ရင့်ကျက်တယ်ဆိုတာ တကယ်တော့ မလွယ်ပါဘူး။ လူတစ်ယောက် ရင့်ကျက်လာဖို့ဆိုတာ အသက်အရွယ် အပိုင်းအခြားပေါ်မှာ မူတည်တာမဟုတ်ဘဲ၊ သူ့ရဲ့ ဘဝ
အတွေ့အကြုံအပေါ်မှာသာ မူတည်နေတာပါ။ တကယ်လို့သင်ဟာ ဒီအချက်တွေနဲ့ ကိုက်ညီနေတယ်၊ ဒီအရာတွေကိုကြုံဖူးတယ်ဆိုရင်တော့ အသက်အရွယ်ပဲဖြစ်ဖြစ်
သင်ဟာ ရင့်ကျက်နေပါပြီ။
(၁) အားမတန်လို့ မာန်လျှော့ခဲ့ရဖူးတယ်
သင့်ဘဝမှာ သင်ဘယ်လောက်ပဲ မှန်နေခဲ့ရင်တောင် တစ်ဖက်လူက ကိုယ့်ကိုနိုင့်ထက်စီးနင်း လာလုပ်တဲ့အခါ၊ ဒါမှမဟုတ် မတရားတာတစ်ခုခု တွေ့ရတဲ့အခါ၊ ကြုံရတဲ့
အခါတွေမှာ အားမတန်လို့ မာန်လျှော့ခဲ့ရဖူးတယ်ဆိုရင်တော့ သင်ဟာ ရင့်ကျက်နေပါပြီ။ ဒါဟာ လူတော်တော်များများ မလုပ်နိုင်တဲ့ မိမိရဲ့ အခြေအနေကို မိမိဘာသာ
မိမိ ကောင်းစွာသိရှိ နားလည်ခြင်းဖြစ်ပါတယ်။
(၂) လိုချင်စိတ်တွေကို ထိန်းချုပ်ခဲ့ဖူးတယ်
သင်ဝယ်ချင်တဲ့ ပစ္စည်းတွေ၊ သင်သွားချင်တဲ့ နေရာတွေ၊ သင်စားချင်တဲ့ အစားအစာတွေနဲ့ သင်လုပ်ချင်တဲ့ အရာတွေကို ပိုက်ဆံကြောင့်ပဲဖြစ်ဖြစ်၊ တခြားအကြောင်း
အမျိုးမျိုးကြောင့် ထိန်းချုပ်ခဲ့ဖူးတယ်ဆိုရင်တော့ သင်ဟာ ရင့်ကျက်နေပါပြီ။ အကြောင်းကတော့ လောကမှာ တစ်ခါတလေ လိုချင်တိုင်းလည်း လိုအပ်တာမဟုတ်ဘူး
ဆိုတာကို သင် ကောင်းကောင်း နားလည်လက်ခံထားလို့ပါ။
(၃) အသည်းကွဲဖူးတယ်
အသည်းကွဲဖူးတဲ့သူတွေဟာ အသည်းမကွဲဖူးတဲ့သူတွေထက် ရင့်ကျက်ပါတယ်။ သူတို့ဘဝမှာ ချစ်တိုင်းလည်းမညားဘူး ဆိုတာကို လက်တွေ့သိရှိသွားကြလို့ပါ။ ဒါ့
အပြင် ဘယ်လောက်ပဲ ကတိတွေပေးခဲ့ပေးခဲ့၊ ဘယ်လောက်ပဲ ချစ်ခဲ့ကြပါစေ အချိန်တန်လို့ လမ်းခွဲကြတဲ့အခါ အချစ်မှာ ဘာအာမခံချက်၊ ဘာအလျော်အစားမှ မရှိ
ဘူးဆိုတာကို ရင်ဘတ်တစ်ခုလုံးနဲ့ရင်းပြီး လက်တွေ့ သိရှိခံစားဖူးလိုက်လို့ပါ။
(၄) မိသားစုကို ငဲ့ညှာဖူးတယ်
