ၾကားသိရသမွ်

ကိုယ့်စိတ်ကြိုက်ရွေးပြီး ဝယ်ယူနိုင်တဲ့ နယူးယောက်မြို့က လင်ယောက်ျား အရောင်းဆိုင်

နယူးယောက်မြို့က လင်ယောက်ျား အရောင်းဆိုင်

လင်ယောက်ျားအရောင်းဆိုင်တစ်ဆိုင် နယူးယောက်မြို့ပေါ်မှာ ဖွင့်လှစ် လိုက်ပါတယ်။

အမျိုးသမီးတွေအနေနဲ့ အဲဒီဆိုင်မှာ ကိုယ့်စိတ်ကြိုက် ယောက်ျားမျိုးကို ရွေးပြီး ၀ယ်နိုင်ပါတယ်။

စတိုးဆိုင်ရဲ့အလုပ်လုပ်ပုံကို အ၀င်အထွက်မှာ လမ်းညွှန် ဆိုင်းဘုတ်တွေနဲ့ ရေးပေးထားတယ်။

အဆောက်အအုံရဲ့ အ၀င်၀မှာတော့ သတိပေးစာ ရေးထားတာက “သင်တစ်ကြိမ်သာ လာရောက်ခွင့်ရှိသည်´´ တဲ့။

စတိုးဆိုင်က အထပ်ခြောက်ထပ် ရှိပါတယ်။ အထပ်မြင့်သွားလေလေ ရောင်းကုန် ယောက်ျားလေးတွေရဲ့ အရည်အသွေးက မြင့်လေလေပေါ့။

ဆုံးဖြတ်ချက်ချပြီးပြီ ဆိုရင်တော့ အထပ်တစ်ထပ်က ယောက်ျား တစ်ယောက်ကို ရွေးချယ် ၀ယ်ယူနိုင် သလို မကြိုက်သေးရင်တော့ နောက်တစ်ထပ် တက်ပြီး လေ့လာနိုင်တာပေါ့။

ဒါပေမယ့် သတိထားရမှာက အထပ်တစ်ထပ် တက်ပြီးသွားတာနဲ့ အောက်ထပ်က ရောင်းကုန်ယောက်ျားလေးကို ရွေးပိုင်ခွင့် မရှိတော့ပါဘူး။

စတိုးဆိုင်ထဲက ပြန်ထွက်မယ် ဆိုမှပဲအောက်ဆင်း ပိုင်ခွင့် ရှိတော့တယ်။ဒါတွေက ဒီစတိုးဆိုင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေပေါ့။

အမျိုးသမီးတစ်ယောက် ဆိုင်ထဲ၀င်လာတယ်။ သူ့အတွက် လိုက်ဖက်ညီမယ့် ခင်ပွန်းလောင်း လင်ယောက်ျားတစ်ယောက် ၀ယ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။

ပထမထပ်ရဲ့ အ၀င်တံခါးမှာ ချိတ်ထားတဲ့ ဆိုင်းဘုတ်ကို ဖတ်ကြည့်လိုက်တယ်။

(၁) လွှာ – – – – အလုပ်အကိုင်ရှိ၍ ဘာသာရေးကိုင်းရှိုင်းသော အမျိုးသားများ။

ဒုတိယထပ်ရဲ့ဆိုင်းဘုတ်က

(၂) လွှာ – – – – အလုပ်အကိုင်ရှိ၍ ဘာသာရေးကိုင်းရှိုင်းသည့်အပြင် ကလေးလည်းချစ်တတ်သော အမျိုးသားများ။

တတိယထပ်ရဲ့ ဆိုင်းဘုတ်က…

(၃) လွှာ – – – – အလုပ်အကိုင်ရှိ၍ ဘာသာရေးကိုင်းရှင်းသည့်အပြင် ကလေးလည်းချစ်တတ်ပြီး ရုပ်ရည်သန့်ပြန့်သော အမျိုးသားများ။

