ေဗဒင္

21.10.2021 မှ 27.10.2021 အထိ တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း

21.10.2021 မှ 27.10.2021 အထိ တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ

အရာရာအဆင်ပြေချောမွေ့မဲ့ကာလတစ်ခုပါပဲ။ လိုအပ်သည်ထက် ပိုမိုကြိုးစားလေ အောင်မြင်မှုပိုလေပါပဲ။ အမိအဘတွေဆီကနေအကူအညီတွေအထောက်အပံ့တွေရလာတတ်ပါတယ်။ငွေကြေးနဲ့ပတ်သက်လို့ ရပိုင်ခွင့်တွေ ရလွယ်မဲ့အချိန်ပါပဲ။အလုပ်သစ်စချင်တာ၊ဆိုင်အသစ်ဖွင့်ချင်တာ၊ခဏနားထားတဲ့အလုပ်တွေပြန်စချင်တာ မျိုးတွေ က ဒီကာလမှာသင့်တော်ပါတယ်။

အတိတ်က အဖြစ်အပျက်တွေကို သင်ခန်းစာယူပြီးအကောင်းဆုံးရှေ့ဆက်သွား နိုင်မဲ့ အချိန်တစ်ခုပါပဲ။အလုပ်ပိုတွေကို ကောင်းစွာလျော့ချသွားနိုင်မှာပါ။ စာရွက်စာတမ်းကိစ္စ၊မင်းအစိုးရ ဌာနဆိုင်ရာနဲ့ ဆက်နွယ်သောအလုပ်များအဆင်ပြေနိုင်တာကိုတွေ့ရပါတယ်။အလုပ်နဲ့ပတ်သက်ပြီး အပိုကုန်တာတွေ လျော့သွားပါလိမ့်မယ်။ ကျန်းမာရေးကဆိုးရာကနေ နလန်ပြန်ထလာဖွယ်ရှိတဲ့ကာလပါပဲ။ကျန်းမာရေးအညံ့အဆိုး တွေကို စတင်ပြီး ကိုယ်ခံအားက ခုခံသွားနိုင်ပါလိမ့်မယ်။

အချစ်ရေးကိစ္စတွေမှာ လူကြီးမိဘတွေကို အသိပေးပြီးမှ ဆောင်ရွက်မယ်ဆိုရင်ပိုမိုကောင်းမွန်ပါတယ်။ အရာရာကို ကိုယ့်သဘောဆန္ဒတစ်ခုထဲနဲ့မလုပ်ပါနဲ့ အမှားများနိုင်ပါတယ်။ အိမ်ထောင်ရေးမှာတော့ စာနာမှု၊နားလည်မှုတွေပိုမိုလိုအပ်နေချိန်ပါ။ အိမ်ထောင်ဘက်အချင်းချင်းအမြင်မကြည် တာတွေဖြစ်နေတတ်ပါတယ်။ပညာရေးမှာတော့ မိဘတွေရဲ့ဆန္ဒအတိုင်းလိုက်လုပ်ပေးနေရတတ်ပါတယ်။အကျိုးပေးဂဏန်း ၂/၆/၁ အထူးဟော ကောင်းသောကံများ အကျိုးပေးနေမယ် ယတြာ ဆွမ်းကိုသကြားဖြူးပြီးဘုရားကပ်လှူပါ

တနင်္လာ

အလုပ်နဲ့ပတ်သက်တဲ့ကိစ္စတွေထက် မိသားစုကိစ္စတွေကိုပိုမိုအရေးပေးသင့်တဲ့ကာလပါပဲ။ချစ်ခြင်းတရားတွေကို လှစ်ပြပြီးတော့အကောင်းဆုံးအခြေအနေတစ်ခုရောက်အောင်ဖန်တီးသွားနိုင်မဲ့ကာလပါ။ မိသားစုအတွင်း မပြေလည်တာတွေပြေလည်နိုင်ဖို့ကြိုးစားပါ။ခိုင်မာသော၊ရေရှည်တည်တံ့နိုင်သောကိစ္စတွေကိုပဲအလေးပေးစဉ်းစား စေချင်ပါတယ်။ပေါ်ပင်အလုပ်များ၊ မြေစမ်းခရမ်းပျိုးအလုပ်များရှောင်သင့်တဲ့အချိန်ကာလပါပဲ။

တတ်သိနားလည် ထားတဲ့အသိပညာ၊အတက်ပညာတွေကို ပြန်လည်မျှဝေခြင်းများဆောင်ရွက်နိုင်ပါလိမ့်မယ်။အတူတူလျှောက်ခဲ့တဲ့ စပ်တူလုပ်ငန်းများပိုမိုတိုးတတ်အောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။ ထင်မထားတဲ့ အပြောင်းအလဲတွေရှိလာနိုင်ပေမဲ့ ကောင်းသောပြောင်းလဲခြင်းတွေဆိုတာသိထားရပါလိမ့်မယ်။ ငွေကြေးအကူအညီတွေရလာနိုင်သလို ငွေကြေး အထောက်အပံ့တွေလဲ မိမိက ပေးနိုင်ပါလိမ့်မယ်။

