30.9.2021 မှ 06.10.2021 အထိ တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း
တနင်္ဂနွေ
အရာရာကိုမေတ္တာတရားနဲ့ဖြေရှင်းမှ အဆင်ပြေလိမ့်မယ်။ တက်နိုင်သမျှပြုံးထားပါ။ကိစ္စတော်တော်များများ အဆင်ပြေသွားပါလိမ့်မယ်။ အလုပ်ခွင်အတွင်း ချစ်လို့၊အားကိုးရလို့ နေရာပေးခံရတာတွေကြုံရတတ်ပါတယ်။ အိမ် တွင်းရေးကိစ္စတွေမှာတော့ သားသမီးကိုအကြောင်းပြုပြီး မငြိမ်းချမ်းဖွယ်ရာကိစ္စတွေကြုံနေရတတ်ပါတယ်။ အတိတ်ကာလက ပြုခဲ့တဲ့အကြောင်းတရားတွေက အကျိုးတရားအဖြစ်အခုကာလမှာ သက်ရောက်လာဖွယ်ရှိနေပါ တယ်။
အကျဉ်းအကြပ်ထဲရောက်နေသူတွေ၊အမှုအချုပ်ထောင်နဲ့ ပတ်သက်ပြီး စိုးရိမ်နေရသူတွေရှိရင် ဒီအပတ်က စပြီးငြိမ်းချမ်းမှုတွေရလာတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်သမျှကတော့ အခက်အခဲနည်းပါးပါလိမ့်မယ်။ ငွေကြေးကြပ်တည်းသူများ ကူညီမဲ့သူတွေပေါ်လာတတ်ပါတယ်။ စိတ်ထဲကဖြစ်ချင်တဲ့ ဆန္ဒလေးတွေတော့ပြည့်ဝ လာတတ်ပါတယ်။ငွေကြေးစီမံခန့်ခွဲမှုတွေကိုတော့ တတ်နိုင်သမျှစနစ်တကျဆောင်ရွက်ဖို့လိုပါတယ်။ ကျန်းမာရေး အဆိုးသိပ်မရှိပါဘူး…အချိုရည်တွေတော့ လျှော့သောက်ပါ။
အချစ်ရေးကိစ္စတွေအဆင်ပြေစိတ်ချမ်းသာဖို့များ ပါ တယ်။ဝါကျွတ်ကာလ လက်ထပ်ဖို့စဉ်းစားထားသူတွေ တိုင်ပင်တာမျိုး၊နှီးနှောတာမျိုးတွေစတင်ဆောင်ရွက်လို့ ကောင်းပါပြီ၊ အိမ်ထောင်ရေးမှာတော့ မိသားစုဝင်တွေကြောင့်ပဲ အိမ်ထောင်ရေးအဆင်မပြေဖြစ်နိုင်ပါတယ်။အကျိုးပေးဂဏန်း 1/4/2အထူးဟော အေးချမ်းမှုတွေရရှိလာမည်ယတြာ အာလူးကြော်လေးဘုရားကပ်ပေးပါ
တနင်္လာ
မိမိအနေနဲ့ ကိုယ်အဆင်ပြေဖို့ဆိုတဲ့ စိတ်တစ်ခုထဲမတွေးပါနဲ့။ ဘာလုပ်လုပ်အများအတွက်ပါစဉ်းစားစေချင် ပါတယ်။ အတ္တကို ရှေ့တန်းတင်လွန်းသူတွေဒုက္ခများနိုင်တဲ့ကာလမို့ပါပဲ။ ငွေကြေးအတွက်လဲ မသမာနည်းသုံးပြီးငွေ မရှာပါနဲ့။ လူငယ်များအပျော်လွန်ရာကနေ အပျက်ဖြစ်ရတတ်ပါတယ်။ မိန်းကလေးတစ်ယောက်ကို မိမိနဲ့အပြိုင် ပိုးနေတဲ့သူတွေရှိရင်သတိထားပါ။မိမိကိုလာရောက်ဒုက္ခပေးတတ်ပါတယ်။
အိုးအိမ်၊ခြံ၊မြေ၊တိုက်ခန်းဝယ်ယူတဲ့ကိစ္စ မျိုးတွေက ဒီကာလအတွင်းမှာအဆင်ပြေတတ်ပါတယ်။ အလုပ်တူ၊ စီးပွားတူသူတွေရဲ့ အကူအညီအထောက်အပံ့ တွေရလာတတ်ပါတယ်။ သားသမီးအတွက် စိတ်ချမ်းသာရတတ်သလို အရွယ်ရောက်ပြီး သားသမီးတွေရဲ့အကူအညီ တွေလဲ ရလွယ်နေပါလိမ့်မယ်။အဖွဲ့အစည်းနဲ့ အများနဲ့၊အသင်းအဖွဲ့နဲ့ တွဲဖက်လုပ်ကိုင်ရတဲ့အလုပ်တွေမှာတော့ အဆင်ပြေနိုင်တာကိုတွေ့ရပါတယ်။
