ဂျပန်ပြည် အိုဆာကာ တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ ဂျပန်မျိုး (wagyu) အမဲသားကို ဓာတ်ခွဲခန်းထဲမှာ သရီးဒီ ပရင့် ထုတ်နိုင်တဲ့နည်းကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။
ဒါဟာ နောင်တချိန်မှာ အသား အစစ်နဲ့ အတော် နီးနီးစပ်စပ် ဆင်တူတဲ့ အသားတုကို ရေရှည် ကျယ်ကျယ် ပြန့်ပြန့် ထုတ်လုပ်နိုင်ဖို့ အတွက် ခြေလှမ်းတခုလို့ ယုံကြည် နေကြပါတယ်။
သိပ္ပံပညာရှင်တွေဟာ ဂျပန် နွားတွေဆီက ဆဲလ်တွေကို သုံးပြီး ဂျပန် အမဲသားတွေရဲ့ ထူးခြားလက္ခဏာ ဖြစ်တဲ့ ကောက်ကြောင်း အဆင်အသွေးမျိုးကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။
သိပ္ပံပညာရှင်တွေဟာ အမဲသား ဆဲလ်တွေကို သီးခြား ခွဲထုတ်ပြီး ကြွက်သား၊ အကြော၊ အဆီ တို့ကို ဘယ်လို ထပ်ဆင့်သင့်လဲ ဆိုတာ စီစဉ်နိုင်ခဲ့ပါတယ်။
အဲဒီလို စီစဉ်ထားတဲ့ တစ်ရှူးတွေကို သက်ရှိ တစ်ရှူး အစစ်တွေနဲ့ ဆင်တူအောင် ဆဲလ် ဖွဲ့စည်း တည်ဆောက်ပုံတွေကို အဆင့်ဆင့် အထပ်ထပ် ပြုလုပ်နိုင်တဲ့ သရီးဒီ ဇီဝ ပရင့်ထုတ်နည်းကို သုံးပြီး အသားပျဉ် ပုံစံရအောင် ပုံသွင်းခဲ့ကြပါတယ်။
သုတေသန သမားတွေကတော့ အခုလို ဂျပန် အမဲသားပျဉ်ကို တိတိကျကျ သရီးဒီ ပရင့် ထုတ်နိုင်တာဟာ အနာဂတ်မှာ အသားအစစ်တွေနဲ့ မနီးယိုးစွဲတူတဲ့ သက်သတ်လွတ် အသားကို ရေရှည် ထုတ်လုပ်ဖို့ ကြီးမားတဲ့ အဆင့်တဆင့်လို့ ယုံကြည်ကြပါတယ်။
“ဒီနည်းပညာကို ဒီ့ထက် တိုးတက်အောင် လုပ်သွားမယ်ဆိုရင် ရှုပ်ထွေးတဲ့ အသား တည်ဆောက်ပုံတွေ ပြန်ဖန်တီးနိုင်လာမယ်။ ဥပမာ ဂျပန် အမဲသားရဲ့ လှပတဲ့ ကောက်ကြောင်း အဆင်လိုမျိုးပေါ့။ နောက်ပြီး အဆီနဲ့ ကြွက်သား ပါဝင်တဲ့ အချိုးကိုလဲ မသိမသာလေး ညှိလို့ရမယ်” လို့ လေ့လာမှုမှာ ပါဝင်တဲ့ သုတေသန သမား တဦးဖြစ်တဲ့ Michiya Matsusaki က ဆိုပါတယ်။