ထီဝါသနာပါသူများ တတ်နိုင်သ၍ စပ်တူထိုးထားမျိုးက အကောင်းဆုံးပါပဲ။ အလုပ်ရှာနေသူများ အလုပ်သစ်ရလွယ်ပါတယ်။အချစ်ရေးမှာ‌တော့ ဆွတ်ပျံ့ကြည်နူးစရာများမဲ့ ကာလပါပဲ။ ချစ်သူခင်သူပေါများသလို ချစ်သူရဲ့ကြင်နာယုယခြင်းကိုရရှိပါလိမ့်မယ်။ အိမ်ထောင်ရေးကတော့ထင်သ လိုမဖြစ်နိုင်သေးတဲ့ကာလပါပဲ။ ပညာရေးမှာတော့ ဒီတစ်ပတ်အားအကောင်းဆုံးအနေအထားပဲဖြစ်နေပါလိမ့်မယ်။ အကျိုးပေးဂဏန်း ၃/၀/၉ အထူးဟော မိသားစုကိုဦးစားပေးပါ ယတြာ နီးစပ်ရာ ကလေးတွေကို ရေခဲမုန့်ဝယ်ကျွေးလိုက်ပါ

အင်္ဂါ

သိထားရမှာကအလျင်စလိုမလုပ်မိဖို့ပဲ။စိတ်မြန်လက်မြန်လုပ်တတ်တဲ့အကျင့်ရှိသူဆိုရင်တော့ ဒီကာလမှာ အေးအေးဆေးဆေးသာ ဆောင်ရွက်လိုက်ပါ။လိင်ကိစ္စအရှုပ်အထွေးတွေ၊ လူသိခံလို့မရတဲ့ အတွင်းရေးကိစ္စတွေ ကြုံလာဖွယ်ရှိနေတတ်ပါတယ်။ အပေါင်းအသင်းတွေထဲမှာ အကျင့်ပျက်နေသူ၊ဥပဒေနဲ့မလွတ်ကင်းတာတွေလုပ်နေ သူတွေရှိရင် သူတို့နဲ့နီးနီးကပ်ကပ်မနေဖို့ တိုက်တွန်းလိုပါတယ်။ သူတို့ကြောင့်ကိုယ်ပါအဖမ်းအဆီးခံရတာအမှုအခင်း ကြုံရလာတတွေအလွန်ပဲဖြစ်တတ်ပါတယ်။

စိတ်ကောင်းစေတနာကောင်းသူတွေကတော့ အကူအညီပေးမဲ့သူတွေ ပေါများလာနိုင်ဖွယ်ရှိတဲ့ကာလပါပဲ။လူယုံတွေက သစ္စာဖောက်တာမျိုးတွေကိုသတိထားဖို့လိုပါတယ်။ အရေးကြီးတဲ့ ကိစ္စတွေကို ကိုယ်တိုင် ကိုယ်ကျသာဆောင်ရွက်လုပ်ကိုင်စေလိုပါတယ်။ သွေးတိုးရောဂါအခံရှိသူများ၊ ဆီးချို သွေးချိုတက်လွယ်သူများ ဒီကာလမှာအစားအသောက်အနေအထိုင်တွေဆင်ခြင်စေချင်ပါတယ်။ ရုတ်တရက်ကျန်းမာ ရေးကျဆင်းလွယ်တဲ့ ကာလဖြစ်ပါတယ်။

အချစ်ရေးကိစ္စတွေမှာတော့ ချစ်သူထက် အဘက်ဘက်ကနိမ့်ကျသူတစ် ယောက်ကို ရင်ထဲရောက်နေတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ တစ်ယောက်နဲ့တစ်ယောက်သံသယတွေ လျော့ ချနိုင်မှာပဲ အိမ်ထောင်ရေးသာယာပါလိမ့်မယ်။ပညာရေးအတွက် အခက်အခဲတွေရှိနေနိုင်တာကိုတွေ့ရပါတယ်။အကျိုးပေးဂဏန်း ၁/၄/၃ အထူးဟော စိတ်ညစ်စရာတွေများနေနိုင်တာကိုတွေ့ရပါတယ်။ယတြာ ဒီအပတ်အတွင်း တတ်နိုင်သမျှ မီးလုံး၊မီးချောင်းအလှူတွေများများလုပ်ပါ

ဗုဒ္ဓဟူး၊ရာဟု

ရန်အတိုက်အခိုက်တွေနဲ့ယှဉ်ပြီးအောင်မြင်လာတတ်တဲ့ ကာလတစ်ခုပါ။ အရာရာကိုအမှားနည်းအောင် ဆောင်နိုင်ပါလိမ့်မယ်။ ပင်ပန်းခံရမယ်။ ဒါပေမဲ့ ပင်ပန်းခဲ့တဲ့အသီးအပွင့်တွေရလာလိမ့်မယ်။ ရာထူးတိုးတတ်ခြင်း၊ စာမေးပွဲ အင်တာဗျူးအောင်မြင်ခြင်းများကြုံရမယ်။ နေရာထိုင်ခင်းကိစ္စ၊အမွေကိစ္စတွေပြောဆိုဆောင်ရွက်လို့ အလွန်ကောင်းတဲ့ကာလပါပဲ။အလုပ်ကြောင့် စိတ်ညစ်စရာမရှိ၊ ပတ်ဝန်းကျင်ကလူတွေကြောင့်သာစိတ်ညစ်ရမယ်။

အိမ်နီးနားချင်း၊ ခြံနီးနားချင်းတွေနဲ့စကားများရတာတွေဖြစ်တတ်ပါတယ်။ ဒီကာလမှာ ရပ်ဝေးမှာရှိတဲ့မိတ်ဆွေတွေရဲ့ အကူအညီတွေ၊အထောက်အပံ့တွေရလာတတ်ပါတယ်။ အနာဂတ်အတွက်စဉ်းစားစရာတွေ၊ အနာဂတ်အတွက်လုပ် ဆောင်ရမဲ့ကိစ္စတွေကို ဒီကာလမှာ စိတ်ကူး၊ကြံစည်ချမှတ်ခြင်းများအထူးကောင်းပါတယ်။အတွေးကောင်းတွေရလာ တတ်တဲ့ကာလဖြစ်လို့ပါပဲ။ ကျန်းမာရေးကိစ္စတွေမှာ သိပ်ပူဖို့တော့ မလိုပေမဲ့ အစားမှန်၊အအိပ်မှန်ဖို့တော့လိုနေတာ ကိုတွေ့ရပါတယ်။

