၂၀၂၁ခုနှစ် အောက်တိုဘာ လ(၁)ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့၌မြန်မာတစ်နိုင်ငံလုံးရှိ ဘိုးဘွားများအနက် အသက်အကြီးဆုံးအဘွားအဖြစ် သတ်မှတ်ခြင်းခံရသော သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ရှမ်းရွာအုပ်စု၊ သရက်ပင်ကန်ရွာမှ အဘွားဒေါ်ထွေး (၁၂၈)နှစ်အား
အောက်တိုဘာလ(၉) ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးနှင့် တာဝန်ရှိသူများသည်
အိမ်တိုင်ရာရောက် သွားရောက်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးသည့် ငွေကျပ်(၁၀)သိန်းအား ထောက်ပံ့ပေးအပ် ကန်တော့ခဲ့ကြကြောင်းသိရသည်။

Source-SittNaing