြွေးတွေပြေဖို့အတွက် လူတစ်ယောက်အတွက် အကောင်းဆုံ လက်နက်ဖြစ်ပါတယ်။
အမုန်းတွေရှိရင်လည်း ဒီဘဝတင်ကျေ ပါစေ။ အငြိုးတွေရှိရင်လည်း ဒီဘဝတင်ကျေ ပါစေ။ ဒီဘဝမှာ ဆပ်ခွင့်ရတဲ့ အကြွေးကို ဒီဘဝမှာပဲ ဆပ်လိုက်ပါ။ နောက်ဘဝတွေထိ မယူသွားပါနဲ့။
ဝဋ်ဆိုတာဆပ် မှကြေမယ်။ တကယ်တော့ ကိုယ်ကောင်းပေမယ့် သူမကောင်းတာဟာ ဝဋ်ကြွေး တစ်ခုခုကြောင့်ပါ။ဝဋ်ကြွေးရှိရင်လဲ ဒီဘဝနဲ့သာ ကြေပါစေကွယ်