EPC မီး အခက္အခဲေၾကာင့္ ဆိုလာ တပ္ဆင္ရမလား၊ မီးစက္ပဲ ဝယ္ရမလား ေဝခြဲမရသူေတြအတြက္မ်ွေ၀ေပးလိုက္ပါတယ္…
EPC မီးရေပမယ့္ မီးက မၾကာမၾကာပ်က္… အေရးအေၾကာင္းဆို အားကို မရဘူးျဖစ္ေနတဲ့အတြက္ မီးစက္ (or) ဆိုလာ တစ္ခုခုေတာ့ လုပ္မွ ျဖစ္မယ္ဆိုတဲ့ သူမ်ား
ဒီေဆာင္းပါးကို ဖတ္ၿပီး အေတြး တစ္ခုခုရသြားၾကမယ္လို႔ ယုံၾကည့္ပါတယ္။ သာမန္ (လူလတ္တန္းစား) မိသားစု ေနအိမ္တစ္လုံးစာအတြက္ လွ်ပ္စစ္ သုံးစြဲမႈပုံစံ အမ်ိဳးမ်ိဳး ရွိၾကပါလိမ့္မယ္။
ပုံမွန္အားျဖင့္ မျဖစ္မေန Lighting ေတာ့ အနည္းဆုံး သုံးၾကရမွာ ျဖစ္ၿပီး၊ ယေန႔ ေခတ္အေလ်ာက္ TV၊ စေလာင္းမ်ား အသုံးျပဳျခင္း၊ ထမင္းေပါင္းအိုးမ်ား အသုံးျပဳျခင္း၊ ဒယ္နီအိုးမ်ား အသုံးျပဳျခင္း၊
ေရေႏြးအိုးမ်ား အသုံးျပဳျခင္း၊ ပန္ကာ အသုံးျပဳျခင္း၊ မီးပူ အသုံးျပဳျခင္း၊ ေရခဲေသတၱာအသုံးျပဳျခင္း၊ အဝတ္ေလ်ာ္စက္ အသုံးျပဳျခင္း၊ ေရေမာ္တာ အသုံးျပဳျခင္း၊ ညအိပ္ခ်ိန္ အဲကြန္း (၁လုံး) အသုံးျပဳျခင္း၊
Computer၊ Phone၊ CCTV၊ Wifi စသည္ျဖင့္ အသုံးျပဳၾကပါလိမ့္မယ္။ အထက္ပါ သုံးစြဲမႈမ်ိဳးဟာ လွ်ပ္စစ္သုံးစြဲမႈ အၾကမ္းအားျဖင့္ စုစုေပါင္း 10KW ေလာက္ ရွိ ေနပါလိမ့္မယ္။
ပွ်မ္းမွ်အားျဖင့္ မိသားစု လူေနမႈပုံစံ အလိုက္ 3KW၊ 5KW၊ 10KW စသည္ျဖင့္ လွ်ပ္စစ္သုံးစြဲမႈ မ်ိဳးစုံ ရွိၾကပါတယ္။ မိသားစုရဲ႕ လွ်ပ္စစ္သုံးစြဲမႈ အလိုက္ 3- 5- 10Kw ရွိၾကသူမ်ားဟာ ယခုအခ်ိန္မွာ မီးစက္ပဲ ဝယ္ထားရမလား၊
Solar System ပဲ တပ္ဆင္ထားရမလား ေဝခြဲမရ ျဖစ္ေန တတ္ပါတယ္။ အိမ္ တစ္အိမ္ဟာ Solar တပ္ဆင္မယ္ဆိုရင္ အဲကြန္းတစ္လုံး ပါဝင္ အသုံးျပဳေနပါက 3KW အနည္းဆုံး တပ္ဆင္ရမွာျဖစ္ၿပီး၊
အဲကြန္း အလုံးေရမ်ားရင္ မ်ားသေလာက္ တြက္ခ်က္ၿပီး လိုက္ဖက္ညီေသာ KW ကို ေ႐ြးခ်ယ္တပ္ဆင္ရမွာ ျဖစ္ပါတယ္။ ထို႔အတူ မီးစက္ အသုံးျပဳပါကလည္း လိုက္ဖက္ညီေသာ KW ကို ဝယ္ယူရမွာပဲ ျဖစ္ပါတယ္။
