zawgyi
အိမ္ဝင္းအတြင္း ေတာင္ပို႔ ေပါက္လွ်င္ (ေရွးလူႀကီးသူမတို႔၏အဆို)
ေနအိမ္ဝင္းအတြင္း ေတာင္ပို႔ေပါက္သည္ရွိေသာ္….ေနအိမ္ဝင္းအတြင္း ေတာင္ပို႔ေပါက္သည့္အခါ တခ်ိဳ႕လူမ်ားက အိမ္ကို ဖ်က္ဆီးမည္ဟု သေဘာ ထားကာ ေတာင္ပို႔ကို တူးဆြဖယ္ ထုတ္ပစ္လိုက္ၾက သည္တခ်ိဳ႕လူမ်ားကေတာ့ ေကာင္းက်ိဳးေပးမည့္ အရာဟု သေဘာထားၿပီ
ရာဇမတ္ေလး ဖက္ေလးတန္ကာ ၍ တံခြန္၊ ကုကၠား၊ မုေလးပြားမ်ားစိုက္၊ အေမႊးနံ႔သာမ်ားပက္ဖ်န္းၾကသည္ ဖေယာင္းတိုင္၊ အေမႊးတိုင္မ်ားကို အဆက္မျပတ္ ထြန္းညႇိ ပူေဇာ္ထားၾက သည္ ေတာင္ပို႔က တစ္စထက္တစ္စျမင့္ တက္လာ ရာ
အိမ္ကဆင့္ တန္းျဖဳတ္၊ ခင္းထားေသာ ပ်ဥ္ခ်ပ္မ်ား ကို ခြာပစ္ရသည္ အထိယုံၾကည္ကိုးစား စြာျဖင့္႐ိုေသစြာ ထားၾကသည္ ကိုလည္းေတြ႕ဖူးသည္။ ညီငယ္ေလးပမာ ခင္မင္ရေသာ သက္ကို က သူ၏ အိမ္ေအာက္တြင္ေတာင္ပို႔ေပါက္ လာသည့္ အခါ
အဆိုပါေတာင္ပို႔ ကိုသည္အတိုင္းပဲ ထားရမည္လား၊ ေတာင္ပို႔ကို ၿဖိဳခ်ပစ္ရ မည္လားဟုေမးခဲ့ ဖူးပါသည္ မ်ားစြာေသာ လူတို႔သည္ အိမ္ထဲသို႔မဟုတ္ၿခံဝင္းထဲ၌ ေတာင္ပို႔ေပါက္ လာလွ်င္ ေကာင္းသည္ ဟုသာ ထင္မွတ္ ၾကေလ
သည္ေရွးလူႀကီ းသူမတို႔က မူေကာင္းက်ိဳး၏ ေရွ႕ေျပးျဖစ္ေသာေတာင္ ပို႔ေပါက္မႈ ႏွင့္ မေကာင္းက်ိဳး၏ ေရွ႕ေျပးျဖစ္ေသာေတာင္ ပို႔ေပါက္မႈဟူ၍ ႏွစ္မ်ိဳးရွိေၾကာင္း ဆိုခဲ့ၾကေပသည္ေရွးလူႀကီးသူမတို႔သည္ အၾကားအျမင္၊
ဗဟုသုတရင့္က်က္ၾကသူမ်ားပီပီ ေနာင္လာေနာက္သားတို႔ေတာင္ပို႔ေပါက္ျခင္းႏွင့္ ပတ္သက္၍ေကာင္းျခင္းဆိုးျခင္းကို သိျမင္မွတ္သားလိုက္နာ ေဆာင္႐ြက္ႏိုင္ေစရန္ ကဗ်ာလကၤာမ်ားစပ္ဆို ထားခဲ့ေပသည္ ၎လကၤာမွာ
၁အေရွ႕ေတာင္ခြင္၊ေတာင္ပို႔ထင္၊ မီးလွ်င္ေလာင္ တတ္စြ ၂ အေနာက္ေပါက္ျငား၊ ေအာက္လူမ်ားနာ ဖ်ားေဘးဒဏ္ရ ၃ အေနာက္ေတာင္တြင္၊ ေတာင္ပို႔ျမင္၊ သူလွ်င္ ခိုးတတ္လွ၊ ၄ၾကင္းငါးရပ္မွာ၊ေပါက္ေရာက္လာ၊မွန္စြာခ်မ္းၾကည္ျမ၊
၅မေကာင္းရပ္ေန၊ ေပါက္လာေပ၊ ေ႐ႊရည္ေလာင္းေလၾက၊၆။ ဤသို႔ယၾတာ၊ ျပဳေသာခါ၊ ေရာဂါရန္ကြယ္ ဟူ၍ျဖစ္သည္။ အ႒လဂ္ခြင္အရ အရပ္ရွစ္ပါးရွိရာ၁အေရွ႕ေျမာက္အရပ္၊၂အေရွ႕အရပ္၊၃အေရွ႕ေတာင္အရပ္၊၄ေတာင္အရပ္
၊ ၅အေနာက္ေတာင္အရပ္၊ ၆အေနာက္အရပ္၊ ၇အေနာက္ေျမာက္အရပ္၊ ၈ေျမာက္အရပ္ဟူ၍ ျဖစ္ေလသည္ အိမ္အတြင္း၊ ၿခံဝင္းအတြင္းေတာင္ပို႔ေပါက္ေသာ အရပ္သည္ မည္သည့္ အရပ္၌ျဖစ္ သည္ကိုတိက်စြာ သတ္မွတ္ရ ပါမည္။
