ၾကားသိရသမွ်

န.စ.က တွေ့ဆုံပွဲ တက်ရောက်ဖြစ်ခဲ့ရခြင်းအကြောင်းရင်းကိုပြောပြတဲ့ ရန်အောင်

န.စ.က တွေ့ဆုံပွဲ တက်ရောက်ဖြစ်ခဲ့ရခြင်းအကြောင်းရင်းကိုပြောပြတဲ့ ရန်အောင်

တွေ့ဆုံပွဲတက်ရောက်ခဲ့မှုနဲ့ပတ်သက်လို့ ရန်အောင်က သူ့ရဲ့ လူမှုကွန်ယက်ဖေ့ဘွတ်စ်မှာ အခုလိုရေးသားထားပါတယ်။

“ကျွန်တော်ရန်အောင်ရဲ့သစ္စာစကားပါ ခင်ဗျာ..

ဇေယျာသီရိဗိမ္မာန်မှာ တွေ့ဆုံပွဲလေးတက်ပေးဖို့

ဖိတ်ကြားခံခဲ့ရပါတယ်၊အချိန်တော်တော်ကြာကြာ စဉ်းစားခဲ့ပါတယ်၊မလွတ်မြောက်သေးတဲ့ ကျွန်တော့ရဲ့အနုပညာညီအစ်ကိုမောင်နှမတွေအတွက် ပြောဆိုတင်ပြဖို့ အခွင့်အရေးလေးတစ်ခု ရနိူင်ခဲ့ရင် ဆိုတဲ့

မျှော်လင့်ချက်တစ်ခုထဲနဲ့ ဒီပွဲကိုတက်မယ်လို့ ဆုံးဖြတ်တက်ရောက်ခဲ့ပါတယ်၊ဒိထက်ပိုပြီး ဘာအပေးအယူဘာမျှော်လင့်ချက်မှ မရှိခဲ့ပါဘူး..၊

ကျွန်တော့်စေတနာအမှန်ကြောင့် မလွတ်မြောက်သေးတဲ့အနုပညာရှင်ညီအစ်ကိုမောင်နှမတွေ အမြန်ဆုံးလွတ်မြောက်ဖို့အရေးကို သက်ညှာစွာစဉ်းစားပေးဖို့ တင်ပြခွင့်ရခဲ့ပါတယ်.။

ဒါဟာ ဒီပွဲကိုတက်ရောက်ခဲ့တဲ့ အကြောင်းရင်းမှန်ကန် တဲ့ကျွန်တော့်ရဲ့ သစ္စာစကားပါ…။

အခုလို စေတနာအမှန်ရဲ့ သစ္စာစကားကြောင့် ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့စွာနေထိုင်ရပါစေသား။

အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်ဗျာ.. ” လို့ရေးသားထားပါတယ်။

36myanmarchannel

န.စ.က ေတြ႕ဆုံပြဲ တက္ေရာက္ျဖစ္ခဲ့ရျခင္းအေၾကာင္းရင္းကိုေျပာျပတဲ့ ရန္ေအာင္

ေတြ႕ဆုံပြဲတက္ေရာက္ခဲ့မႈနဲ႔ပတ္သက္လို႔ ရန္ေအာင္က သူ႔ရဲ့ လူမႈကြန္ယက္ေဖ့ဘြတ္စ္မွာ အခုလိုေရးသားထားပါတယ္။

“ကၽြန္ေတာ္ရန္ေအာင္ရဲ့သစၥာစကားပါ ခင္ဗ်ာ..

ေဇယ်ာသီရိဗိမၼာန္မွာ ေတြ႕ဆုံပြဲေလးတက္ေပးဖို႔

ဖိတ္ၾကားခံခဲ့ရပါတယ္၊အခ်ိန္ေတာ္ေတာ္ၾကာၾကာ စဥ္းစားခဲ့ပါတယ္၊မလြတ္ေျမာက္ေသးတဲ့ ကၽြန္ေတာ့ရဲ့အႏုပညာညီအစ္ကိုေမာင္ႏွမေတြအတြက္ ေျပာဆိုတင္ျပဖို႔ အခြင့္အေရးေလးတစ္ခု ရနိူင္ခဲ့ရင္ ဆိုတဲ့

ေမၽွာ္လင့္ခ်က္တစ္ခုထဲနဲ႔ ဒီပြဲကိုတက္မယ္လို႔ ဆုံးျဖတ္တက္ေရာက္ခဲ့ပါတယ္၊ဒိထက္ပိုၿပီး ဘာအေပးအယူဘာေမၽွာ္လင့္ခ်က္မွ မရွိခဲ့ပါဘူး..၊

ကၽြန္ေတာ့္ေစတနာအမွန္ေၾကာင့္ မလြတ္ေျမာက္ေသးတဲ့အႏုပညာရွင္ညီအစ္ကိုေမာင္ႏွမေတြ အျမန္ဆုံးလြတ္ေျမာက္ဖို႔အေရးကို သက္ညႇာစြာစဥ္းစားေပးဖို႔ တင္ျပခြင့္ရခဲ့ပါတယ္.။

ဒါဟာ ဒီပြဲကိုတက္ေရာက္ခဲ့တဲ့ အေၾကာင္းရင္းမွန္ကန္ တဲ့ကၽြန္ေတာ့္ရဲ့ သစၥာစကားပါ…။

အခုလို ေစတနာအမွန္ရဲ့ သစၥာစကားေၾကာင့္ ကိုယ္စိတ္ႏွလုံးရႊင္လန္းခ်မ္းေျမ့စြာေနထိုင္ရပါေစသား။

အားလုံး ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာၾကပါေစခင္ဗ်ာ.. ” လို႔ေရးသားထားပါတယ္။

36myanmarchannel