ဆိုလာ တပ္ဆင္မယ္ဆိုရင္ မီးစက္ထက္ ကနဦး ကုန္က်စရိတ္ ႀကီးမားေစမွာ အေသခ်ာပင္ျဖစ္ေသာ္လည္း ေနာက္ပိုင္းမွာ အားသာခ်က္ေတြ မ်ားစြာ ရွိေနမည္မွာ မလြဲေပ။
မီးစက္ ဝယ္မယ္ဆိုက ကနဦး ကုန္က်စရိတ္ဟာ Solar တပ္ဆင္မႈထက္ သက္သာေနမွာျဖစ္ေပမယ့္ ေနာက္ပိုင္း ကုန္က်မႈမွာ မေသးလွေပ။
ထို႔အျပင္ ထိန္းသိမ္းမႈ အပိုင္းေရာ… စက္ကိုင္တတ္၊ ႏိုးတတ္၊ ရပ္တပ္မႈကလည္း နားလည္ဖို႔ လိုပါေသးတယ္။ ႏွစ္မ်ိဳးစလုံးမွာေတာ့ အားနည္းခ်က္ အားသာခ်က္ ကိုယ္စီ ရွိၾကပါတယ္။
ဆိုလာႏွင့္ မီးစက္တို႕၏ အားနည္းခ်က္… အားသာခ်က္မ်ား
Solar ဟာ ကနဦးတပ္ဆင္ခ ကုန္က်စရိတ္ ႀကီးမားေသာ္လည္း တပ္ဆင္မႈ ၿပီးစီးက လွည့္ၾကည့္စရာ သိပ္မလိုအပ္ေတာ့ေပ။
မီးစက္ကေတာ့ ကနဦး ဝယ္ယူခ ကုန္က်စရိတ္ သက္သာေသာ္လည္း ေနာက္ပိုင္း ပါးပါးလွီး၍ သမ ပါတယ္။ အလုပ္ရႈပ္တယ္၊ မိသားစုထဲမွာ လုပ္တတ္ ကိုင္တတ္သူ နားလည္သူရွိမွ အလုပ္ျဖစ္မယ့္ ပုံစံမ်ိဳးပါ။
ဆိုလာဟာ ေနရာေဒသ ေ႐ြးခ်ယ္ရပါတယ္… (ဥပမာ- ေနေရာင္ျခည္ က်ေရာက္မႈ အားနည္းေသာေဒသမ်ားမွာ မတပ္ဆင္သင့္ေပ)။ မီးစက္ကေတာ့ ဒါကို ထည့္တြက္ရန္ မလိုေပ။
Solar ဟာ အကုန္အက်ခံၿပီး ကြၽမ္းက်င္သူမ်ားျဖင့္ ေသခ်ာ က်က်နန တပ္ဆင္ၿပီးရင္ေတာ့ ကိစၥၿပီးၿပီ ျဖစ္ပါတယ္။ ေနာက္ေနာင္ အခ်ိန္ၾကာျမင့္ေအာင္ လွည့္ၾကည့္စရာ မလိုအပ္ေပ။
မီးစက္ကေတာ့ ဝယ္ယူ တပ္ဆင္ၿပီးေသာ္လည္း မၿပီးျပတ္ေသးေပ။ စက္ဆီ ဝယ္ရျခင္း၊ ဆီ ေလွာင္ထားရျခင္း၊ ဆီ ထည့္ေပးရျခင္း၊ ေရထည့္ရျခင္း အင္ဂ်င္ဝိုင္မ်ား
မၾကာခဏ စစ္ေဆးရျခင္း၊ စက္အေၾကာင္း အနည္းငယ္ နားလည္ထားသူမွသာ ႏိုးျခင္း ရပ္ျခင္ းျပဳလုပ္ႏိုင္ျခင္း အစရွိတာေတြ က်န္ပါဦးမယ္။
ဆိုလာဟာ လွည့္ၾကည့္စရာ မလိုျခင္း၊ ပတ္ဝန္းက်င္ကိုလည္း ဆူညံမႈ မေပးျခင္း၊ စနစ္ရဲ႕လုပ္ေဆာင္ခ်က္အားလုံး Auto System စနစ္ ျဖစ္ေသာေၾကာင့္ ဘာဆိုဘာမွ လုပ္ေပးေနစရာ မလိုေပ။
