ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ သာသနာတော်ကြီး မကွယ်မပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်နေတဲ့ မိုင်းလင်းဆရာတော်ကြီးနဲ့ မိုင်းဖုန်းဆရာတော်ကြီးနှစ်ပါးကို အားလုံးသိကြမယ်လို့ ထင်ပါတယ်။
အဆိုပါ ဆရာတော်ကြီးနှစ်ပါးထဲမှ မိုင်းလင်းဆရာတော်ကြီးဟာ ဒီကနေ့ သြဂုတ်လ (၂၆)ရက်နေ့ နေ့လည်ပိုင်းလောက်မှာ ကိုဗစ်ဝေသနာဖြင့် ဘဝနတ်ထံ ပျံလွန်တော်မှုသွားပြီဖြစ်ကြောင်း စိတ်မကောင်းစွာ ကြားသိရပါတယ်။
ကျေးဇူးတော်ရှင် မိုင်းလင်းဆရာတော်ကြီး ဘဒ္ဒန္တဝိမလဟာ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဘရာဇာခူး၊ မဟာမင်္ဂလ သဒ္ဓမ္မ ဘွဲ့တံဆိပ်တော်ကို ရရှိထားတာဖြစ်ပါတယ်။
လက်ရှိဆရာတော်ကြီးဟာ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊(၁၇)မိုင် ဓမ္မဂမ္ဘီရသာသနာ့စွမ်ဟိန်း လှိုင်ဂူတော်ကြီးအတွင်းမှာ တရားအားထုတ်ပြီး သာသနပြုနေတာဟာဆိုရင် (၁၅)လကျော်အထိ ကြာမြင့်နေပြီဖြစ်ပါတယ်။
ဆရာတော်ကြီးရှိတဲ့ စွမ်ဟိန်းလှိုင်ဂူတော်ကြီးအတွင်းသို့ ရောဂါကူးစက်မှုမြှင့်မားနေတဲ့ အချိန်တွေမှာလည်း တပည့်၊ ဒါယကာ၊ဒါယိကာမတို့က မကြာခဏလာရောက် ဖူးမြော်ကြတယ်လို့ သိရပါတယ်။
ယင်းနောက် ဆရာတော်ကြီးဟာ သာသနာပြုနေစဥ်အတွင်း ကိုဗစ်ရောဂါ ကူးစက်ခံရပြီး သြဂုတ်လ(၂၄)ရက်နေ့မှာတော့ ရောဂါဝေသနာ ပိုမိုဆိုးဝါးလာတာကြောင့် နေ့တွင်းချင်း စွမ်ဟိန်းဂူကနေ ကျိုင်းတုံမြို့ရှိ စစ်ဆေးရုံသို့ ပင့်ဆောင်ကာ ကုသပေးခဲ့ပါတယ်။
ဒီကနေ့မှာတော့ စိတ်မကောင်းစွာနဲ့ မိုင်းလင်းဆရာတော်ကြီးဟာ ကျိုင်းတုံဆေးရုံမှာပဲ ဆေးကုသနေရင်း ဘဝနတ်ထံ ပျံလွန်တော်မှုသွားခဲ့ပြီဖြစ်ပါတယ်။
ယခုလို ကိုဗစ်ဝေသနာဖြင့် မိုင်းလင်းဆရာတော်ကြီး ပျံလွန်တော်မှုသွားခဲ့တာကြောင့် သာသနာတော်ကြီးအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ပါတယ်။ နောက်ဆုံး ခန္ဓာဝန်ချတော်မှုသွားတဲ့ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို တပည့်သံဃာတော်များ ၊ဒါယကာ၊ဒါယိကာမတို့လည်း ပြန်လည်ဖူးမြော်ခွင့်ရအောင် ဖော်ပြပေးလိုက်ပါတယ်။
သတင်းအရင်းမြစ်: Source – SHAN BURMESE
unicode
ကြေးဇူးတောျရှငျ မိုငျးလငျးဆရာတောျကွီး ဘဒ်ဒန်တဝိမလဟာ အဂ်ဂမဟာသဒ်ဓမ်မဇောတိကဓဇ၊ အဂ်ဂမဟာဘရာဇာခူး၊ မဟာမငျ်ဂလ သဒ်ဓမ်မ ဘှဲ့တံဆိပျတောျကို ရရှိထားတာဖွစျပါတယျ။