ကျန်းမာရေးကိစ္စတွေမှာတော့ အရက်သေစာသောက်စားခြင်း၊ပင်လယ်စာစား သုံးခြင်းတွေသတိပြုစေချင်ပါတယ်။ဝမ်းပျက်လွယ်..အစာအိမ်ထိလွယ်တဲ့ ကာလဖြစ်နေလို့ပါပဲ။ အချစ်ရေးကိစ္စ တွေမှာတော့ မိမိကိုယ်တိုင်က ချုပ်ချယ်မှု၊သဝန်တိုမှုတွေများနေတာကြောင့် ချစ်သူကစိတ်ပျက်နေမိတတ်တယ်ဆို တာကိုနားလည်ထားပေးပါ။အိမ်ထောင်ရေးကတော့ အညံ့အဆိုးမရှိသလောက်နည်းပါးပါလိမ့်မယ်။အကျိုးပေးဂဏန်း ၃/၅/၉အထူးဟော မိမိအတွေးအခေါ်အယူအဆတွေ အမှားဘက်ကိုဦးတည်နေတတ်တယ်ယတြာ ဒဏ်ကြေလိမ်းဆေးတစ်ဘူး လိုအပ်သူကိုလှူလိုက်ပါ
အင်္ဂါ
လုပ်ကိုင်ဆောင်ရွက်စရာရှိတဲ့ကိစ္စတွေကို ကြာရင်ကြာပါစေ…ဖြေးဖြေးမှန်မှန်သာလုပ်ကိုင်ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်။စေ့စပ်သေချာမှုရှိပါစေ။နမော်နမဲ့ မလုပ်မိပါစေ။ကိုယ်ပေါ့ဆလိုက်တဲ့ကိစ္စလေးတစ်ခုက နောင်တစ်ချိန်ပြန်ရှင်းရတတ်ပါတယ်။ ငွေစာရင်း၊ပစ္စည်းစာရင်းကိုင်တွယ်လုပ်ကိုင်ရသူတွေ အမှားအယွင်းမဖြစ် အောင်ဂရုစိုက်လိုက်ပါ။ ကိုယ်လေးစားရသူတွေ၊ ကိုယ်အပေါ်ကျေးဇူးရှိသူတွေရဲ့ နာရေးသတင်းတွေကြားရတတ်ပါ တယ်။
စန်းအားကောင်းပြီးလူချစ်လူခင်များနေတတ်ပါတယ်။ မည်သည်ကိစ္စမှာမဆို အကူအညီပေးမဲ့သူတွေပေါ များနေတတ်ပါတယ်။အလုပ်စီးပွားတွေနဲ့ ပတ်သက်ပြီးလုပ်ဖော်ကိုင်ဖက်တွေရဲ့ အကူအညီတွေ၊ အကြံဉာဏ်တွေရ လာတတ်ပါတယ်။ ငွေရှာလို့ကောင်းပေမဲ့ ငွေကြေးနဲ့ပတ်သက်ပြီးအဖုအထစ်အတားအဆီးလေးတွေကြုံပြီးမှပဲ အဆင်ပြေရတတ်ပါတယ်။ တစ်ပတ်ရစ်ပစ္စည်းတွေဝယ်ချင်တာမျိုးတွေရှိရင် ဒီကာလမှာကံစပ်ပါတယ်..ဝယ်လို့သင့် တဲ့ကာလပါပဲ။
ကျန်းမာရေးကတော့ ထိခိုက်ရှတာ၊သွေးထွက်သံယို၊မတော်တဆထိခိုက်မှုတွေကို သတိထားဖို့ပဲလိုပါ တယ်။ အချစ်ရေးကတော့ သောကကင်းပြီး ပျော်ရွှင်စရာတွေများနေပါလိမ့်မယ်။ချစ်သူရဲ့ ချစ်ခင်မြတ်နိုးတန်ဖိုးထား မှုကိုရတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ သိပ်အဆိုးကြီး မတွေ့ရပါဘူး.တစ်ခါတလေစကားအနည်းငယ်များ တာမျိုးတော့ဖြစ်တတ်တယ်။အကျိုးပေးဂဏန်း ၄/၆/၈အထူးဟော အရာရာကိုစေ့စပ်သေချာစွာဆောင်ရွက်ပါ ယတြာ ရှောက်သီးလေးသုပ်ပြီး ဘုရားကပ်ပါ
ဗုဒ္ဓဟူး၊ရာဟု
ဒီကာလအတွင်းမှာ မိမိတိုးတက်မဲ့ လမ်းစတွေ တွေ့လာရတတ်ပါတယ်။လုပ်ငန်းခွင်အတွင်း အောင်မြင်မှု အသီးအပွင့်တွေခံစားရတတ်ပါတယ်။အလုပ်အကိုင်တွေနဲ့ပတ်သက်ပြီးတော့ အလုပ်တူစီးပွားတူသူတွေနဲ့ တွဲဖက် လုပ်ကိုင်လို့ကောင်းပါတယ်။ မိမိသားသမီးတွေကို လုပ်ငန်းခွင်အတွင်းတွဲခေါ်လို့အကောင်းဆုံးကာလပါပဲ။အမိအဘ အကြီးအကဲတွေရဲ့အကူအညီတွေရလာတတ်ပါတယ်။ လူမှုဆက်ဆံရေးကောင်းသူများဒီအပတ်ထဲပိုမိုအဆင်ပြေ အောင်မြင်တာတွေ့ရပါတယ်။
