ၾကားသိရသမွ်

ငလျင်လှုပ်ခဲ့ပြီး နောက်ပိုင်း မြန်မာနိုင်ငံပေါ်ဖြတ်သွားသော ထူးဆန်းဖွယ် အလင်းတန်းအကြောင်း သိရသမျှ

မန္မာနိုင္ငံေပၚ အလင္းတန္းတစ္ခုျဖတ္သြား၊ တ႐ုတ္ရဲ့ မီသိန္းဓာတ္ေငြ႕သုံး ဒုံးပ်ံျဖစ္နိုင္ဟု MASES ဆို

ဒီဇင္ဘာ ၁၅ ယေန႔ ညပိုင္း ၇ နာရီ ေက်ာ္တြင္ ျမန္မာနိုင္ငံေပၚ သို႔ ထူး ဆန္းဖြယ္ အမ်ိဳးအမည္မသိ အလင္းတန္းတစ္ခုျဖတ္သြားခဲ့ျခင္းေၾကာင့္ ျပည္သူမ်ားအၾကား အံ့ဩထိတ္လန႔္မႈ ျဖစ္ခဲ့ၾကသည္

ယေန႔ နံနက္ပိုင္းတြင္လည္း အင္အားျပင္းငလ်င္ တစ္ခု လႈပ္ခတ္ခဲ့ၿပီး အပ်က္အစီးမ်ားရွိခဲ့ျခင္းေၾကာင့္ ညပိုင္းထိုကဲ့သို႔ ထူးဆန္းဖြယ္ အလင္းတန္း ေပၚေပါက္လာျခင္းက စိုးရိမ္းထိတ္လန႔္ဖြယ္ ပိုမို ျဖစ္ခဲ့ၾကျခင္း ျဖစ္သည္

အဆိုပါအလင္းတန္းသည္ျမန္မာနိုင္ငံအႏွံ့အျပားသို႔ ျဖတ္သန္းသြားၿပီး ယင္းအား မေကြး၊ ေရနံေခ်ာင္း၊ ထီးလင္း၊ ဒီပဲယင္း၊ ေရးဦး၊ ရခိုင္ျပည္နယ္၊ ခ်င္းျပည္နယ္ႏွင့္ ရွမ္းျပည္နယ္တို႔တြင္ ထင္ထင္ရွားရွား ျမင္‌ေတြ႕ခဲ့ရသည္

မုန္႔စားေနရင္း အလင္းတန္းႀကီးေတြ႕လိုက္တယ္။ ဘာျဖစ္လဲမသိဘူး ဟု ရခိုင္ျပည္နယ္ဘက္က ျမင္ေတြ႕လိုက္သူတစ္ဦးက ဆိုသည္

အဆိုပါ အလင္းတန္းျဖတ္သန္းသြားစဥ္ အသံသည္ ဆိုင္ကယ္အင္ဂ်င္စက္သံကဲ့သို႔ၾကားရေၾကာင္း အလင္းျဖာ ထြက္မႈလည္းရွိေၾကာင္း မႏၲေလးတိုင္း၊ ပုဂံဘက္‌ေဒသမႈ ျမင္ေတြ႕လိုက္ရသူတစ္ဦးက ဆိုသည္

အသံက စက္သံလိုပဲ။ ဘယ္လိုေျပာမလဲ အင္ဂ်င္က်ေနတဲ့ စက္သံလိုမ်ိဳး ဟု ၎က ဆိုသည္ //

အဆိုပါ အလင္းတန္းႏွင့္ပတ္သက္၍ နာဆာသတင္းစာမ်က္ႏွာတြင္မူ Surface Water and Ocean Topography( SWOT) ကို အေမရိကန္စံေတာ္ခ်ိန္

ဒီဇင္ ဘာ ၁၅ ရက္ မနက္ ၆ နာရီ ၄၆ တြင္လႊင့္တင္ေၾကာင္း ဆိုထားေသာ္လည္း ယင္း mission အား မနက္ျဖန္ ညေနပိုင္းသို႔ ေျပာင္းေရႊ႕ထားျခင္းေၾကာင့္နာဆာ၏ ၿဂိဳလ္တု မဟုတ္ေၾကာင္း MASES က ထုတ္ျပန္သည္

