ဗဟုသုတ

ကြက်မကြီးပြောတဲ့စကား

ကြက်မကြီးကို ကြက်ကလေးက မေးတယ် ။

” မေမေ .. ဒီနေ့ ဥ မဥလို့ ရလား.. သားတို့ အပြင်ထွက် လျှောက်လည်ကြ မယ်လေ.. ”

ကြက်မကြီးက ” မရဘူးသား၊ မေမေ့ အလုပ် ရှိသေးတယ် ”

” ဒါပေမယ့် မေမေ အများကြီး ဥခဲ့ ပြီးပြီ လေ ” လို့ ကြက်ကလေးက ပြန်ပြောတယ် ။

ကြက်မကြီးက လေးလေး နက်နက် အသံနဲ့ ကြက်ကလေးကို ပြန်ပြောတယ် ။

” အမေ.. တစ်နေ့ ဥတစ်လုံး ဥမှ လယ်သမားကြီးရဲ့ဟင်းခွက်ထဲ မရောက်မှာ.. ”

” ကလေး.. နင် မှတ်ထား.. အသက်ရှင် ရပ်တည်မှု ဆိုတာ ဖန်တီး ထုတ်လုပ်မှုရဲ့ တန်ဖိုး၊ သေဆုံးမှု ဆိုတာ အဲဒီတန်ဖိုး မဲ့သွားလို့၊ အရင်က လုပ်ခဲ့သမျှက အနာဂတ် နေရာမြဲဖို့ ဘယ်လိုမှ မစွမ်းဆောင် နိုင်ဘူး၊ အဲဒါကြောင့် နေ့တိုင်း နေ့တိုင်း ကြိုးစား အားထုတ်နေ ရမယ်။ ”

” တကယ်လို့ မင်းက သိမ်းငှက် တစ်ကောင် ဆိုပါစို့၊ ဘယ်သူမှ လက်ခုပ် မတီးလည်း မင်း အမြင့်ပေါ်မှာ ပျံသန်း နေရမယ်။ တကယ်လို့ မင်းက မြက်ကလေး တစ်ပင် ဆိုရင် ဘယ်သူမှ တန်ဖိုး လာမထားလည်း မင်း ရှင်သန် ရမယ်။ ”

” တကယ်လို့ မင်းက ချောက်ကမ်းပါးပေါ်က ပန်းတစ်ပွင့် ဆိုရင် ဘယ်သူမှ လာမွှေးမယ့်သူ မရှိလည်း မင်း မွှေးကြိုင် သင်းပျံ့နေ ရမယ်။ တကယ်လို့ မင်းက ဒီဇိုင်နာ ဆိုရင် ဘယ်သူမှ အားပေးမှု မရှိလည်း မင်းရဲ့ ဖန်တီးမှုကို အမြဲ ပြုလုပ်နေ ရမယ်။ ”

” အလုပ်လုပ်တာ လူတိုင်း အားပေးမှ မင်းအလုပ် လုပ်ရမှာ မဟုတ်ပါဘူး။ အကောင်းဆုံး ရေကုန် ရေခမ်း လုပ်ဖို့သာ မင်းတာဝန်ပါ။ အသက်ရှင် ရပ်တည်ဖို့ လူတိုင်း အချစ်ခံဖို့ မလိုပါဘူး။ အရိုးစင်းဆုံး နေသွား ဖို့သာ မင်း တာဝန်ပါ။ ”

” ကိုယ့်ရဲ့ ရည်မှန်းချက် အတွက် တပါးသူရဲ့ ပြက်ရယ် လှောင်ဖွဲ့ခြင်းကို ခံရမယ်၊ အဲတော့ ဘာဖြစ်လဲ၊ သူတို့ ပြက်ရယ်ကို အောင်မြင်မှုဆီ တပါတည်း ခေါ်သွားပြီး အလှဆင်လိုက် ပေါ့ ။ စိတ်ဓာတ် ကျနေစဉ် မျက်နှာမှာ မပေါ်လွင်နေ စေပါနဲ့၊ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်သူမှ မမြင်ချင် လို့ပါ။ ”