ကျန်းမာရေးကတော့ဂရုပြုဖို့လိုအပ်နေတဲ့ကာလတစ်ခုပါပဲ၊၊ အလှအပနဲ့ပတ်သက်တဲ့ ပစ္စည်းအသစ်အဆန်းတွေမသုံးပါနဲ့။ သွေးအားနည်းတာမျိုး၊မူးမောတာမျိုးဖြစ်လွယ်တဲ့ကာလပါပဲ။လှောင်ကုန်တွေ ဈေးကောင်းရရောင်းထွက်ပါလိမ့်မယ်။ ထီပေါက်ကံအားကောင်းချိန်မို့ ထီဝါသနာပါသူများ ထီထိုးဖို့တိုက်တွန်းလိုပါ တယ်။အချစ်ရေးကိစ္စတွေမှာတော့ စိတ်ချမ်းသာရပါလိမ့်မယ်။ ချစ်သူက မိမိအခက်အခဲတွေကိုကူညီဖြေရှင်းပေးပါ လိမ်မယ်။
အိမ်ထောင်ရေးမှာတော့ အပူသောကသိပ်မရှိနိုင်ပါ။ စနေသားသမီးတစ်ယောက်ညအိပ်လာတည်း ရင် တော့ အိမ်ထောင်ရေးကတောက်ကဆဖြစ်ဖွယ်ကြုံရတတ်ပါတယ်။ ပညာရေးအတွက် အားထည့်ကြိုးစားလို့အဆင် မပြေသေးပါဘူး။အကျိုးပေးဂဏန်း ၅/၇/၀အထူးဟော…လုပ်ငန်းစီးပွားကောင်းဖို့ အခွင့်အလမ်းတွေပေါ်လာတတ်သည် ယတြာ …ထမင်းလေးသုပ်ပြီး ဘဲဥကြော်နဲ့ဘုရားကပ်ပေးပါ
ကြာသပတေး
ဒီကာလဟာ အလုပ်ကိစ္စတွေကြောင့် မိသားစုကိစ္စ လူမှုရေး ကိစ္စတွေမှာပျက်ကွက်ရပါလိမ့်မယ်။ လူငယ် တွေ ဆို အိမ်မကပ်ဘဲအပေါင်းအသင်းနဲ့ သွားနေချင်တဲ့ကာလပါပဲ။ စိတ်ချမ်းသာမှု စိတ်လွတ်လပ်မှုတွေအပြည့်အဝ မခံစား ရတဲ့အချိန်ပါပဲ။ စီးပွားရေးကံကကောင်းနေတတ်ပါတယ်။ အပေါင်းအသင်းမိတ်ဆွေတွေရဲ့အကူအညီတွေ အကြံဉာဏ်တွေရပါလိမ့်မယ်။ ပညာဉာဏ်တွေတိမ်မြုပ်နေတတ်တယ်။ မိမိတွေးခေါ်စဉ်းစားပြီးဆောင်ရွက်တဲ့ ကိစ္စ တွေက အမှားကိုဦးတည်နေနိုင်တယ်။
ခက်ခဲနေတဲ့ ဆရာသမားတွေကို ငွေကြေးကူညီထောက်ပံ့ပေးရတတ်တယ်။ အခြားကိစ္စတွေ ထက်ကျန်းမာရေးကိုအထူးဂရုစိုက်ပါ။ အနေအထိုင်အစားအသောက် မဆင်ခြင်ပါက အိပ်ရာ ထဲ လဲသည်အထိ ဖြစ်တတ်ပါတယ်။ အိုးအိမ်နေရာ ထိုင်ခင်း ပြောင်းရလိမ့်မည်။ စိတ် ပင်ပန်းရုံတင်မက လူလဲ ပင်ပန်း နေရတတ်ပါတယ်။ ရွှေထွက်ကိန်းရှိနေပါတယ်။ အောက်လက်ငယ်သားတွေကြောင့် စိတ်ညစ်ရလိမ့်မည်။ လူယုံနှင့် စိတ် မချထားပါနှင့် ။ မိသားစုအပူသောက တွေကလဲ မိမိခေါင်းပေါ်ရောက်လာတတ် ပါတယ်။
အချစ်ရေးကိစ္စ တွေ မှာ နားလည်မှုတွေတည်ဆောက်ရခက်ခဲပါလိမ့်မယ်။စုတ်ကိစ္စ အချစ်ရေးကိစ္စ များတွင် မလည်ရှုပ်ဖြစ်မည်။ လူပျို အပျိုဆိုအိမ်ထောင်ရှင်များရဲ့မြူဆွယ်လှည့်စားခြင်းခံရတတ်ပါတယ်။ပညာရေး ကံအား ကောင်း စွာရပ်တည် နေ တဲ့ ကာလပါ။
အကျိုးပေးဂဏန်း ၁/၆/၈အထူးဟော အနည်းငယ်ကံညံ့နေမယ် ယတြာ ပေါင်မုန့်ကြော်ပြီး ဘုရားကပ်ပါ
သောကြာ
မျှော်လင့် ထားတာ ၊ရည်မှန်းထားတာတွေ ပြည့်မြောက်ဖို့အချိန်ယူရလိမ့်မယ်။ မိမိအကြံပေးလမ်းညွှန်မှု ကြောင့် အခြားသူ တွေ အဆင်ပြေအောင်မြင်မဲ့အချိန်ပါ။ ကောင်းသောခရီး ၊ ဘုရားဖူးခရီးတွေလဲသွားရဖို့ကြုံလာ တတ်ပါ တယ်။ အရာတိုင်းနှေးကွေးလေးလံစွာအကျိုးပေးနေချိန်ပါ။ ကြီးမားစွာအကျိုးဖြစ်ထွန်းမှုတွေမရှိနိုင်သေးပါ ဘူး။ စိတ်ညစ်စရာကတော့ အိမ်တွင်းရေးအပူတွေ့တတ်ပါတယ်။ လုပ်ငန်းတိုးချဲ့တာ အလုပ်ထဲမှာ ထပ်ပြီး ရင်းနှီး မြုပ်နှံ တာမျိုးမလုပ်သင့်တဲ့အချိန်ကာလပါပဲ။
