ၾကားသိရသမွ်

ပြွန်တန်ဆာမြို့ ပင်းသလဲ ကျောင်းကွေ့မှာ မီးလောင်းကျွမ်းနေတဲ့ ရုပ်သံဖိုင်

ပြွန်တန်ဆာမြို့ ပင်းသလဲ ကျောင်းကွေ့မှာ လို့သိရ…

ရုပ်သံဖိုင်ကိုအောက်ဆုံးမှာ ဖေါ်ပြပေးထားပါတယ်

ပထမအကြိမ် လောင်ကျွမ်းခဲ့တဲ့ဖြစ်စဉ်

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ မြို့မ(၂)ရပ်ကွက်ရှိ ပြွန်တန်ဆာဈေး၌ ဖေဖော်ဝါရီ

၁၀ ရက်နံနက် ၂ နာရီခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်….

ဖြစ်စဉ်မှာ ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ မြို့မ(၂)ရပ်ကွက်ရှိ ပြွန်တန်ဆာဈေး၌ မီးလောင်မှုဖြစ်ပွား နေကြောင်း

အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး ဖုန်းဆက်သတင်းပေးမှုကြောင့် ပြွန်တန်ဆာ နယ်မြေရဲစခန်းမှ

စခန်းမှူးရဲအုပ် ရဲသူရဖြိုးဝေအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးသိန်းထိုက်၊

သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက မီးသတ်ရေယာဉ်သုံးစီး၊

ရေသယ်ယာဉ်ငါးစီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၂ နာရီခွဲတွင် မီးငြိမ်းသွားသည်။

မီးလောင်မှုကြောင့် ၁၀ ပေပတ်လည် အုတ်ညှပ်သွပ်မိုးဆိုင်ခန်း ၁၇ ခန်းခန့်နှင့်ဆိုင်ခန်းအတွင်းရှိပစ္စည်းများ စုစုပေါင်းခန့်မှန်း

တန်ဖိုးငွေကျပ် ၂၇၆၂၅၀၀၀ ခန့်မီးလောင်ဆုံးရှုံးခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက

စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

နေလင်း(ညောင်လေးပင်)

ယခုလက်ရှိ ထပ်မံလောင်ကျွမ်းနေတဲ့ ပြွန်တန်ဆာမြို့ ပင်းသလဲ ကျောင်းကွေ့ ရုပ်သံဖိုင်ပါနော်

 

Zawgyim














နေလင်း(ညောင်လေးပင်)


Video Player