ၾကားသိရသမွ်

Time မဂ္ဂဇင်းက သတ်မှတ်သည့် ကမ္ဘာ့လွမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ်စာရင်းတွင် မြန်မာနိုင်ငံမှ တိုင်းရင်းသူအမျိုးသမီးနှစ်ဦးထည့်သွင်းဖော်ပြခံရ

Time မဂၢဇင္းက သတ္မွတ္သည့္ ကမာၻ႔လြမ္းမိုးမႈအရွိဆုံး လူပုဂၢိဳလ္စာရင္းတြင္ ျမန္မာနိုင္ငံမွ တိုင္းရင္းသူအမ်ိဳးသမီးႏွစ္ဦးထည့္သြင္းေဖာ္ျပခံရ

(Zawgyi Font ဖြင့် ဖတ်မရသူများ အောက်တွင် Unicode ဖြင့် ဖော်ပြထားသည်)

ကမာၻေက်ာ္ Time မဂၢဇင္းက ႏွစ္စဥ္ေ႐ြးခ်ယ္သတ္ မွတ္သည့္ ကမာၻ႔လြမ္းမိုးမႈအရွိဆုံး သို႔မဟုတ္ ကမာၻ႔ဩဇာအရွိဆုံး လူပုဂၢိဳလ္တစ္ရာစာရင္းတြင္ ျမန္မာနိုင္ငံမွ လူငယ္အမ်ိဳးသမီးႏွစ္ဦးပါဝင္ေၾကာင္း သိရသည္။…

အမ်ိဳးသားညီၫႊတ္ေရးအစိုးရ (NUG) ၏ အမ်ိဳးသမီး၊ လူငယ္ႏွင့္ ကေလးသူငယ္ေရးရာဝန္ႀကီးဌာန ဒုဝန္ႀကီးေဒၚအိသၪၨာေမာင္ႏွင့္ လူငယ္တက္ႂကြလႈပ္ရွားသူ ေဒၚအက္စတာေဇေနာတို႔ကို ေရွ႕ေဆာင္ဦး႐ြက္ျပဳသူမ်ား (Pioneers) က႑တြင္ ေ႐ြးခ်ယ္ေဖာ္ျပထားျခင္းျဖစ္သည္။…

ကမာၻေက်ာ္မဂၢဇင္းတစ္ခုျဖစ္သည့္ Time မဂၢဇင္းက ၎တို႔ႏွစ္ဦးကို ယခုလိုအသိအမွတ္ျပဳျခင္းသည္ ျမန္မာ့အေရးအတြက္ မ်ားစြာအေထာက္အကူျပဳမည္ဟုေမွ်ာ္လင့္ေၾကာင္း ေဒၚအက္စတာေဇေနာက The 74 Media ကိုေျပာသည္။…

“အခုလို က်မတို႔ရဲေဘာ္ရဲဘက္ႏွစ္ဦးကို Time မဂၢဇင္းရဲ႕ ကမာၻ႔လြမ္းမိုးမႈအရွိဆုံးအေယာက္ ၁၀၀ မွာ အခုလို ထည့္သြင္းသတ္မွတ္ျခင္းဟာ ယေန႕ျမန္မာနိုင္ငံအခင္းအက်င္းကို နိုင္ငံတကာအေနနဲ႕ စိတ္ ဝင္စားတယ္၊ ေဖာ္ျပေစခ်င္တယ္လို႔ မွတ္ယူပါတယ္။ ေနာက္ၿပီး ဒီေန႕ျမန္မာနိုင္ငံျပည္သူလူထုႀကဳံ ေတြ႕ေနရတဲ့ နိုင္ငံေရးအၾကပ္အတည္းေတြနဲ႕ပတ္သက္လို႔ နိုင္ငံ တကာစာမ်က္ႏွာေရွ႕ မီးေမာင္းထိုးျပရာေရာက္တဲ့အတြ က္ – ျမန္မာနိုင္ငံရဲ႕ ေရွ႕ဆက္နိုင္ငံေရး၊ စစ္ေရးတည္ ေဆာက္မႈလုပ္ငန္းစဥ္ေတြမွာ တစ္စုံတစ္ရာအေထာ က္အကူ ျဖစ္ေစနိုင္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္” ဟု သူမက ေျပာသည္။…