ေရွးလူႀကီး သူမတို႔မိန႔္ဆို ခဲ့ေသာကဗ်ာလကၤာအရ ေတာင္ပို႔ေပါက္ေသာ အရပ္သည္ အေရွ႕ေတာင္ေထာင့္ အရပ္ျဖစ္ပါက အိမ္ကိုမီးေလာင္ တတ္သည္ အေနာက္အရပ္တြင္ျဖစ္ပါက လူငယ္လူ႐ြယ္မ်ားနာ ဖ်ားတတ္သည္။
ေဘးရန္သင့္တတ္သည္ အေနာက္ေတာင္ အရပ္တြင္ျဖစ္ပါက ေနအိမ္တြင္ သူခိုးခိုးခံရတတ္သည္ ။ က်န္သည့္အရပ္ ငါးမ်ိဳးတြင္ေတာင္ပို႔ေပါက္ ပါကစည္းစိမ္ဥစၥာႀကီးပြားတိုးတက္ ခ်မ္းသာမည္ဟုဆို လိုေပသည္
မေကာင္းေသာ အရပ္တြင္ေတာင္ပို႔ေပါက္ လွ်င္မည္သို႔ျပဳလုပ္ရ မည္ကိုေရွးေဗဒကဝိတို႔ကယၾတာ ထားခဲ့ၾက သည္။ ၎ယၾတာမွာ မိမိအိမ္ေသာက္ေရအိုးထဲ မွေရကိုခပ္၍ မေကာင္းေသာေဘး အႏၲရာယ္မ်ား ပေပ်ာက္ ပါေစဟု ဆုေတာင္း ကာေပါက္လာ
သည့္ေတာင္ပို႔ေပၚ သို႔ေနာက္ျပန္ေလာင္း ရေပမည္။ေ နအိမ္(သို႔မဟုတ္)ၿခံဝင္းထဲ၌ ေတာင္ပို႔ေပါက္ပါက အမႈမဲ့အမွတ္မဲ့မေန ဘဲေကာင္းက်ိဳးလား၊ မေကာင္းက်ိဳးလား ဆိုသည္ကို အထက္ပါ လကၤာအရဆန္းစစ္ကာ မေကာင္းက်ိဳးျဖစ္ပါက ယၾတာေခ်႐ုံသာရွိပါေတာ့သတည္း။
Credit original writer
unicode
အိမ်ဝင်းအတွင်း တောင်ပို့ ပေါက်လျှင် (ရှေးလူကြီးသူမတို့၏အဆို)
နေအိမ်ဝင်းအတွင်း တောင်ပို့ပေါက်သည်ရှိသော်….နေအိမ်ဝင်းအတွင်း တောင်ပို့ပေါက်သည့်အခါ တချို့လူများက အိမ်ကို ဖျက်ဆီးမည်ဟု သဘော ထားကာ တောင်ပို့ကို တူးဆွဖယ် ထုတ်ပစ်လိုက်ကြ သည်တချို့လူများကတော့ ကောင်းကျိုးပေးမည့် အရာဟု သဘောထားပြီ
ရာဇမတ်လေး ဖက်လေးတန်ကာ ၍ တံခွန်၊ ကုက္ကား၊ မုလေးပွားများစိုက်၊ အမွှေးနံ့သာများပက်ဖျန်းကြသည် ဖယောင်းတိုင်၊ အမွှေးတိုင်များကို အဆက်မပြတ် ထွန်းညှိ ပူဇော်ထားကြ သည် တောင်ပို့က တစ်စထက်တစ်စမြင့် တက်လာ ရာ
အိမ်ကဆင့် တန်းဖြုတ်၊ ခင်းထားသော ပျဉ်ချပ်များ ကို ခွာပစ်ရသည် အထိယုံကြည်ကိုးစား စွာဖြင့်ရိုသေစွာ ထားကြသည် ကိုလည်းတွေ့ဖူးသည်။ ညီငယ်လေးပမာ ခင်မင်ရသော သက်ကို က သူ၏ အိမ်အောက်တွင်တောင်ပို့ပေါက် လာသည့် အခါ
အဆိုပါတောင်ပို့ ကိုသည်အတိုင်းပဲ ထားရမည်လား၊ တောင်ပို့ကို ဖြိုချပစ်ရ မည်လားဟုမေးခဲ့ ဖူးပါသည် များစွာသော လူတို့သည် အိမ်ထဲသို့မဟုတ်ခြံဝင်းထဲ၌ တောင်ပို့ပေါက် လာလျှင် ကောင်းသည် ဟုသာ ထင်မှတ် ကြလေ
