မိဘတိုင်းက သူတို့အသက်ရှိနေစဥ်လေးမှာ သားသမီးတွေကို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီး တစ်အိုးတစ်အိမ်ထောင်ထူကာ အဆင်ပြေပြေ မိသားစုကမ္ဘာလေးနဲ့ ဖြတ်သန်းစေချင်ကြသည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံ ကျေးလက်ဒေသတွင် နေထိုင်သော ဖခင်တစ်ဦးသည် အသက်၃၀နှစ်အရွယ် အကြီးဆုံးသမီးလေးမှာ အခြားသူငယ်ချင်းတွေ အိမ်ထောင်ပြုပြီး ကလေးတွေပါပိုင်ဆိုင်ထားသော်လည်း ရည်းစားပင် အတည်တကျမရှိတာကြောင့် ပတ်ဝန်းကျင်မှ လှောင်ပြောင်ခြင်းကို ခံခဲ့ရသည်။
ဖခင်ဖြစ်သူခမျာ အပြင်ထွက်တိုင်း သမီးဖြစ်သူက အပျိုကြီးစာရင်းဝင်ဖြစ်သွားပြီး ဒီတစ်သက် ယောကျာ်းရမှာ မဟုတ်တော့ပူးဟု စနောက်ပြောဆိုခဲ့တာတွေကို အမြဲလိုလို ကြားခဲ့ရသည်။
သို့သော်လည်း သမီးဖြစ်သူမှာ သူမအား တကယ် မေတ္တာစစ်နဲ့ချစ်ပေးမည့် အမျိုးသားတစ်ဦးနဲ့ ဆုံတွေ့ခဲ့ပြီး လက်ထပ်ခွင့်တောင်းခဲ့စဥ် သမီးဖြစ်သူထက် ဖခင်ကပိုပြီးတော့ ပျော်ရွှင်ခဲ့ရပြီး မင်္ဂလာဆောင်သည့်နေ့တွင် ဝတ်ဖို့ချုပ်ထားသော သတို့သမီးဂါဝန်လေးကို တုတ်လေးနဲ့ချိတ်ပြီး ရပ်ကွက်ထဲ လှည့်လည်ကာ ပတ်ကြွားနေခဲ့တော့သည်။
Hlaing (Love Feeling)
Zawgyi
သမီးလေးအား အပျိုကြီးဖြစ်သွား၍ ယူမည့်သူမရှိတော့ပူးဆိုပြီး လှောင်ပြောင်နေသော ပတ်ဝန်းကျင်အား လက်ထပ်မည့်သူပေါ်လာချိန်တွင် သတို့သမီးဂါဝန်နဲ့အတူ ရပ်ကွက်ထဲ လိုက်ကြွားနေခဲ့သည့် ဖခင်
Hlaing (Love Feeling)