ကျန်းမာရေးသတိတော့ ရှိကြပါ။ အချစ်ရေးအတွက်သတိထားရမှာက ဒီကာလမှာကိုယ့်ဆီချဉ်းကပ်လာသူတွေရှိရင်ပိုသတိထားပါ။ထိုလူတွေက မိမိကိုချစ်တာထက် မိမိရဲ့ပိုင်ဆိုင်မှုကိုဖြစ်စေ၊အသွေးအသားကို ဖြစ်စေလိုချင်လို့ ချဉ်းကပ်လာသူတွေဖြစ်နေတတ်ပါတယ်။ အိမ်ထောင်ရေးကံကတော့ စိတ်ချမ်းသာရမဲ့ကာလပဲ ဖြစ်ပါတယ်။အကျိုးပေးဂဏန်း ၂/၅/၉ အထူးဟော ကံသင့်ပါတယ်။ယတြာ ဖီးကြမ်းငှက်ပျောသီး ရဟန်းသံဃာလှူပေးပါ

ကြာသပတေး

အလုံးစုံ တိုးတတ်ခြင်းနှင့် အောင်မြင်ခြင်းတွေကို ထိတွေ့ခံစားရတတ်တဲ့ကာလပါပဲ။ ဘာကြောင့်မှန်းမသိ၊ ငွေကြေးကိစ္စ အလုပ်ကိစ္စတွေက ကိုယ်အားမစိုက်ရဘဲ အဆင်ပြေတိုးတတ်နေနိုင်တာကိုတွေ့ရပါတယ်။အလုပ်အတွက် ကြီးမားတဲ့ မျှော်လင့်ချက်တွေ၊ရင်းနှီးမြုပ်နှံမှုတွေ ကြံစည်ဆောင်ရွက်သင့်တဲ့ကာလပါပဲ။ ဘာလုပ်လုပ် ကိုယ့်တစ်ယောက်ထဲ အတွက်ထက်အများအတွက်စဉ်းစားပြီးလုပ်တာမျိုးတွေအထူးကောင်းပါတယ်။

ပညာရေးနဲ့ ပတ်သက်သောလုပ်ငန်းများ၊ လက်ကားစီးပွားများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတတ်လာနိုင်ဖွယ်ရှိတဲ့အချိန်ပါပဲ။ဆရာသမားတွေထံ ချဉ်းကပ်အကြံယူလို့ကောင်းတဲ့ကာလပါပဲ။ လက်ဆောင်ကောင်းတွေ၊ဘာသာရေး ဂမ္ဘီရ အဆောင်တွေလဲ လက်ဆောင်ရတတ်ပါတယ်။သတိထားရမှာက စကားမှား၊အပြောမှားတွေဖြစ်တတ်ပါတယ်။ မိမိ ကစေတနာစကားပြောပေမဲ့ အပြောမတတ်တော့ ဆဲသလိုဆိုတာမျိုးလဲဖြစ်ရတတ်ပါတယ်။

ငွေကြေးကူညီထားသူ တွေဆီက အကြွေးပြန်ရတတ်ပါတယ်။ အချစ်ရေးမှာ နားလည်မှုလွဲတာတွေ၊ညှိနှိုင်းရခက်ခဲတာလေးတွေကြုံနေရ နိုင်ပါတယ်။ အိမ်ထောင်ဘက်နဲ့ အလုပ်သမား၊ငယ်သားတွေကိုအကြောင်းပြုပြီးစကားများရတတ်ပါတယ်။ပညာရေးအတွက်ကောင်းသော အပြောင်းအလဲတွေကြုံရမယ်။အကျိုးပေးဂဏန်း၃/၆/၅ အထူးဟော အလုပ်တိုးတတ်လာဖွယ်ရှိနေပါတယ်။ယတြာ အထူးဟော ပေါက်ဆီ ၃လုံးဘုရားကပ်ပါ

သောကြာ

ငွေကြေးအလိုပြနေတတ်ပါတယ်။ ငွေကြေးအကြပ်အတည်းတွေရင်ဆိုင်ရတတ်ပါတယ်။ စီးပွားရေးနဲ့ ပတ်သက်ပြီး အသစ်တစ်ခုခုမစမိပါစေနဲ့။လုပ်လက်စအလုပ်တွေကိုပဲ ဘယ်လိုတိုးတတ်အောင်လုပ်မလဲစဉ်းစားစေချင် ပါတယ်။ စိတ်ရှုပ်စရာတွေများနေပြီး လက်ရှိအနေအထားကို စိတ်ကုန်နေမိတယ်။အပြောင်းအလဲတွေလုပ်ချင်လာ နေမိတတ်ပါတယ်။ လူငယ်များစိတ်လေပြီး လမ်းပေါ်မှာသာအနေများနေနိုင်တဲ့ကာလပဲဖြစ်ပါတယ်။