အလုပ်များ ရတတ်ပါတယ်။ လူငယ်များ အိမ်မကပ်ချင်ဖြစ်နေတတ်ပါ တယ်။ စိတ်လေ စိတ်လွင့်ဖြစ်နေတာမျိုးပေါ့။လူမျိုးခြား အကျိုးပေးမယ်။ ဝန်ထမ်းများ စကားအပြောအဆိုဆင်ခြင် ပါ။အထက်လူကြီးနဲ့စကားအခြေအတင်များရပြီးမိမိအလုပ်ထိခိုက်နိုင်လို့ပါပဲ။ကျန်းမာရေးအထူးကောင်းနေ လိမ့် မယ်။ အချစ်ရေးကတော့ မျှော်လင့်သလို မဖြစ်နိုင်သေးပါဘူး။ ချစ်သူက လမ်းခွဲစကားတွေပြောခံရသည် အထိ ညံ့နေတတ်ပါတယ်။
အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ရဲ့ကျန်းမာရေး ညံ့ဖျင်းနေတာကြောင့်ပူပန်စိုးရိမ် ရတတ်ပါ တယ်။ ပညာရေးကောင်းပေမဲ့ ဆရာကမိမိကိုဂရုမစိုက်နိုင်တာ လျစ်လျူ ရှုထားမိသလိုဖြစ်သွားတာမျိုး ကြုံရနိုင်ဖွယ်ရှိနေပါတယ်။ စာမေးပွဲကိစ္စ အင်တာဗျုးကိစ္စတွေမှာ ခက်ခက်ခဲခဲကြိုး စားမှ အောင်မြင်လိမ့်မယ်။
အကျိုးပေးဂဏန်း ၂/၇/၀အထူးဟော အိမ်သားတွေရဲ့ကျန်းမာရေးကို ဂရုစိုက်ပေးပါ ယတြာ…ထီးဖြူနှစ်လက် ဘုရားကပ်လှူပေးပါ
စနေ
အဖိုးတန်လက်ဝတ်ရတနာများဝင်လာတတ်သည်။ ရွှေဝင်လိမ့်မည်။ မိသားစုအတွင်း အတွင်းပျော်ရွှင်စရာ ကိစ္စများကြုံရမည်။ သားသမီးကြောင့်ဂုဏ်တတ်လိမ့်မည်။ အိမ်ထောင်သည်ပဲဖြစ်ဖြစ် လူလွတ်ပဲဖြစ်ဖြစ်အနေနီးသူ နဲ့ငြိစွန်းလွယ်တဲ့ကာလပါ။ လူမျိုးခြားတိုင်းရင်သားတွေရဲ့ ကူညီမစခြင်းခံရပါလိမ့်မယ်။ စီးပွားရေးအထူးကောင်း နေချိန်ပါ။ ကိုယ်ပိုင်လုပ်ငန်း လုပ်သူများအကျိူးအမြတ်များစွာဖြစ်ထွန်းပါလိမ့်မည်။ရှေးတိုးဆောင်ရွက်မှုတွေ အရမ်းမလုပ်သင့်တဲ့ကာလပါပဲ။
နိုင်ငံခြားကိစ္စရပ်ဝေး နယ်ခြား သွားရောက်လုပ်ကိုင်ရသောကိစ္စရပ်များအထူး ကောင်း ပါလိမ့်မယ်။ အလုပ်မှား အရောင်းအဝယ်မှား တွေဖြစ် တတ်ပါတယ်။ ဖြန့်ဖြူးရေးလုပ်ငန်း ၊ ကိုယ်စား လှယ်လုပ်ငန်းလုပ်သူများ ငွေပေးငွေယူသတိရှိပါ။ လက်ရှိ ချစ်သူထက် နောက်တွေ့တဲ့အသစ်ကိုဦးစားပေး နေမိ တတ်ပါတယ်။အိမ်ထောင်ရေးမှာတော့ နှစ်ဖက်ဆွေမျိုး တွေရဲ့ သွေးထိုးမှုကြောင့်လင်မယားချင်း စိတ်ဝမ်းကွဲ ရတတ်ပါတယ်။
ကျန်းမာရေးကတော့အားနည်းနေပေမဲ့ မတ်တပ်ဖျား မတ်တပ်နာလောက်ပဲ ဖြစ်ပါလိမ့်မယ်။ ပညာရေးကံမြင့်မားနေတဲ့အချိန်ပါပဲ။ ဆုထူး ဂုဏ်ထူးများရတတ်ပါတယ်။အကျိုးပေးဂဏန်း ၁/၃/၀အထူးဟော ကံမြင့်မားနေမယ်ယတြာ စမူဆာဘုရားကပ်လှူလိုက်ပါ
၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)0977 5555 695
Zawgyi
30.9.2021 မွ 06.10.2021 အထိ တစ္ပတ္စာ ၇ရက္သားသမီးေဟာစာတမ္း
တနဂၤေႏြ
အရာရာကိုေမတၱာတရားနဲ႕ေျဖရွင္းမွ အဆင္ေျပလိမ့္မယ္။ တက္နိုင္သမွ်ၿပဳံးထားပါ။ကိစၥေတာ္ေတာ္မ်ားမ်ား အဆင္ေျပသြားပါလိမ့္မယ္။ အလုပ္ခြင္အတြင္း ခ်စ္လို႔၊အားကိုးရလို႔ ေနရာေပးခံရတာေတြႀကဳံရတတ္ပါတယ္။ အိမ္ တြင္းေရးကိစၥေတြမွာေတာ့ သားသမီးကိုအေၾကာင္းျပဳၿပီး မၿငိမ္းခ်မ္းဖြယ္ရာကိစၥေတြႀကဳံေနရတတ္ပါတယ္။ အတိတ္ကာလက ျပဳခဲ့တဲ့အေၾကာင္းတရားေတြက အက်ိဳးတရားအျဖစ္အခုကာလမွာ သက္ေရာက္လာဖြယ္ရွိေနပါ တယ္။
အက်ဥ္းအၾကပ္ထဲေရာက္ေနသူေတြ၊အမႈအခ်ဳပ္ေထာင္နဲ႕ ပတ္သက္ၿပီး စိုးရိမ္ေနရသူေတြရွိရင္ ဒီအပတ္က စၿပီးၿငိမ္းခ်မ္းမႈေတြရလာတတ္ပါတယ္။ ေငြေၾကးနဲ႕ပတ္သက္သမွ်ကေတာ့ အခက္အခဲနည္းပါးပါလိမ့္မယ္။ ေငြေၾကးၾကပ္တည္းသူမ်ား ကူညီမဲ့သူေတြေပၚလာတတ္ပါတယ္။ စိတ္ထဲကျဖစ္ခ်င္တဲ့ ဆႏၵေလးေတြေတာ့ျပည့္ဝ လာတတ္ပါတယ္။ေငြေၾကးစီမံခန႔္ခြဲမႈေတြကိုေတာ့ တတ္နိုင္သမွ်စနစ္တက်ေဆာင္႐ြက္ဖို႔လိုပါတယ္။
က်န္းမာေရး အဆိုးသိပ္မရွိပါဘူး…အခ်ိဳရည္ေတြေတာ့ ေလွ်ာ့ေသာက္ပါ။ အခ်စ္ေရးကိစၥေတြအဆင္ေျပစိတ္ခ်မ္းသာဖို႔မ်ား ပါ တယ္။ဝါကြၽတ္ကာလ လက္ထပ္ဖို႔စဥ္းစားထားသူေတြ တိုင္ပင္တာမ်ိဳး၊ႏွီးေႏွာတာမ်ိဳးေတြစတင္ေဆာင္႐ြက္လို႔ ေကာင္းပါၿပီ၊ အိမ္ေထာင္ေရးမွာေတာ့ မိသားစုဝင္ေတြေၾကာင့္ပဲ အိမ္ေထာင္ေရးအဆင္မေျပျဖစ္နိုင္ပါတယ္။အက်ိဳးေပးဂဏန္း 1/4/2အထူးေဟာ ေအးခ်မ္းမႈေတြရရွိလာမည္ ယၾတာ အာလူးေၾကာ္ေလးဘုရားကပ္ေပးပါ
တနလၤာ
မိမိအေနနဲ႕ ကိုယ္အဆင္ေျပဖို႔ဆိုတဲ့ စိတ္တစ္ခုထဲမေတြးပါနဲ႕။ ဘာလုပ္လုပ္အမ်ားအတြက္ပါစဥ္းစားေစခ်င္ ပါတယ္။ အတၱကို ေရွ႕တန္းတင္လြန္းသူေတြဒုကၡမ်ားနိုင္တဲ့ကာလမို႔ပါပဲ။ ေငြေၾကးအတြက္လဲ မသမာနည္းသုံးၿပီးေငြ မရွာပါနဲ႕။ လူငယ္မ်ားအေပ်ာ္လြန္ရာကေန အပ်က္ျဖစ္ရတတ္ပါတယ္။ မိန္းကေလးတစ္ေယာက္ကို မိမိနဲ႕အၿပိဳင္ ပိုးေနတဲ့သူေတြရွိရင္သတိထားပါ။မိမိကိုလာေရာက္ဒုကၡေပးတတ္ပါတယ္။
အိုးအိမ္၊ၿခံ၊ေျမ၊တိုက္ခန္းဝယ္ယူတဲ့ကိစၥ မ်ိဳးေတြက ဒီကာလအတြင္းမွာအဆင္ေျပတတ္ပါတယ္။ အလုပ္တူ၊ စီးပြားတူသူေတြရဲ႕ အကူအညီအေထာက္အပံ့ ေတြရလာတတ္ပါတယ္။ သားသမီးအတြက္ စိတ္ခ်မ္းသာရတတ္သလို အ႐ြယ္ေရာက္ၿပီး သားသမီးေတြရဲ႕အကူအညီ ေတြလဲ ရလြယ္ေနပါလိမ့္မယ္။အဖြဲ႕အစည္းနဲ႕ အမ်ားနဲ႕၊အသင္းအဖြဲ႕နဲ႕ တြဲဖက္လုပ္ကိုင္ရတဲ့အလုပ္ေတြမွာေတာ့ အဆင္ေျပနိုင္တာကိုေတြ႕ရပါတယ္။
