သာေကာတို႔ရဲ႕ အလြန္တရာ အစြမ္းထက္လွပါၿပီဆိုတဲ့ ဟက္ကာနည္းပညာကို အေမရိကန္ပညာရွင္မ်ား ေထာက္လွန္းေတြ့ရွိခဲ့
႐ုတ္ရဲ႕အစြမ္းသိပ္ထက္တဲ့ ဟက္ကာလုပ္တဲ့နည္းစနစ္ကို အေမရိကန္ ေထာက္လွန္းေတြ႕ရွိခဲ့ပါတယ္။ ဒီေကာင္ေပၚတာ ၁၀ ႏွစ္ရွိေနၿပီျဖစ္ေပမယ့္ လူေတြမရိပ္မိေအာင္ တ႐ုတ္တို႔က သိုသိုသိပ္သိပ္နဲ႔ လ်ိဳထားခဲ့တယ္လို႔ ဆိုင္မာတက္ဗိုင္းရပ္တိုက္တဲ့ေဆာ့ဝဲလ္ကုမၸဏီက ဆိုပါတယ္။ တ႐ုတ္ဟာ အဲဒီနည္းပညာသုံးက အာရွနဲ႔ အာဖရိကတိုက္က ထိပ္တန္းကုမၸဏီႀကီးေတြရဲ႕အခ်က္အလက္ေတြကို ခိုးယူခဲ့ပါသတဲ့။ (Francis Zin) သတင္းအျပည့္အစုံကို
ေအာက္မွာ ေဖာ္ျပလိုက္ပါတယ္- အေမရိကန္ ဆိုက္ဘာလုံၿခဳံေရးကုမၸဏီ Symantec ႏွင့္ လုံၿခဳံေရးသုေတသီမ်ားက ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာ တည္ရွိေနခဲ့တဲ့ အလြန္ေခတ္မီေသာ ဟက္ကာ ပ႐ိုဂရမ္ တခုကို ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။ အဆိုပါ ပ႐ိုဂရမ္ကို တ႐ုတ္ႏိုင္ငံက ျပဳလုပ္ထားတယ္လို႔ ဆိုပါတယ္။ အဆိုပါ ေတြ႕ရွိမႈကို အေမရိကန္အစိုးရနဲ႔ ျပည္ပက လုပ္ေဖာ္ကိုင္ဖက္ ကုမၸဏီမ်ားကို

အသိေပး အေၾကာင္းၾကားခဲ့ပါတယ္။ Daxin လို႔ အမည္ရတဲ့ အဆိုပါ ဟက္ကာ ပ႐ိုဂရမ္အေၾကာင္းကို တနလၤာေန႔က ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။ ယင္းဟက္ကာ ပ႐ိုဂရမ္နဲ႔ ပတ္သက္လို႔ ဝါရွင္တန္မွာရွိတဲ့ တ႐ုတ္သံ႐ုံးက မွတ္ခ်က္မေပးခဲ့ပါဘူး။
တ႐ုတ္ႏိုင္ငံဟာ ဟက္ကာမ်ားရဲ႕ ပစ္မွတ္ထား ဦးတည္ရာျဖစ္ၿပီး ဆိုက္ဘာတိုက္ခိုက္မႈ မွန္သမွ်ကို ဆန႔္က်င္တယ္လို႔ တ႐ုတ္ အရာရွိမ်ားက ယခင္က ေျပာၾကားထားပါတယ္။ ဟက္ကာပ႐ိုဂရမ္ကို သြင္းထားတဲ့ ကြန္ပ်ဴတာကို ကမာၻ႔ဘယ္ေနရာကမဆို လွမ္းၿပီး ထိန္းခ်ဳပ္ႏိုင္တယ္လို႔ သိရပါတယ္။ ဒီလို ပ႐ိုဂရမ္မ်ိဳးကို အရင္က မျမင္ဘူးေၾကာင္း၊ ေသေသခ်ာခ်ာ ေလ့လာရမွာ ျဖစ္ေၾကာင္း ကြၽမ္းက်င္ပညာရွင္မ်ားက
မွတ္ခ်က္ေပးပါတယ္။ Dixan ပ႐ိုဂရမ္ရဲ႕ တိုက္ခိုက္မႈကို ၂၀၂၁ ခုႏွစ္ ႏိုဝင္ဘာလက စတင္ သတိျပဳမိခဲ့တာ ျဖစ္ပါတယ္။ အာဖရိကနဲ႔ အာရွတိုက္က အစိုးရမဟုတ္တဲ့ ထိပ္တန္းကုမၸဏီႀကီး အေတာ္မ်ားမ်ားရဲ႕ အခ်က္အလက္ေတြကို အဆိုပါ ပ႐ိုဂရမ္ အသုံးျပဳၿပီး ဟက္ကာေတြက ခိုးယူခဲ့တယ္လို႔ သိရပါတယ္။
crd-
ယူနီကုတ္
