ၾကားသိရသမွ်

NUG ကတော့ သူတို့ ၅ ဦးကို တရားဝင်ကြေညာလိုက်ပီ….

ခင္ေမာင္ေအးပိုင္ Golden Myanmar Airlines၊ ေအာင္ကိုဝင္းပိုင္ Brighter Energy ႏွင့္ သိန္းဝင္းေဇာ္ပိုင္ ေ႐ႊဗ်ိဳင္းျဖဴ တို႔ကို စစ္တပ္အတြက္ ေလယာဥ္ဆီတင္သြင္း၍ အၾကမ္းဖက္ အားေပးသူမ်ားအျဖစ္ NUG ေၾကညာ၊ ကုမၸဏီ ၆ ခုကို စီးပြားေရး ဆက္ဆံမႈ မျပဳရန္ အမိန႔္ထုတ္ျပန္

ရန္ကုန္၊ မတ္ ၅

CB ဘဏ္ဥကၠ႒ ခင္ေမာင္ေအးပိုင္ Golden Myanmar Airlines ၊ KBZ ဘဏ္ဥကၠ႒ ေအာင္ကိုဝင္းပိုင္ Brighter Energy ကုမၸဏီႏွင့္ သိန္းဝင္းေဇာ္ပိုင္ ေ႐ႊဗ်ိဳင္းျဖဴ ကုမၸဏီတို႔ကို စစ္တပ္အတြက္ ေလယာဥ္ဆီတင္သြင္း၍ NUG က အၾကမ္းဖက္ အားေပးသူမ်ားအျဖစ္ မတ္လ ၄ ရက္ေန႔တြင္ ေၾကညာလိုက္ေၾကာင္း သိရွိရသည္။

အၾကမ္းဖက္ စစ္အုပ္စုအတြက္ ေလယာဥ္ဆီတင္သြင္းမႈတြင္ ပါဝင္ကူညီေဆာင္႐ြက္လ်က္ရွိေၾကာင္း ေတြ႕ရွိရသျဖင့္ Golden Myanmar Airlines ၊

ေ႐ႊဗ်ိဳင္းျဖဴ ကုမၸဏီႏွင့္ Brighter Energy ကုမၸဏီ တို႔ကို အၾကမ္းဖက္စစ္ရာဇဝတ္မႈမ်ား က်ဴးလြန္ရန္ ေထာက္ခံအားေပးသူမ်ားအျဖစ္ သတ္မွတ္ၿပီး ၎တို႔၏ လုပ္ငန္းမ်ားကို စီးပြားေရးအရ ဆက္ဆံျခင္းမျပဳရန္ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီး ေဒၚခင္မမမ်ိဳးက လက္မွတ္ေရးထိုး၍ ေၾကညာခ်က္ ထုတ္ျပန္သည္။

ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔တြင္ ထြန္းျမင့္ႏိုင္(ခ) စတီဗင္ေလာပိုင္ Yangon Aerodrome Company ၊ ႀကံ့ဖြတ္အမတ္ေဟာင္း ေဒါက္တာဝင္းျမင့္ပိုင္ ျမတ္ေမတၱာမြန္ကုမၸဏီ၊ ရွယ္ယာရွင္မ်ားျဖစ္ၾကသည့္ ၾကဴၾကဴျမင့္၊ သရဖီလွမ်ိဳး၊ ဝင္းေက်ာ္ေက်ာ္ေအာင္တို႔ ပိုင္ဆိုင္ေသာ Asia Sun Energy ကုမၸဏီတို႔ကို အမည္ပ်က္စာရင္း ေၾကညာခဲ့သည္။

လက္ရွိအခ်ိန္တြင္ ေလယာဥ္ဆီတင္သြင္း၍ အမည္ပ်က္စာရင္း ေၾကညာခံရသည့္ ကုမၸဏီ ၆ ခုရွိေနၿပီး ယင္းကုမၸဏီမ်ားသည္ အၾကမ္းဖက္စစ္ရာဇဝတ္မႈေထာက္ခံအားေပး၍ စီးပြားေရးအရ ဆက္ဆံျခင္းမျပဳၾကရန္ NUG စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက တရားဝင္ အမိန႔္ထုတ္ျပန္ ထားၿပီျဖစ္သည္။