နိုင္ငံတကာက အသိအမွတ္ျပဳခံရေသာ္လည္း ယခင္အတိုင္းပင္ ဖက္ဆစ္အာဏာရွင္ဆန႔္က်င္ေရးႏွင့္ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးကို ဆက္လက္ႀကိဳးပမ္းလုပ္ေဆာင္သြားမည္ဟု သူမကဆက္ေျပာသည္။…

ရွမ္းနီလူငယ္အမ်ိဳးသမီး ဒုဝန္ႀကီးေဒၚအိသၪၨာေမာင္ႏွင့္ ကခ်င္တိုင္းရင္းသူ ေဒၚအက္စတာေဇေနာတို႔သည္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႕အာဏာသိမ္းၿပီးေနာက္ပိုင္း ၅ ရက္အၾကာ ရန္ကုန္ၿမိဳ႕တြင္ စစ္အာဏာရွင္ဆန႔္က်င္ေရး ကနဦးဆႏၵျပလႈပ္ရွားမႈမ်ားကို ဦးေဆာင္ခဲ့ၾကသူမ်ားျဖစ္သည္။…

ထို႔အျပင္ ရိုဟင္ဂ်ာအေရးႏွင့္ပတ္သက္ၿပီးအစဥ္တ စိုက္ထုတ္ေဖာ္ေျပာဆိုခဲ့ၾကသူမ်ားလည္း ျဖစ္ၾကသည္။ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ သည္လည္း အဆိုပါစာရင္းတြင္ ၂၀၀၄၊ ၂၀၀၈ ႏွင့္ ၂၀၁၁ ခုႏွစ္မ်ားတြင္ ထည့္သြင္းေဖာ္ျပခံခဲ့ရသည္။…

Time မဂၢဇင္း၏ ႏွစ္စဥ္ဩဇာအရွိဆုံး အေယာက္ ၁၀၀ စာရင္းတြင္ အေမရိကန္သမၼတေဟာင္း ဘာရက္အိုဘားမား၊ နာမည္ေက်ာ္႐ုပ္သံတင္ဆက္သူ ေအာ္ပရာဝင္းဖေရးအျပင္ နာမည္ေက်ာ္ၾကားသည့္ ေခါင္းေဆာင္မ်ား၊ ေတာ္လွန္ေရးလႈပ္ရွားသူမ်ား၊ အႏုပညာရွင္မ်ား၊ သိပၸံပညာရွင္မ်ားႏွင့္ အေတြးအေခၚပညာရွင္မ်ားထဲမွ ေ႐ြးခ်ယ္ေလ့ရွိသည္။…

ယူနီကုဒ်ဖြင့် ဖတ်ရန်

Time မဂ္ဂဇင်းက သတ်မှတ်သည့် ကမ္ဘာ့လွမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ်စာရင်းတွင် မြန်မာနိုင်ငံမှ တိုင်းရင်းသူအမျိုးသမီးနှစ်ဦးထည့်သွင်းဖော်ပြခံရ

ကမ္ဘာကျော် Time မဂ္ဂဇင်းက နှစ်စဉ်ရွေးချယ်သတ် မှတ်သည့် ကမ္ဘာ့လွမ်းမိုးမှုအရှိဆုံး သို့မဟုတ် ကမ္ဘာ့ဩဇာအရှိဆုံး လူပုဂ္ဂိုလ်တစ်ရာစာရင်းတွင် မြန်မာနိုင်ငံမှ လူငယ်အမျိုးသမီးနှစ်ဦးပါဝင်ကြောင်း သိရသည်။…

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီးဒေါ်အိသဉ္ဇာမောင်နှင့် လူငယ်တက်ကြွလှုပ်ရှားသူ ဒေါ်အက်စတာဇေနောတို့ကို ရှေ့ဆောင်ဦးရွက်ပြုသူများ (Pioneers) ကဏ္ဍတွင် ရွေးချယ်ဖော်ပြထားခြင်းဖြစ်သည်။…