ကံကောင်းနေ တာက မိမိအခက်အခဲတွေကို မိမိမိသားစုဝင်၊ဆွေမျိုးတွေကကူညီဖြေရှင်းပေမဲ့အချိန်ကာလပဲဖြစ်ပါတယ်။ခရီးဝေး သွားစရာရှိရင်တော့ အဆင်ပြေဖို့ခဲယဉ်းတဲ့အချိန်ကာလဖြစ်ပါတယ်။ အလုပ်ပိုတွေ၊သူများအလုပ်တွေကူနေရာတာမျိုး ဝန်ထမ်းတွေမှာ အထူးကြုံရတတ်ပါတယ်။ ဇိမ်ခံပစ္စည်းများ ဒီကာလမှာမဝယ်ပါနဲ့။ လာဘ်တိတ်သွားတတ်ပါ တယ်။ ကျန်းမာရေးကတော့ အမျိုးသားထက် အမျိုးသမီးတွေပိုမိုခြူခြာလွယ်နေတာကိုတွေ့ရပါတယ်။

ဘာကိစ္စမဆို တက်ကျွမ်းနားလည်သူတွေကိုတိုင်ပင်ပြီးမှဆောင်ရွက်စေချင်ပါတယ်။ အချစ်ရေးမှာ နှစ်ယောက်စလုံးကိုယ့်အလုပ် နဲ့ကိုယ်ရှုပ်နေကြပြီး အေးစက်တဲ့ဆက်ဆံရေးမျိုးဖြစ်နေတတ်ပါတယ်။ အိမ်ထောင်ရေးအတွက် အဘက်ဘက်က စိတ်ချမ်းသာရပါလိမ့်မယ်။ပညာရေးမှာတော့ အခက်အခဲအတားအဆီးတွေများနေနိုင်တဲ့ကာလပါပဲ။အကျိုးပေးဂဏန်း ၁/၅/၀ အထူးဟော အနည်းငယ်စိတ်လေနေတတ်ပါတယ်။ယတြာ ရွှေကြည်ဝယ်ပြီးဘုရားကပ်လှူပေးပါ

စနေ

စိတ်ချမ်းသာဖို့ထက် ကိုယ်ကျန်းမာဖို့အာရုံစိုက်ရမဲ့ကာလဗျ..။ ကျန်းမာရေးခြူခြာလွယ်တယ်။ကိုယ်ခံအား နည်းနေတတ်တယ်။တက်နိုင်သလောက် ပင်ပင်ပန်းပန်းတွေမလုပ်နဲ့အုံးဗျ။ အထူးသဖြင့် ဝမ်းဗိုက်၊အစာအိမ်၊အရိုး အကြောတွေအားနည်းနေနိုင်တာတွေ့ရတယ်။ အလုပ်ကိစ္စတွေမှာ အားနာတတ်သူတွေသတိထားပါ။အလုပ်ခိုင်းရင် မနိုင်ဝန်ဖြစ်နေရင်ငြင်းပါ။ ရပါတယ်ဆိုပြီးအလုပ်တွေပိပြီး ပင်ပန်းရလိမ့်မယ်။ ဒါကြောင့်အလုပ်ပိုတွေရှောင်ပါ။

လူ ငယ်များသမာအာဇီဝမကျတဲ့လောင်းကစားမလုပ်ပါနဲ့။ ရှုံးမဲမဲပြီး ရှိတာပြောင်သွားနိုင်တဲ့ကာလမို့ပါ။ ကံကောင်းတဲ့အချက်က ငွေရှာလွယ် လိမ့်မယ်။ ဝင်စရာရှိတဲ့ငွေတွေ ဒလဟောဝင်လာလိမ့်မယ်။ ကိုယ်ပိုင်အလုပ်များ ပိုမိုချဲ့ထွင်နိုင်သည်အထိတိုးတတ် လာလိမ့်မယ်။ မိမိဦးနှောက်ကလဲ အကြံကောင်းတွေထွက်လိမ့်မယ်။ အရာရာလေးလံမနေဘဲ သွက်သွက်လုပ်နိုင်မှ အခွင့်အရေးတွေရလိမ့်မယ်။သက်သေလိုက်တာမျိုး၊အာမခံတာမျိုးတော့ရှောင်စေချင်ပါတယ်။

အချစ်ရေးကိစ္စတွေ မှာတော့ ချစ်သူအပေါ်စိတ်ရှည်ဖို့လိုပါတယ်။ အလုပ်များပြီးမအားလပ်တဲ့ချစ်သူကိုနားလည်ပေးလိုက်ပါ။ အိမ် ထောင်ရေးသာယာပါလိမ့်မယ်။ မိသားစုအတွင်းသတင်းကောင်းကြားရနိုင်ပါတယ်။ ပညာရေးမှာတော့ မိမိကိုယ်တိုင် ကအာရုံစိုက်ဖို့ခက်ခဲပါလိမ့်မယ်။အကျိုးပေးဂဏန်း ၁/၅/၃ အထူးဟော ကျန်းမာရေးဂရုစိုက်ပေးပါ ယတြာ ပျားရည်လေးဘုရားကပ်ပေးပါ…

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695//0944 5555 695

Zawgyi

21.10.2021 မွ 27.10.2021 အထိ တစ္ပတ္စာ ၇ရက္သားသမီးေဟာစာတမ္း

တနဂၤေႏြ

အရာရာအဆင္ေျပေခ်ာေမြ႕မဲ့ကာလတစ္ခုပါပဲ။ လိုအပ္သည္ထက္ ပိုမိုႀကိဳးစားေလ ေအာင္ျမင္မႈပိုေလပါပဲ။ အမိအဘေတြဆီကေနအကူအညီေတြအေထာက္အပံ့ေတြရလာတတ္ပါတယ္။ေငြေၾကးနဲ႔ပတ္သက္လို႔ ရပိုင္ခြင့္ေတြ ရလြယ္မဲ့အခ်ိန္ပါပဲ။အလုပ္သစ္စခ်င္တာ၊ဆိုင္အသစ္ဖြင့္ခ်င္တာ၊ခဏနားထားတဲ့အလုပ္ေတြျပန္စခ်င္တာ မ်ိဳးေတြ က ဒီကာလမွာသင့္ေတာ္ပါတယ္။