ဒီလိုတွေ ချိန်ညှိနိုင်မယ်ဆိုရင် အနာဂတ် ကာလမှာ စားသုံးသူတွေဟာ သူတို့ ကျန်းမာရေးနဲ့ ကိုက်ညီပြီး အရသာအရ သူတို့ စိတ်ကြိုက်ဖြစ်မဲ့ အဆီ ပမာဏနဲ့ အသားကို မှာယူ စားသုံးနိုင်တော့မယ်လို့ သူက ဆိုပါတယ်။
ဂျပန် အမဲသားဟာ သိပ်ဈေးကြီးတယ်လို့ နာမည်ကြီးပါတယ်။ အရည်အသွေးကောင်းတဲ့ ဂျပန် အမဲသား တပေါင်ကို ဒေါ်လာ ၂၀၀ ရှိပြီး အရွယ်ရောက် ဂျပန် နွားတကောင်ကို ဒေါ်လာ ၃၀၀၀၀ ကျော်နဲ့ ရောင်းချပါတယ်။ ၂၀၁၉ ခုနှစ် တုန်းက ဂျပန် အမဲသား တင်ပို့မှုဟာ ဒေါ်လာ ၂၆၈.၈ သန်း အမြတ်ငွေ ရခဲ့ပြီး စံချိန်တင်ခဲ့ပါတယ်။
ဒါပေမဲ့လဲ ဒီလို ဇီဝနည်းနဲ့ ပရင့်ထုတ်တဲ့ သက်သတ်လွတ် အသားမျိုးကို ဝါးခွင့်ရဖို့တော့ အချိန်ကြာကြာ စောင့်ဆိုင်းရအုံးမှာ ဖြစ်ပါတယ်။
အမေရိကန် စိုက်ပျိုးရေး ဌာန (USDA) နဲ့ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကွဲရေး ဦးစီးဌာန (FDA) တို့က ဒီလို ထုတ်ကုန်မျိုးတွေ အတွက် မူဘောင် မဖန်တီးရသေးဘူးလို့ ဝါရှင်တန်ပို့စ် သတင်းစာအရ သိရပါတယ်။
Credit
zawgyi
ဂ်ပန္ျပည္ အိုဆာကာ တကၠသိုလ္က သိပၸံပညာရွင္ေတြဟာ ဂ်ပန္မ်ိဳး (wagyu) အမဲသားကို ဓာတ္ခြဲခန္းထဲမွာ သရီးဒီ ပရင့္ ထုတ္ႏိုင္တဲ့နည္းကို ရွာေဖြ ေတြ႕ရွိခဲ့ပါတယ္။
ဒါဟာ ေနာင္တခ်ိန္မွာ အသား အစစ္နဲ႔ အေတာ္ နီးနီးစပ္စပ္ ဆင္တူတဲ့ အသားတုကို ေရရွည္ က်ယ္က်ယ္ ျပန႔္ျပန႔္ ထုတ္လုပ္ႏိုင္ဖို႔ အတြက္ ေျခလွမ္းတခုလို႔ ယုံၾကည္ ေနၾကပါတယ္။
သိပၸံပညာရွင္ေတြဟာ ဂ်ပန္ ႏြားေတြဆီက ဆဲလ္ေတြကို သုံးၿပီး ဂ်ပန္ အမဲသားေတြရဲ႕ ထူးျခားလကၡဏာ ျဖစ္တဲ့ ေကာက္ေၾကာင္း အဆင္အေသြးမ်ိဳးကို ဖန္တီးခဲ့တာ ျဖစ္ပါတယ္။
သိပၸံပညာရွင္ေတြဟာ အမဲသား ဆဲလ္ေတြကို သီးျခား ခြဲထုတ္ၿပီး ႂကြက္သား၊ အေၾကာ၊ အဆီ တို႔ကို ဘယ္လို ထပ္ဆင့္သင့္လဲ ဆိုတာ စီစဥ္ႏိုင္ခဲ့ပါတယ္။
