မြန်မာနိုင်ငံတွင် ဆက်ရှိနေရေး မဖြစ်နိုင်ဟု တယ်လီနော ကြေညာ
မြန်မာနိုင်ငံမှ လုပ်ငန်းများ မရောင်းချဘဲ ဆက်ရှိနေရေး တောင်းဆိုမှုများ ရှိနေသော်လည်း လက်ရှိ အခြေအနေတွင် ဖြစ်နိုင်ချေ မရှိတော့ကြောင်း နော်ဝေဆက်သွယ်ရေး လုပ်ငန်းစု တယ်လီနော လုပ်ငန်းစုက ယနေ့ကြေညာလိုက်သည်။
မြန်မာ လူ့အခွင့်အရေး၊ မီဒီယာနှင့် အခြား အဖွဲ့အစည်း ၄၅ ခုတို့က တယ်လီနောအုပ်စု အနေဖြင့် မြန်မာနိုင်ငံမှ လုပ်ငန်း များကို စစ်ကောင်စီနှင့် ပတ်သက်နေသည့် လက်ဘနွန် ဆက်သွယ်ရေးကုမ္ပဏီ M1 အုပ်စုသို့ အငြင်းပွားဖွယ် ရောင်း ချခြင်းအား ရပ်ဆိုင်းရန် ဩဂုတ်လအတွင်း တောင်းဆိုလိုက်ပြီးနောက် တယ်လီနောဘက်က ထုတ်ပြန်လာခြင်း ဖြစ်သည်။
တယ်လီနောသည် OECD (စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့) ၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာပြီး ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်ချက်များကိုလည်း လိုက်နာရန် ကတိပြုထား ကြောင်း ဆိုသည်။
အာဏာသိမ်းလိုက်ပြီးနောက်တွင် မြန်မာနိုင်ငံ၌ တယ်လီနောအနေနှင့် ဆက်လက် ရပ်တည်လုပ်ကိုင်မည်ဆိုပါက တယ်လီ ဖုန်းလိုင်းများအား ကြားဖြတ်ဖမ်းယူနိုင်မည့် စက်များ တပ်ဆင်ရေး ခွင့်ပြုပေးရမည်ဟု စစ်တပ်ဘက်က ဆိုလာကြောင်း တယ်လီနောက ပြောသည်။
ယင်းတောင်းဆိုချက်ကို တယ်လီနောအနေနှင့် လိုက်နာရန် မဖြစ်နိုင်သဖြင့် မြန်မာနိုင်ငံရှိ တယ်လီနော လုပ်ငန်းစုကို ရောင်းချရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။
ထိုသို့ ကြားဖြတ် ဖမ်းယူစက်များ တပ်ဆင်ခြင်းကို နော်ဝေနှင့် နိုင်ငံတကာတွင် ပိတ်ဆို့ထားသည့် အတွက် တယ်လီနော အနေဖြင့် လက်ခံနိုင်စရာမရှိကြောင်း၊ လက်ရှိ မြန်မာနိုင်ငံသည် တယ်လီနော သုံးစွဲသူများ အပေါ် အကာအကွယ်ပေးသော အခြေခံအကျဆုံး လူ့အခွင့်အရေးများနှင့် နိုင်ငံတကာ ဥပဒေများကို လိုက်နာ နိုင်သောနေရာ မဟုတ်တော့ကြောင်း တယ်လီနော လုပ်ငန်းစုက ဆိုသည်။
လက်ရှိ အချိန်အထိ မြန်မာနိုင်ငံတွင် တယ်လီနောသည် ကြားဖြတ် ဖမ်းယူစက်များ တပ်ဆင်ခြင်းနှင့် စက်များကို အသက် သွင်းထားခြင်းများ မလုပ်ရသေးကြောင်း ထုတ်ပြန်ချက်အရသိရသည်။ တယ်လီနောအနေနှင့် ယခုအခါတွင် မြန်မာနိုင်ငံမှ လုပ်ငန်းများအား ရောင်းချခြင်း လုပ်ငန်းစဉ်ကို ဆက်လက် အာရုံစိုက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
တယ်လီနောသည် မြန်မာနိုင်ငံမှ ၎င်းတို့၏ လုပ်ငန်းများကို လက်ဘနွန်မှ ဆက်သွယ်ရေး လုပ်ငန်းစု M1 အုပ်စုသို့ ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချမည်ဟု ဇူလိုင်လက ကြေညာခဲ့ခြင်းဖြစ်သည်။
Ref ဧရာဝတီ