ဆိုင်းဘုတ်ဖတ်ပြီး အမျိုးသမီးမှာ “ဝိုး…ဆိုတဲ့ အာအေဋိတ်သံ ထွက်လာပေမယ့် နောက်တစ်ထပ် ဆက်တက်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။

(၄) လွှာ – – – – အလုပ်အကိုင်ရှိ၍ ဘာသာရေးကိုင်းရှိုင်းသည့်အပြင် ကလေးလည်းချစ်တတ်ပြီး ကြွေလောက်အောင် သန့်ပြန့်ရုံမက အိမ်မှုကိစ္စများကိုပါ ဝိုင်းကူလုပ်ပေးတတ်သော အမျိုးသားများ။

“ဟိုက်ရှားပါး…ကြွေစမ်း။ ငါခြေထောက်တွေ မခိုင်တော့ပါလား´´ လို့ ရေရွတ်နေမိတယ်။

(၅) လွှာ – – – – အလုပ်အကိုင်ရှိ၍ ဘာသာရေးကိုင်းရှိုင်းသည့်အပြင် ကလေးလည်းချစ်တတ်ပြီး ကြွေလောက်အောင် သန့်ပြန့်ရုံမက အိမ်မှုကိစ္စများကိုပါ ဝိုင်းကူလုပ်ပေးတတ်သလို အင်မတန်ချစ်တတ်၊ ကြင်နာတတ်သော အမျိုးသားများ။

ဒီထက်ကောင်းတယ်ဆိုတာတောင် ဒီလောက်ကောင်းတော့မယ်မထင်။ သူ့ရဲအာရုံတွေက ဒီအလွှာမှာပဲ တစ်ဝဲလည်လည် ဖြစ်နေတော့တယ်။

ဒါပေမယ့် သူရဲ့ခြေလှမ်းတွေက နောက်တစ်ထပ်တက်ဖို့ လှေကားဘက်ကိုပဲ ဆက်ပြီးချီတက်နေတော့တယ်။

ဆဋ္ဌမထပ်က ရွေးချယ်မှု ပိုကောင်းနိုင်သေးတာပေါ့။ ဒီလိုနဲ့ ဆဋ္ဌမထပ်ကို ဆက်တက်ဖို့ ဆုံးဖြတ်ချက်ချပြီး တက်လိုက်ပါတော့တယ်။

ဆဋ္ဌမထပ်ရဲ့ ဆိုင်းဘုတ်ကတော့…

(၆) လွှာ – – – သင်ဟာ ဒီအထပ်ကို ရောက်လာတဲ့ (458757) ယောက် မြောက် ဧည့်သည်ပါ။

ဒီအလွှာမှာ ဘယ်အမျိုးသားမှ မရှိပါဘူး။ မရောင့်ရဲနိုင်တဲ့ အမျိုးသမီးတွေအတွက် အထီးကျန်မှုတွေပဲ ရှိပါတယ်။

လင်ယောက်ျားစတိုးဆိုင်ကို စျေး၀ယ်လာတဲ့အတွက် ကျေးဇူး အထူးတင်ပါတယ်။

ဆိုင်ကနေ ထွက်တော့မယ်ဆိုရင် ပစ္စည်းများ မေ့မကျန်ရစ်အောင် အထူး သတိပြုပေးပါ။

အစစအရာရာ အဆင်ပြေပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

CREDIT

Zawgyi

နယူးေယာက္ၿမိဳ႕က လင္ေယာက္်ား အေရာင္းဆိုင္

လင္ေယာက္်ားအေရာင္းဆိုင္တစ္ဆိုင္ နယူးေယာက္ၿမိဳ႕ေပၚမွာ ဖြင့္လွစ္ လိုက္ပါတယ္။

အမ်ိဳးသမီးေတြအေနနဲ႔ အဲဒီဆိုင္မွာ
ကိုယ့္စိတ္ႀကိဳက္ ေယာက္်ားမ်ိဳးကို
ေ႐ြးၿပီး ၀ယ္ႏိုင္ပါတယ္။