အျဖစ္နိုင္ဆုံး က မေန႔ က ေပါက္ေဖာ္နိုင္ငံ အာကာသ ကုမၸဏီ တစ္ခုကေန လႊတ္တင္ထားတဲ့ ကမၻာ့ပထမဆုံး မီသိန္း ဓာတ္ေငြ႕သုံး ဒုံးပ်ံ ျဖစ္ဖို႔မ်ားပါတယ္

ဒီ မစ္ရွင္ ဟာ လဲ မေအာင္ျမင္ပါဘူး ဒါေပမယ့္ ထုံးစံအတိုင္း သတင္းထုတ္ျပန္မႈ တင္းက်ပ္တာေၾကာင့္ မေအာင္ ျမင္တာကိုပဲ ထုတ္ျပန္ၿပီး တျခား အခ်က္အလက္ မပါ ဝင္ပါဘူး

ေပါက္ကြဲသြားတာလဲ မေတြ႕ရတာေၾကာင့္ ဒီဒုံးပ်ံ ေၾကာင့္ ျဖစ္တာလို႔ ယူဆရပါတယ္။ ဒီယူဆခ်က္ မွားနိုင္ပါတယ္။ ကၽြန္ေတာ္ လဲ ရရွိတဲ့ သတင္းအခ်က္ ေပၚမူတည္ၿပီး ေရးရတာေၾကာင့္ပါ ဟု အဆို အလင္း တန္းႏွင့္ ပတ္သက္ၿပီး MASES က ထုတ္ျပန္ခဲ့သည္

မည္သို႔ဆိုေစ ထို ျဖစ္စဥ္သည္ အလြန္ထူးဆန္းသည့္ ျဖစ္စဥ္တစ္ခု မဟုတ္ဘဲ ဒုံးပ်ံ အျမဲလႊတ္တင္ေနေသာ အေမရိကန္ နိုင္ငံတြင္ ယခုကဲ့သို႔ အလင္းတန္းမ်ိဳးသည္ အျမဲ ျမင္ေတြ႕ရတတ္ေၾကာင္း MASES က ဆိုသည္ //

Crd- Burma Associated Press ပုံစာ။ ျမန္မာနိုင္ငံ ေနရာအမ်ားစု၌ ျမင္ေတြ႕ခဲ့ရသည့္ အလင္းတန္း ဓာတ္ပုံ ။ လူမႈကြန္ယက္

Unicode

မြန်မာနိုင်ငံပေါ် အလင်းတန်းတစ်ခုဖြတ်သွား၊ တရုတ်ရဲ့ မီသိန်းဓာတ်ငွေ့သုံး ဒုံးပျံဖြစ်နိုင်ဟု MASES ဆို

ဒီဇင်ဘာ ၁၅ ယနေ့ ညပိုင်း ၇ နာရီ ကျော်တွင် မြန်မာနိုင်ငံပေါ် သို့ ထူး ဆန်းဖွယ် အမျိုးအမည်မသိ အလင်းတန်းတစ်ခုဖြတ်သွားခဲ့ခြင်းကြောင့် ပြည်သူများအကြား အံ့ဩထိတ်လန့်မှု ဖြစ်ခဲ့ကြသည် //

ယနေ့ နံနက်ပိုင်းတွင်လည်း အင်အားပြင်းငလျင် တစ်ခု လှုပ်ခတ်ခဲ့ပြီး အပျက်အစီးများရှိခဲ့ခြင်းကြောင့် ညပိုင်းထိုကဲ့သို့ ထူးဆန်းဖွယ် အလင်းတန်း ပေါ်ပေါက်လာခြင်းက စိုးရိမ်းထိတ်လန့်ဖွယ် ပိုမို ဖြစ်ခဲ့ကြခြင်း ဖြစ်သည်

အဆိုပါအလင်းတန်းသည်မြန်မာနိုင်ငံအနှံ့အပြားသို့ ဖြတ်သန်းသွားပြီး ယင်းအား မကွေး၊ ရေနံချောင်း၊ ထီးလင်း၊ ဒီပဲယင်း၊ ရေးဦး၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ထင်ထင်ရှားရှား မြင်‌တွေ့ခဲ့ရသည်