အတိတ္က အျဖစ္အပ်က္ေတြကို သင္ခန္းစာယူၿပီးအေကာင္းဆုံးေရွ႕ဆက္သြား ႏိုင္မဲ့ အခ်ိန္တစ္ခုပါပဲ။အလုပ္ပိုေတြကို ေကာင္းစြာေလ်ာ့ခ်သြားႏိုင္မွာပါ။ စာ႐ြက္စာတမ္းကိစၥ၊မင္းအစိုးရ ဌာနဆိုင္ရာနဲ႔ ဆက္ႏြယ္ေသာအလုပ္မ်ားအဆင္ေျပႏိုင္တာကိုေတြ႕ရပါတယ္။အလုပ္နဲ႔ပတ္သက္ၿပီး အပိုကုန္တာေတြ ေလ်ာ့သြားပါလိမ့္မယ္။ က်န္းမာေရးကဆိုးရာကေန နလန္ျပန္ထလာဖြယ္ရွိတဲ့ကာလပါပဲ။က်န္းမာေရးအညံ့အဆိုး ေတြကို စတင္ၿပီး ကိုယ္ခံအားက ခုခံသြားႏိုင္ပါလိမ့္မယ္။

အခ်စ္ေရးကိစၥေတြမွာ လူႀကီးမိဘေတြကို အသိေပးၿပီးမွ ေဆာင္႐ြက္မယ္ဆိုရင္ပိုမိုေကာင္းမြန္ပါတယ္။ အရာရာကို ကိုယ့္သေဘာဆႏၵတစ္ခုထဲနဲ႔မလုပ္ပါနဲ႔ အမွားမ်ားႏိုင္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ စာနာမႈ၊နားလည္မႈေတြပိုမိုလိုအပ္ေနခ်ိန္ပါ။ အိမ္ေထာင္ဘက္အခ်င္းခ်င္းအျမင္မၾကည္ တာေတြျဖစ္ေနတတ္ပါတယ္။ပညာေရးမွာေတာ့ မိဘေတြရဲ႕ဆႏၵအတိုင္းလိုက္လုပ္ေပးေနရတတ္ပါတယ္။အက်ိဳးေပးဂဏန္း ၂/၆/၁ အထူးေဟာ ေကာင္းေသာကံမ်ား အက်ိဳးေပးေနမယ္ ယၾတာ ဆြမ္းကိုသၾကားျဖဴးၿပီးဘုရားကပ္လႉပါ

တနလၤာ

အလုပ္နဲ႔ပတ္သက္တဲ့ကိစၥေတြထက္ မိသားစုကိစၥေတြကိုပိုမိုအေရးေပးသင့္တဲ့ကာလပါပဲ။ခ်စ္ျခင္းတရားေတြကို လွစ္ျပၿပီးေတာ့အေကာင္းဆုံးအေျခအေနတစ္ခုေရာက္ေအာင္ဖန္တီးသြားႏိုင္မဲ့ကာလပါ။ မိသားစုအတြင္း မေျပလည္တာေတြေျပလည္ႏိုင္ဖို႔ႀကိဳးစားပါ။ခိုင္မာေသာ၊ေရရွည္တည္တံ့ႏိုင္ေသာကိစၥေတြကိုပဲအေလးေပးစဥ္းစား ေစခ်င္ပါတယ္။ေပၚပင္အလုပ္မ်ား၊ ေျမစမ္းခရမ္းပ်ိဳးအလုပ္မ်ားေရွာင္သင့္တဲ့အခ်ိန္ကာလပါပဲ။

တတ္သိနားလည္ ထားတဲ့အသိပညာ၊အတက္ပညာေတြကို ျပန္လည္မွ်ေဝျခင္းမ်ားေဆာင္႐ြက္ႏိုင္ပါလိမ့္မယ္။အတူတူေလွ်ာက္ခဲ့တဲ့ စပ္တူလုပ္ငန္းမ်ားပိုမိုတိုးတတ္ေအာင္စြမ္းေဆာင္ႏိုင္ပါလိမ့္မယ္။ ထင္မထားတဲ့ အေျပာင္းအလဲေတြရွိလာႏိုင္ေပမဲ့ ေကာင္းေသာေျပာင္းလဲျခင္းေတြဆိုတာသိထားရပါလိမ့္မယ္။ ေငြေၾကးအကူအညီေတြရလာႏိုင္သလို ေငြေၾကး အေထာက္အပံ့ေတြလဲ မိမိက ေပးႏိုင္ပါလိမ့္မယ္။

ထီဝါသနာပါသူမ်ား တတ္ႏိုင္သ၍ စပ္တူထိုးထားမ်ိဳးက အေကာင္းဆုံးပါပဲ။ အလုပ္ရွာေနသူမ်ား အလုပ္သစ္ရလြယ္ပါတယ္။အခ်စ္ေရးမွာ‌ေတာ့ ဆြတ္ပ်ံ႕ၾကည္ႏူးစရာမ်ားမဲ့ ကာလပါပဲ။ ခ်စ္သူခင္သူေပါမ်ားသလို ခ်စ္သူရဲ႕ၾကင္နာယုယျခင္းကိုရရွိပါလိမ့္မယ္။ အိမ္ေထာင္ေရးကေတာ့ထင္သ လိုမျဖစ္ႏိုင္ေသးတဲ့ကာလပါပဲ။ ပညာေရးမွာေတာ့ ဒီတစ္ပတ္အားအေကာင္းဆုံးအေနအထားပဲျဖစ္ေနပါလိမ့္မယ္။ အက်ိဳးေပးဂဏန္း ၃/၀/၉ အထူးေဟာ မိသားစုကိုဦးစားေပးပါ ယၾတာ နီးစပ္ရာ ကေလးေတြကို ေရခဲမုန႔္ဝယ္ေကြၽးလိုက္ပါ

