ဗဟုသုတ

တနိုင်တပိုင် ဖြစ်စေစီးပွားဖြစ် ကွမ်းရောင်း လို သူတွေ အတွက် ဆရာစား မချန်သောနည်း”

တနိုင်တပိုင် ဖြစ်စေစီးပွားဖြစ် ကွမ်းရောင်း လို သူတွေ အတွက် ဆရာစား မချန်သောနည်း”

မြန်မာနိုင်ငံမှာ ကွမ်းဆိုင်တွေဟာအရောင်းရဆုံးစာရင်းဝင်ပါတယ်။ဒါကြောင့် ကိုယ့်ဆိုင်က ကွမ်းကောင်းရင်တိုက်နဲ့ ကားပါဝယ်စီးနိုင်ကြတဲ့ အထိပါပဲ။ ဘယ်လိုကောင်းအောင်ရောင်းမလဲဆိုတာကို ဆရာစားမချန်ပေးပါမည်။

ကွမ်း

ကွမ်းဝယ်ရာတွင်စီးပွားရေးအမြင်အရကွမ်း ရွက်သေးသေးကိုသာ ဝယ်ရမည်။အရွက်သေးပါက ပိဿာလိုက် ဝယ်ယူရာတွင် ရွက်ရေများများယပိုရသဖြင့် ကွမ်းယာ အထွက်ပိုခြင်းကြောင့်ဖြစ်သည်။

ကွမ်းရွက်ကို အရင်း(အရိုး)ဘက်နှင့် အဖျားဘက်ကို ညှပ်ထားရသည်။ ကွမ်းရွက်ကိုရေ ဆေးပြီး ဒိန်ချဉ်နှင့်စိမ်ကာ

ကွမ်းဘန်းထဲတွင် ညီညီညာညာ မျှတ လှပအောင်စိမ်ထားနှပ်ထားပါက မိမိဆိုင်မှကွမ်း ယာကို စားလိုက်သည်နှင့် နုနုညံ့ညံ့ အရသာကို ရရှိစေပြီး စားသုံးသူများ အကြိုက်တွေ့စေမည် ဖြစ်ပါသည်။

ထုံး

ထုံးစပ်နည်းအလွယ်နည်း။ကွမ်းယာ ပစ္စည်း ဆိုင်မှ အသင့်ဖောက်ထားသော ထုံးဗူး (ရေသန့်ဗူးနှင့်)ထည့်ထားသောထုံးဗူး သိုမဟုတ် အထုတ်ကိုဝယ်ပါ။

အုန်းနို့(စတိုးဆိုင်မှာ အသင့်သုံးရှိ) မိမိကုန်လောက်မည့်ပမာဏကိုချိန်ပြီး ထုံး ၅ကျပ်သားကို ထမင်းစားဇွန်းဖြင့်အုန်းနို့ တစ်ဇွန်းနှုန်းထည့်ပါ။

ဟင်းချိုမှုံ့ကို အမှုံဖြသ်သည်ထိ ကျိတ်ပြီး ထုံံး၅ကျပ်သားကို လဖက်စားဇွန်း ဇွန်းဝက်မရှိတရှိ /မန်းကျည်စေ့ခန့်ထည့်ပါ ဆားကိုလည်း ကျိတ်ချေပြီးထုံး၅ကျပ်သားကို ဆားအမှုံ့ လဖက်စားဇွန်း တစ်ဇွန်းထည့်ပြီး အဝကျယ်သော အိုး

ခွက်ထဲထည့်ပြီး စုတ်တန်ဖြင့် နှံ့အောင် နာ နာမွှေပြီးစပ်ပါ တအားပြစ်နေလျင်ရေကျက် အေးထည့်ပါ။(ရေစိမ်း လုံးဝ မထည့်ပါနဲ့) မနက်မိုးလင်းရောကပါ ကရေများသွားလျင် အရေကြည်ကို ခပ်ထုတ်ပြီး မိမိရောင်းမည့် ထုံးအိုးထဲသို့ထည့်ပြီး

