ၾကားသိရသမွ်

Vocal G ရဲ့ လွန်ခဲ့တဲ့အနှစ် (၂၀) နှစ်ကျော်က ဓာတ်ပုံလေးတင်ပြီး အမှတ်တရစကားလေးပြောလာတဲ့ ဦးအောင်ကျော်ဝင်း

မိတ်ဆွေတစ်ယောက်က အမှတ်တရအနေနဲ့ ပြန်ပို့တဲ့ လွန်ခဲ့တဲ့အနှစ် (၂၀) နှစ်ကျော်က ဓာတ်ပုံလေးပါ

ပေးပို့လိုက်တဲ့ မိတ်ဆွေကို ကျေးဇူးအထူးတင်ရှိပါတယ်

သမီးလေး ကိုယ်ဝန်ဆောင်တုန်း ကျွန်တော်တောင်းတဲ့ဆုက

ကိုယ်လက်အင်္ဂါပြည့်စုံပြီး အသားအရေ ကျွန်တော်တို့ထက်ပိုလှပပါစေ လို့ဆုတောင်းခဲ့တာ

မွေးလာတော့ကျွန်တော့်ဆုတောင်းပြည့်ခဲ့တယ်

အဲ့ဒီတုန်းက ချစ်စရာသမီးလေး Grace G ရဲ့အသားအရေက

ကျွန်တော်တို့နှစ်ယောက်ထက်ပိုဖြူတယ် ဖြူဥပြီးအသားအရေကတင်းနေတာဘဲ

Teenager ဖြစ်လာတော့ အသားဖြူလွန်းရင် မကြိုက်တော့ဘဲ

အသားရောင်ကို Tan ဖြစ်မှ ကောင်းတယ်ဆိုပြီး ဖြူဖတ်ဖြူလျော်ကြီး မကြိုက်ဖူး

ပါပါးလောက်မဖြူချင်ဖူး တောက်လျောက်နေလောင်ခံလိုက်တာ

အခုတော့အားလုံးထဲမှာအညိုဆုံးဖြစ်သွားတယ်

အမှတ်တရအနေဖြင့်လွန်ခဲ့တဲ့အနှစ် (၂၀) ကျော် အဖြစ်အပျက်လေးအနေဖြင့်တင်လိုက်ပါတယ်

(Zawgyi)













Source: Aung Kyaw Win