မီးစက္ သည္ နားၿငီးေစျခင္း၊ ပတ္ဝန္းက်င္ကို ဆူညံေစျခင္း၊ ဂ႐ုစိုက္ ထိန္းသိမ္းေပးရျခင္းမ်ား ရွိပါတယ္။ Solar ဟာ EPC မီးမွန္သည္ ျဖစ္ေစ၊ မမွန္သည္ ျဖစ္ေစ သူ႔ဘာသာ Auto အလုပ္ လုပ္ေပးေန၍
သက္တမ္းၾကာလာသမွ် မီတာခ သက္သာရာရၿပီး ကုန္က်စရိတ္ ကာမိေစပါတယ္။ မီးစက္ကေတာ့ EPC မီးမွန္သြားရင္ေတာ့ ႏႈိးစရာ မလိုအပ္ေတာ့ေပ။ ဒါေပမဲ့ မႏႈိးတာၾကာရင္ေတာ့ အဆင္မေျပ ျဖစ္တတ္တဲ့အတြက္ ထိန္းသိမ္ းဂ႐ုစိုက္ထားေပးရျခင္း၊
EPC မီး မရရင္လည္း စက္ေမာင္းဆီ ကုန္က်စရိတ္ အင္ဂ်င္ဝိုင္ ကုန္က်စရိတ္ စသည္ျဖင့္ ထပ္မံ ကုန္က်ရျခင္းတို႔ ရွိပါတယ္။
မည္သို႔ပင္ဆိုေစကာမူ Solar ဟာ ကနဦး တပ္ဆင္စရိတ္ ႀကီးမားသည္မွ လြဲရင္ ေနာက္ပိုင္းကိစၥ အားလုံးသည္ လွည့္ၾကည့္စရာ မလိုဘဲ အေတာ္ေလး အဆင္ေျပေခ်ာေမြ႕ေနသည္ကို ေတြ႕ရွိရပါတယ္။
အေရးႀကီးတာကေတာ့ Solar တပ္ဆင္မယ္ ဆိုပါက ေပါေခ်ာင္ေကာင္း မဆင္ၾကဖို႔ပါပဲ။
မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။
Unicode
EPC မီး အခက်အခဲကြောင့် ဆိုလာ တပ်ဆင်ရမလား၊ မီးစက်ပဲ ဝယ်ရမလား ဝေခွဲမရသူတွေအတွက်မျှဝေပေးလိုက်ပါတယ်…
EPC မီးရပေမယ့် မီးက မကြာမကြာပျက်… အရေးအကြောင်းဆို အားကို မရဘူးဖြစ်နေတဲ့အတွက် မီးစက် (or) ဆိုလာ တစ်ခုခုတော့ လုပ်မှ ဖြစ်မယ်ဆိုတဲ့ သူများ
ဒီဆောင်းပါးကို ဖတ်ပြီး အတွေး တစ်ခုခုရသွားကြမယ်လို့ ယုံကြည့်ပါတယ်။ သာမန် (လူလတ်တန်းစား) မိသားစု နေအိမ်တစ်လုံးစာအတွက် လျှပ်စစ် သုံးစွဲမှုပုံစံ အမျိုးမျိုး ရှိကြပါလိမ့်မယ်။
ပုံမှန်အားဖြင့် မဖြစ်မနေ Lighting တော့ အနည်းဆုံး သုံးကြရမှာ ဖြစ်ပြီး၊ ယနေ့ ခေတ်အလျောက် TV၊ စလောင်းများ အသုံးပြုခြင်း၊ ထမင်းပေါင်းအိုးများ အသုံးပြုခြင်း၊ ဒယ်နီအိုးများ အသုံးပြုခြင်း၊
ရေနွေးအိုးများ အသုံးပြုခြင်း၊ ပန်ကာ အသုံးပြုခြင်း၊ မီးပူ အသုံးပြုခြင်း၊ ရေခဲသေတ္တာအသုံးပြုခြင်း၊ အဝတ်လျော်စက် အသုံးပြုခြင်း၊ ရေမော်တာ အသုံးပြုခြင်း၊ ညအိပ်ချိန် အဲကွန်း (၁လုံး) အသုံးပြုခြင်း၊