စတိုးဆိုင္ရဲ႕အလုပ္လုပ္ပုံကို
အ၀င္အထြက္မွာ လမ္းၫႊန္ ဆိုင္းဘုတ္ေတြနဲ႔ ေရးေပးထားတယ္။

အေဆာက္အအုံရဲ႕ အ၀င္၀မွာေတာ့
သတိေပးစာေရးထားတာက
“သင္တစ္ႀကိမ္သာ
လာေရာက္ခြင့္ရွိသည္´´ တဲ့။

စတိုးဆိုင္က အထပ္ေျခာက္ထပ္ ရွိပါတယ္။ အထပ္ျမင့္သြားေလေလ
ေရာင္းကုန္ ေယာက္်ားေလးေတြရဲ႕
အရည္အေသြးက ျမင့္ေလေလေပါ့။

ဆုံးျဖတ္ခ်က္ခ်ၿပီးၿပီ ဆိုရင္ေတာ့
အထပ္တစ္ထပ္က ေယာက္်ား တစ္ေယာက္ကို ေ႐ြးခ်ယ္၀ယ္ယူႏိုင္ သလို မႀကိဳက္ေသးရင္ေတာ့ ေနာက္တစ္ထပ္ တက္ၿပီး ေလ့လာႏိုင္တာေပါ့။

ဒါေပမယ့္ သတိထားရမွာက
အထပ္တစ္ထပ္ တက္ၿပီးသြားတာနဲ႔
ေအာက္ထပ္က ေရာင္းကုန္ေယာက္်ားေလးကို ေ႐ြးပိုင္ခြင့္ မရွိေတာ့ပါဘူး။

စတိုးဆိုင္ထဲက ျပန္ထြက္မယ္ ဆိုမွပဲ
ေအာက္ဆင္း ပိုင္ခြင့္ ရွိေတာ့တယ္။
ဒါေတြက ဒီစတိုးဆိုင္ရဲ႕ စည္းမ်ဥ္းစည္းကမ္းေတြေပါ့။

အမ်ိဳးသမီးတစ္ေယာက္ ဆိုင္ထဲ၀င္လာတယ္။ သူ႔အတြက္ လိုက္ဖက္ညီမယ့္ ခင္ပြန္းေလာင္း လင္ေယာက္်ား
တစ္ေယာက္ ၀ယ္မယ္ဆိုတဲ့ရည္႐ြယ္ခ်က္နဲ႔ေပါ့။

ပထမထပ္ရဲ႕ အ၀င္တံခါးမွာ ခ်ိတ္ထားတဲ့ ဆိုင္းဘုတ္ကို ဖတ္ၾကည့္လိုက္တယ္။
(၁) လႊာ – – – – အလုပ္အကိုင္ရွိ၍
ဘာသာေရးကိုင္းရႈိင္းေသာ
အမ်ိဳးသားမ်ား။

ဒုတိယထပ္ရဲ႕ဆိုင္းဘုတ္က
(၂) လႊာ – – – – အလုပ္အကိုင္ရွိ၍
ဘာသာေရးကိုင္းရႈိင္းသည့္အျပင္
ကေလးလည္းခ်စ္တတ္ေသာ
အမ်ိဳးသားမ်ား။

တတိယထပ္ရဲ႕ ဆိုင္းဘုတ္က…
(၃) လႊာ – – – – အလုပ္အကိုင္ရွိ၍ ဘာသာေရးကိုင္းရွင္းသည့္အျပင္
ကေလးလည္းခ်စ္တတ္ၿပီး ႐ုပ္ရည္
သန္႔ျပန္႔ေသာ အမ်ိဳးသားမ်ား။