သာကောတို့ရဲ့ အလွန်တရာ အစွမ်းထက်လှပါပြီဆိုတဲ့ ဟက်ကာနည်းပညာကို အမေရိကန်ပညာရှင်များ ထောက်လှန်းတွေ့ရှိခဲ့
ရုတ်ရဲ့အစွမ်းသိပ်ထက်တဲ့ ဟက်ကာလုပ်တဲ့နည်းစနစ်ကို အမေရိကန် ထောက်လှန်းတွေ့ရှိခဲ့ပါတယ်။ ဒီကောင်ပေါ်တာ ၁၀ နှစ်ရှိနေပြီဖြစ်ပေမယ့် လူတွေမရိပ်မိအောင် တရုတ်တို့က သိုသိုသိပ်သိပ်နဲ့ လျိုထားခဲ့တယ်လို့ ဆိုင်မာတက်ဗိုင်းရပ်တိုက်တဲ့ဆော့ဝဲလ်ကုမ္ပဏီက ဆိုပါတယ်။ တရုတ်ဟာ အဲဒီနည်းပညာသုံးက အာရှနဲ့ အာဖရိကတိုက်က ထိပ်တန်းကုမ္ပဏီကြီးတွေရဲ့အချက်အလက်တွေကို ခိုးယူခဲ့ပါသတဲ့။ (Francis Zin) သတင်းအပြည့်အစုံကို
အောက်မှာ ဖော်ပြလိုက်ပါတယ်- အမေရိကန် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Symantec နှင့် လုံခြုံရေးသုတေသီများက ဆယ်စုနှစ်တစ်ခုကျော်ကြာ တည်ရှိနေခဲ့တဲ့ အလွန်ခေတ်မီသော ဟက်ကာ ပရိုဂရမ် တခုကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ပရိုဂရမ်ကို တရုတ်နိုင်ငံက ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။ အဆိုပါ တွေ့ရှိမှုကို အမေရိကန်အစိုးရနဲ့ ပြည်ပက လုပ်ဖော်ကိုင်ဖက် ကုမ္ပဏီများကို
အသိပေး အကြောင်းကြားခဲ့ပါတယ်။ Daxin လို့ အမည်ရတဲ့ အဆိုပါ ဟက်ကာ ပရိုဂရမ်အကြောင်းကို တနင်္လာနေ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ယင်းဟက်ကာ ပရိုဂရမ်နဲ့ ပတ်သက်လို့ ဝါရှင်တန်မှာရှိတဲ့ တရုတ်သံရုံးက မှတ်ချက်မပေးခဲ့ပါဘူး။
တရုတ်နိုင်ငံဟာ ဟက်ကာများရဲ့ ပစ်မှတ်ထား ဦးတည်ရာဖြစ်ပြီး ဆိုက်ဘာတိုက်ခိုက်မှု မှန်သမျှကို ဆန့်ကျင်တယ်လို့ တရုတ် အရာရှိများက ယခင်က ပြောကြားထားပါတယ်။ ဟက်ကာပရိုဂရမ်ကို သွင်းထားတဲ့ ကွန်ပျူတာကို ကမ္ဘာ့ဘယ်နေရာကမဆို လှမ်းပြီး ထိန်းချုပ်နိုင်တယ်လို့ သိရပါတယ်။ ဒီလို ပရိုဂရမ်မျိုးကို အရင်က မမြင်ဘူးကြောင်း၊ သေသေချာချာ လေ့လာရမှာ ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များက
မှတ်ချက်ပေးပါတယ်။ Dixan ပရိုဂရမ်ရဲ့ တိုက်ခိုက်မှုကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလက စတင် သတိပြုမိခဲ့တာ ဖြစ်ပါတယ်။ အာဖရိကနဲ့ အာရှတိုက်က အစိုးရမဟုတ်တဲ့ ထိပ်တန်းကုမ္ပဏီကြီး အတော်များများရဲ့ အချက်အလက်တွေကို အဆိုပါ ပရိုဂရမ် အသုံးပြုပြီး ဟက်ကာတွေက ခိုးယူခဲ့တယ်လို့ သိရပါတယ်။
crd-