zawgyi
ျမန္မာနိုင္ငံတြင္ ဆက္ရွိေနေရး မျဖစ္နိုင္ဟု တယ္လီေနာ ေၾကညာ
ျမန္မာနိုင္ငံမွ လုပ္ငန္းမ်ား မေရာင္းခ်ဘဲ ဆက္ရွိေနေရး ေတာင္းဆိုမႈမ်ား ရွိေနေသာ္လည္း လက္ရွိ အေျခအေနတြင္ ျဖစ္နိုင္ေခ် မရွိေတာ့ေၾကာင္း ေနာ္ေဝဆက္သြယ္ေရး လုပ္ငန္းစု တယ္လီေနာ လုပ္ငန္းစုက ယေန႕ေၾကညာလိုက္သည္။
ျမန္မာ လူ႕အခြင့္အေရး၊ မီဒီယာႏွင့္ အျခား အဖြဲ႕အစည္း ၄၅ ခုတို႔က တယ္လီေနာအုပ္စု အေနျဖင့္ ျမန္မာနိုင္ငံမွ လုပ္ငန္း မ်ားကို စစ္ေကာင္စီႏွင့္ ပတ္သက္ေနသည့္ လက္ဘႏြန္ ဆက္သြယ္ေရးကုမၸဏီ M1 အုပ္စုသို႔ အျငင္းပြားဖြယ္ ေရာင္း ခ်ျခင္းအား ရပ္ဆိုင္းရန္ ဩဂုတ္လအတြင္း ေတာင္းဆိုလိုက္ၿပီးေနာက္ တယ္လီေနာဘက္က ထုတ္ျပန္လာျခင္း ျဖစ္သည္။
တယ္လီေနာသည္ OECD (စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးအဖြဲ႕) ၏ လမ္းၫႊန္ခ်က္မ်ားအတိုင္း လိုက္နာၿပီး ကုလသမဂၢ၏ စီးပြားေရးႏွင့္ လူ႕အခြင့္အေရးဆိုင္ရာ လမ္းၫႊန္ခ်က္မ်ားကိုလည္း လိုက္နာရန္ ကတိျပဳထား ေၾကာင္း ဆိုသည္။
အာဏာသိမ္းလိုက္ၿပီးေနာက္တြင္ ျမန္မာနိုင္ငံ၌ တယ္လီေနာအေနႏွင့္ ဆက္လက္ ရပ္တည္လုပ္ကိုင္မည္ဆိုပါက တယ္လီ ဖုန္းလိုင္းမ်ားအား ၾကားျဖတ္ဖမ္းယူနိုင္မည့္ စက္မ်ား တပ္ဆင္ေရး ခြင့္ျပဳေပးရမည္ဟု စစ္တပ္ဘက္က ဆိုလာေၾကာင္း တယ္လီေနာက ေျပာသည္။
ယင္းေတာင္းဆိုခ်က္ကို တယ္လီေနာအေနႏွင့္ လိုက္နာရန္ မျဖစ္နိုင္သျဖင့္ ျမန္မာနိုင္ငံရွိ တယ္လီေနာ လုပ္ငန္းစုကို ေရာင္းခ်ရန္ ဆုံးျဖတ္လိုက္ျခင္း ျဖစ္ေၾကာင္း ေၾကညာခ်က္တြင္ ပါရွိသည္။
ထိုသို႔ ၾကားျဖတ္ ဖမ္းယူစက္မ်ား တပ္ဆင္ျခင္းကို ေနာ္ေဝႏွင့္ နိုင္ငံတကာတြင္ ပိတ္ဆို႔ထားသည့္ အတြက္ တယ္လီေနာ အေနျဖင့္ လက္ခံနိုင္စရာမရွိေၾကာင္း၊ လက္ရွိ ျမန္မာနိုင္ငံသည္ တယ္လီေနာ သုံးစြဲသူမ်ား အေပၚ အကာအကြယ္ေပးေသာ အေျခခံအက်ဆဳံး လူ႕အခြင့္အေရးမ်ားႏွင့္ နိုင္ငံတကာ ဥပေဒမ်ားကို လိုက္နာ နိုင္ေသာေနရာ မဟုတ္ေတာ့ေၾကာင္း တယ္လီေနာ လုပ္ငန္းစုက ဆိုသည္။
လက္ရွိ အခ်ိန္အထိ ျမန္မာနိုင္ငံတြင္ တယ္လီေနာသည္ ၾကားျဖတ္ ဖမ္းယူစက္မ်ား တပ္ဆင္ျခင္းႏွင့္ စက္မ်ားကို အသက္ သြင္းထားျခင္းမ်ား မလုပ္ရေသးေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။ တယ္လီေနာအေနႏွင့္ ယခုအခါတြင္ ျမန္မာနိုင္ငံမွ လုပ္ငန္းမ်ားအား ေရာင္းခ်ျခင္း လုပ္ငန္းစဥ္ကို ဆက္လက္ အာ႐ုံစိုက္လုပ္ကိုင္သြားမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။
တယ္လီေနာသည္ ျမန္မာနိုင္ငံမွ ၎တို႔၏ လုပ္ငန္းမ်ားကို လက္ဘႏြန္မွ ဆက္သြယ္ေရး လုပ္ငန္းစု M1 အုပ္စုသို႔ ေဒၚလာ ၁၀၅ သန္းျဖင့္ ေရာင္းခ်မည္ဟု ဇူလိုင္လက ေၾကညာခဲ့ျခင္းျဖစ္သည္။
Ref ဧရာဝတီ