” ဆင်းရဲ ကျပ်တည်း နေလည်း ပါးစပ်က ထုတ် မပြောပါနဲ့ ။ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်သူမှ အလကား ပိုက်ဆံ မထုတ်ပေးပါ။ အလုပ်အကိုင် အရမ်း ပင်ပန်းနေလည်း ထုတ်ဖော် မညည်းညူ လိုက်ပါနဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်သူမှ မင်း အစားထိုး မလုပ်ပေးပါ။ ”

” အသက် ကြာကြာ မရှင်ရ တော့လည်း မကောင်းမှုကို မပြုပါနဲ့ ။ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်သူမှ မင်းအသက်ကို ပိုရှည်အောင် လုပ်နိုင်စွမ်း မရှိလို့ပါ။ အသက်ရှင် ရပ်တည်မှု ခက်ခဲလည်း မျှော်လင့်ချက် မသေဆုံးလိုက် ပါနဲ့၊ ဘာဖြစ်လို့လဲ ဆိုတော့ နောက် မနက်ဖြန်များစွာ ကျန်ရှိနေသေးလို့ ဖြစ်တယ်။ ”

” မင်းဘယ်လောက် ဆိုးသွမ်း ဆိုးသွမ်း မိဘကိုတော့ ရိုသေ ရမယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ မင်းမှာလည်း အိုရမယ့် တစ်ရက် ရှိလို့ ဖြစ်တယ်။ တပါးသူ ကျနော့် နောက်ကျော ဓားနဲ့ ထိုးမှာ မကြောက်ပါဘူး၊ အေး .. ထိုးတဲ့သူက မင်းအချစ်ဆုံးသူ မဖြစ်နေစေနဲ့။ ”

” ကျနော့် စိတ်ထဲ ရှိသမျှ အချစ်ဆုံး သူငယ်ချင်းကို ပြောဖို့ ဝန်မလေးပါဘူး၊ အေး.. သူက မင်းကိစ္စ ကို သူများနဲ့ ဟာသ တစ်ပုဒ်လို အပြောမခံမိ စေနဲ့။ တကယ်လို့ ဝမ်းနည်းစရာ တစ်စုံတစ်ခုကို ကြုံတွေ့တိုင်း ကောင်းကင်ကြီးကို မော့ကြည့်ပါ၊ သူ ဒီလောက်ကြီးတာ.. မင်း ဝှက်ထားစရာ နေရာ တစ်ခုတော့ ရှိမှာပေါ့။ ”

” မင်းကို ကူညီခဲ့ ဖူးတဲ့သူကို မင်းမမေ့နဲ့၊ မင်းကို ချစ်ခဲ့ဖူးတဲ့သူကို စိတ်ဒဏ်ရာ ရအောင် မလုပ်နဲ့၊ မင်းကို ယုံကြည်ခဲ့ ဖူးတဲ့သူကို မလိမ်ညာနဲ့။ အချိန်က အရာအားလုံးကို သက်သေပြနိုင်တယ်လို့ ဘယ်သူမှ အာမမခံနိုင်ဘူး၊ ဒါပေမယ့် မင်း အရာအချို့ကို နားလည် သဘောပေါက် နိုင်မယ်လို့ အာမခံ နိုင်တယ်။ ”

တရုတ်ပညာပေးစာ များကို ဘာသာပြန်ဆို ထားသည်။

အောင်မြင့်သိန်း

for zawgyi

ၾကက္မႀကီးေျပာတဲ့စကား

ၾကက္မႀကီးကို ၾကက္ကေလးက ေမးတယ္ ။

” ေမေမ .. ဒီေန႔ ဥ မဥလို႔ ရလား.. သားတို႔ အျပင္ထြက္ ေလွ်ာက္လည္ၾက မယ္ေလ.. ”

ၾကက္မႀကီးက ” မရဘူးသား၊ ေမေမ့ အလုပ္ ရွိေသးတယ္ ”