ကွမ်းယာ ရောင်းလို့ရပါပြီ။ ကွမ်းကစားကောင်း ပြီး ထုံးပေါက်ခြင်း စပ်ခြင်း လုံးဝ မဖြစ်ပါ (ညကတည်းက စပ်ထားရမည် ) မှတ်ချက် ပျားရည် ဆေးသကြာ သံပုရာသီး လုံးဝမထည့်ပါနဲ့ ထုံးချိုသွာလျင် အချို့က မကြိုက်ပါ

(ရေ ရှည်သုံံးရန် ထုံံးစပ်နည်း)

ထုံး ၃ပိဿာ၊ဆား ၅၀-သား၊ ကျောက်ချဉ် ၁၀-သား ပထမအဆင့် ထုံးကို အင်တုံကြီးထဲတွင် ရေအနည်းငယ်ထည့်၍ ခြေပါ။ကျောက်ချဉ် ၁၀-သားကို အမှုန့်ပြုပြီးထည့်ပါ။ နှံ့အောင်မွှေပါ အထက်အောက် နှံ့ပါက ဆား၅၀-သားကိုထည့်လိုက်ပါ

နှံ့အောင်မွှေပါ။ဒုတိယအဆင့် ရေနွေးဆူပြီးသားကို ထုံး ကျောက်ချဉ်ဆားထည့်ပြီးသားထဲကို လောင်းထည့်ပြီးမွှေပါ။ရေထည့်ပြီး ဖုံးအုပ်ပါ။၅-ရက်ခန့်ကြာသော် ထုံးအိုးထဲမှ အရည်ကြည်များကို သွန်ပါ။

ရေအသစ်ကိုထည့်ပြီး တစ်ညအိပ် စိမ်ပါ၊မနက်လင်းရင် အပေါ်ရေကြည်ကိုသွန်။ မြေအိုးမှာထည့်ပြီး ပွက်အောင်ကျိုပါ၊ မီးအနေ တော်လောက် ဆူပွက်လာရင် အအေးခံထား၊ အရေကြည်ကိုသွန်၊ရေပြန်ထည့်၊ ညသိပ်ပြီး မနက်တိုင်း ရေကြည်လဲပေးပါ၊

နေ့စဉ်ရေလဲပေးရမည်။တစ်နေ့စာထုံးကို ရေဖျော်ပြီး ပိတ်ပါးပါးနဲ့စစ်ချပါ။ခဲသလဲတွေစင်ပြီး နုညံ့တဲ့ထုံးကိုရမယ်။ထုံး ကို အချိုမှုန့်နည်းနည်း ဆားနည်းနည်းချိန် ဆထည့်ပါ။ ထုံးကို ရေဖျော်ရာမှာ ရေနွေးသုံးရမယ်။

ဒါက နည်းတစ်မျိုးဖြစ်သည်။ နောက်တစ်နည်းက ထုံးကို အချိန်တစိဆယ် နှစ်ဆယ် စသည်ဖြင့် ဝယ်ထားပါ၊ထုံးကို စဉ့်အိုးများတွင်ထည့်၍ ရေအပြည့်ထည့်ပြီး စိမ်ထားပါ၊ထုံးရေကြည်များကို မကြာခဏ သွန်ပြီးရေအသစ်ထည့်ကာလဲ လှယ်ပေးရမည်။

တစ်ချို့သော ထုံးအိုးများမှာ နှစ်နှင့်ချီကြာအောင်ပင်ရေစိမ်ထားကြရသည်ထို့ကြောင့် ထုံးစပ်ခြင်း၊ ထုံးပေါက်ခြင်း အာနိသင်များ လျော့သွားခြင်းဖြစ်သည်။

ထုံးအိုးများမှ ထုံးကိုတစ်နေ့စာ ရောင်ကုန်မည့်အချိုးအစားကိုကြည့်၍ အသုံးပြုရန် ယူရမည်။ကြေးအိုး(သို့မဟုတ်)မြေအိုး စသည်တို့တွင် ထည့်ပြီး တစ်ညလုံးရေစိမ်ထားရမည်။ နံနက်ဘက်တွင် ရေကြည်များကို သွန်ပြီး ရေအသစ်ထည့်၍ နွားနို့နှင့် သမအောင် ရောမွှေကာ အသုံးပြုရမည် ဖြစ်ပါသည်။