က်န္းမာေရးကိစၥေတြမွာေတာ့ အရက္ေသစာေသာက္စားျခင္း၊ပင္လယ္စာစား သုံးျခင္းေတြသတိျပဳေစခ်င္ပါတယ္။ဝမ္းပ်က္လြယ္..အစာအိမ္ထိလြယ္တဲ့ ကာလျဖစ္ေနလို႔ပါပဲ။ အခ်စ္ေရးကိစၥ ေတြမွာေတာ့ မိမိကိုယ္တိုင္က ခ်ဳပ္ခ်ယ္မႈ၊သဝန္တိုမႈေတြမ်ားေနတာေၾကာင့္ ခ်စ္သူကစိတ္ပ်က္ေနမိတတ္တယ္ဆို တာကိုနားလည္ထားေပးပါ။အိမ္ေထာင္ေရးကေတာ့ အညံ့အဆိုးမရွိသေလာက္နည္းပါးပါလိမ့္မယ္။အက်ိဳးေပးဂဏန္း ၃/၅/၉အထူးေဟာ မိမိအေတြးအေခၚအယူအဆေတြ အမွားဘက္ကိုဦးတည္ေနတတ္တယ္ယၾတာ ဒဏ္ေၾကလိမ္းေဆးတစ္ဘူး လိုအပ္သူကိုလႉလိုက္ပါ
အဂၤါ
လုပ္ကိုင္ေဆာင္႐ြက္စရာရွိတဲ့ကိစၥေတြကို ၾကာရင္ၾကာပါေစ…ေျဖးေျဖးမွန္မွန္သာလုပ္ကိုင္ေဆာင္႐ြက္ဖို႔ တိုက္တြန္းလိုပါတယ္။ေစ့စပ္ေသခ်ာမႈရွိပါေစ။နေမာ္နမဲ့ မလုပ္မိပါေစ။ကိုယ္ေပါ့ဆလိုက္တဲ့ကိစၥေလးတစ္ခုက ေနာင္တစ္ခ်ိန္ျပန္ရွင္းရတတ္ပါတယ္။ ေငြစာရင္း၊ပစၥည္းစာရင္းကိုင္တြယ္လုပ္ကိုင္ရသူေတြ အမွားအယြင္းမျဖစ္ ေအာင္ဂ႐ုစိုက္လိုက္ပါ။ ကိုယ္ေလးစားရသူေတြ၊ ကိုယ္အေပၚေက်းဇူးရွိသူေတြရဲ႕ နာေရးသတင္းေတြၾကားရတတ္ပါ တယ္။ စန္းအားေကာင္းၿပီးလူခ်စ္လူခင္မ်ားေနတတ္ပါတယ္။
မည္သည္ကိစၥမွာမဆို အကူအညီေပးမဲ့သူေတြေပါ မ်ားေနတတ္ပါတယ္။အလုပ္စီးပြားေတြနဲ႕ ပတ္သက္ၿပီးလုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ အကူအညီေတြ၊ အႀကံဉာဏ္ေတြရ လာတတ္ပါတယ္။ ေငြရွာလို႔ေကာင္းေပမဲ့ ေငြေၾကးနဲ႕ပတ္သက္ၿပီးအဖုအထစ္အတားအဆီးေလးေတြႀကဳံၿပီးမွပဲ အဆင္ေျပရတတ္ပါတယ္။ တစ္ပတ္ရစ္ပစၥည္းေတြဝယ္ခ်င္တာမ်ိဳးေတြရွိရင္ ဒီကာလမွာကံစပ္ပါတယ္..ဝယ္လို႔သင့္ တဲ့ကာလပါပဲ။
က်န္းမာေရးကေတာ့ ထိခိုက္ရွတာ၊ေသြးထြက္သံယို၊မေတာ္တဆထိခိုက္မႈေတြကို သတိထားဖို႔ပဲလိုပါ တယ္။ အခ်စ္ေရးကေတာ့ ေသာကကင္းၿပီး ေပ်ာ္႐ႊင္စရာေတြမ်ားေနပါလိမ့္မယ္။ခ်စ္သူရဲ႕ ခ်စ္ခင္ျမတ္နိုးတန္ဖိုးထား မႈကိုရတတ္ပါတယ္။ အိမ္ေထာင္ေရးကေတာ့ သိပ္အဆိုးႀကီး မေတြ႕ရပါဘူး.တစ္ခါတေလစကားအနည္းငယ္မ်ား တာမ်ိဳးေတာ့ျဖစ္တတ္တယ္။အက်ိဳးေပးဂဏန္း ၄/၆/၈အထူးေဟာ အရာရာကိုေစ့စပ္ေသခ်ာစြာေဆာင္႐ြက္ပါ ယၾတာ ေရွာက္သီးေလးသုပ္ၿပီး ဘုရားကပ္ပါ
ဗုဒၶဟူး၊ရာဟု
ဒီကာလအတြင္းမွာ မိမိတိုးတက္မဲ့ လမ္းစေတြ ေတြ႕လာရတတ္ပါတယ္။လုပ္ငန္းခြင္အတြင္း ေအာင္ျမင္မႈ အသီးအပြင့္ေတြခံစားရတတ္ပါတယ္။အလုပ္အကိုင္ေတြနဲ႕ပတ္သက္ၿပီးေတာ့ အလုပ္တူစီးပြားတူသူေတြနဲ႕ တြဲဖက္ လုပ္ကိုင္လို႔ေကာင္းပါတယ္။ မိမိသားသမီးေတြကို လုပ္ငန္းခြင္အတြင္းတြဲေခၚလို႔အေကာင္းဆုံးကာလပါပဲ။အမိအဘ အႀကီးအကဲေတြရဲ႕အကူအညီေတြရလာတတ္ပါတယ္။
