ဧရာဝတီဘဏ်ရဲ့ ငွေသယ်ဆောင်လာတဲ့ယာဉ်ကို ဓါးပြတိုက်သူတွေကို ဖမ်းမိ
ငွေအားလုံး ပြန်သိမ်းဆည်းရမိတယ်လို့ စစ်ကောင်စီထုတ်ပြန်
ပဲခူးတိုင်းဒေသကြီး၊ ဘူလယ်အင်း ကျေးရွာ အနီးမှာ ဧရာဝတီဘဏ်ရဲ့ ငွေသယ်ဆောင်လာတဲ့ယာဉ်ကို လူတစ်စုက ယာဉ်ထိန်းရဲနဲ့ရဲတပ်ဖွဲ့ဝင်တွေအယောင်ဆောင်ကာ ဓါးပြတိုက်ယူမှုတစ်ခုမနေ့က စက်တင်ဘာ ၁၃ ရက်ကဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်လာပါတယ်။
ဧရာဝတီဘဏ်ရုံးချုပ်ဝန်ထမ်းတွေ သယ်ဆောင်လာတဲ့ မော်တော်ယာဉ်ကိုယာဉ်ထိန်းရဲဝတ်စုံနဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဝတ်စုံဝတ်ဆင်ထားတဲ့ လူ ၇ ဦးက တားဆီးခဲ့ပြီးယာဉ်ပေါ်ပါ ငွေကျပ် သိန်းလေးသောင်းခန့် ကိုယူဆောင်သွားတာဖြစ်တယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဧရာဝတီဘဏ်ရဲ့သတင်းပေးအကြောင်းကြားမှုကြောင့် ဘဏ်ရဲ့ငွေသယ်ယာဉ်ကို ဓါးပြတိုက်ခဲ့တယ်လို့စွပ်စွဲခံရသူတွေကို ပဲခူးမြို့အတွင်းမှာပဲ ဖမ်းဆီးရမိခဲ့ပြီး ယူဆောင်သွားတဲ့ ငွေကျပ် သိန်းလေးသောင်းခန့် နဲ့အတူ အသုံးပြုခဲ့တဲ့လက်နက်တွေကို အချိန် ၉ နာရီအတွင်းဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
ဓါးပြတိုက်မှုမှာ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦးနဲ့ အတူလက်နက်တွေကိုသိမ်းဆည်းပေးခဲ့တဲ့ သီလရှင် ၂ပါးလည်း ဖြစ်စဉ်မှာပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။
ပြည်တွင်းမှာ အာဏာသိမ်းပြီးတဲ့နောက် ဘဏ်တွေကို ဓါးပြတိုက်တယ်ဆိုတဲ့ဖြစ်စဉ်တွေအနေနဲ့ရန်ကုန်မြို့မှာရှိတဲ့ ကမ္ဘာ့ရတနာဘဏ်မှာ နှစ်ကြိမ် ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်မှာ တစ်ကြိမ်ဖြစ်ခဲ့ပြီး ငွေသိန်းထောင်ချီဆုံးရှုံးခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဘဏ်တွေက သတင်းထုတ်ပြန်တာမရှိခဲ့ပါဘူး။စစ်ကောင်စီဘက်ကတော့ ရန်ကုန်မြို့မရမ်းကုန်းမြို့နယ်မှာဖြစ်ခဲ့တဲ့ ကမ္ဘာ့ရတနာဘဏ်မှာတော့ တရားခံတွေကိုဖမ်းဆီးရမိဖို့ ကြိုးစားနေတယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဓါတ်ပုံ- AYA ဖေ့ဘွတ်ခ် , ပုံစာ- ရန်ကုန်မြို့ကဧရာဝတီဘဏ်ခွဲတစ်ခုကိုတွေ့ရစဉ် (ပုံဟောင်း)