ထုံးမှာ ဆွဲတိုင်း လိုက်ပြီး စားသုံးသူများမှာ အာပေါက်ခြင်း မရှိတော့ချေ။ သို့သော် နိုးရောစပ်ထားသော ထုံးမှာ တစ်နေ့သုံးဖြစ်သဖြင့် မကုန်လျှင် သွန်ပစ်ပြီးအိုးကို သန့်ရှင်းအောင် စင်ကြယ်စွာဆေး ကြောထားရမည်။

ကွမ်းသီး

ဈေးထဲမှ ညှပ်ပြီးရောင်းသော ကွမ်းသီးစိပ်များကို အသုံးမပြုပါနှင့်။ ကွမ်းသီးဝယ်ကာ ကွမ်းသီးခြမ်းကိုရေဝအောင် စိမ်ပြီး ညှပ်ကာ နေပူပူတွင် ကြွပ်အောင် လှန်းထားရသည်။

ယင်းနောက် မပြင်းလွန်း မပူလွန်းသော မီးရှိန်ရှိန်တွင် ကွမ်းသီးကို မတူးအောင် မချစ်အောင် လှော်ပေးရသည်။

ဤကဲ့သို့ လှော်ထားသော ကွမ်းသီးစိပ်မှာ စားရာတွင် ပျင်းတွဲခြင်းမရှိဘဲ ကြွပ်ကြွပ်ရွရွဖြစ်ပြီး စားသူ၏ သွားကို ဝါးချင်ပြီးရင်း ဝါးချင်လာအောင် စွဲဆောင်မှုတစ်မျိုးပင်ဖြစ်သည်။

ရှားစေး

ရှားစေးမှာ ထုံးနှင့်မိတ်ဘက်ဖြစ်သည်။ ထုံးများလျှင်လည်း စားမကောင်း၊ ရှားစေးများလျှင်လည်း စားမကောင်း ဖြစ်တတ်သည်။ရှားစေးမှာ ထုံးကို နိုင်ပေသည်။ သို့ရာတွင် ရှားစေးမများဖို့ လက်အချိန်အ ဆ ကျွမ်းကျင်မှုလိုသည်။

ရှားစေးမှာ ထုံးကဲ့သို့ပင် အိုးထဲတွင် အရည်ဖျော်ကာ စိမ်ထားပြီးနံနက်ဘက်တွင် အဖန်ရည်များ သွန်ပစ်ကာ အာမွှေးဆီထည့်ပြီး သမပေးရမည်။ရှားစေးအနံ့မှာ သင်းပျံ့ပျံ့နှင့် စားသုံးသူများ အ ကြိုက်တွေ့စေမည်ဖြစ်သည်။

ဗမာဆေး

ဆေးကို တစ်နေ့စာအတွက်သာ ကွမ်းတယာသုံး အရွယ်များညှပ်ထားပြီး လေးလံအောင် ထားရမည်။ကျန်ဆေးများကို မကြာခဏ နေပူလှန်းပေးရမည်။အစိုပြန်ခြင်မှ ကာကွယ်ရလေသည်။

လေ သ လပ်ကာ အစိုပြန်ပါက ဆေူအရသာမှာ ပူစပ်ခါးဖြစ်ပြီးအရသာမကောင်းချေ။ယင်းအတွက်ကြောင့် ဆေးကို စက္ကူဖြင့်ပတ်ပြီး စက္ကူပေါ်မှ အဝတ် (သို့မဟုတ်)အိတ်ဖြင့် ပတ်ထားရမည်။