မုန့်စားနေရင်း အလင်းတန်းကြီးတွေ့လိုက်တယ်။ ဘာဖြစ်လဲမသိဘူး ဟု ရခိုင်ပြည်နယ်ဘက်က မြင်တွေ့လိုက်သူတစ်ဦးက ဆိုသည်

အဆိုပါ အလင်းတန်းဖြတ်သန်းသွားစဉ် အသံသည် ဆိုင်ကယ်အင်ဂျင်စက်သံကဲ့သို့ကြားရကြောင်း အလင်းဖြာ ထွက်မှုလည်းရှိကြောင်း မန္တလေးတိုင်း၊ ပုဂံဘက်‌ဒေသမှု မြင်တွေ့လိုက်ရသူတစ်ဦးက ဆိုသည်

အသံက စက်သံလိုပဲ။ ဘယ်လိုပြောမလဲ အင်ဂျင်ကျနေတဲ့ စက်သံလိုမျိုး ဟု ၎င်းက ဆိုသည် //

အဆိုပါ အလင်းတန်းနှင့်ပတ်သက်၍ နာဆာသတင်းစာမျက်နှာတွင်မူ Surface Water and Ocean Topography( SWOT) ကို အမေရိကန်စံတော်ချိန်

ဒီဇင် ဘာ ၁၅ ရက် မနက် ၆ နာရီ ၄၆ တွင်လွှင့်တင်ကြောင်း ဆိုထားသော်လည်း ယင်း mission အား မနက်ဖြန် ညနေပိုင်းသို့ ပြောင်းရွှေ့ထားခြင်းကြောင့်နာဆာ၏ ဂြိုလ်တု မဟုတ်ကြောင်း MASES က ထုတ်ပြန်သည်

အဖြစ်နိုင်ဆုံး က မနေ့ က ပေါက်ဖော်နိုင်ငံ အာကာသ ကုမ္ပဏီ တစ်ခုကနေ လွှတ်တင်ထားတဲ့ ကမ္ဘာ့ပထမဆုံး မီသိန်း ဓာတ်ငွေ့သုံး ဒုံးပျံ ဖြစ်ဖို့များပါတယ်

ဒီ မစ်ရှင် ဟာ လဲ မအောင်မြင်ပါဘူး ဒါပေမယ့် ထုံးစံအတိုင်း သတင်းထုတ်ပြန်မှု တင်းကျပ်တာကြောင့် မအောင် မြင်တာကိုပဲ ထုတ်ပြန်ပြီး တခြား အချက်အလက် မပါ ဝင်ပါဘူး

ပေါက်ကွဲသွားတာလဲ မတွေ့ရတာကြောင့် ဒီဒုံးပျံ ကြောင့် ဖြစ်တာလို့ ယူဆရပါတယ်။ ဒီယူဆချက် မှားနိုင်ပါတယ်။ ကျွန်တော် လဲ ရရှိတဲ့ သတင်းအချက် ပေါ်မူတည်ပြီး ရေးရတာကြောင့်ပါ ဟု အဆို အလင်း တန်းနှင့် ပတ်သက်ပြီး MASES က ထုတ်ပြန်ခဲ့သည် //

မည်သို့ဆိုစေ ထို ဖြစ်စဉ်သည် အလွန်ထူးဆန်းသည့် ဖြစ်စဉ်တစ်ခု မဟုတ်ဘဲ ဒုံးပျံ အမြဲလွှတ်တင်နေသော အမေရိကန် နိုင်ငံတွင် ယခုကဲ့သို့ အလင်းတန်းမျိုးသည် အမြဲ မြင်တွေ့ရတတ်ကြောင်း MASES က ဆိုသည် //

Crd- Burma Associated Press ပုံစာ။ မြန်မာနိုင်ငံ နေရာအများစု၌ မြင်တွေ့ခဲ့ရသည့် အလင်းတန်း ဓာတ်ပုံ ။ လူမှုကွန်ယက် //