အဂၤါ

သိထားရမွာကအလ်င္စလိုမလုပ္မိဖို႔ပဲ။စိတ္ျမန္လက္ျမန္လုပ္တတ္တဲ့အက်င့္ရွိသူဆိုရင္ေတာ့ ဒီကာလမွာ ေအးေအးေဆးေဆးသာ ေဆာင္႐ြက္လိုက္ပါ။လိင္ကိစၥအရႈပ္အေထြးေတြ၊ လူသိခံလို႔မရတဲ့ အတြင္းေရးကိစၥေတြ ႀကဳံလာဖြယ္ရွိေနတတ္ပါတယ္။ အေပါင္းအသင္းေတြထဲမွာ အက်င့္ပ်က္ေနသူ၊ဥပေဒနဲ႔မလြတ္ကင္းတာေတြလုပ္ေန သူေတြရွိရင္ သူတို႔နဲ႔နီးနီးကပ္ကပ္မေနဖို႔ တိုက္တြန္းလိုပါတယ္။ သူတို႔ေၾကာင့္ကိုယ္ပါအဖမ္းအဆီးခံရတာအမႈအခင္း ႀကဳံရလာတေတြအလြန္ပဲျဖစ္တတ္ပါတယ္။

စိတ္ေကာင္းေစတနာေကာင္းသူေတြကေတာ့ အကူအညီေပးမဲ့သူေတြ ေပါမ်ားလာႏိုင္ဖြယ္ရွိတဲ့ကာလပါပဲ။လူယုံေတြက သစၥာေဖာက္တာမ်ိဳးေတြကိုသတိထားဖို႔လိုပါတယ္။ အေရးႀကီးတဲ့ ကိစၥေတြကို ကိုယ္တိုင္ ကိုယ္က်သာေဆာင္႐ြက္လုပ္ကိုင္ေစလိုပါတယ္။ ေသြးတိုးေရာဂါအခံရွိသူမ်ား၊ ဆီးခ်ိဳ ေသြးခ်ိဳတက္လြယ္သူမ်ား ဒီကာလမွာအစားအေသာက္အေနအထိုင္ေတြဆင္ျခင္ေစခ်င္ပါတယ္။ ႐ုတ္တရက္က်န္းမာ ေရးက်ဆင္းလြယ္တဲ့ ကာလျဖစ္ပါတယ္။

အခ်စ္ေရးကိစၥေတြမွာေတာ့ ခ်စ္သူထက္ အဘက္ဘက္ကနိမ့္က်သူတစ္ ေယာက္ကို ရင္ထဲေရာက္ေနတတ္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္သံသယေတြ ေလ်ာ့ ခ်ႏိုင္မွာပဲ အိမ္ေထာင္ေရးသာယာပါလိမ့္မယ္။ပညာေရးအတြက္ အခက္အခဲေတြရွိေနႏိုင္တာကိုေတြ႕ရပါတယ္။အက်ိဳးေပးဂဏန္း ၁/၄/၃ အထူးေဟာ စိတ္ညစ္စရာေတြမ်ားေနႏိုင္တာကိုေတြ႕ရပါတယ္။ယၾတာ ဒီအပတ္အတြင္း တတ္ႏိုင္သမွ် မီးလုံး၊မီးေခ်ာင္းအလႉေတြမ်ားမ်ားလုပ္ပါ

ဗုဒၶဟူး၊ရာဟု

ရန္အတိုက္အခိုက္ေတြနဲ႔ယွဥ္ၿပီးေအာင္ျမင္လာတတ္တဲ့ ကာလတစ္ခုပါ။ အရာရာကိုအမွားနည္းေအာင္ ေဆာင္ႏိုင္ပါလိမ့္မယ္။ ပင္ပန္းခံရမယ္။ ဒါေပမဲ့ ပင္ပန္းခဲ့တဲ့အသီးအပြင့္ေတြရလာလိမ့္မယ္။ ရာထူးတိုးတတ္ျခင္း၊ စာေမးပြဲ အင္တာဗ်ဴးေအာင္ျမင္ျခင္းမ်ားႀကဳံရမယ္။ ေနရာထိုင္ခင္းကိစၥ၊အေမြကိစၥေတြေျပာဆိုေဆာင္႐ြက္လို႔ အလြန္ေကာင္းတဲ့ကာလပါပဲ။အလုပ္ေၾကာင့္ စိတ္ညစ္စရာမရွိ၊ ပတ္ဝန္းက်င္ကလူေတြေၾကာင့္သာစိတ္ညစ္ရမယ္။

အိမ္နီးနားခ်င္း၊ ၿခံနီးနားခ်င္းေတြနဲ႔စကားမ်ားရတာေတြျဖစ္တတ္ပါတယ္။ ဒီကာလမွာ ရပ္ေဝးမွာရွိတဲ့မိတ္ေဆြေတြရဲ႕ အကူအညီေတြ၊အေထာက္အပံ့ေတြရလာတတ္ပါတယ္။ အနာဂတ္အတြက္စဥ္းစားစရာေတြ၊ အနာဂတ္အတြက္လုပ္ ေဆာင္ရမဲ့ကိစၥေတြကို ဒီကာလမွာ စိတ္ကူး၊ႀကံစည္ခ်မွတ္ျခင္းမ်ားအထူးေကာင္းပါတယ္။အေတြးေကာင္းေတြရလာ တတ္တဲ့ကာလျဖစ္လို႔ပါပဲ။ က်န္းမာေရးကိစၥေတြမွာ သိပ္ပူဖို႔ေတာ့ မလိုေပမဲ့ အစားမွန္၊အအိပ္မွန္ဖို႔ေတာ့လိုေနတာ ကိုေတြ႕ရပါတယ္။