နှပ်ဆေး စပ်နည်း

နှပ်ဆေးအထုတ်ကို ဝယ်ပါ ကော်ဗူး ဖန်ဗူးစသည်ထဲကို ထည့်ပြီး ဆေးအဖတ်ကြီးနေလျင် ကပ်ကျေးဖြင့်ညှပ်ပါ။ ရှောက်ပေါင်း/ သံပုရာအရက်ကို လဘက်ရည်ပုဂံအကြမ်းဖြင့် နှစ်ခွက်ထည့်ပါ ပျားရည်စစ်စစ်ကိုလည်း ထမင်းစားဇွန်းတဝက်လောက်ထည့်ပါ။

ကျွဲရိုင်း/ချပ်ဗူး ဖျော်ရည် တဗူးထည့်ပါ သမအောင် မွှေပြီးညကတည်းက နှပ်ထားပါ မကုန်လျင် ပုပ်ခြင်း နံခြင်းမရှိပဲ ရက်ကြာလေ ပိုကောင်းလေ ဖြစ်ပါတယ်ကွမ်းယာ အဓိကပစ္စည်းများ

၁။ ကွမ်း ၂။ ထုံး ၃။ ကွမ်းသီး ၄။ ရှားစေး ၅။ ဗမာဆေး ၆။ ဗူးဆေး ၇။ပုလင်းဆေး။ အရန်ပစ္စည်းများ – ၁။ အာမွှေး အလုံး ၂။ အာမွှေး(အရည်)ခေါ် ပရုတ်အာမွှေး ၃။ စမုံစပါး ၄။ နံနံစေ့ ၅။ နွယ်ချို အမှုန့်ကြိတ်ပြီး ၆။ နွယ်ခ်ျို အမြစ်

၇။ ကွမ်းစားဂမုန်း ၈။ဘိတ်စေ့ ၉။နှပ်ဆေး၁၀။ပရုပ် ၁၁။လေညှင်း ၁၂။ကွန်းသီးအမှုန့် ၁၃။ဖာလာစေ့ ၁၄။အာမွှေးဆီ(ရှားစေးဖျော်ရာတွင်အသုံးပြုရန်) ၁၅။ ဒိန်ချဉ်(ကွမ်းအတွက်အသုံးပြုရန်) ၁၆။နွားနို့(ထုံးဖျော်ရာတွင် အသုံးပြုရန်)

အထက်ပါ ပစ္စည်များ စုံစုံလင်လင်ရှိပြီး ပြောပြထားသည့် လျှို့ဝှက်ချက်နည်းပညာအတိုင်း ကွမ်းယာဆိုင်ထောင်ကာအသုံးပြုကြမည်ဆိုပါကမိတ်ဆွေ၏ ဆိုင်သည်

အဆင်ပြေ ပြီး လူကြိုက်များသော စားသုံးသူတို့ အသဲစွဲသောကွမ်းယာဆိုင်ကောင်း တစ်ဆိုင်ဖြစ်မည်ဆိုတဲ့အကြောင်း စာချစ်သူ မိတ်ဆွေများနှင့် ရင်းနှီးသော

မိတ်ဆွေများအတွက် ဘဝတွင် လက်တွေ့အသုံးကျစေမည့် ကွမ်းယာ၏ လျှို့ဝှက်ချက် နည်းလမ်းအားစာရေးသူ သိရှိ မှတ်သားမိသမျှ စေတနာ ဆန္ဒအရင်းခံ၍ အသိအမြင် ဗဟုသုများကို မျှးဝေပေးလိုက်ခြင်းဖြစ်ပါသည်။

Credit Ashin Thu Min Ga La

တနိုင္တပိုင္ ျဖစ္ေစစီးပြားျဖစ္ ကြမ္းေရာင္း လို သူေတြ အတြက္ ဆရာစား မခ်န္ေသာနည္း”

ျမန္မာနိုင္ငံမွာ ကြမ္းဆိုင္ေတြဟာအေရာင္းရဆုံးစာရင္းဝင္ပါတယ္။ဒါေၾကာင့္ ကိုယ့္ဆိုင္က ကြမ္းေကာင္းရင္တိုက္နဲ႔ ကားပါဝယ္စီးနိုင္ၾကတဲ့ အထိပါပဲ။ ဘယ္လိုေကာင္းေအာင္ေရာင္းမလဲဆိုတာကို ဆရာစားမခ်န္ေပးပါမည္။