Computer၊ Phone၊ CCTV၊ Wifi စသည်ဖြင့် အသုံးပြုကြပါလိမ့်မယ်။ အထက်ပါ သုံးစွဲမှုမျိုးဟာ လျှပ်စစ်သုံးစွဲမှု အကြမ်းအားဖြင့် စုစုပေါင်း 10KW လောက် ရှိ နေပါလိမ့်မယ်။
ပျှမ်းမျှအားဖြင့် မိသားစု လူနေမှုပုံစံ အလိုက် 3KW၊ 5KW၊ 10KW စသည်ဖြင့် လျှပ်စစ်သုံးစွဲမှု မျိုးစုံ ရှိကြပါတယ်။ မိသားစုရဲ့ လျှပ်စစ်သုံးစွဲမှု အလိုက် 3- 5- 10Kw ရှိကြသူများဟာ ယခုအချိန်မှာ မီးစက်ပဲ ဝယ်ထားရမလား၊
Solar System ပဲ တပ်ဆင်ထားရမလား ဝေခွဲမရ ဖြစ်နေ တတ်ပါတယ်။ အိမ် တစ်အိမ်ဟာ Solar တပ်ဆင်မယ်ဆိုရင် အဲကွန်းတစ်လုံး ပါဝင် အသုံးပြုနေပါက 3KW အနည်းဆုံး တပ်ဆင်ရမှာဖြစ်ပြီး၊
အဲကွန်း အလုံးရေများရင် များသလောက် တွက်ချက်ပြီး လိုက်ဖက်ညီသော KW ကို ရွေးချယ်တပ်ဆင်ရမှာ ဖြစ်ပါတယ်။ ထို့အတူ မီးစက် အသုံးပြုပါကလည်း လိုက်ဖက်ညီသော KW ကို ဝယ်ယူရမှာပဲ ဖြစ်ပါတယ်။
ဆိုလာ တပ်ဆင်မယ်ဆိုရင် မီးစက်ထက် ကနဦး ကုန်ကျစရိတ် ကြီးမားစေမှာ အသေချာပင်ဖြစ်သော်လည်း နောက်ပိုင်းမှာ အားသာချက်တွေ များစွာ ရှိနေမည်မှာ မလွဲပေ။
မီးစက် ဝယ်မယ်ဆိုက ကနဦး ကုန်ကျစရိတ်ဟာ Solar တပ်ဆင်မှုထက် သက်သာနေမှာဖြစ်ပေမယ့် နောက်ပိုင်း ကုန်ကျမှုမှာ မသေးလှပေ။
ထို့အပြင် ထိန်းသိမ်းမှု အပိုင်းရော… စက်ကိုင်တတ်၊ နိုးတတ်၊ ရပ်တပ်မှုကလည်း နားလည်ဖို့ လိုပါသေးတယ်။ နှစ်မျိုးစလုံးမှာတော့ အားနည်းချက် အားသာချက် ကိုယ်စီ ရှိကြပါတယ်။
ဆိုလာနှင့် မီးစက်တို့၏ အားနည်းချက်… အားသာချက်များ
Solar ဟာ ကနဦးတပ်ဆင်ခ ကုန်ကျစရိတ် ကြီးမားသော်လည်း တပ်ဆင်မှု ပြီးစီးက လှည့်ကြည့်စရာ သိပ်မလိုအပ်တော့ပေ။
မီးစက်ကတော့ ကနဦး ဝယ်ယူခ ကုန်ကျစရိတ် သက်သာသော်လည်း နောက်ပိုင်း ပါးပါးလှီး၍ သမ ပါတယ်။ အလုပ်ရှုပ်တယ်၊ မိသားစုထဲမှာ လုပ်တတ် ကိုင်တတ်သူ နားလည်သူရှိမှ အလုပ်ဖြစ်မယ့် ပုံစံမျိုးပါ။
