ၾကားသိရသမွ်

ထောင်က လွတ်လာသူတွေကို နာရီပိုင်းအတွင်း ပြန်လည်ဖမ်းဆီးမှုတွေ ရှိနေ (ရုပ်/သံ)

ေထာင္က လြတ္လာသူေတြကို နာရီပိုင္းအတြင္း ျပန္လည္ဖမ္းဆီးမႈေတြ ရွိေန (႐ုပ္/သံ)

အာဏာသိမ္း ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ျပည္သူေတြ စိတ္ႏွလုံးေအးခ်မ္းေစဖို႔ ႏိုင္ငံေရး

အက်ဥ္းသား ၅၀၀၀ ေက်ာ္ကို လႊတ္ေပးမယ္လို႔ ေၾကညာခဲ့ေပမယ့္ အက်ဥ္းေထာင္ အသီးသီး ကေန

လြတ္ေျမာက္လာသူ ႏိုင္ငံေရး အက်ဥ္းသားေတြကို နာရီပိုင္းအတြင္းမွာပဲ ျပန္လည္ဖမ္းဆီးမႈေတြ ရွိေနပါတယ္

ေအာက္တိုဘာ ၁၈ ရက္က အင္းစိန္အက်ဥ္းေထာင္၊ မိထၳီလာ အက်ဥ္းေထာင္၊ ျမင္းၿခံအက်ဥ္းေထာင္နဲ႔

ျမစ္ႀကီးနား အက်ဥ္းေထာင္တို႔က လြတ္ေျမာက္လာသူေတြထဲက လႊတ္ေတာ္ ကိုယ္စားလွယ္တဦး အပါအဝင္

ႏိုင္ငံေရးအက်ဥ္းသား ၁၅ ဦးဟာ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒနဲ႔ ျပန္လည္ဖမ္းဆီးခံခဲ့ရပါတယ္

စစ္ေကာင္စီဟာ ကေလးမီးဖြားထားတာ လပိုင္းသာ ရွိေသးတဲ့ ႏို႔တိုက္မိခင္ မပိုးျပည့္သူကိုလည္း

ေအာက္တိုဘာ ၁၉ ရက္က ဖမ္းဆီးခဲ့သလို လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ျပန္လည္လြတ္ေျမာက္လာတဲ့

အဆိုေတာ္ အီတိုးကိုလည္း ဒီကေန႔ ေန႔လည္မွာ ျပန္လည္ဖမ္းဆီးသြားတယ္လို႔ သိရပါတယ္။

႐ုပ္/သံ

Crd;

ထောင်က လွတ်လာသူတွေကို နာရီပိုင်းအတွင်း ပြန်လည်ဖမ်းဆီးမှုတွေ ရှိနေ (ရုပ်/သံ)

အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူတွေ စိတ်နှလုံးအေးချမ်းစေဖို့

နိုင်ငံရေး အကျဉ်းသား ၅၀၀၀ ကျော်ကို လွှတ်ပေးမယ်လို့ ကြေညာခဲ့ပေမယ့် အကျဉ်းထောင် အသီးသီး

ကနေ လွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသားတွေကို နာရီပိုင်းအတွင်းမှာပဲ ပြန်လည်ဖမ်းဆီးမှုတွေ ရှိနေပါတယ်

အောက်တိုဘာ ၁၈ ရက်က အင်းစိန်အကျဉ်းထောင်၊ မိထ္ထီလာ အကျဉ်းထောင်၊ မြင်းခြံအကျဉ်းထောင်နဲ့

မြစ်ကြီးနား အကျဉ်းထောင်တို့က လွတ်မြောက်လာသူတွေထဲက လွှတ်တော်ကိုယ်စားလှယ်တဦး အပါအဝင်

နိုင်ငံရေးအကျဉ်းသား ၁၅ ဦးဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ပြန်လည်ဖမ်းဆီးခံခဲ့ရပါတယ်

စစ်ကောင်စီဟာ ကလေးမီးဖွားထားတာ လပိုင်းသာရှိသေးတဲ့ နို့တိုက်မိခင် မပိုးပြည့်သူကိုလည်း

အောက်တိုဘာ ၁၉ ရက်က ဖမ်းဆီးခဲ့သလို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့

အဆိုတော် အီတိုးကိုလည်း ဒီကနေ့ နေ့လည်မှာ ပြန်လည်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

Crd;