ကြမ္း

ကြမ္းဝယ္ရာတြင္စီးပြားေရးအျမင္အရကြမ္း ရြက္ေသးေသးကိုသာ ဝယ္ရမည္။အရြက္ေသးပါက ပိႆာလိုက္ ဝယ္ယူရာတြင္ ရြက္ေရမ်ားမ်ားယပိုရသျဖင့္ ကြမ္းယာ အထြက္ပိုျခင္းေၾကာင့္ျဖစ္သည္။

ကြမ္းရြက္ကို အရင္း(အရိုး)ဘက္ႏွင့္ အဖ်ားဘက္ကို ညႇပ္ထားရသည္။ ကြမ္းရြက္ကိုေရ ေဆးၿပီး ဒိန္ခ်ဥ္ႏွင့္စိမ္ကာ

ကြမ္းဘန္းထဲတြင္ ညီညီညာညာ မၽွတ လွပေအာင္စိမ္ထားႏွပ္ထားပါက မိမိဆိုင္မွကြမ္း ယာကို စားလိုက္သည္ႏွင့္ ႏုႏုညံ့ညံ့ အရသာကို ရရွိေစၿပီး စားသုံးသူမ်ား အႀကိဳက္ေတြ႕ေစမည္ ျဖစ္ပါသည္။

ထုံး

ထုံးစပ္နည္းအလြယ္နည္း။ကြမ္းယာ ပစၥည္း ဆိုင္မွ အသင့္ေဖာက္ထားေသာ ထုံးဗူး (ေရသန႔္ဗူးႏွင့္)ထည့္ထားေသာထုံးဗူး သိုမဟုတ္ အထုတ္ကိုဝယ္ပါ။

အုန္းနို႔(စတိုးဆိုင္မွာ အသင့္သုံးရွိ) မိမိကုန္ေလာက္မည့္ပမာဏကိုခ်ိန္ၿပီး ထုံး ၅က်ပ္သားကို ထမင္းစားဇြန္းျဖင့္အုန္းနို႔ တစ္ဇြန္းႏႈန္းထည့္ပါ။

ဟင္းခ်ိဳမႈံ႔ကို အမႈံျဖသ္သည္ထိ က်ိတ္ၿပီး ထုံံး၅က်ပ္သားကို လဖက္စားဇြန္း ဇြန္းဝက္မရွိတရွိ /မန္းက်ည္ေစ့ခန႔္ထည့္ပါ ဆားကိုလည္း က်ိတ္ေခ်ၿပီးထုံး၅က်ပ္သားကို ဆားအမႈံ႔ လဖက္စားဇြန္း တစ္ဇြန္းထည့္ၿပီး အဝက်ယ္ေသာ အိုး

ခြက္ထဲထည့္ၿပီး စုတ္တန္ျဖင့္ ႏွံ့ေအာင္ နာ နာေမႊၿပီးစပ္ပါ တအားျပစ္ေနလ်င္ေရက်က္ ေအးထည့္ပါ။(ေရစိမ္း လုံးဝ မထည့္ပါနဲ႔) မနက္မိုးလင္းေရာကပါ ကေရမ်ားသြားလ်င္ အေရၾကည္ကို ခပ္ထုတ္ၿပီး မိမိေရာင္းမည့္ ထုံးအိုးထဲသို႔ထည့္ၿပီး

ကြမ္းယာ ေရာင္းလို႔ရပါၿပီ။ ကြမ္းကစားေကာင္း ၿပီး ထုံးေပါက္ျခင္း စပ္ျခင္း လုံးဝ မျဖစ္ပါ (ညကတည္းက စပ္ထားရမည္ ) မွတ္ခ်က္ ပ်ားရည္ ေဆးသၾကာ သံပုရာသီး လုံးဝမထည့္ပါနဲ႔ ထုံးခ်ိဳသြာလ်င္ အခ်ိဳ႕က မႀကိဳက္ပါ

(ေရ ရွည္သုံံးရန္ ထုံံးစပ္နည္း)