ရန္ကုန္တိုင္း၊ သန္လ်င္ၿမိဳ႕နယ္ရွိ သီလဝါဆိပ္ကမ္းတြင္ ေဖေဖာ္ဝါရီ ၂၇ ရက္ေန႔ Asia Sun Energy ကုမၸဏီက ေလယာဥ္ဆီ Jet Fuelမ်ားကို ဆီသယ္ယာဥ္ ၃ စီးျဖင့္ သယ္ယူၿပီး ေမွာ္ဘီေလတပ္စခန္းသို႔ ပို႔ေဆာင္ခဲ့ေသးသည္။

Crd…

Zawgyi

ခင်မောင်အေးပိုင် Golden Myanmar Airlines၊ အောင်ကိုဝင်းပိုင် Brighter Energy နှင့် သိန်းဝင်းဇော်ပိုင် ရွှေဗျိုင်းဖြူ တို့ကို စစ်တပ်အတွက် လေယာဉ်ဆီတင်သွင်း၍ အကြမ်းဖက် အားပေးသူများအဖြစ် NUG ကြေညာ၊ ကုမ္ပဏီ ၆ ခုကို စီးပွားရေး ဆက်ဆံမှု မပြုရန် အမိန့်ထုတ်ပြန်

ရန်ကုန်၊ မတ် ၅

CB ဘဏ်ဥက္ကဋ္ဌ ခင်မောင်အေးပိုင် Golden Myanmar Airlines ၊ KBZ ဘဏ်ဥက္ကဋ္ဌ အောင်ကိုဝင်းပိုင် Brighter Energy ကုမ္ပဏီနှင့် သိန်းဝင်းဇော်ပိုင် ရွှေဗျိုင်းဖြူ ကုမ္ပဏီတို့ကို စစ်တပ်အတွက် လေယာဉ်ဆီတင်သွင်း၍ NUG က အကြမ်းဖက် အားပေးသူများအဖြစ် မတ်လ ၄ ရက်နေ့တွင် ကြေညာလိုက်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်အုပ်စုအတွက် လေယာဉ်ဆီတင်သွင်းမှုတွင် ပါဝင်ကူညီဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသဖြင့် Golden Myanmar Airlines ၊

ရွှေဗျိုင်းဖြူ ကုမ္ပဏီနှင့် Brighter Energy ကုမ္ပဏီ တို့ကို အကြမ်းဖက်စစ်ရာဇဝတ်မှုများ ကျူးလွန်ရန် ထောက်ခံအားပေးသူများအဖြစ် သတ်မှတ်ပြီး ၎င်းတို့၏ လုပ်ငန်းများကို စီးပွားရေးအရ ဆက်ဆံခြင်းမပြုရန် NUG အမျိုးသားညီညွတ်ရေးအစိုးရ၊

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါ်ခင်မမမျိုးက လက်မှတ်ရေးထိုး၍ ကြေညာချက် ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ထွန်းမြင့်နိုင်(ခ) စတီဗင်လောပိုင် Yangon Aerodrome Company ၊ ကြံ့ဖွတ်အမတ်ဟောင်း ဒေါက်တာဝင်းမြင့်ပိုင် မြတ်မေတ္တာမွန်ကုမ္ပဏီ၊ ရှယ်ယာရှင်များဖြစ်ကြသည့် ကြူကြူမြင့်၊ သရဖီလှမျိုး၊ ဝင်းကျော်ကျော်အောင်တို့ ပိုင်ဆိုင်သော Asia Sun Energy ကုမ္ပဏီတို့ကို အမည်ပျက်စာရင်း ကြေညာခဲ့သည်။

လက်ရှိအချိန်တွင် လေယာဉ်ဆီတင်သွင်း၍ အမည်ပျက်စာရင်း ကြေညာခံရသည့် ကုမ္ပဏီ ၆ ခုရှိနေပြီး ယင်းကုမ္ပဏီများသည် အကြမ်းဖက်စစ်ရာဇဝတ်မှုထောက်ခံအားပေး၍ စီးပွားရေးအရ ဆက်ဆံခြင်းမပြုကြရန် NUG စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တရားဝင် အမိန့်ထုတ်ပြန် ထားပြီဖြစ်သည်။

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ သီလဝါဆိပ်ကမ်းတွင် ဖေဖော်ဝါရီ ၂၇ ရက်နေ့ Asia Sun Energy ကုမ္ပဏီက လေယာဉ်ဆီ Jet Fuelများကို ဆီသယ်ယာဉ် ၃ စီးဖြင့် သယ်ယူပြီး မှော်ဘီလေတပ်စခန်းသို့ ပို့ဆောင်ခဲ့သေးသည်။

unicode