ကမ္ဘာကျော်မဂ္ဂဇင်းတစ်ခုဖြစ်သည့် Time မဂ္ဂဇင်းက ၎င်းတို့နှစ်ဦးကို ယခုလိုအသိအမှတ်ပြုခြင်းသည် မြန်မာ့အရေးအတွက် များစွာအထောက်အကူပြုမည်ဟုမျှော်လင့်ကြောင်း ဒေါ်အက်စတာဇေနောက The 74 Media ကိုပြောသည်။…

“အခုလို ကျမတို့ရဲဘော်ရဲဘက်နှစ်ဦးကို Time မဂ္ဂဇင်းရဲ့ ကမ္ဘာ့လွမ်းမိုးမှုအရှိဆုံးအယောက် ၁၀၀ မှာ အခုလို ထည့်သွင်းသတ်မှတ်ခြင်းဟာ ယနေ့မြန်မာနိုင်ငံအခင်းအကျင်းကို နိုင်ငံတကာအနေနဲ့ စိတ် ဝင်စားတယ်၊ ဖော်ပြစေချင်တယ်လို့ မှတ်ယူပါတယ်။ နောက်ပြီး ဒီနေ့မြန်မာနိုင်ငံပြည်သူလူထုကြုံ တွေ့နေရတဲ့ နိုင်ငံရေးအကြပ်အတည်းတွေနဲ့ပတ်သက်လို့ နိုင်ငံ တကာစာမျက်နှာရှေ့ မီးမောင်းထိုးပြရာရောက်တဲ့အတွ က် – မြန်မာနိုင်ငံရဲ့ ရှေ့ဆက်နိုင်ငံရေး၊ စစ်ရေးတည် ဆောက်မှုလုပ်ငန်းစဉ်တွေမှာ တစ်စုံတစ်ရာအထော က်အကူ ဖြစ်စေနိုင်မယ်လို့ မျှော်လင့်မိပါတယ်” ဟု သူမက ပြောသည်။…

နိုင်ငံတကာက အသိအမှတ်ပြုခံရသော်လည်း ယခင်အတိုင်းပင် ဖက်ဆစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားမည်ဟု သူမကဆက်ပြောသည်။…

ရှမ်းနီလူငယ်အမျိုးသမီး ဒုဝန်ကြီးဒေါ်အိသဉ္ဇာမောင်နှင့် ကချင်တိုင်းရင်းသူ ဒေါ်အက်စတာဇေနောတို့သည် ဖေဖော်ဝါရီလ ၁ ရက်နေ့အာဏာသိမ်းပြီးနောက်ပိုင်း ၅ ရက်အကြာ ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ကနဦးဆန္ဒပြလှုပ်ရှားမှုများကို ဦးဆောင်ခဲ့ကြသူများဖြစ်သည်။…

ထို့အပြင် ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီးအစဉ်တ စိုက်ထုတ်ဖော်ပြောဆိုခဲ့ကြသူများလည်း ဖြစ်ကြသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည်လည်း အဆိုပါစာရင်းတွင် ၂၀၀၄၊ ၂၀၀၈ နှင့် ၂၀၁၁ ခုနှစ်များတွင် ထည့်သွင်းဖော်ပြခံခဲ့ရသည်။…

Time မဂ္ဂဇင်း၏ နှစ်စဉ်ဩဇာအရှိဆုံး အယောက် ၁၀၀ စာရင်းတွင် အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမား၊ နာမည်ကျော်ရုပ်သံတင်ဆက်သူ အော်ပရာဝင်းဖရေးအပြင် နာမည်ကျော်ကြားသည့် ခေါင်းဆောင်များ၊ တော်လှန်ရေးလှုပ်ရှားသူများ၊ အနုပညာရှင်များ၊ သိပ္ပံပညာရှင်များနှင့် အတွေးအခေါ်ပညာရှင်များထဲမှ ရွေးချယ်လေ့ရှိသည်။…