ထုံး ၃ပိႆာ၊ဆား ၅၀-သား၊ ေက်ာက္ခ်ဥ္ ၁၀-သား ပထမအဆင့္ ထုံးကို အင္တုံႀကီးထဲတြင္ ေရအနည္းငယ္ထည့္၍ ေျခပါ။ေက်ာက္ခ်ဥ္ ၁၀-သားကို အမႈန႔္ျပဳၿပီးထည့္ပါ။ ႏွံ့ေအာင္ေမႊပါ အထက္ေအာက္ ႏွံ့ပါက ဆား၅၀-သားကိုထည့္လိုက္ပါ

ႏွံ့ေအာင္ေမႊပါ။ဒုတိယအဆင့္ ေရေႏြးဆူၿပီးသားကို ထုံး ေက်ာက္ခ်ဥ္ဆားထည့္ၿပီးသားထဲကို ေလာင္းထည့္ၿပီးေမႊပါ။ေရထည့္ၿပီး ဖုံးအုပ္ပါ။၅-ရက္ခန႔္ၾကာေသာ္ ထုံးအိုးထဲမွ အရည္ၾကည္မ်ားကို သြန္ပါ။

ေရအသစ္ကိုထည့္ၿပီး တစ္ညအိပ္ စိမ္ပါ၊မနက္လင္းရင္ အေပၚေရၾကည္ကိုသြန္။ ေျမအိုးမွာထည့္ၿပီး ပြက္ေအာင္က်ိဳပါ၊ မီးအေန ေတာ္ေလာက္ ဆူပြက္လာရင္ အေအးခံထား၊ အေရၾကည္ကိုသြန္၊ေရျပန္ထည့္၊ ညသိပ္ၿပီး မနက္တိုင္း ေရၾကည္လဲေပးပါ၊

ေန႔စဥ္ေရလဲေပးရမည္။တစ္ေန႔စာထုံးကို ေရေဖ်ာ္ၿပီး ပိတ္ပါးပါးနဲ႔စစ္ခ်ပါ။ခဲသလဲေတြစင္ၿပီး ႏုညံ့တဲ့ထုံးကိုရမယ္။ထုံး ကို အခ်ိဳမႈန႔္နည္းနည္း ဆားနည္းနည္းခ်ိန္ ဆထည့္ပါ။ ထုံးကို ေရေဖ်ာ္ရာမွာ ေရေႏြးသုံးရမယ္။

ဒါက နည္းတစ္မ်ိဳးျဖစ္သည္။ ေနာက္တစ္နည္းက ထုံးကို အခ်ိန္တစိဆယ္ ႏွစ္ဆယ္ စသည္ျဖင့္ ဝယ္ထားပါ၊ထုံးကို စဉ့္အိုးမ်ားတြင္ထည့္၍ ေရအျပည့္ထည့္ၿပီး စိမ္ထားပါ၊ထုံးေရၾကည္မ်ားကို မၾကာခဏ သြန္ၿပီးေရအသစ္ထည့္ကာလဲ လွယ္ေပးရမည္။

တစ္ခ်ိဳ႕ေသာ ထုံးအိုးမ်ားမွာ ႏွစ္ႏွင့္ခ်ီၾကာေအာင္ပင္ေရစိမ္ထားၾကရသည္ထို႔ေၾကာင့္ ထုံးစပ္ျခင္း၊ ထုံးေပါက္ျခင္း အာနိသင္မ်ား ေလ်ာ့သြားျခင္းျဖစ္သည္။

ထုံးအိုးမ်ားမွ ထုံးကိုတစ္ေန႔စာ ေရာင္ကုန္မည့္အခ်ိဳးအစားကိုၾကည့္၍ အသုံးျပဳရန္ ယူရမည္။ေၾကးအိုး(သို႔မဟုတ္)ေျမအိုး စသည္တို႔တြင္ ထည့္ၿပီး တစ္ညလုံးေရစိမ္ထားရမည္။ နံနက္ဘက္တြင္ ေရၾကည္မ်ားကို သြန္ၿပီး ေရအသစ္ထည့္၍ ႏြားနို႔ႏွင့္ သမေအာင္ ေရာေမႊကာ အသုံးျပဳရမည္ ျဖစ္ပါသည္။