က်န္းမာေရးသတိေတာ့ ရွိၾကပါ။ အခ်စ္ေရးအတြက္သတိထားရမွာက ဒီကာလမွာကိုယ့္ဆီခ်ဥ္းကပ္လာသူေတြရွိရင္ပိုသတိထားပါ။ထိုလူေတြက မိမိကိုခ်စ္တာထက္ မိမိရဲ႕ပိုင္ဆိုင္မႈကိုျဖစ္ေစ၊အေသြးအသားကို ျဖစ္ေစလိုခ်င္လို႔ ခ်ဥ္းကပ္လာသူေတြျဖစ္ေနတတ္ပါတယ္။ အိမ္ေထာင္ေရးကံကေတာ့ စိတ္ခ်မ္းသာရမဲ့ကာလပဲ ျဖစ္ပါတယ္။အက်ိဳးေပးဂဏန္း ၂/၅/၉ အထူးေဟာ ကံသင့္ပါတယ္။ယၾတာ ဖီးၾကမ္းငွက္ေပ်ာသီး ရဟန္းသံဃာလႉေပးပါ

ၾကာသပေတး

အလုံးစုံ တိုးတတ္ျခင္းႏွင့္ ေအာင္ျမင္ျခင္းေတြကို ထိေတြ႕ခံစားရတတ္တဲ့ကာလပါပဲ။ ဘာေၾကာင့္မွန္းမသိ၊ ေငြေၾကးကိစၥ အလုပ္ကိစၥေတြက ကိုယ္အားမစိုက္ရဘဲ အဆင္ေျပတိုးတတ္ေနႏိုင္တာကိုေတြ႕ရပါတယ္။အလုပ္အတြက္ ႀကီးမားတဲ့ ေမွ်ာ္လင့္ခ်က္ေတြ၊ရင္းႏွီးျမဳပ္ႏွံမႈေတြ ႀကံစည္ေဆာင္႐ြက္သင့္တဲ့ကာလပါပဲ။ ဘာလုပ္လုပ္ ကိုယ့္တစ္ေယာက္ထဲ အတြက္ထက္အမ်ားအတြက္စဥ္းစားၿပီးလုပ္တာမ်ိဳးေတြအထူးေကာင္းပါတယ္။

ပညာေရးနဲ႔ ပတ္သက္ေသာလုပ္ငန္းမ်ား၊ လက္ကားစီးပြားမ်ား၊ ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ား တိုးတတ္လာႏိုင္ဖြယ္ရွိတဲ့အခ်ိန္ပါပဲ။ဆရာသမားေတြထံ ခ်ဥ္းကပ္အႀကံယူလို႔ေကာင္းတဲ့ကာလပါပဲ။ လက္ေဆာင္ေကာင္းေတြ၊ဘာသာေရး ဂမၻီရ အေဆာင္ေတြလဲ လက္ေဆာင္ရတတ္ပါတယ္။သတိထားရမွာက စကားမွား၊အေျပာမွားေတြျဖစ္တတ္ပါတယ္။ မိမိ ကေစတနာစကားေျပာေပမဲ့ အေျပာမတတ္ေတာ့ ဆဲသလိုဆိုတာမ်ိဳးလဲျဖစ္ရတတ္ပါတယ္။

ေငြေၾကးကူညီထားသူ ေတြဆီက အေႂကြးျပန္ရတတ္ပါတယ္။ အခ်စ္ေရးမွာ နားလည္မႈလြဲတာေတြ၊ညႇိႏႈိင္းရခက္ခဲတာေလးေတြႀကဳံေနရ ႏိုင္ပါတယ္။ အိမ္ေထာင္ဘက္နဲ႔ အလုပ္သမား၊ငယ္သားေတြကိုအေၾကာင္းျပဳၿပီးစကားမ်ားရတတ္ပါတယ္။ပညာေရးအတြက္ေကာင္းေသာ အေျပာင္းအလဲေတြႀကဳံရမယ္။အက်ိဳးေပးဂဏန္း၃/၆/၅ အထူးေဟာ အလုပ္တိုးတတ္လာဖြယ္ရွိေနပါတယ္။ယၾတာ အထူးေဟာ ေပါက္ဆီ ၃လုံးဘုရားကပ္ပါ

ေသာၾကာ

ေငြေၾကးအလိုျပေနတတ္ပါတယ္။ ေငြေၾကးအၾကပ္အတည္းေတြရင္ဆိုင္ရတတ္ပါတယ္။ စီးပြားေရးနဲ႔ ပတ္သက္ၿပီး အသစ္တစ္ခုခုမစမိပါေစနဲ႔။လုပ္လက္စအလုပ္ေတြကိုပဲ ဘယ္လိုတိုးတတ္ေအာင္လုပ္မလဲစဥ္းစားေစခ်င္ ပါတယ္။ စိတ္ရႈပ္စရာေတြမ်ားေနၿပီး လက္ရွိအေနအထားကို စိတ္ကုန္ေနမိတယ္။အေျပာင္းအလဲေတြလုပ္ခ်င္လာ ေနမိတတ္ပါတယ္။ လူငယ္မ်ားစိတ္ေလၿပီး လမ္းေပၚမွာသာအေနမ်ားေနႏိုင္တဲ့ကာလပဲျဖစ္ပါတယ္။

