ဗဟုသုတ


သင့်ရဲ့ personal data တွေ ခိုးယူမခံရဖို့ ဒီအချက် (၈) က အရေးကြီးပါတယ်

ခုခေတ်မှာ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ နည်းပညာကို အသုံးချပြီး လိမ်လည်သူတွေလည်း ပေါများလာပါတယ်။ မိမိရဲ့ ကိုယ်ရေးအချက်အလက်တွေကို မပေါက်ကြားဖို့က အရမ်းကို အရေးကြီးပါတယ်။ မိမိရဲ့ ကိုယ်ရေးအချက်အလက်တွေကို တစ်ပါးသူတစ်ယောက်က လွဲမှားစွာ အသုံးချတဲ့အခါ နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ်ရေးအချက်အလက်တွေ ခိုးယူခံရတဲ့ ဘေးကနေ ဝေးဖို့ နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ သင့်ရဲ့သူငယ်ချင်း၊ မိသားစုဆိုပြီး ဟန်ဆောင်ပြောတဲ့အခါ သတိပြုပါ

တချို့တွေက သင့်မိသားစုဝင်၊ သူငယ်ချင်းအဖြစ် ဟန်ဆောင်ပြီး တခြားဖုန်းနံပါတ်နဲ့ ဆက်ပါလိမ့်မယ်။ သူတို့မှာ ငွေအရမ်း လိုနေကြောင်း ပြောပြီး ငွေလွှဲခိုင်းပါလိမ့်မယ်။ အဲဒါကြောင့် သင့်မိသားစုဝင်အဖြစ် ဟန်ဆောင်ပြော၊ မပြော သိရအောင် မိသားစုဝင်တွေဆီကို သေချာ ဖုန်းပြန်ဆက်ပါ။

၂။ လူအများ ဖုန်းအားသွင်းတဲ့ နေရာတွေမှာ အားမသွင်းသင့်ပါဘူး

လူအများ ဖုန်းအားသွင်းတဲ့နေရာမှာ သင့်ရဲ့ အချက်အလက်တွေကို ခိုးနိုင်ချေ များပါတယ်။ ဖုန်းအားသွင်းကြိုးတွေကို သူတို့ရဲ့ ကွန်ပျူတာတွေနဲ့ ချိတ်ဆက်ထားတတ်ပါတယ်။ ဒီလိုနည်းနဲ့ ဟက်ကာတွေက သင့်ရဲ့ device ထဲကို ဝင်ပြီး malware တွေကိုတောင် install လို့ရပါတယ်။

၃။ လူအများသုံးတဲ့ wifiကို သုံးရင် vpn ကို သုံးပါ

Public wifi သုံးမယ့်သူတွေကို ဟက်ကာတွေနဲ့ သူခိုးတွေက အချက်အလက်ခိုးဖို့ စောင့်နေနိုင်ပါတယ်။ အဲဒါကြောင့် ဆိုင်ဘာလုံခြုံရေးအေဂျင်ဆီက အချက်အလက်တွေ ခိုးယူခံရတဲ့အန္တရာယ်ကနေ ဝေးအောင် public wifi သုံးတဲ့အခါ vpn သုံးဖို့ အကြံပေးထားပါတယ်။

၄။ သင့်ရဲ့ password တွေ သိမ်းထားဖို့ password manager app ကို download လုပ်ပါ

လူအများစုက account တွေ အများကြီးရှိပေမယ့် password တွေကို တစ်မျိုးတည်း ထားတတ်ကြပါတယ်။ Password တွေကို notepad ထဲမှာ ရေးမယ့်အစား password manager ထဲမှာ ထည့်သွင်းသိမ်းထားပါ။ ဒါပေမယ့် စိတ်ချရတဲ့ Password manager app ဖြစ်ဖို့တော့ အရေးကြီးပါတယ်။

၅။ Browsing history, cookiesနဲ့ cache တွေကို မကြာခဏဖျက်ပါ

ဟက်ကာတွေက သင့်ရဲ့ device ထဲဝင်ဖို့ password တွေကို ရှာမတွေ့ရင်တောင် cookies တွေကို သုံးပြီးဝင်နိုင်ပါတယ်။ Cookies တွေမှာ သင့်ရဲ့ bank နဲ့ဆိုင်တဲ့ အသေးစိတ် အချက်အလက်တွေ၊ အရေးကြီးတဲ့ အချက်အလက်တွေ ပါဝင်တာကြောင့် အရေးကြီးပါတယ်။ အဲဒါကြောင့် browser ထဲကိုဝင်ပြီး မကြာခဏရှင်းလင်းပေးပါ။

၆။ Apps တွေကို Apple store နဲ့ Google play store ကနေပဲ download လုပ်ပါ

တချို့ app တွေကို download လုပ်ချင်ရင် linkတွေထဲကနေ ဝင်ရတတ်ပါတယ်။ Link တွေထဲကနေဝင်ရင် virusလည်း ဝင်တတ်ပါတယ်။ ပြီးတော့ app အတုတွေနဲ့လည်း ကြုံရတတ်ပါတယ်။ အဲဒါကြောင့် app တွေကို download လုပ်ချင်တဲ့အခါ Apple store နဲ့ Google play store က စိတ်အချရဆုံးပါ။

၇။ ဖုန်းထဲမှာ Remote wipe ထည့်ထားပါ

သင့်ဖုန်း အခိုးခံရတာပဲဖြစ်ဖြစ် ပျောက်သွားတာပဲဖြစ်ဖြစ် အချက်အလက်တွေကို သူများလက်ထဲ မရောက်သွားအောင် ဖုန်းထဲမှာ remote wipe app ကို ကြိုတင်ထည့်ထားပါ။ Remote wipe app က အဝေးကနေ သင့် data တွေလှမ်းပြီး ဖျက်လို့ရပါတယ်။ ဒါပေမယ့် သင့်ဖုန်းမှာ အင်တာနက်ကို အမြဲဖွင့်ထားဖို့တော့လိုပါတယ်။ သူခိုးက ဖုန်းကို airplane mode လုပ်လိုက်ရင်၊ reboot လုပ်လိုက်ရင်၊ အင်တာနက် ချိတ်ဆက်မထားရင်တော့ အချက်အလက်တွေကို ဖျက်လို့မရပါဘူး။

၈။ Bluetooth ကို အကြာကြီးမဖွင့်ထားသင့်ပါဘူး

Bluetooth ကို မလိုအပ်ဘဲ အကြာကြီး ဖွင့်ထားရင် ဟက်ကာတွေက သင့်အချက်အလက်တွေကို ရသွားနိုင်ပါတယ်။ Malware တွေနဲ့ တခြား virus တွေကိုလည်း ထည့်သွားလို့ ရပါသေးတယ်။ အဲဒါကြောင့် အသုံးလိုသလောက်ပဲ bluetooth ကို ဖွင့်ထားသင့်ပါတယ်။

Credit