သင့်ဘဝမှာ သင့်ရဲ့ဆန္ဒတွေနဲ့ သင့်ရဲ့စိတ်ပျော်ရွှင်စေမယ့်အရာတွေကို မိသားစုကြောင့် လက်လွှတ်ခဲ့ရဖူးတယ်၊ မိသားစုကိုငဲ့ညာပြီး ဆန္ဒတွေကို မြိုသိပ်ထိန်းချုပ်ခဲ့ရဖူး
တယ်ဆိုရင်တော့ သင်ဟာ ရင့်ကျက်နေပါပြီ။ သင့်ဘဝမှာ သွေးသားသံယောဇဉ်ရဲ့နက်ရှိုင်းပုံကို သိရှိခံစားရုံသာမက လူတော်တော်များများ မလုပ်နိုင်တဲ့ မိသားစုကိုငဲ့
ညာခြင်းကို သင်လုပ်နိုင်ခဲ့လို့ပါ။
(၅) လူသိရှင်ကြား ကောင်းမပြတော့ဘူး
တစ်ချို့လူတွေဟာ ကောင်းမှုတစ်ခုခုလုပ်တဲ့အခါ လူများတွေသိအောင် ဟိုးလေးတကြော်ကြော် လုပ်တတ်ကြပါတယ်။ ဒါပေမယ့်သင်ကတော့ ကောင်းမှုလုပ်ရင်ပဲ
ဖြစ်ဖြစ်၊ သင့်ကို ဂုဏ်တက်သွားစေမယ့် အရာတစ်ခုခုကို လုပ်ရင်ပဲဖြစ်ဖြစ်၊ လူသိရှင်ကြားတွေ လုပ်မနေတော့ပဲ တိုးတိုးတိတ်တိတ်လေးသာ လုပ်တတ်တယ်၊ လူတွေ
သိသိမသိသိ ကိုယ့်ကိုယ်ကိုသိဖို့ပဲ အရေးကြီးတယ်လို့ ခံယူထားသူဆိုရင်တော့ သင်ဟာရင့်ကျက်နေပါပြီ။
zawgyi
ရင့္က်က္တယ္ဆိုတာ တကယ္ေတာ့ မလြယ္ပါဘူး။ လူတစ္ေယာက္ ရင့္က်က္လာဖို႔ဆိုတာ အသက္အ႐ြယ္ အပိုင္းအျခားေပၚမွာ မူတည္တာမဟုတ္ဘဲ၊ သူ႔ရဲ႕ ဘဝအေ
တြ႕အႀကဳံအေပၚမွာသာ မူတည္ေနတာပါ။ တကယ္လို႔သင္ဟာ ဒီအခ်က္ေတြနဲ႔ ကိုက္ညီေနတယ္၊ ဒီအရာေတြကိုႀကဳံဖူးတယ္ဆိုရင္ေတာ့ အသက္အ႐ြယ္ပဲျဖစ္ျ
ဖစ္ သင္ဟာ ရင့္က်က္ေနပါၿပီ။
(၁) အားမတန္လို႔ မာန္ေလွ်ာ့ခဲ့ရဖူးတယ္
သင့္ဘဝမွာ သင္ဘယ္ေလာက္ပဲ မွန္ေနခဲ့ရင္ေတာင္ တစ္ဖက္လူက ကိုယ့္ကိုႏိုင့္ထက္စီးနင္း လာလုပ္တဲ့အခါ၊ ဒါမွမဟုတ္ မတရားတာတစ္ခုခု ေတြ႕ရတဲ့အခါ၊ ႀကဳံရတဲ့အ
ခါေတြမွာ အားမတန္လို႔ မာန္ေလွ်ာ့ခဲ့ရဖူးတယ္ဆိုရင္ေတာ့ သင္ဟာ ရင့္က်က္ေနပါၿပီ။ ဒါဟာ လူေတာ္ေတာ္မ်ားမ်ား မလုပ္ႏိုင္တဲ့ မိမိရဲ႕ အေျခအေနကို မိမိ
ဘာသာမိမိ ေကာင္းစြာသိရွိ နားလည္ျခင္းျဖစ္ပါတယ္။
(၂) လိုခ်င္စိတ္ေတြကို ထိန္းခ်ဳပ္ခဲ့ဖူးတယ္