” ဒါေပမယ့္ ေမေမ အမ်ားႀကီး ဥခဲ့ ၿပီးၿပီ ေလ ” လို႔ ၾကက္ကေလးက ျပန္ေျပာတယ္ ။

ၾကက္မႀကီးက ေလးေလး နက္နက္ အသံနဲ႔ ၾကက္ကေလးကို ျပန္ေျပာတယ္ ။

” အေမ.. တစ္ေန႔ ဥတစ္လုံး ဥမွ လယ္သမားႀကီးရဲ႕ဟင္းခြက္ထဲ မေရာက္မွာ.. ”

” ကေလး.. နင္ မွတ္ထား.. အသက္ရွင္ ရပ္တည္မႈ ဆိုတာ ဖန္တီး ထုတ္လုပ္မႈရဲ႕ တန္ဖိုး၊ ေသဆုံးမႈ ဆိုတာ အဲဒီတန္ဖိုး မဲ့သြားလို႔၊ အရင္က လုပ္ခဲ့သမွ်က အနာဂတ္ ေနရာၿမဲဖို႔ ဘယ္လိုမွ မစြမ္းေဆာင္ ႏိုင္ဘူး၊ အဲဒါေၾကာင့္ ေန႔တိုင္း ေန႔တိုင္း ႀကိဳးစား အားထုတ္ေန ရမယ္။ ”

” တကယ္လို႔ မင္းက သိမ္းငွက္ တစ္ေကာင္ ဆိုပါစို႔၊ ဘယ္သူမွ လက္ခုပ္ မတီးလည္း မင္း အျမင့္ေပၚမွာ ပ်ံသန္း ေနရမယ္။ တကယ္လို႔ မင္းက ျမက္ကေလး တစ္ပင္ ဆိုရင္ ဘယ္သူမွ တန္ဖိုး လာမထားလည္း မင္း ရွင္သန္ ရမယ္။ ”

” တကယ္လို႔ မင္းက ေခ်ာက္ကမ္းပါးေပၚက ပန္းတစ္ပြင့္ ဆိုရင္ ဘယ္သူမွ လာေမႊးမယ့္သူ မရွိလည္း မင္း ေမႊးႀကိဳင္ သင္းပ်ံ႕ေန ရမယ္။ တကယ္လို႔ မင္းက ဒီဇိုင္နာ ဆိုရင္ ဘယ္သူမွ အားေပးမႈ မရွိလည္း မင္းရဲ႕ ဖန္တီးမႈကို အၿမဲ ျပဳလုပ္ေန ရမယ္။ ”

” အလုပ္လုပ္တာ လူတိုင္း အားေပးမွ မင္းအလုပ္ လုပ္ရမွာ မဟုတ္ပါဘူး။ အေကာင္းဆုံး ေရကုန္ ေရခမ္း လုပ္ဖို႔သာ မင္းတာဝန္ပါ။ အသက္ရွင္ ရပ္တည္ဖို႔ လူတိုင္း အခ်စ္ခံဖို႔ မလိုပါဘူး။ အ႐ိုးစင္းဆုံး ေနသြား ဖို႔သာ မင္း တာဝန္ပါ။ ”

” ကိုယ့္ရဲ႕ ရည္မွန္းခ်က္ အတြက္ တပါးသူရဲ႕ ျပက္ရယ္ ေလွာင္ဖြဲ႕ျခင္းကို ခံရမယ္၊ အဲေတာ့ ဘာျဖစ္လဲ၊ သူတို႔ ျပက္ရယ္ကို ေအာင္ျမင္မႈဆီ တပါတည္း ေခၚသြားၿပီး အလွဆင္လိုက္ ေပါ့ ။ စိတ္ဓာတ္ က်ေနစဥ္ မ်က္ႏွာမွာ မေပၚလြင္ေန ေစပါနဲ႔၊ ဘာျဖစ္လို႔လဲ ဆိုေတာ့ ဘယ္သူမွ မျမင္ခ်င္ လို႔ပါ။ ”