ထုံးမွာ ဆြဲတိုင္း လိုက္ၿပီး စားသုံးသူမ်ားမွာ အာေပါက္ျခင္း မရွိေတာ့ေခ်။ သို႔ေသာ္ နိုးေရာစပ္ထားေသာ ထုံးမွာ တစ္ေန႔သုံးျဖစ္သျဖင့္ မကုန္လၽွင္ သြန္ပစ္ၿပီးအိုးကို သန႔္ရွင္းေအာင္ စင္ၾကယ္စြာေဆး ေၾကာထားရမည္။

ကြမ္းသီး

ေဈးထဲမွ ညႇပ္ၿပီးေရာင္းေသာ ကြမ္းသီးစိပ္မ်ားကို အသုံးမျပဳပါႏွင့္။ ကြမ္းသီးဝယ္ကာ ကြမ္းသီးျခမ္းကိုေရဝေအာင္ စိမ္ၿပီး ညႇပ္ကာ ေနပူပူတြင္ ႂကြပ္ေအာင္ လွန္းထားရသည္။

ယင္းေနာက္ မျပင္းလြန္း မပူလြန္းေသာ မီးရွိန္ရွိန္တြင္ ကြမ္းသီးကို မတူးေအာင္ မခ်စ္ေအာင္ ေလွာ္ေပးရသည္။

ဤကဲ့သို႔ ေလွာ္ထားေသာ ကြမ္းသီးစိပ္မွာ စားရာတြင္ ပ်င္းတြဲျခင္းမရွိဘဲ ႂကြပ္ႂကြပ္ရြရြျဖစ္ၿပီး စားသူ၏ သြားကို ဝါးခ်င္ၿပီးရင္း ဝါးခ်င္လာေအာင္ စြဲေဆာင္မႈတစ္မ်ိဳးပင္ျဖစ္သည္။

ရွားေစး

ရွားေစးမွာ ထုံးႏွင့္မိတ္ဘက္ျဖစ္သည္။ ထုံးမ်ားလၽွင္လည္း စားမေကာင္း၊ ရွားေစးမ်ားလၽွင္လည္း စားမေကာင္း ျဖစ္တတ္သည္။ရွားေစးမွာ ထုံးကို နိုင္ေပသည္။ သို႔ရာတြင္ ရွားေစးမမ်ားဖို႔ လက္အခ်ိန္အ ဆ ကၽြမ္းက်င္မႈလိုသည္။

ရွားေစးမွာ ထုံးကဲ့သို႔ပင္ အိုးထဲတြင္ အရည္ေဖ်ာ္ကာ စိမ္ထားၿပီးနံနက္ဘက္တြင္ အဖန္ရည္မ်ား သြန္ပစ္ကာ အာေမႊးဆီထည့္ၿပီး သမေပးရမည္။ရွားေစးအနံ့မွာ သင္းပ်ံ႕ပ်ံ႕ႏွင့္ စားသုံးသူမ်ား အ ႀကိဳက္ေတြ႕ေစမည္ျဖစ္သည္။

ဗမာေဆး

ေဆးကို တစ္ေန႔စာအတြက္သာ ကြမ္းတယာသုံး အရြယ္မ်ားညႇပ္ထားၿပီး ေလးလံေအာင္ ထားရမည္။က်န္ေဆးမ်ားကို မၾကာခဏ ေနပူလွန္းေပးရမည္။အစိုျပန္ျခင္မွ ကာကြယ္ရေလသည္။

ေလ သ လပ္ကာ အစိုျပန္ပါက ေဆူအရသာမွာ ပူစပ္ခါးျဖစ္ၿပီးအရသာမေကာင္းေခ်။ယင္းအတြက္ေၾကာင့္ ေဆးကို စကၠဴျဖင့္ပတ္ၿပီး စကၠဴေပၚမွ အဝတ္ (သို႔မဟုတ္)အိတ္ျဖင့္ ပတ္ထားရမည္။