Crd – ဘီဘီစီမြန်မာပိုင်း
———-
ဧရာဝတီဘဏ္ရဲ႕ ေငြသယ္ေဆာင္လာတဲ့ယာဥ္ကို ဓါးျပတိုက္သူေတြကို ဖမ္းမိ
ေငြအားလုံး ျပန္သိမ္းဆည္းရမိတယ္လို႔ စစ္ေကာင္စီထုတ္ျပန္
ပဲခူးတိုင္းေဒသႀကီး၊ ဘူလယ္အင္း ေက်း႐ြာ အနီးမွာ ဧရာဝတီဘဏ္ရဲ႕ ေငြသယ္ေဆာင္လာတဲ့ယာဥ္ကို လူတစ္စုက ယာဥ္ထိန္းရဲနဲ႔ရဲတပ္ဖြဲ႕ဝင္ေတြအေယာင္ေဆာင္ကာ ဓါးျပတိုက္ယူမႈတစ္ခုမေန႔က စက္တင္ဘာ ၁၃ ရက္ကျဖစ္ပြားခဲ့တယ္လို႔ စစ္ေကာင္စီဘက္က ထုတ္ျပန္လာပါတယ္။
ဧရာဝတီဘဏ္႐ုံးခ်ဳပ္ဝန္ထမ္းေတြ သယ္ေဆာင္လာတဲ့ ေမာ္ေတာ္ယာဥ္ကိုယာဥ္ထိန္းရဲဝတ္စုံနဲ႔ရဲတပ္ဖြဲ႕ဝင္ေတြရဲ႕ ဝတ္စုံဝတ္ဆင္ထားတဲ့ လူ ၇ ဦးက တားဆီးခဲ့ၿပီးယာဥ္ေပၚပါ ေငြက်ပ္ သိန္းေလးေသာင္းခန႔္ ကိုယူေဆာင္သြားတာျဖစ္တယ္လို႔စစ္ေကာင္စီရဲ႕ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။
ဧရာဝတီဘဏ္ရဲ႕သတင္းေပးအေၾကာင္းၾကားမႈေၾကာင့္ ဘဏ္ရဲ႕ေငြသယ္ယာဥ္ကို ဓါးျပတိုက္ခဲ့တယ္လို႔စြပ္စြဲခံရသူေတြကို ပဲခူးၿမိဳ႕အတြင္းမွာပဲ ဖမ္းဆီးရမိခဲ့ၿပီး ယူေဆာင္သြားတဲ့ ေငြက်ပ္ သိန္းေလးေသာင္းခန႔္ နဲ႔အတူ အသုံးျပဳခဲ့တဲ့လက္နက္ေတြကို အခ်ိန္ ၉ နာရီအတြင္းဖမ္းဆီးရမိခဲ့တယ္လို႔ဆိုပါတယ္။
ဓါးျပတိုက္မႈမွာ အမ်ိဳးသား ၃ ဦး၊ အမ်ိဳးသမီး ၄ ဦးနဲ႔ အတူလက္နက္ေတြကိုသိမ္းဆည္းေပးခဲ့တဲ့ သီလရွင္ ၂ပါးလည္း ျဖစ္စဥ္မွာပါဝင္တယ္လို႔ ထုတ္ျပန္ခ်က္မွာေတြ႕ရပါတယ္။
ျပည္တြင္းမွာ အာဏာသိမ္းၿပီးတဲ့ေနာက္ ဘဏ္ေတြကို ဓါးျပတိုက္တယ္ဆိုတဲ့ျဖစ္စဥ္ေတြအေနနဲ႔ရန္ကုန္ၿမိဳ႕မွာရွိတဲ့ ကမာၻ႔ရတနာဘဏ္မွာ ႏွစ္ႀကိမ္ ရွမ္းျပည္နယ္ ေက်ာက္မဲၿမိဳ႕နယ္မွာ တစ္ႀကိမ္ျဖစ္ခဲ့ၿပီး ေငြသိန္းေထာင္ခ်ီဆုံးရႈံးခဲ့တယ္ဆိုတဲ့ သတင္းေတြထြက္ေပၚခဲ့ပါတယ္။
ဒီျဖစ္စဥ္ေတြနဲ႔ပတ္သက္ၿပီး သက္ဆိုင္ရာဘဏ္ေတြက သတင္းထုတ္ျပန္တာမရွိခဲ့ပါဘူး။စစ္ေကာင္စီဘက္ကေတာ့ ရန္ကုန္ၿမိဳ႕မရမ္းကုန္းၿမိဳ႕နယ္မွာျဖစ္ခဲ့တဲ့ ကမာၻ႔ရတနာဘဏ္မွာေတာ့ တရားခံေတြကိုဖမ္းဆီးရမိဖို႔ ႀကိဳးစားေနတယ္လို႔သတင္းထုတ္ျပန္ခဲ့ပါတယ္။
ဓါတ္ပုံ- AYA ေဖ့ဘြတ္ခ္ , ပုံစာ- ရန္ကုန္ၿမိဳ႕ကဧရာဝတီဘဏ္ခြဲတစ္ခုကိုေတြ႕ရစဥ္ (ပုံေဟာင္း)
Crd – ဘီဘီစီျမန္မာပိုင္း