လူမႈဆက္ဆံေရးေကာင္းသူမ်ားဒီအပတ္ထဲပိုမိုအဆင္ေျပ ေအာင္ျမင္တာေတြ႕ရပါတယ္။က်န္းမာေရးကေတာ့ဂ႐ုျပဳဖို႔လိုအပ္ေနတဲ့ကာလတစ္ခုပါပဲ၊၊ အလွအပနဲ႕ပတ္သက္တဲ့ ပစၥည္းအသစ္အဆန္းေတြမသုံးပါနဲ႕။ ေသြးအားနည္းတာမ်ိဳး၊မူးေမာတာမ်ိဳးျဖစ္လြယ္တဲ့ကာလပါပဲ။ေလွာင္ကုန္ေတြ ေဈးေကာင္းရေရာင္းထြက္ပါလိမ့္မယ္။ ထီေပါက္ကံအားေကာင္းခ်ိန္မို႔ ထီဝါသနာပါသူမ်ား ထီထိုးဖို႔တိုက္တြန္းလိုပါ တယ္။
အခ်စ္ေရးကိစၥေတြမွာေတာ့ စိတ္ခ်မ္းသာရပါလိမ့္မယ္။ ခ်စ္သူက မိမိအခက္အခဲေတြကိုကူညီေျဖရွင္းေပးပါ လိမ္မယ္။အိမ္ေထာင္ေရးမွာေတာ့ အပူေသာကသိပ္မရွိနိုင္ပါ။ စေနသားသမီးတစ္ေယာက္ညအိပ္လာတည္း ရင္ ေတာ့ အိမ္ေထာင္ေရးကေတာက္ကဆျဖစ္ဖြယ္ႀကဳံရတတ္ပါတယ္။ ပညာေရးအတြက္ အားထည့္ႀကိဳးစားလို႔အဆင္ မေျပေသးပါဘူး။အက်ိဳးေပးဂဏန္း ၅/၇/၀အထူးေဟာ…လုပ္ငန္းစီးပြားေကာင္းဖို႔ အခြင့္အလမ္းေတြေပၚလာတတ္သည္ယၾတာ …ထမင္းေလးသုပ္ၿပီး ဘဲဥေၾကာ္နဲ႕ဘုရားကပ္ေပးပါ
ၾကာသပေတး
ဒီကာလဟာ အလုပ္ကိစၥေတြေၾကာင့္ မိသားစုကိစၥ လူမႈေရး ကိစၥေတြမွာပ်က္ကြက္ရပါလိမ့္မယ္။ လူငယ္ ေတြ ဆို အိမ္မကပ္ဘဲအေပါင္းအသင္းနဲ႕ သြားေနခ်င္တဲ့ကာလပါပဲ။ စိတ္ခ်မ္းသာမႈ စိတ္လြတ္လပ္မႈေတြအျပည့္အဝ မခံစား ရတဲ့အခ်ိန္ပါပဲ။ စီးပြားေရးကံကေကာင္းေနတတ္ပါတယ္။ အေပါင္းအသင္းမိတ္ေဆြေတြရဲ႕အကူအညီေတြ အႀကံဉာဏ္ေတြရပါလိမ့္မယ္။ ပညာဉာဏ္ေတြတိမ္ျမဳပ္ေနတတ္တယ္။ မိမိေတြးေခၚစဥ္းစားၿပီးေဆာင္႐ြက္တဲ့ ကိစၥ ေတြက အမွားကိုဦးတည္ေနနိုင္တယ္။
ခက္ခဲေနတဲ့ ဆရာသမားေတြကို ေငြေၾကးကူညီေထာက္ပံ့ေပးရတတ္တယ္။ အျခားကိစၥေတြ ထက္က်န္းမာေရးကိုအထူးဂ႐ုစိုက္ပါ။ အေနအထိုင္အစားအေသာက္ မဆင္ျခင္ပါက အိပ္ရာ ထဲ လဲသည္အထိ ျဖစ္တတ္ပါတယ္။ အိုးအိမ္ေနရာ ထိုင္ခင္း ေျပာင္းရလိမ့္မည္။ စိတ္ ပင္ပန္း႐ုံတင္မက လူလဲ ပင္ပန္း ေနရတတ္ပါတယ္။ ေ႐ႊထြက္ကိန္းရွိေနပါတယ္။ ေအာက္လက္ငယ္သားေတြေၾကာင့္ စိတ္ညစ္ရလိမ့္မည္။ လူယုံႏွင့္ စိတ္ မခ်ထားပါႏွင့္ ။
မိသားစုအပူေသာက ေတြကလဲ မိမိေခါင္းေပၚေရာက္လာတတ္ ပါတယ္။ အခ်စ္ေရးကိစၥ ေတြ မွာ နားလည္မႈေတြတည္ေဆာက္ရခက္ခဲပါလိမ့္မယ္။စုတ္ကိစၥ အခ်စ္ေရးကိစၥ မ်ားတြင္ မလည္ရႈပ္ျဖစ္မည္။ လူပ်ိဳ အပ်ိဳဆိုအိမ္ေထာင္ရွင္မ်ားရဲ႕ျမဴဆြယ္လွည့္စားျခင္းခံရတတ္ပါတယ္။ပညာေရး ကံအား ေကာင္း စြာရပ္တည္ ေန တဲ့ ကာလပါ။အက်ိဳးေပးဂဏန္း ၁/၆/၈အထူးေဟာ အနည္းငယ္ကံညံ့ေနမယ္ ယၾတာ ေပါင္မုန႔္ေၾကာ္ၿပီး ဘုရားကပ္ပါ
ေသာၾကာ
ေမွ်ာ္လင့္ ထားတာ ၊ရည္မွန္းထားတာေတြ ျပည့္ေျမာက္ဖို႔အခ်ိန္ယူရလိမ့္မယ္။ မိမိအႀကံေပးလမ္းၫႊန္မႈ ေၾကာင့္ အျခားသူ ေတြ အဆင္ေျပေအာင္ျမင္မဲ့အခ်ိန္ပါ။ ေကာင္းေသာခရီး ၊ ဘုရားဖူးခရီးေတြလဲသြားရဖို႔ႀကဳံလာ တတ္ပါ တယ္။ အရာတိုင္းေႏွးေကြးေလးလံစြာအက်ိဳးေပးေနခ်ိန္ပါ။ ႀကီးမားစြာအက်ိဳးျဖစ္ထြန္းမႈေတြမရွိနိုင္ေသးပါ ဘူး။ စိတ္ညစ္စရာကေတာ့ အိမ္တြင္းေရးအပူေတြ႕တတ္ပါတယ္။ လုပ္ငန္းတိုးခ်ဲ့တာ အလုပ္ထဲမွာ ထပ္ၿပီး ရင္းႏွီး ျမဳပ္ႏွံ တာမ်ိဳးမလုပ္သင့္တဲ့အခ်ိန္ကာလပါပဲ။