ဆိုလာဟာ နေရာဒေသ ရွေးချယ်ရပါတယ်… (ဥပမာ- နေရောင်ခြည် ကျရောက်မှု အားနည်းသောဒေသများမှာ မတပ်ဆင်သင့်ပေ)။ မီးစက်ကတော့ ဒါကို ထည့်တွက်ရန် မလိုပေ။
Solar ဟာ အကုန်အကျခံပြီး ကျွမ်းကျင်သူများဖြင့် သေချာ ကျကျနန တပ်ဆင်ပြီးရင်တော့ ကိစ္စပြီးပြီ ဖြစ်ပါတယ်။ နောက်နောင် အချိန်ကြာမြင့်အောင် လှည့်ကြည့်စရာ မလိုအပ်ပေ။
မီးစက်ကတော့ ဝယ်ယူ တပ်ဆင်ပြီးသော်လည်း မပြီးပြတ်သေးပေ။ စက်ဆီ ဝယ်ရခြင်း၊ ဆီ လှောင်ထားရခြင်း၊ ဆီ ထည့်ပေးရခြင်း၊ ရေထည့်ရခြင်း အင်ဂျင်ဝိုင်များ
မကြာခဏ စစ်ဆေးရခြင်း၊ စက်အကြောင်း အနည်းငယ် နားလည်ထားသူမှသာ နိုးခြင်း ရပ်ခြင် းပြုလုပ်နိုင်ခြင်း အစရှိတာတွေ ကျန်ပါဦးမယ်။
ဆိုလာဟာ လှည့်ကြည့်စရာ မလိုခြင်း၊ ပတ်ဝန်းကျင်ကိုလည်း ဆူညံမှု မပေးခြင်း၊ စနစ်ရဲ့လုပ်ဆောင်ချက်အားလုံး Auto System စနစ် ဖြစ်သောကြောင့် ဘာဆိုဘာမှ လုပ်ပေးနေစရာ မလိုပေ။
မီးစက် သည် နားငြီးစေခြင်း၊ ပတ်ဝန်းကျင်ကို ဆူညံစေခြင်း၊ ဂရုစိုက် ထိန်းသိမ်းပေးရခြင်းများ ရှိပါတယ်။ Solar ဟာ EPC မီးမှန်သည် ဖြစ်စေ၊ မမှန်သည် ဖြစ်စေ သူ့ဘာသာ Auto အလုပ် လုပ်ပေးနေ၍
သက်တမ်းကြာလာသမျှ မီတာခ သက်သာရာရပြီး ကုန်ကျစရိတ် ကာမိစေပါတယ်။ မီးစက်ကတော့ EPC မီးမှန်သွားရင်တော့ နှိုးစရာ မလိုအပ်တော့ပေ။ ဒါပေမဲ့ မနှိုးတာကြာရင်တော့ အဆင်မပြေ ဖြစ်တတ်တဲ့အတွက် ထိန်းသိမ် းဂရုစိုက်ထားပေးရခြင်း၊
EPC မီး မရရင်လည်း စက်မောင်းဆီ ကုန်ကျစရိတ် အင်ဂျင်ဝိုင် ကုန်ကျစရိတ် စသည်ဖြင့် ထပ်မံ ကုန်ကျရခြင်းတို့ ရှိပါတယ်။
မည်သို့ပင်ဆိုစေကာမူ Solar ဟာ ကနဦး တပ်ဆင်စရိတ် ကြီးမားသည်မှ လွဲရင် နောက်ပိုင်းကိစ္စ အားလုံးသည် လှည့်ကြည့်စရာ မလိုဘဲ အတော်လေး အဆင်ပြေချောမွေ့နေသည်ကို တွေ့ရှိရပါတယ်။
အရေးကြီးတာကတော့ Solar တပ်ဆင်မယ် ဆိုပါက ပေါချောင်ကောင်း မဆင်ကြဖို့ပါပဲ။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။