သည်ရှေးလူကြီ းသူမတို့က မူကောင်းကျိုး၏ ရှေ့ပြေးဖြစ်သောတောင် ပို့ပေါက်မှု နှင့် မကောင်းကျိုး၏ ရှေ့ပြေးဖြစ်သောတောင် ပို့ပေါက်မှုဟူ၍ နှစ်မျိုးရှိကြောင်း ဆိုခဲ့ကြပေသည်ရှေးလူကြီးသူမတို့သည် အကြားအမြင်၊
ဗဟုသုတရင့်ကျက်ကြသူများပီပီ နောင်လာနောက်သားတို့တောင်ပို့ပေါက်ခြင်းနှင့် ပတ်သက်၍ကောင်းခြင်းဆိုးခြင်းကို သိမြင်မှတ်သားလိုက်နာ ဆောင်ရွက်နိုင်စေရန် ကဗျာလင်္ကာများစပ်ဆို ထားခဲ့ပေသည် ၎င်းလင်္ကာမှာ
၁အရှေ့တောင်ခွင်၊တောင်ပို့ထင်၊ မီးလျှင်လောင် တတ်စွ ၂ အနောက်ပေါက်ငြား၊ အောက်လူများနာ ဖျားဘေးဒဏ်ရ ၃ အနောက်တောင်တွင်၊ တောင်ပို့မြင်၊ သူလျှင် ခိုးတတ်လှ၊ ၄ကြင်းငါးရပ်မှာ၊ပေါက်ရောက်လာ၊မှန်စွာချမ်းကြည်မြ၊
၅မကောင်းရပ်နေ၊ ပေါက်လာပေ၊ ရွှေရည်လောင်းလေကြ၊၆။ ဤသို့ယတြာ၊ ပြုသောခါ၊ ရောဂါရန်ကွယ် ဟူ၍ဖြစ်သည်။ အဋ္ဌလဂ်ခွင်အရ အရပ်ရှစ်ပါးရှိရာ၁အရှေ့မြောက်အရပ်၊၂အရှေ့အရပ်၊၃အရှေ့တောင်အရပ်၊၄တောင်အရပ်
၊ ၅အနောက်တောင်အရပ်၊ ၆အနောက်အရပ်၊ ၇အနောက်မြောက်အရပ်၊ ၈မြောက်အရပ်ဟူ၍ ဖြစ်လေသည် အိမ်အတွင်း၊ ခြံဝင်းအတွင်းတောင်ပို့ပေါက်သော အရပ်သည် မည်သည့် အရပ်၌ဖြစ် သည်ကိုတိကျစွာ သတ်မှတ်ရ ပါမည်။
ရှေးလူကြီး သူမတို့မိန့်ဆို ခဲ့သောကဗျာလင်္ကာအရ တောင်ပို့ပေါက်သော အရပ်သည် အရှေ့တောင်ထောင့် အရပ်ဖြစ်ပါက အိမ်ကိုမီးလောင် တတ်သည် အနောက်အရပ်တွင်ဖြစ်ပါက လူငယ်လူရွယ်များနာ ဖျားတတ်သည်။
ဘေးရန်သင့်တတ်သည် အနောက်တောင် အရပ်တွင်ဖြစ်ပါက နေအိမ်တွင် သူခိုးခိုးခံရတတ်သည် ။ ကျန်သည့်အရပ် ငါးမျိုးတွင်တောင်ပို့ပေါက် ပါကစည်းစိမ်ဥစ္စာကြီးပွားတိုးတက် ချမ်းသာမည်ဟုဆို လိုပေသည်
မကောင်းသော အရပ်တွင်တောင်ပို့ပေါက် လျှင်မည်သို့ပြုလုပ်ရ မည်ကိုရှေးဗေဒကဝိတို့ကယတြာ ထားခဲ့ကြ သည်။ ၎င်းယတြာမှာ မိမိအိမ်သောက်ရေအိုးထဲ မှရေကိုခပ်၍ မကောင်းသောဘေး အန္တရာယ်များ ပပျောက် ပါစေဟု ဆုတောင်း ကာပေါက်လာ
သည့်တောင်ပို့ပေါ် သို့နောက်ပြန်လောင်း ရပေမည်။ေ နအိမ်(သို့မဟုတ်)ခြံဝင်းထဲ၌ တောင်ပို့ပေါက်ပါက အမှုမဲ့အမှတ်မဲ့မနေ ဘဲကောင်းကျိုးလား၊ မကောင်းကျိုးလား ဆိုသည်ကို အထက်ပါ လင်္ကာအရဆန်းစစ်ကာ မကောင်းကျိုးဖြစ်ပါက ယတြာချေရုံသာရှိပါတော့သတည်း။
Credit original writer