ဆိုင္းဘုတ္ဖတ္ၿပီး အမ်ိဳးသမီးမွာ
“ဝိုး…ဆိုတဲ့ အာေအဋိတ္သံ
ထြက္လာေပမယ့္ ေနာက္တစ္ထပ္
ဆက္တက္ဖို႔ပဲ ဆုံးျဖတ္လိုက္တယ္။

(၄) လႊာ – – – – အလုပ္အကိုင္ရွိ၍ ဘာသာေရးကိုင္းရႈိင္းသည့္အျပင္
ကေလးလည္းခ်စ္တတ္ၿပီး
ေႂကြေလာက္ေအာင္ သန္႔ျပန္႔႐ုံမက
အိမ္မႈကိစၥမ်ားကိုပါ ဝိုင္းကူလုပ္ေပးတတ္ေသာ အမ်ိဳးသားမ်ား။

“ဟိုက္ရွားပါး…ေႂကြစမ္း။ ငါေျခေထာက္ေတြ မခိုင္ေတာ့ပါလား´´
လို႔ ေရ႐ြတ္ေနမိတယ္။

(၅) လႊာ – – – – အလုပ္အကိုင္ရွိ၍ ဘာသာေရးကိုင္းရႈိင္းသည့္အျပင္
ကေလးလည္းခ်စ္တတ္ၿပီး
ေႂကြေလာက္ေအာင္ သန္႔ျပန္႔႐ုံမက
အိမ္မႈကိစၥမ်ားကိုပါ ဝိုင္းကူလုပ္ေပးတတ္သလို အင္မတန္ခ်စ္တတ္၊
ၾကင္နာတတ္ေသာ အမ်ိဳးသားမ်ား။

ဒီထက္ေကာင္းတယ္ဆိုတာေတာင္ ဒီေလာက္ေကာင္းေတာ့မယ္မထင္။
သူ႔ရဲအာ႐ုံေတြက ဒီအလႊာမွာပဲ တစ္ဝဲလည္လည္ ျဖစ္ေနေတာ့တယ္။

ဒါေပမယ့္ သူရဲ႕ေျခလွမ္းေတြက
ေနာက္တစ္ထပ္တက္ဖို႔ ေလွကားဘက္ကိုပဲ ဆက္ၿပီးခ်ီတက္ေနေတာ့တယ္။

ဆ႒မထပ္က ေ႐ြးခ်ယ္မႈ
ပိုေကာင္းႏိုင္ေသးတာေပါ့။
ဒီလိုနဲ႔ ဆ႒မထပ္ကို ဆက္တက္ဖို႔
ဆုံးျဖတ္ခ်က္ခ်ၿပီး တက္လိုက္ပါေတာ့တယ္။

ဆ႒မထပ္ရဲ႕ ဆိုင္းဘုတ္ကေတာ့…
(၆) လႊာ – – – သင္ဟာ ဒီအထပ္ကို
ေရာက္လာတဲ့ (458757) ေယာက္ ေျမာက္ ဧည့္သည္ပါ။

ဒီအလႊာမွာ ဘယ္အမ်ိဳးသားမွ မရွိပါဘူး။ မေရာင့္ရဲႏိုင္တဲ့ အမ်ိဳးသမီးေတြအတြက္ အထီးက်န္မႈေတြပဲ ရွိပါတယ္။

လင္ေယာက္်ားစတိုးဆိုင္ကို ေစ်း၀ယ္လာတဲ့အတြက္ ေက်းဇူး အထူးတင္ပါတယ္။

ဆိုင္ကေန ထြက္ေတာ့မယ္ဆိုရင္
ပစၥည္းမ်ား ေမ့မက်န္ရစ္ေအာင္ အထူး သတိျပဳေပးပါ။
အစစအရာရာ အဆင္ေျပပါေစလို႔
ဆုမြန္ေကာင္း ေတာင္းေပးလိုက္ပါတယ္။

CREDIT