သင္ဝယ္ခ်င္တဲ့ ပစၥည္းေတြ၊ သင္သြားခ်င္တဲ့ ေနရာေတြ၊ သင္စားခ်င္တဲ့ အစားအစာေတြနဲ႔ သင္လုပ္ခ်င္တဲ့ အရာေတြကို ပိုက္ဆံေၾကာင့္ပဲျဖစ္ျဖစ္၊ တျခားအေၾကာင္း
အမ်ိဳးမ်ိဳးေၾကာင့္ ထိန္းခ်ဳပ္ခဲ့ဖူးတယ္ဆိုရင္ေတာ့ သင္ဟာ ရင့္က်က္ေနပါၿပီ။ အေၾကာင္းကေတာ့ ေလာကမွာ တစ္ခါတေလ လိုခ်င္တိုင္းလည္း လိုအပ္တာမဟုတ္ဘူး
ဆိုတာကို သင္ ေကာင္းေကာင္း နားလည္လက္ခံထားလို႔ပါ။
(၃) အသည္းကြဲဖူးတယ္
အသည္းကြဲဖူးတဲ့သူေတြဟာ အသည္းမကြဲဖူးတဲ့သူေတြထက္ ရင့္က်က္ပါတယ္။ သူတို႔ဘဝမွာ ခ်စ္တိုင္းလည္းမညားဘူး ဆိုတာကို လက္ေတြ႕သိရွိသြားၾ
ကလို႔ပါ။ ဒါ့အျပင္ ဘယ္ေလာက္ပဲ ကတိေတြေပးခဲ့ေပးခဲ့၊ ဘယ္ေလာက္ပဲ ခ်စ္ခဲ့ၾကပါေစ အခ်ိန္တန္လို႔ လမ္းခြဲၾကတဲ့အခါ အခ်စ္မွာ ဘာအာမခံခ်က္၊ ဘာအေ
လ်ာ္အစားမွ မရွိဘူးဆိုတာကို ရင္ဘတ္တစ္ခုလုံးနဲ႔ရင္းၿပီး လက္ေတြ႕ သိရွိခံစားဖူးလိုက္လို႔ပါ။
(၄) မိသားစုကို ငဲ့ညႇာဖူးတယ္
သင့္ဘဝမွာ သင့္ရဲ႕ဆႏၵေတြနဲ႔ သင့္ရဲ႕စိတ္ေပ်ာ္႐ႊင္ေစမယ့္အရာေတြကို မိသားစုေၾကာင့္ လက္လႊတ္ခဲ့ရဖူးတယ္၊ မိသားစုကိုငဲ့ညာၿပီး ဆႏၵေတြကို ၿမိဳသိ
ပ္ထိန္းခ်ဳပ္ခဲ့ရဖူးတယ္ဆိုရင္ေတာ့ သင္ဟာ ရင့္က်က္ေနပါၿပီ။ သင့္ဘဝမွာ ေသြးသားသံေယာဇဥ္ရဲ႕နက္ရႈိင္းပုံကို သိရွိခံစား႐ုံသာမက လူေတာ္ေတာ္မ်ားမ်ား မလု
ပ္ႏိုင္တဲ့ မိသားစုကိုငဲ့ညာျခင္းကို သင္လုပ္ႏိုင္ခဲ့လို႔ပါ။
(၅) လူသိရွင္ၾကား ေကာင္းမျပေတာ့ဘူး
တစ္ခ်ိဳ႕လူေတြဟာ ေကာင္းမႈတစ္ခုခုလုပ္တဲ့အခါ လူမ်ားေတြသိေအာင္ ဟိုးေလးတေၾကာ္ေၾကာ္ လုပ္တတ္ၾကပါတယ္။ ဒါေပမယ့္သင္ကေတာ့ ေကာင္း
မႈလုပ္ရင္ပဲျဖစ္ျဖစ္၊ သင့္ကို ဂုဏ္တက္သြားေစမယ့္ အရာတစ္ခုခုကို လုပ္ရင္ပဲျဖစ္ျဖစ္၊ လူသိရွင္ၾကားေတြ လုပ္မေနေတာ့ပဲ တိုးတိုးတိတ္တိတ္ေလးသာ လုပ္တတ္တယ္၊ လူေ
တြသိသိမသိသိ ကိုယ့္ကိုယ္ကိုသိဖို႔ပဲ အေရးႀကီးတယ္လို႔ ခံယူထားသူဆိုရင္ေတာ့ သင္ဟာရင့္က်က္ေနပါၿပီ။