” ဆင္းရဲ က်ပ္တည္း ေနလည္း ပါးစပ္က ထုတ္ မေျပာပါနဲ႔ ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ဘယ္သူမွ အလကား ပိုက္ဆံ မထုတ္ေပးပါ။ အလုပ္အကိုင္ အရမ္း ပင္ပန္းေနလည္း ထုတ္ေဖာ္ မညည္းညဴ လိုက္ပါနဲ႔။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ဘယ္သူမွ မင္း အစားထိုး မလုပ္ေပးပါ။ ”

” အသက္ ၾကာၾကာ မရွင္ရ ေတာ့လည္း မေကာင္းမႈကို မျပဳပါနဲ႔ ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ဘယ္သူမွ မင္းအသက္ကို ပိုရွည္ေအာင္ လုပ္ႏိုင္စြမ္း မရွိလို႔ပါ။ အသက္ရွင္ ရပ္တည္မႈ ခက္ခဲလည္း ေမွ်ာ္လင့္ခ်က္ မေသဆုံးလိုက္ ပါနဲ႔၊ ဘာျဖစ္လို႔လဲ ဆိုေတာ့ ေနာက္ မနက္ျဖန္မ်ားစြာ က်န္ရွိေနေသးလို႔ ျဖစ္တယ္။ ”

” မင္းဘယ္ေလာက္ ဆိုးသြမ္း ဆိုးသြမ္း မိဘကိုေတာ့ ႐ိုေသ ရမယ္၊ ဘာျဖစ္လို႔လဲ ဆိုေတာ့ မင္းမွာလည္း အိုရမယ့္ တစ္ရက္ ရွိလို႔ ျဖစ္တယ္။ တပါးသူ က်ေနာ့္ ေနာက္ေက်ာ ဓားနဲ႔ ထိုးမွာ မေၾကာက္ပါဘူး၊ ေအး .. ထိုးတဲ့သူက မင္းအခ်စ္ဆုံးသူ မျဖစ္ေနေစနဲ႔။ ”

” က်ေနာ့္ စိတ္ထဲ ရွိသမွ် အခ်စ္ဆုံး သူငယ္ခ်င္းကို ေျပာဖို႔ ဝန္မေလးပါဘူး၊ ေအး.. သူက မင္းကိစၥ ကို သူမ်ားနဲ႔ ဟာသ တစ္ပုဒ္လို အေျပာမခံမိ ေစနဲ႔။ တကယ္လို႔ ဝမ္းနည္းစရာ တစ္စုံတစ္ခုကို ႀကဳံေတြ႕တိုင္း ေကာင္းကင္ႀကီးကို ေမာ့ၾကည့္ပါ၊ သူ ဒီေလာက္ႀကီးတာ.. မင္း ဝွက္ထားစရာ ေနရာ တစ္ခုေတာ့ ရွိမွာေပါ့။ ”

” မင္းကို ကူညီခဲ့ ဖူးတဲ့သူကို မင္းမေမ့နဲ႔၊ မင္းကို ခ်စ္ခဲ့ဖူးတဲ့သူကို စိတ္ဒဏ္ရာ ရေအာင္ မလုပ္နဲ႔၊ မင္းကို ယုံၾကည္ခဲ့ ဖူးတဲ့သူကို မလိမ္ညာနဲ႔။ အခ်ိန္က အရာအားလုံးကို သက္ေသျပႏိုင္တယ္လို႔ ဘယ္သူမွ အာမမခံႏိုင္ဘူး၊ ဒါေပမယ့္ မင္း အရာအခ်ိဳ႕ကို နားလည္ သေဘာေပါက္ ႏိုင္မယ္လို႔ အာမခံ ႏိုင္တယ္။ ”

တ႐ုတ္ပညာေပးစာ မ်ားကို ဘာသာျပန္ဆို ထားသည္။

ေအာင္ျမင့္သိန္း