အဲဒီလို စီစဥ္ထားတဲ့ တစ္ရႉးေတြကို သက္ရွိ တစ္ရႉး အစစ္ေတြနဲ႔ ဆင္တူေအာင္ ဆဲလ္ ဖြဲ႕စည္း တည္ေဆာက္ပုံေတြကို အဆင့္ဆင့္ အထပ္ထပ္ ျပဳလုပ္ႏိုင္တဲ့ သရီးဒီ ဇီဝ ပရင့္ထုတ္နည္းကို သုံးၿပီး အသားပ်ဥ္ ပုံစံရေအာင္ ပုံသြင္းခဲ့ၾကပါတယ္။
သုေတသန သမားေတြကေတာ့ အခုလို ဂ်ပန္ အမဲသားပ်ဥ္ကို တိတိက်က် သရီးဒီ ပရင့္ ထုတ္ႏိုင္တာဟာ အနာဂတ္မွာ အသားအစစ္ေတြနဲ႔ မနီးယိုးစြဲတူတဲ့ သက္သတ္လြတ္ အသားကို ေရရွည္ ထုတ္လုပ္ဖို႔ ႀကီးမားတဲ့ အဆင့္တဆင့္လို႔ ယုံၾကည္ၾကပါတယ္။
“ဒီနည္းပညာကို ဒီ့ထက္ တိုးတက္ေအာင္ လုပ္သြားမယ္ဆိုရင္ ရႈပ္ေထြးတဲ့ အသား တည္ေဆာက္ပုံေတြ ျပန္ဖန္တီးႏိုင္လာမယ္။ ဥပမာ ဂ်ပန္ အမဲသားရဲ႕ လွပတဲ့ ေကာက္ေၾကာင္း အဆင္လိုမ်ိဳးေပါ့။ ေနာက္ၿပီး အဆီနဲ႔ ႂကြက္သား ပါဝင္တဲ့ အခ်ိဳးကိုလဲ မသိမသာေလး ညႇိလို႔ရမယ္” လို႔ ေလ့လာမႈမွာ ပါဝင္တဲ့ သုေတသန သမား တဦးျဖစ္တဲ့ Michiya Matsusaki က ဆိုပါတယ္။
ဒီလိုေတြ ခ်ိန္ညႇိႏိုင္မယ္ဆိုရင္ အနာဂတ္ ကာလမွာ စားသုံးသူေတြဟာ သူတို႔ က်န္းမာေရးနဲ႔ ကိုက္ညီၿပီး အရသာအရ သူတို႔ စိတ္ႀကိဳက္ျဖစ္မဲ့ အဆီ ပမာဏနဲ႔ အသားကို မွာယူ စားသုံးႏိုင္ေတာ့မယ္လို႔ သူက ဆိုပါတယ္။
ဂ်ပန္ အမဲသားဟာ သိပ္ေဈးႀကီးတယ္လို႔ နာမည္ႀကီးပါတယ္။ အရည္အေသြးေကာင္းတဲ့ ဂ်ပန္ အမဲသား တေပါင္ကို ေဒၚလာ ၂၀၀ ရွိၿပီး အ႐ြယ္ေရာက္ ဂ်ပန္ ႏြားတေကာင္ကို ေဒၚလာ ၃၀၀၀၀ ေက်ာ္နဲ႔ ေရာင္းခ်ပါတယ္။ ၂၀၁၉ ခုႏွစ္ တုန္းက ဂ်ပန္ အမဲသား တင္ပို႔မႈဟာ ေဒၚလာ ၂၆၈.၈ သန္း အျမတ္ေငြ ရခဲ့ၿပီး စံခ်ိန္တင္ခဲ့ပါတယ္။
ဒါေပမဲ့လဲ ဒီလို ဇီဝနည္းနဲ႔ ပရင့္ထုတ္တဲ့ သက္သတ္လြတ္ အသားမ်ိဳးကို ဝါးခြင့္ရဖို႔ေတာ့ အခ်ိန္ၾကာၾကာ ေစာင့္ဆိုင္းရအုံးမွာ ျဖစ္ပါတယ္။
အေမရိကန္ စိုက္ပ်ိဳးေရး ဌာန (USDA) နဲ႔ အစားအေသာက္နဲ႔ ေဆးဝါး ကြပ္ကြဲေရး ဦးစီးဌာန (FDA) တို႔က ဒီလို ထုတ္ကုန္မ်ိဳးေတြ အတြက္ မူေဘာင္ မဖန္တီးရေသးဘူးလို႔ ဝါရွင္တန္ပို႔စ္ သတင္းစာအရ သိရပါတယ္။
Credit