ကံေကာင္းေန တာက မိမိအခက္အခဲေတြကို မိမိမိသားစုဝင္၊ေဆြမ်ိဳးေတြကကူညီေျဖရွင္းေပမဲ့အခ်ိန္ကာလပဲျဖစ္ပါတယ္။ခရီးေဝး သြားစရာရွိရင္ေတာ့ အဆင္ေျပဖို႔ခဲယဥ္းတဲ့အခ်ိန္ကာလျဖစ္ပါတယ္။ အလုပ္ပိုေတြ၊သူမ်ားအလုပ္ေတြကူေနရာတာမ်ိဳး ဝန္ထမ္းေတြမွာ အထူးႀကဳံရတတ္ပါတယ္။ ဇိမ္ခံပစၥည္းမ်ား ဒီကာလမွာမဝယ္ပါနဲ႔။ လာဘ္တိတ္သြားတတ္ပါ တယ္။ က်န္းမာေရးကေတာ့ အမ်ိဳးသားထက္ အမ်ိဳးသမီးေတြပိုမိုျခဴျခာလြယ္ေနတာကိုေတြ႕ရပါတယ္။

ဘာကိစၥမဆို တက္ကြၽမ္းနားလည္သူေတြကိုတိုင္ပင္ၿပီးမွေဆာင္႐ြက္ေစခ်င္ပါတယ္။ အခ်စ္ေရးမွာ ႏွစ္ေယာက္စလုံးကိုယ့္အလုပ္ နဲ႔ကိုယ္ရႈပ္ေနၾကၿပီး ေအးစက္တဲ့ဆက္ဆံေရးမ်ိဳးျဖစ္ေနတတ္ပါတယ္။ အိမ္ေထာင္ေရးအတြက္ အဘက္ဘက္က စိတ္ခ်မ္းသာရပါလိမ့္မယ္။ပညာေရးမွာေတာ့ အခက္အခဲအတားအဆီးေတြမ်ားေနႏိုင္တဲ့ကာလပါပဲ။အက်ိဳးေပးဂဏန္း ၁/၅/၀ အထူးေဟာ အနည္းငယ္စိတ္ေလေနတတ္ပါတယ္။ယၾတာ ေ႐ႊၾကည္ဝယ္ၿပီးဘုရားကပ္လႉေပးပါ

စေန

စိတ္ခ်မ္းသာဖို႔ထက္ ကိုယ္က်န္းမာဖို႔အာ႐ုံစိုက္ရမဲ့ကာလဗ်..။ က်န္းမာေရးျခဴျခာလြယ္တယ္။ကိုယ္ခံအား နည္းေနတတ္တယ္။တက္ႏိုင္သေလာက္ ပင္ပင္ပန္းပန္းေတြမလုပ္နဲ႔အုံးဗ်။ အထူးသျဖင့္ ဝမ္းဗိုက္၊အစာအိမ္၊အ႐ိုး အေၾကာေတြအားနည္းေနႏိုင္တာေတြ႕ရတယ္။ အလုပ္ကိစၥေတြမွာ အားနာတတ္သူေတြသတိထားပါ။အလုပ္ခိုင္းရင္ မႏိုင္ဝန္ျဖစ္ေနရင္ျငင္းပါ။ ရပါတယ္ဆိုၿပီးအလုပ္ေတြပိၿပီး ပင္ပန္းရလိမ့္မယ္။ ဒါေၾကာင့္အလုပ္ပိုေတြေရွာင္ပါ။

လူ ငယ္မ်ားသမာအာဇီဝမက်တဲ့ေလာင္းကစားမလုပ္ပါနဲ႔။ ရႈံးမဲမဲၿပီး ရွိတာေျပာင္သြားႏိုင္တဲ့ကာလမို႔ပါ။ ကံေကာင္းတဲ့အခ်က္က ေငြရွာလြယ္ လိမ့္မယ္။ ဝင္စရာရွိတဲ့ေငြေတြ ဒလေဟာဝင္လာလိမ့္မယ္။ ကိုယ္ပိုင္အလုပ္မ်ား ပိုမိုခ်ဲ႕ထြင္ႏိုင္သည္အထိတိုးတတ္ လာလိမ့္မယ္။ မိမိဦးေႏွာက္ကလဲ အႀကံေကာင္းေတြထြက္လိမ့္မယ္။ အရာရာေလးလံမေနဘဲ သြက္သြက္လုပ္ႏိုင္မွ အခြင့္အေရးေတြရလိမ့္မယ္။သက္ေသလိုက္တာမ်ိဳး၊အာမခံတာမ်ိဳးေတာ့ေရွာင္ေစခ်င္ပါတယ္။

အခ်စ္ေရးကိစၥေတြ မွာေတာ့ ခ်စ္သူအေပၚစိတ္ရွည္ဖို႔လိုပါတယ္။ အလုပ္မ်ားၿပီးမအားလပ္တဲ့ခ်စ္သူကိုနားလည္ေပးလိုက္ပါ။ အိမ္ ေထာင္ေရးသာယာပါလိမ့္မယ္။ မိသားစုအတြင္းသတင္းေကာင္းၾကားရႏိုင္ပါတယ္။ ပညာေရးမွာေတာ့ မိမိကိုယ္တိုင္ ကအာ႐ုံစိုက္ဖို႔ခက္ခဲပါလိမ့္မယ္။အက်ိဳးေပးဂဏန္း ၁/၅/၃ အထူးေဟာ က်န္းမာေရးဂ႐ုစိုက္ေပးပါ ယၾတာ ပ်ားရည္ေလးဘုရားကပ္ေပးပါ…

၇ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 0977 5555 695//0944 5555 695