ရန်ကုန်မှာ တိုက်ခန်းနဲ့ နေသူများအတွက် သတိပြုစရာတခု (လှေကားသော့ မခတ်မိလို့ ပါသွားပါပြီ)
ရန်ကုန် တိုက်ခန်းနေသူများ.. သတိပြုကြပါ.. မီးပျက်ချိန်ကို အကြောင်းပြုပြီး ဝါယာကြိုးဖြတ်ခိုးပါတယ်။ ကျနော်တို့တိုက်မှာ သေသေချာချာလေ့လာပြီးမှ လုပ်သွားပုံပဲ.. ကျနော့်ရှေ့ခန်း ခြောက်လွှာမှာ ပါသွားတာပါ.. သုံးလွှာက တစ်ချက်ဖြတ် ခြောက်လွှာက တစ်ချက်ဖြတ်ပြီး ဆွဲထုတ် ခိုးယူသွားပါတယ်.. ကျွမ်းကျင်သူတွေပါ..
7044 ဆယ့်ရှစ်ကိုက်လောက် ပါသွားပါတယ်.. အောက်ဆုံးလှေကားကို အမြဲတမ်းသော့ခတ်ဖို့ ပြောနေတဲ့ကြားက မပိတ်တော့ ဘာဖြစ်လဲဆိုသူတွေကြောင့် အဲ့သလို ဖြစ်သွားတာပါ။ အထပ်မြင့်တိုက်ခန်းနေသူတွေ လှေကားကို သော့မခတ်ရင် ဒီ့ထက်ဆိုးတာတွေ ဖြစ်လာနိုင်ပါတယ်လို့..
Photo ကိုယ်တိုင်ရိုက် လမ်းထဲကတိုက်အချို့နဲ့ သစ္စာလမ်းက တိုက်အချို့လည်း ပါသွားတယ်လို့ သိရပါတယ်.. (Than Htaik) တောင်ဒဂုံတွင်တည်ရှိသော မိတ်ဆွေတဦး၏ စက်ရုံသို့ သွယ်တန်းထားသော service ကြိုး Gauge အကြီးစားကို ဖြတ်တောက်ခိုးယူသွားသဖြင့် အသစ်ပြန်လည်သွယ်တန်းသည့်ညတွင်ပင် တဖန်ပြန်လည် ခိုးယူရန် ကြိုးပန်းမှုတခုရက်ပိုင်းအတွင်းဖြစ်ပွားခဲ့ပါသည် သတိထားကြပါ.. (H.B)