ႏွပ္ေဆး စပ္နည္း

ႏွပ္ေဆးအထုတ္ကို ဝယ္ပါ ေကာ္ဗူး ဖန္ဗူးစသည္ထဲကို ထည့္ၿပီး ေဆးအဖတ္ႀကီးေနလ်င္ ကပ္ေက်းျဖင့္ညႇပ္ပါ။ ေရွာက္ေပါင္း/ သံပုရာအရက္ကို လဘက္ရည္ပုဂံအၾကမ္းျဖင့္ ႏွစ္ခြက္ထည့္ပါ ပ်ားရည္စစ္စစ္ကိုလည္း ထမင္းစားဇြန္းတဝက္ေလာက္ထည့္ပါ။

ကၽြဲရိုင္း/ခ်ပ္ဗူး ေဖ်ာ္ရည္ တဗူးထည့္ပါ သမေအာင္ ေမႊၿပီးညကတည္းက ႏွပ္ထားပါ မကုန္လ်င္ ပုပ္ျခင္း နံျခင္းမရွိပဲ ရက္ၾကာေလ ပိုေကာင္းေလ ျဖစ္ပါတယ္ကြမ္းယာ အဓိကပစၥည္းမ်ား

၁။ ကြမ္း ၂။ ထုံး ၃။ ကြမ္းသီး ၄။ ရွားေစး ၅။ ဗမာေဆး ၆။ ဗူးေဆး ၇။ပုလင္းေဆး။ အရန္ပစၥည္းမ်ား – ၁။ အာေမႊး အလုံး ၂။ အာေမႊး(အရည္)ေခၚ ပ႐ုတ္အာေမႊး ၃။ စမုံစပါး ၄။ နံနံေစ့ ၅။ ႏြယ္ခ်ိဳ အမႈန႔္ႀကိတ္ၿပီး ၆။ ႏြယ္ခ္်ိဳ အျမစ္

၇။ ကြမ္းစားဂမုန္း ၈။ဘိတ္ေစ့ ၉။ႏွပ္ေဆး၁၀။ပ႐ုပ္ ၁၁။ေလညႇင္း ၁၂။ကြန္းသီးအမႈန႔္ ၁၃။ဖာလာေစ့ ၁၄။အာေမႊးဆီ(ရွားေစးေဖ်ာ္ရာတြင္အသုံးျပဳရန္) ၁၅။ ဒိန္ခ်ဥ္(ကြမ္းအတြက္အသုံးျပဳရန္) ၁၆။ႏြားနို႔(ထုံးေဖ်ာ္ရာတြင္ အသုံးျပဳရန္)

အထက္ပါ ပစၥည္မ်ား စုံစုံလင္လင္ရွိၿပီး ေျပာျပထားသည့္ လၽွို႔ဝွက္ခ်က္နည္းပညာအတိုင္း ကြမ္းယာဆိုင္ေထာင္ကာအသုံးျပဳၾကမည္ဆိုပါကမိတ္ေဆြ၏ ဆိုင္သည္

အဆင္ေၿပ ၿပီး လူႀကိဳက္မ်ားေသာ စားသုံးသူတို႔ အသဲစြဲေသာကြမ္းယာဆိုင္ေကာင္း တစ္ဆိုင္ျဖစ္မည္ဆိုတဲ့အေၾကာင္း စာခ်စ္သူ မိတ္ေဆြမ်ားႏွင့္ ရင္းႏွီးေသာ

မိတ္ေဆြမ်ားအတြက္ ဘဝတြင္ လက္ေတြ႕အသုံးက်ေစမည့္ ကြမ္းယာ၏ လၽွို႔ဝွက္ခ်က္ နည္းလမ္းအားစာေရးသူ သိရွိ မွတ္သားမိသမၽွ ေစတနာ ဆႏၵအရင္းခံ၍ အသိအျမင္ ဗဟုသုမ်ားကို မၽွးေဝေပးလိုက္ျခင္းျဖစ္ပါသည္။

Credit Ashin Thu Min Ga La