အလုပ္မ်ား ရတတ္ပါတယ္။ လူငယ္မ်ား အိမ္မကပ္ခ်င္ျဖစ္ေနတတ္ပါ တယ္။ စိတ္ေလ စိတ္လြင့္ျဖစ္ေနတာမ်ိဳးေပါ့။လူမ်ိဳးျခား အက်ိဳးေပးမယ္။ ဝန္ထမ္းမ်ား စကားအေျပာအဆိုဆင္ျခင္ ပါ။အထက္လူႀကီးနဲ႕စကားအေျခအတင္မ်ားရၿပီးမိမိအလုပ္ထိခိုက္နိုင္လို႔ပါပဲ။ က်န္းမာေရးအထူးေကာင္းေန လိမ့္ မယ္။ အခ်စ္ေရးကေတာ့ ေမွ်ာ္လင့္သလို မျဖစ္နိုင္ေသးပါဘူး။ ခ်စ္သူက လမ္းခြဲစကားေတြေျပာခံရသည္ အထိ ညံ့ေနတတ္ပါတယ္။
အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္ရဲ႕က်န္းမာေရး ညံ့ဖ်င္းေနတာေၾကာင့္ပူပန္စိုးရိမ္ ရတတ္ပါ တယ္။ ပညာေရးေကာင္းေပမဲ့ ဆရာကမိမိကိုဂ႐ုမစိုက္နိုင္တာ လ်စ္လ်ဴ ရႈထားမိသလိုျဖစ္သြားတာမ်ိဳး ႀကဳံရနိုင္ဖြယ္ရွိေနပါတယ္။ စာေမးပြဲကိစၥ အင္တာဗ်ဳးကိစၥေတြမွာ ခက္ခက္ခဲခဲႀကိဳး စားမွ ေအာင္ျမင္လိမ့္မယ္။
အက်ိဳးေပးဂဏန္း ၂/၇/၀အထူးေဟာ အိမ္သားေတြရဲ႕က်န္းမာေရးကို ဂ႐ုစိုက္ေပးပါယၾတာ…ထီးျဖဴႏွစ္လက္ ဘုရားကပ္လႉေပးပါ
စေန
အဖိုးတန္လက္ဝတ္ရတနာမ်ားဝင္လာတတ္သည္။ ေ႐ႊဝင္လိမ့္မည္။ မိသားစုအတြင္း အတြင္းေပ်ာ္႐ႊင္စရာ ကိစၥမ်ားႀကဳံရမည္။ သားသမီးေၾကာင့္ဂုဏ္တတ္လိမ့္မည္။ အိမ္ေထာင္သည္ပဲျဖစ္ျဖစ္ လူလြတ္ပဲျဖစ္ျဖစ္အေနနီးသူ နဲ႕ၿငိစြန္းလြယ္တဲ့ကာလပါ။ လူမ်ိဳးျခားတိုင္းရင္သားေတြရဲ႕ ကူညီမစျခင္းခံရပါလိမ့္မယ္။ စီးပြားေရးအထူးေကာင္း ေနခ်ိန္ပါ။ ကိုယ္ပိုင္လုပ္ငန္း လုပ္သူမ်ားအက်ိဴးအျမတ္မ်ားစြာျဖစ္ထြန္းပါလိမ့္မည္။ေရွးတိုးေဆာင္႐ြက္မႈေတြ အရမ္းမလုပ္သင့္တဲ့ကာလပါပဲ။
နိုင္ငံျခားကိစၥရပ္ေဝး နယ္ျခား သြားေရာက္လုပ္ကိုင္ရေသာကိစၥရပ္မ်ားအထူး ေကာင္း ပါလိမ့္မယ္။ အလုပ္မွား အေရာင္းအဝယ္မွား ေတြျဖစ္ တတ္ပါတယ္။ ျဖန႔္ျဖဴးေရးလုပ္ငန္း ၊ ကိုယ္စား လွယ္လုပ္ငန္းလုပ္သူမ်ား ေငြေပးေငြယူသတိရွိပါ။ လက္ရွိ ခ်စ္သူထက္ ေနာက္ေတြ႕တဲ့အသစ္ကိုဦးစားေပး ေနမိ တတ္ပါတယ္။
အိမ္ေထာင္ေရးမွာေတာ့ ႏွစ္ဖက္ေဆြမ်ိဳး ေတြရဲ႕ ေသြးထိုးမႈေၾကာင့္လင္မယားခ်င္း စိတ္ဝမ္းကြဲ ရတတ္ပါတယ္။ က်န္းမာေရးကေတာ့အားနည္းေနေပမဲ့ မတ္တပ္ဖ်ား မတ္တပ္နာေလာက္ပဲ ျဖစ္ပါလိမ့္မယ္။ ပညာေရးကံျမင့္မားေနတဲ့အခ်ိန္ပါပဲ။ ဆုထူး ဂုဏ္ထူးမ်ား ရတတ္ပါတယ္။အက်ိဳးေပးဂဏန္း ၁/၃/၀အထူးေဟာ ကံျမင့္မားေနမယ္ ယၾတာ စမူဆာဘုရားကပ္လႉလိုက္ပါ
၇ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးနိုင္ၾကပါေစ
ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)0977 5555 695